Showing posts with label HEALTH. Show all posts
Showing posts with label HEALTH. Show all posts

Sunday, November 24, 2019

ကယ်လိုရီပြည့်အောင်စားကြပါ။

အစားအသောက်ရွေးစားတဲ့အခါ cal ကိုတွက်ချက်စားပါ
ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်
ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။

စမူဆာ ၃ခုမှ 91 cal ရှိပေမယ့်
အီကြာကွေးကြတော့ 314 cal ပါ။

စားတော့မယ်ဆို ဒီ ဇယားလေး ကြည့်ကြည့်ပီး
cal တွက်ချက်စားပါ 😊😊😊

လူတယောက်က ပေါင် ၁၅၀ ရှိတယ်ဆိုရင်
သူစားဖို့ လိုအပ်တဲ့ cal က
3000 cal ပါ။

အဲ့ လိုအပ်တဲ့ 3000 cal အစား
1000 cal လျှော့ပီး
တရက် 2000 cal တွက်ချက်စားရင်
weight က တဖြေးဖြေး ကျကို ကျပါတယ်။

ကိုယ်စားတဲ့ အစားအသောက်ကို
cal တွက်ချက်စားခြင်းဖြင့်
ဝိတ်လျှော့ကြရအောင် 😍

ကယ်လိုရီတန်ဖိုးများ
----------------------

ကစီဓာတ်( carbohydrate)
ထမင်း(ပန်းကန်လုံးတလုံးစာ)- ၂၀၀ ကယ်လိုရီ
ခေါက်ဆွဲခြောက်တထုပ် - ၂၀၀ ကယ်လိုရီ
ပြောင်းဖူးတဖူး - ၁၃၀ ကယ်လိုရီ
အာလူးတလုံး - ၇၀ ကယ်လိုရီ
ပေါင်မုန့်တချပ် - ၃၀ ကယ်လိုရီ
ချပါတီတချပ် - ၈၀ ကယ်လိုရီ
နံပြားတချပ် - ၉၀ ကယ်လိုရီ
cracker - ၁၆ ကယ်လိုရီ
ကိတ်မုန့်တလုံး(အရှည်) - ၂၄၀ ကယ်လိုရီ
မုန့်တီတပွဲ - ၃၀၀ ကယ်လိုရီ
သကြား(လက်ဖက်ရည်တဇွန်း) - ၁၆ ကယ်လိုရီ
ပျားရည်(လက်ဖက်ရည်တဇွန်း)- ၂၁ ကယ်လိုရီ

အသားဓာတ် (protein)
ကြက်ပေါင် - ၁၃၅ ကယ်လ်ုရီ
ကြက်ရင်အုပ် - ၁၆၅ ကယ်လိုရီ
ဝက်သား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
အမဲသား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
ဘဲသား(လက်တဖဝါးစာ) - ၃၃၀ ကယ်လိုရီ
ဆိတ်သား(လက်တဖဝါးစာ) - ၂၁၀ ကယ်လိုရီ
ငါးကြင်းတကောင် - ၂၈၀ ကယ်လိုရီ
ငါးခူးတကောင် - ၁၁၀ ကယ်လိုရီ
ကြက်ဥတလုံး - ၈၀ ကယိလိုရီ
ငုံးဥတလုံး - ၁၅ ကယ်လိုရီ

အဆီဓာတ် (fat )
ဆီ(လက်ဖက်ရည်တဇွန်း) - ၄၀ ကယ်လိုရီ
ဆီ(ထမင်းစားဇွန်း တဇွန်း) - ၁၂၀ ကယ်လိုရီ
နေကြာစေ့(လက်ခုပ်တခုစာ) - ၁၈၀ ကယ်လိုရီ
သစ်ကြားသီးတလုံး - ၂၅ ကယ်လိုရီ

