Sunday, June 20, 2021

ကလေးတွင်မိသားစုဝင် လေးဦး အကြမ်းဖက်စစ်တပ်မှ့သတ်ခဲ့သည့်ဟု PDF ပြောကြား။


 ကလေးတွင် မိသားစုဝင် ၄ ဦး အသတ်ခံရခြင်းမှာ စစ်ကောင်စီလက်ချက်ဖြစ်ကြောင်း PDF ထုတ်ပြန်


ကလေး၊ ဇွန် - ၂၀


ယမန်နေ့ ဇွန် ၁၉ ရက်နေ့ ညပိုင်းက ကလေးမြို့ ညောင်ပင်သာရပ်ကွက်ရှိ မိသားစုဝင် ၄ ဦး အသတ်ခံရခြင်းမှာ စစ်ကောင်စီ၏ လက်ချက်ကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ကလေးမြို့ PDF က ယနေ့ညပိုင်းက ထုတ်ပြန်သည်။


အသတ်ခံရသူ ဦးဝင်းဇော်ဦး၏ နေအိမ်သို့ရောက်ရှိလာပြီး မိသားစုဝင် ၄ ဦးကို သေနက်ဖြင့် ပစ်သတ်ရုံတင်မကဘဲ ရွှေ၊ ငွေနှင့် ပစ္စည်းများလည်း ယူဆောင်သွားသည်။


"အဆိုပါရပ်ကွက်အတွင်းနေထိုင်သူ မျက်မြင်သက်သေအများအပြား၏ ပြောဆိုချက်အရ ဦးဝင်းဇော်ဦး၏ နေအိမ်သို့ ည ၈: ၃၀ ဝန်းကျင်အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းခဲ့ခြင်းသာဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဤအကြမ်းဖက်လုပ်ရပ်အတွက် စစ်ကောင်စီအနေဖြင့် တာဝန်ယူရမည်" ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။


စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်သည် စစ်ကောင်စီတပ်များကို ဒေသလုပ် တူမီးသေနတ်များဖြင့်အစောဆုံးခုခံတိုက်ခိုက်ခဲ့သော မြို့နယ်လည်းဖြစ်သည်။ 


ကလေးမြို့နယ်ပြည်သူများသည်လည်း နေ့စဥ်ရက် ဆက်ဆိုသလို စစမအာဏာရှင်အား ဆန့်ကျင်လျက်ရှိသည်။


#MonywaEntertainment

No comments:

Post a Comment