နာဆာက အင်္ဂါဂြိုဟ်ကို လွှတ်တင်မယ့် မားရဟတ်ယာဉ် ပရောဂျက်ကို မြန်မာအမျိုးသမီး မမီမီအောင်က ဦးဆောင်ပါမည်။
ဖွံဖြိုးပြီးနိုင်ငံတွေထက်စာရင် ကျွန်မတို့နိုင်ငံက သိပ်ထူးထူးထွေထွေ ဘာမှမရှိကြပေမယ့် ကျွန်မတို့မြင်တွေ့ရတဲ့ ကောင်းကင်ပြင်ကြီးကတော့ အတူတူပါပဲ။ ကောင်းကင်ပြင်ကြီးမှာ ဘာတွေများရှိနေမလဲ..နေစကြဝဠာ စသည်ဖြင့်ကဘာတွေရှိကြသလဲ..ဒီမေးခွန်းတွေဟာ ကနေ့အထိပါပဲ။ သဘာဝနဲ့ ပတ်သတ်လို့ သာမန်လူတွေမေးနေကြတဲ့ မေးခွန်းတွေပါ။ ကျွန်မတို့လူသားတွေ ဘယ်ကစခဲ့ကြသလဲ။ ကျွန်မတို့ကမ္ဘာဂြိုဟ်ကြီးတစ်ခုတည်း သက်ရှိတွေ ရှိတာလား။ ဒီမေးခွန်းတွေကို ကျွန်မအတွက် သိပ်ကိုသိလိုတဲ့ ဆန္ဒပြင်းပြလှပါတယ်။
ဒါကတော့ နာဆာခေါ် အမေရိကန်အာကာသစူးစမ်းလေ့လာရေးက JPL လို့အတိုကောက်ခေါ်တဲ့ Jet Propulsion Laboratory ဌာနမှာ အင်္ဂါဂြိုဟ်ကိုလွှတ်တင်ဖို့ စီစဉ်နေတဲ့ မားစ်ဟယ်လီကော်ပတာ ပရောဂျက်ကိုဦးဆောင်နေတဲ့ မြန်မာအမျိုးသမီး မမီမီအောင်ပဲ ဖြစ်ပါတယ်။ သူမဟာ JPL ဌာနမှာ အထူးချွန်ဆုံးအမျိုးသမီး ၁၄ဦးထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူမဟာ ၁၉၈၈ခုနှစ်မှာ အမေရိကန် အီလီနွိုက်တက္ကသိုလ်က သိပ္ပံဘွဲ့ရရှိပြီး ၁၉၉၀ခုနှစ်မှာတော့ လျှပ်စစ်အင်ဂျင်နီယာ မဟာသိပ္ပံဘွဲ့ကို ရရှိခဲ့တာဖြစ်ပါတယ်။၁၉၉၀ခုနှစ်မှာပဲ JPL ဌာနကို ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မမီမီအောင်ဟာ JPL Atomic System ဌာနမှာ လက်ထောက်ညွှန်ကြားရေးရာထူးကို ထမ်းဆောင်နေသလို မားစ်ဟယ်လီကော်ပရာစီမံကိန်းရဲ့ ဦးဆောင်သူ မန်နေဂျာရာထူးကိုလည်း ထမ်းဆောင်လျှက်ရှိပါတယ် မားစ်ဟယ်လီကော်ပတာ ပရောဂျက်မားစ်ဂြိုဟ်ကြီးအကြောင်းကို လူသားတို့ နားလည်မှုကို မြှင့်တင်ပေနိုင်မည့် အသေးစား ရဟတ်ယာဉ်တစ်စင်းကို၂၀၂၀ တွင် အင်္ဂါ ဂြိုဟ်ပေါ်သို့လွှတ်တင်မည်ဟု အမေရိကန် အာကာသအေဂျင်စီက မေ ၁၁ ရက်တွင်ပြောကြားခဲ့ပြီး လူလိုက်ပါခြင်း မရှိသေးသည့် ဒရုန်းပုံစံ ရဟတ်ယာဉ်သည် ၎င်းဂြိုဟ်ပေါ်သို့ပထမဦးဆုံး ပျံသန်းမည့် ရဟတ်ယာဉ် ဖြစ်လာမည်ဟု ဆိုသည်။