သစ်သီး
ပန်းသီး - ၉၀ ကယ်လိုရီ
လိမ္မော်သီး - ၆၀ ကယ်လိုရီ
ငှက်ပျောသီး - ၁၀၀ ကယ်လိုရီ
သစ်တော်သီး - ၁၀၀ ကယ်လိုရီ
သရက်သီး - ၁၃၀ ကယ်လိုရီ
သခွားသီး - ၄၅၀ ကယ်လိုရီ
နာနတ်သီး - ၄၅၀ ကယ်လိုရီ
စပျစ်သီး - ၃ ကယ်လိုရီ
စတော်ဘယ်ရီသီး - ၄ ကယ်လိုရီ
ကြက်မောက်သီး - ၇ ကယ်လိုရီ
ရှောက်သီး - ၂၅ ကယ်လိုရီ
သံပုရာသီး - ၂၀ ကယ်လိုရီ
ဖရဲသီး - ၁၃၇၀ ကယ်လိုရီ
ရွှေဖရုံသီး - ၃၀၀ ကယ်လိုရီ
ဂရိတ်ဖရု - ၁၀၀ ကယ်လိုရီ
သလဲသီး - ၇၀ ကယ်လိုရီ
မာလကာသီး - ၄၀ ကယ်လိုရီ
ထောပတ်သီး - ၂၄၀ ကယ်လိုရီ

(သစ်သီးတွေက အရွယ်အစားပေါ်မူတည်ပြီး ကယ်လိုရီတွေ မတူကြဘူး၊ ဥပမာ ခြောက်လက်မလောက်ပဲရ်ှတဲ့ ငှက်ပျော်သီးတလုံးဟာ ၇၀ ကယ်လိုရီလောက်ပဲရ်ှပြီး ကိုးလက်မကျော်အရွယ်စားရ်ှတဲ့ ငှက်ပျောသီးတလုံးဟာ ၁၃၀ ကယ်လိုရီလောက်ရှိတယ်။ ဖော်ပြထားတဲ့ ကယ်လိုရီတွေက ပျမ်းမျှအရွယ်အစားရှိတဲ့ သစ်သီးတွေရဲ့ ကယ်လိုရီပမာဏတွေ ဖြစ်ပါတယ်။ သစ်သီးတလုံးမြင်တာနဲ့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရင် လုံလောက်ပါပြီ)

ဟင်းသီးဟင်းရွက်
ခရမ်းချဉ်သီး - ၂၀ ကယ်လိုရီ
ကြက်သွန်ဖြူတစိတ် - ၄ ကယ်လိုရီ
ကြက်သွန်နီတလုံး - ၄၀ ကယ်လိုရီ
ခရမ်းသီး - ၃၅ ကယ်လိုရီ
မုန်လာဥနီတတောင့် - ၄၀ ကယ်လိုရီ
ပဲသီး၊ပဲတောင့်ရှည်(၁၀၀ဂရမ်) - ၈၀ ကယ်လိုရီ
ဟင်းနုနွယ်(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ပန်းမုံလာ(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ကိုက်လန်(၁၀၀ဂရမ်)- ၅၀ ကယ်လိုရီ
ကညွတ်တချောင်း - ၃ ကယ်လိုရီ

(၁၀၀ ဂရမ်က လက်သီးဆုပ် သို့မဟုတ် လက်ဆုပ်တခုစာ ပမာဏနဲ့ ညီမျှတယ်လို့ အလွယ်မှတ်ပါ)

ဖျော်ရည်နဲ့ ယမကာ
နွားနို့တခွက် - ၁၂၀ ကယ်လိုရီ
ဒိန်ချဉ်တခွက် - ၁၄၀ ကယ်လိုရီ
ကိုလာ(သံဗူး) - ၁၄၀ ကယ်လိုရီ
ကိုလာဗူးကြီး(1.25L) - ၅၄၀ ကယ်လိုရီ
ရေခဲမုန့်တခွက် - ၁၃၀ ကယ်လိုရီ
အုန်းရည်တခွက် - ၅၀ ကယ်လိုရီ
ကော်ဖီမှုန့် ( 1 teaspoon) - ၄ ကယ်လိုရီ
ကော်ဖီတခွက် - ၅၀ ကယ်လိုရီ
လက်ဖက်ရည် - ၇၀ ကယ်လိုရီ
ကျွဲရိုင်းတဗူး - ၁၁၀ ကယ်လိုရီ
အရက်တခွက်(45ml) - ၁၀၀ ကယ်လိုရီ
ဘီယာတခွက် - ၂၀၀ ကယ်လိုရီ
ဘီယာသံဗူး - ၁၅၀ ကယ်လိုရီ
ဝိုင်တခွက်(150ml) - ၁၂၀ ကယ်လိုရီ

(ဘီယာတခွက်ဟာ ထမင်းတပန်းကန်စာနဲ့ ကယ်လိုရီညီမျှတယ်ဆိုတာ အရင်မှတ်သားသင့်တယ်၊ ကော်ဖီ၊လက်ဖက်ရည်တွေကတော့ နို့ဆီ၊ သကြားထည့်တာပေါ်မူတည်ပြီး ကယ်လိုရီတွေကွာခြားသွားတယ်။ ပြီးတော့ ရိုးရိုး နွားနို့နဲ့အဆီထုတ်ထားတဲ့ နွားနို့နဲ့ မတူပါဘူး၊ ကယ်လိုရီ ၃၀ လောက်ကွာတယ်။ ဟင်းတခွက်ရဲ့ ကယ်လိုရီတန်ဖိုးကို တွက်မယ်ဆ်ုရင် ပါဝင်ပစ္စည်းတွေကို တခုချင်းကြည့်ပြီး ပြန်ပေါင်းလိုက်ရုံနဲ့ အလွယ်တကူ တွက်ချက်နိုင်မှာဖြစ်ပါတယ်)

Crd

ကယ်လိုရီ အနည်းဆုံးအစားအစာကိုမှတ်ပီး
စားကြပါစို့ 😊

မူရင်း စာရေးသူအား credit ပေးပါသည် ▪
Yee King








Wednesday, September 11, 2019

မထင်မှတ်ဘဲရုပ်တရက်သေဆုံးခြင်း

#သိထားသင့်ပါတယ်

"Sudden Unexpected Death"




ဘဝတလျှောက်
မိမိပတ်ဝန်းကျင်မှာ မိတ်ဆွေအပေါင်းအသင်း
ဆွေမျိုးညာတိတွေ
(မတော်တဆ ထိခိုက်တာ Accident မဟုတ်ဘဲ)
မမျှော်လင့်ဘဲ ရုတ်တရက်ကွယ်လွန်တယ်ဆိုတာမျိုး
ကြားဖူး ကြုံဖူးကြမှာပါ။

အစိုးမရတဲ့ သေခြင်းတရားဟာ
မွေးစကတည်းက သူ့အခွင့်အခါကို
အနားမှာ အမြဲ စောင့်နေတယ်ဆိုပေမယ့်
ဒီလို ရုတ်တရက် ဖြစ်တဲ့အခါ
သွားလေသူမှာ
ဝေဒနာခံစားရ နည်းပါးမယ်လို့
မျှော်လင့်ရသော်လည်း
ကျန်ရစ်သူတွေတော့ဖြင့်
ဖြေမဆည်နိုင် ဖြစ်ရတတ်တယ်။

sudden unexpected death ဖြစ်ရတဲ့ အကြောင်းရင်းတွေ
များစွာရှိပါတယ်။

ဒီထဲက ကိုယ်တိုင်ကြုံဖူးတာလေး
ပြောပြချင်တယ်။

2nd MB ကျောင်းသားဘဝမှာ
အတန်း ၂တန်းချိန်းပြီး
ဘောလုံးကန်ကြတယ်။
ပွဲမပြီးခင် ကျောင်းသားတစ်ယောက်က
ဂိုးတိုင်ကိုမီပြီး ထိုင်လျှက်နဲ့
သတိမရတော့ဘူး။
ဆေးရုံပို့တယ်။