မားစ်ရဟတ်ယာဉ်ဟု ရိုးရိုးရှင်းရှင်း နာမည်ပေးထားသောယာဉ်ငယ်သည် အလေးချိန် လေးပေါင်(၁.၈ကီလိုဂရမ်)ပင် မရှိပေ။ ၎င်း၏ ကိုယ်ထည်ပိုင်းသည် ဘောလုံးပျော့ တစ်လုံး၏ အရွယ်အစားခန့်သာ ရှိသည်။ ၎င်းကို ၂၀၂၀ မားစ်ဂြိုဟ်စူးစမ်းရေးယာဉ်၏ ဝမ်းဗိုက်ပိုင်းနှင့် ချိတ်ပေးလိုက်မည်ဖြစ်သည်။ မားစ်ဂြိုဟ်စူးစမ်းရေးယာဉ်သည်ဘီးတပ်စက်ရုပ်ဖြစ်ပြီး အင်္ဂါဂြိုဟ် သဘာဝပတ်ဝန်းကျင်တွင် သက်ရှိနေထိုင်နိုင်မှုကိုဆုံးဖြတ်ရန်၊ ရှေးပဝေသဏီက သက်ရှိများ၏ လက္ခဏာများကိုရှာဖွေရန်၊ နောင်တချိန်လူသားတို့၏ စူးစမ်းလေ့လာမှုများအတွက် သဘာဝသံယံဇာတနှင့်ဘေးအန္တရာယ်များကိုတွက်ချက်ရန် ရည်ရွယ်သည်။မားစ် ၂၀၂၀ စူးစမ်းရေးယာဉ်ကို၂၀၂၀ ခုနှစ်ဇူလိုင်လတွင် လွှတ်တင်ရန်စီစဉ်ထားခြင်း ဖြစ်ပြီး၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် အင်္ဂါဂြိုဟ်မျက်နှာပြင်ကို ဆိုက်ရောက်မည်ဟု ရည်မှန်းထားသည်။ ‘နာဆာဟာ ပထမဦးဆုံး ဆိုတာတွေကို လုပ်ခဲ့တဲ့ ဂုဏ်ယူစရာ သမိုင်း ကြောင်းရှိပါတယ်။ အခြားဂြိုဟ်တစ်ခုရဲ့ ကောင်းကင်ယံမှာ ရဟတ်ယာဉ်ပျံသန်းစေတဲ့ စိတ်ကူးကတော့ ပိတီဖြစ်စရာပါပဲ ‘ဟု နာဆာအုပ်ချုပ်ရေးမှူး ဂျင်ဘရစ်ဒနန်စတိုင်းက ကြေညာချက်တွင်ပြောကြားခဲ့သည်။ ယခင်ကအင်္ဂါဂြိုဟ်ပေါ်တွင် မည်သည့်နိုင်ငံမျှ ရဟတ်ယာဉ် ပျံသန်းခဲ့ခြင်း မရှိသေးပေ။နာဆာ၏ ဂျက်တွန်းကန်အား ဓာတ်ခွဲခန်းတွင်နည်းပညာဖွံ့ဖြိုးရေး စီမံကိန်းတစ်ရပ်အဖြစ် အသေးစားရဟတ်ယာဉ်စီမံကိန်းအား ၂၀၁၃ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့သည်။
အင်္ဂါဂြိုဟ်၏ ပါးလွှာသောလေထုတွင် ပျံသန်းနိုင်ရန် အသေးစား ရဟတ်ယာဉ်သည် အလွန်ပေါ့ပါးရမည်ဖြစ်သကဲ့သို့အတတ်နိုင်ဆုံး အင်အားကောင်းရမည်ဖြစ်သည် ဒီကမ္ဘာပေါ်မှာ ရဟတ်ယာဉ်တစ်စင်း အမြင့်ဆုံး ပျံသန်းတဲ့ စံချိန်ကတော့ ပေ ၄၀၀၀၀ (၁၂၁၀၀မီတာ)’ ဟု နာဆာ ဂျက်တွန်းကန်အား ဓာတ်ခွဲခန်း၏ အင်္ဂါဂြိုဟ် ရဟတ်ယာဉ် စီမံကိန်းမန်နေဂျာ မြန်မာအမျိုးသမီး ဒေါ်မီမီအောင်က ပြောကြားခဲ့သည်။‘အင်္ဂါဂြိုဟ်ရဲ့ လေထုဟာ ကမ္ဘာ့ လေထုရဲ့ တစ်ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကျွန်မတို့ရဲ့ ရဟတ်ယာဉ်ဟာ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်ကို ရောက်သွားတဲ့အခါ ကမ္ဘာပေါ်က အမြင့် ပေ ၁၀၀၀၀၀(၃၀၅၀၀မီတာ)နဲ့ညီမျှတဲ့ အမြင့်ကိုရောက်နေမှာဖြစ်ပါတယ်။’ဟု ‘ဒေါ်မီမီအောင်က ဖြည့်စွက်ပြောကြာ