ဦးနှောက်ထဲမှာ သွေးယိုစီးနေပြီ။

ဦးနှောက်သွေးကြောတစ်နေရာမှာ
နံရံပါးပြီး ပူပေါင်းလို စူထွက်နေတဲ့
မွေးရာပါ ဖြစ်နိုင်တဲ့
အဖောင်းကလေးက
ပေါက်ထွက်တယ်။
ဦးခေါင်းခွံဖောက်ပြီး သွေးခဲကို
ထိန်းပေမယ့် မရတော့ဘူး။
ဆုံးတယ်။

Ruptured Berry Aneurysm လို့ခေါ်တယ်။
****

ဒီလိုအဖြစ်နဲ့ ခပ်ဆင်ဆင်
မိတ်ဆွေတစ်ယောက်ရဲ့ သမီးလေး
ရေချိုးခန်းအထွက်မှာ
သတိလစ် လဲကျပြီး ဆုံးဖူးတယ်။
****

မြောက်ဥက္ကလာမှာနေတဲ့ မိတ်ဆွေက
ည သန်းကောင်ကျော် ဖုန်းဆက်တယ်။
သား အဆက်မပြတ် ချောင်းဆိုးပြီး
သွေးအန်နေတယ် ဆိုပါတယ်။
ချောင်းဆိုးသံ ဒီဘက်က ကြားနေရတယ်။

သူ့မှာ နှလုံးအဆို့ရှင်မကောင်းတာ
သိထားတော့ ဆေးရုံအမြန်ပြေးဖို့
ပြောရတယ်။
ကားငှားဖို့ မလွယ်ဘူးဆိုလေတော့
ကိုယ်က ကားထုတ်ပြီး
လိုက်ရတယ်။
ဆေးရုံရောက်ပြီး မိနစ်ပိုင်းအတွင်း
ဆုံးတယ်။
နှလုံး အဆို့ရှင် ပြုတ်ထွက်လေတော့
အဆုတ်ထဲမှာ သွေးအိုင်ခဲ့တာပါပဲ။
Prolapsed Valve လို့ခေါ်တယ်။
****

၁၉၈၈ ၈၉ curfew ထုတ်ထားချိန်
ည ၁၁နာရီခွဲလောက် အိမ်နီးချင်းတယောက်က လာပြေးခေါ်တယ်။
အဖေ ရင်ဘတ်အောင့်လို့တဲ့။
ပြေးကြည့်တဲ့အခါ
ဇီးကင်းလောက် ချွေးသီးချွေးပေါက်တွေနဲ့
ပြာနှမ်းစ ပြုနေပြီ။
နှလုံးသွေးကြောပိတ်တာမို့
အရေးပေါ်ဆေးတွေ ထိုးနေရင်း
မိနစ် ၂၀လောက်အတွင်း ဆုံးရှာတယ်။
Massive Myocardial Infarct.
***

၂၀၁၃မှာ ညီဝမ်းကွဲတယောက်
ရုတ်တရက် သတိလစ်လို့ အရေးပေါ် ပြေးရတယ်။
စစ်ဆေးလိုက်တော့ ဦးနှောက်သွေးကြောပေါက်တယ်။
စဖြစ်တာနဲ့ ၁၂ နာရီအတွင်းဆုံးတယ်။

မနှစ်က သူငယ်ချင်းတစ်ယောက်
အလားတူ အဖြစ်အပျက်နဲ့ ဆုံးတယ်။
Cerebral Haemorrhage.
***

Sudden Unexpected death
အကြောင်းအမျိုးမျိုးရှိရာမှာ
ပြောချင်တဲ့အကြောင်းတခု
အခုမှ စပါမယ်။

ဒါက Choking လို့ခေါ်တဲ့အဖြစ်။
လေပြွန်ထဲ အစာ သို့ အန်ဖတ် သို့ ဆေးလုံးဆေးတောင့်ဝင်ပြီး
လေပြွန်ပိတ်တာ။
အသက်ရှုရပ်ပြီး မိနစ်အနည်းငယ်အတွင်း
ရုတ်တရက် သေနိုင်တဲ့အဖြစ်။

လွန်ခဲ့တဲ့ ၈ လကျော်က
မိတ်ဆွေတစ်ယောက် ဆေးသောက်ရင်း မတော်တဆ
လေပြွန်ထဲဝင်တယ်။
ဇနီးက အနားမှာရှိလို့
ဝိုင်းကူရင်း ဆေးက ပြန်ထွက်ကျလာတယ်။
ကံကောင်းပေလို့သာပေါ့။

လွန်ခဲ့တဲ့ ၂နှစ်ကျော်က
နိုင်ငံခြားမှာနေတဲ့ မြန်မာဆရာဝန်
မြန်မာပြည်ကို ပြန်လာလည်ရင်း
မနက် အိပ်ယာထဲမှာ ဆုံးနေတယ်။
စစ်လိုက်တော့
လေပြွန်ထဲမှာ အစာတွေပိတ်နေတယ်။
ညစာစားပွဲအပြန်
အိပ်ယာထဲမှာ အိပ်နေစဉ်
အကြောင်းကြောင်းကြောင့်
အန်ရာက
အန်ဖတ်ဟာ အသက်ရှု လမ်းကြောင်းထဲ မတော်တဆ ဝင်တယ်။

ညသန်းကောင် ကိုယ်စီအိပ်ပျော်နေလို့
အနားမှာ အကူမရှိတော့
ဆုံးရတယ်။

ဒီရက်ပိုင်းအတွင်း
ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်
ရုတ်တရက်ဆုံးပါးလို့
စိတ်မကောင်းဖြစ်ရတယ်။
ကျန်ရစ်သူ ဇနီးထံသတင်းမေးရင်း
သိလာတာက
ညစာစားပြီး အခန်းထဲဝင်သွားတယ်။
တစ်နာရီလောက်အကြာ
အခန်းထဲလိုက်ဝင်သွားတော့
သောက်ထားတဲ့ ဖျော်ရည်တွေ
အန်ထွက်နေသလို
လူက ပြာနှမ်းနေပြီ ဆိုပါတယ်။
ဆေးရုံအပြေး လမ်းမှာတင် ဆုံးပါတယ်။
***

အစားအစာ ဆေး အန်ဖတ်
စတာတွေ လေပြွန်ထဲ မတော်တဆ
ဝင်တဲ့အချိန် အနားမှာ
heimlich maneuver လုပ်တတ်သူမရှိရင်
လူမရှိနေရင် မိနစ်ပိုင်းအတွင်း
အသက်ဆုံးရှုံးနိုင်တယ်။

လည်ပင်းအလည်တည့်တည့်ကို
လက်နဲ့စမ်းရင်
အရိုးနုကွင်းကလေးတွေရှိနေတဲ့
လေပြွန်ကို စမ်းလို့ရတယ်။
အပြင်က တစုံတခုဖိမိရင်တောင်
ပြားပြီး မပိတ်သွားဖို့
အရိုးနု ကွင်းကလေးတွေ
ပတ်ထားပေးတယ်။

သူ့အနောက်မှာတော့
ကြွက်သားတွေသာရှိတဲ့
အစာပြွန်ရှိနေတယ်။

ပါးစပ်အတွင်းပိုင်း
လျှာရဲ့ အနောက်ပိုင်း
အသံအိုးနားမှာ
အစာပြွန်နဲ့ လေပြွန်ဟာ ၂ခုခွဲသွားတယ်။