းခဲ့သည်။
Showing posts with label ထင်ရှားကျော်ကြားမြန်မာပြည်သားများ. Show all posts
Showing posts with label ထင်ရှားကျော်ကြားမြန်မာပြည်သားများ. Show all posts
Monday, December 30, 2019
Saturday, December 28, 2019
Monday, December 2, 2019
Wednesday, November 6, 2019
ဒေါ်အောင်ဆန်းစုကြည်
TIME မဂ္ဂဇင်းမျက်နှာဖုံးမှာနာမည်ကောင်းနဲ့
ခြောက်ကြိမ်ပါဖို့ဆိုတာ …
အမေရိကန်သမ္မတထဲမှာတောင်
လွယ်မယ်မထင်ဘူးနော် …
ခြောက်ကြိမ်ပါဖို့ဆိုတာ …
အမေရိကန်သမ္မတထဲမှာတောင်
လွယ်မယ်မထင်ဘူးနော် …
Tuesday, October 15, 2019
Thursday, September 26, 2019
ဗိုလ်ချူပ်အောင်ဆန်း
ဖတ်ကြည့်ထားသင့်တဲ့ ဗိုလ်ချုပ်ရဲ့အရည်ချင်းတစိတ်တဒေသ
ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့
ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ်......
ဖေဖေ ဂျပန်သွားပြီး စစ်ပညာသင်တုန်းက ဖေဖေ့ရဲ့ဆရာများ ရှိပါတယ်.. ဒီဆရာများကို တခါတုန်းက ကျွန်မ မေးကြည့်ဖူးပါတယ်.. ဖေဖေနဲ့ တခြား ရဲဘော်သုံးကျိပ်ဝင်တွေနဲ့ ဘယ်လိုကွာခြားသလဲလို့.. အဲ့ဒီတော့ ကွာခြားတဲ့အချက် နှစ်ချက်. သုံးချက်ရှိတယ်တဲ့..
တခုက ဖေဖေဟာ သူများပြောတိုင်း လက်မခံဘူးတဲ့.. ပြောတဲ့ဟာကို မှန်လား အခြေအနေနဲ့ သင့်တော်သလားဆိုတာကို သေသေချာချာ စဉ်းစားတယ်.. စဉ်းစားပြီးမှ လက်ခံတယ်တဲ့.. ပြောတိုင်း လက်ခံတဲ့စိတ်- ပြောတိုင်း ခေါင်းညိမ့်တဲ့စိတ် မရှိဘူးတဲ့.. စစ်သင်တန်း ပေးတဲ့အခါ တခြား ရဲဘော်သုံးကျိပ်ဝင်များက ဆရာများပြောတဲ့အတိုင်း ရေးချသွားတယ်.. ရေးချပြီးတော့ နောက်တစ်ခါ ပြန်ပြီးတော့ တင်ပြခိုင်းတဲ့အခါကျတော့ ဆရာများပြောတဲ့အတိုင်း ပြန်ပြီးတော့ တင်ပြသွားတယ်.. ဖေဖေကတော့ အဲ့ဒီအတိုင်း ပြန်ပြီးတော့ မတင်ပြဘူးတဲ့....
ဥပမာ... ဂျပန်ဆရာများက ပြောလိုက်တယ်တဲ့.. တပ်မတော်တခုရဲ့ တပ်စိတ်တစိတ်မှာ ရဲဘော် ၁၅ ယောက် ရှိရမယ်ဆိုပြီး သင်ပေးလိုက်တယ်တဲ့.. နောက်နေ့ ပြန်ပြီးတော့ စစ်ဆေးလိုက်တဲ့အခါမှာ ကျန်တဲ့ ရဲဘော်သုံးကျိပ်ဝင်များက တပ်စိတ်တစိတ်မှာ ရဲဘော် ၁၅ ယောက် ရှိရမယ်ဆိုပြီးတော့ တင်ပြတယ်.. ဖေဖေကတော့ တပ်စိတ်တစိတ်မှာ ရဲဘော် ၁၀ ယောက် ရှိရမယ်ဆိုပြီးတော့ တင်ပြတယ်တဲ့...
အဲ့ဒီအခါ ဆရာက ပြန်မေးတယ်တဲ့.. ဆရာပြောတုန်းက ၁၅ ယောက်လို့ ပြောတယ်.. တခြား ကျောင်းသားတွေက အားလုံး ၁၅ ယောက်လို့ ပြန်ပြောတယ်.. ဘာဖြစ်လို့ အောင်ဆန်းတစ်ယောက်တည်းကနေ ၁၀ ယောက် ပြောတာလဲလို့ မေးလိုက်တဲ့အခါကျတော့....
ဖေဖေက - ၁၅ ယောက်ဆိုတာ ဂျပန်တွေအတွက် သတ်မှတ်ထားတာ- ဗမာတွေက ဂျပန်လောက် စည်းကမ်းမရှိဘူး.. ၁၀ ယောက်နဲ့ပဲ တော်ပြီလို့ ပြောတယ်တဲ့...
ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ဗိုလ်ချူ ပ်အောင်ဆန်းလမ်းစဉ်......
(၂) ဒီအပြင်လည်း တိုက်ရည်- ခိုက်ရည်နဲ့ ပတ်သက်လို့ သင်ပေးတဲ့အခါကျတော့ ဖေဖေက ခဏ ခဏ ထောက်ပြတယ်တဲ့.. ဒီလို တိုက်နည်းခိုက်နည်းများဟာ ဂျပန်နိုင်ငံရဲ့ ပထဝီကို အခြေခံပြီးလုပ်ထားတဲ့ တိုက်နည်း ခိုက်နည်းများ ဖြစ်တယ်.. တချိူ့ဟာ မြန်မာနိုင်ငံနဲ့ မသင့်တော်ဘူးဆိုပြီး ထောက်ပြတယ်တဲ့.. အဲ့ဒီတော့ အောင်ဆန်းလမ်းစဉ်ဆိုတာ ဘာလဲဆိုတာ တခုတည်း မဖြစ်နိုင်ဘူး...
၁၉၄၇ ခုနှစ်တုန်းက အောင်ဆန်းလမ်းစဉ်ဆိုတာ အခု ၁၉၈၉ ခုနှစ်မှာ အောင်ဆန်းရှိနေဦးမယ်ဆိုရင် အဲ့ဒါလမ်းစဉ် တူချင်မှတူမယ်.. ဘာဖြစ်လို့လဲဆိုတော့ လမ်းကိုပြောင်းသင့်ရင် ပြောင်းနိုင်တဲ့အရည်အချင်းဟာ ဖေဖေ့ရဲ့ အရည်အချင်းတခု ဖြစ်ပါတယ်.. ဒီကိစ္စနဲ့ ပတ်သက်လို့ ဂျပန်ဆရာတစ်ယောက်က ဒီအတိုင်းပဲ ပြောခဲ့ပါတယ်.. ဖေဖေဟာ အခြေအနေအရ ပြောင်းသင့်တဲ့နေရာမှာ ပြောင်းရမယ်ဆိုတာ လက်ခံတယ်တဲ့...
အဲ့ဒီတော့ အခြေအနေအရ လမ်းပြောင်းသင့်တဲ့နေရာမှာ ပြောင်းရမှာကို လက်ခံခြင်းဟာ အောင်ဆန်းလမ်းစဉ်တခုပါပဲ.. အဲ့ဒီတော့ အောင်ဆန်းလမ်းစဉ်ဆိုတာ နိုင်ငံအတွက် အကောင်းဆုံးလမ်းစဉ်ပဲ.. လမ်းစဉ်တခုရယ်လို့ မဟုတ်ဘူး.. နိုင်ငံအတွက် အကောင်းဆုံးလမ်းစဉ်ကို တချိန်လုံး ရှာနေရမယ်...
ဒီနှစ်အတွက် ကောင်းတဲ့လမ်းစဉ်ဟာ နောင်နှစ်အတွက် ကောင်းတဲ့လမ်းစဉ် ဖြစ်ချင်မှဖြစ်မယ်.. နောင်နှစ်အတွက် ကောင်းတဲ့လမ်းစဉ်ဟာ နောင် ၁၀ နှစ် ကြာရင် ကောင်းတဲ့လမ်းစဉ် ဖြစ်ချင်မှဖြစ်မယ်.. .