လေပြွန်ဟာ ဘယ်ညာ၂ခုခွဲပြီး
အဆုတ် ၂ဖက်ကို ဆက်တယ်။

အစာပြွန်ဟာ အောက်ဖက်အလယ်
ရင်ညွန့်ပိုင်းမှာ အစာအိမ်နဲ့ဆက်တယ်။

အစာကို မြိုချလိုက်တဲ့အချိန်မှာ
လေပြွန်ဟာ အလိုလိုပိတ်နေပြီး
အသက်ရှုလို့ မရပါ။

အသက်ရှုတဲ့အချိန်
လေပြွန်ပွင့်နေခိုက်
အစာပြွန်ဟာ အလိုအလျှောက်ပိတ်လို့
မြိုချမရပါ။

အသက်ရှုတာနဲ့
အစာမျိုချတာကို
တကြိမ်မှာ တစ်ခုကိုသာ လုပ်လို့ရပါတယ်။

Choking မဖြစ်စေဖို့

၁။ အစာကို ပါးစပ်ထဲ ပလုတ်ပလောင်း
စားနေချိန်
အားပါးတရ စကားပြောတာ
လှိုက်လှိုက်လှဲလှဲ ရယ်မောတာ
သတိထားပါ။

၂။ အစားစားနေချိန် နှာချေမိတော့မယ်ဆိုရင်
ပါးစပ်ထဲက အစာကို
အမြန်ထွေးထုတ်ပါ။
ဘေးပတ်ဝန်းကျင်ကို
အားမနာပါနဲ့။

နှာချေတဲ့ process မှာ
နှာချေတဲ့လေမှုတ်ထုတ်လိုက်တဲ့ အရှိန်နှုန်းဟာ
60 miles per hr ရှိပါတယ်။

ဒီလို အင်အားနဲ့ volumeနဲ့ မှုတ်ထုတ်နိုင်ဖို့
ပထမဆုံး အဆုတ်ထဲကို
လေတဝ ရှုသွင်းရပါတယ်။

ဒီလို အချိန်တိုအတွင်း
အမြန်ရှုသွင်းချိန် ပါးစပ်ထဲ
အစာရှိနေရင် လေပြွန်ထဲဝင်လို့
သီးတတ်ပါတယ်။

၃။ ဆေးလုံးဆေးတောင့်တွေ
သောက်တဲ့အခါ
သောက်ရမယ့် ဆေးအားလုံး
လက်ခုပ်ထဲထည့်
တခါတည်းသောက်မယ့်အစား
၁လုံးစ ၂လုံးစ ခွဲသောက်ပါ။

၄။ အသက်ကြီးသူတွေ
ကလေးငယ်တွေ အန်နေတဲ့အခါ
ဂရုတစိုက် အနားကနေ ကူညီပေးပါ။

၅။ ရောဂါကြောင့် အစာအိမ်မကောင်းလို့ အန်နေတာ
ယမကာကြောင့် အန်နေတာဖြစ်ရင်
လှဲမအိပ်သင့်ဘူး။
အနည်းငယ် မတ်မတ်လေး ထားသင့်ပါတယ်။
လှဲအိပ်မယ်ဆိုရင်
ပက်လက်အစား
ဘယ်ညာတစောင်းထား
အိပ်သင့်ပါတယ်။

၆။ အမူးလွန်လို့ အန်ချင်နေတယ်ဆိုရင်
ရေတဝ သောက်ပြီး
လက်ထိုးအန်ပစ်လိုက်တာ
ဘေးအကင်းဆုံးပါပဲ။

၇။ Heimlich Maneuver  ကို
ကိုယ်တိုင်လည်း တတ်ပါစေ။
အနားက လူတွေလည်း တတ်ပါစေ။

ပြည့်စုံပြီလို့  မဆိုနိုင်ပေမယ့်
အသိတစ်ခုတော့
ပေးသင့်တယ်ထင်လို့

စိတ်မကောင်းဖြစ်နေလျှက်
ရေးရပါတယ်။

#credit. Maung Maung Myint and Aung Moung