ဒါပေမဲ့ ဒီလမ်းစဉ်အားလုံးမှာ တူညီတဲ့သဘော တခုရှိတယ်.. လမ်းစဉ်တိုင်း လမ်းစဉ်တိုင်းဟာ နိုင်ငံအကျိူ းအတွက် အများပြည်သူအကျိူ းအတွက် ဖြစ်ရမယ်.. နိုင်ငံအကျိူ းအတွက် အများပြည်သူအကျိူ းအတွက် ဦးတည်ပြီး ခင်းလိုက်တဲ့ လမ်းစဉ်တိုင်းဟာ အောင်ဆန်းလမ်းစဉ်လို့ ကျမယုံကြည်ပါတယ်.. လူတိုင်းလူတိုင်းဟာ မှားနိုင်တာပဲ.. မှားရင်လည်း မှားတယ်ဆိုတာ ဝန်ခံရဲရမယ်.. ကျွန်တော်တို့တော့ မှားသွားပြီ.. လမ်းပြောင်းသင့်ပြီလို့ ဝန်ခံရဲရမယ်.. ကျွန်တော်တို့တော့ မှားသွားပြီ- လမ်းပြောင်းသင့်ပြီလို့ ဝန်ခံရဲတဲ့ သတ္တိမွေးရမယ်...
ဒီနေ့ဟာဆိုရင် ဖေဖေ့မွေးနေ့ ဖြစ်ပါတယ်.. ၁၃ ရက် ဖေဖော်ဝါရီဟာဆိုရင် ဖေဖေဟာ အသက်ရှင်နေဦးမယ်ဆိုရင် ဒီနေ့ ( ၇၄ ) နှစ် ပြည့်ပါလိမ့်မယ်...
ဒေါ်အောင်ဆန်းစုကြည်၏.... တောင်ကြီးမြို့ အမျိူ းသားဒီမိုကရေစီအဖွဲ့ချူ ပ်ရုံး၌ ပြောကြားခဲ့သည့် မိန့်ခွန်းထဲမှ ကောက်နုတ်ဖော်ပြသည်....
.
Credit : Aung Kyaw Moe
via Thetdwe Aung
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျှက်
Martin Swe
25-09-2019းစားလျှက်
Martin Swe
Wednesday, September 25, 2019
မြန်မာ့လွတ်လပ်ရေးသမိုင်းထဲက သူရဲကောင်းအမျိုးသမီး မာရီလှတော
၁၉၄၀-၄၁လွတ်လပ်ရေးမရခင်မှာဒို့ဗမာအစည်းရုံး
ဖွဲ့ပြီးသခင်တွေလွတ်လပ်ရေးရဖို့ကြိုးစားနေတဲ့အချိန်။ လွတ်လပ်ရေးရဖို့တွက်တရားဟောတဲ့သခင်နု နဲ့ သခင်သန်းထွန်းရန်ကုန်မှာအဖမ်းခံရတယ်။
တစ်ချိန်တည်းမှာ သခင်အောင်ဆန်း နဲ့(ကျုံမငေး)သခင်တင်မောင်ကဟင်္သာတမှာ တရားသွားဟောနေတယ်။
တရားဟောနေတဲ့အချိန်မှာလည်း… သခင်အောင်ဆန်းကိုဆုငွေထုတ်ပြီးတရားပွဲက
ဆင်းတာနဲ့ ဝင်ဖမ်းမှာဖြစ်တယ်။
ဒါ့ကြောင့်ဗြိတိသျှပုလိပ်တွေ တရားပွဲကိုလာဝိုင်းတယ်။ ဝိုင်းတာလဲသိရော… တရားပွဲထဲကနေ
သခင်အောင်ဆန်းနဲ့ (ကျုံမငေး)သခင်တင်မောင် က အဲ့ဒီလူအုပ်ထဲကနေထွက်ပြီးလမ်းမပေါ်
ရောက်သွားတယ်။
လမ်းမပေါ်ရောက်ပြီးထွက်ပြေးမယ်လုပ်တော့
လမ်းမတိုင်းလမ်းမတိုင်းမှာဗြိတိသျှပုလိပ်တွေ
ရှိနေတော့ဘယ်မှပြေးမလွတ်တောဘူး။
ပြေးမလွတ်တဲ့အချိန်ကျတော့မှသခင်တင်မောင်
ကအကြံပေးတယ်။
"ကျွန်တော်တို့လူမျိုးခြားအဖမ်းတော့မခံဘူး။ ကျွန်တော်တို့ဗမာအချင်းချင်းဖမ်းချင်ဖမ်းပါစေ" ဆိုတယ်။………
အဲ့ဒီအချိန်မှာဟင်္သတရဲ့ရာဇဝတ်ဝန်ထောက်က မစ္စတာဇေးဗီးယား……
ဒုတိယရာဇဝတ်ဝန်ထောက်ကဦးလှတော(ဗမာလူမျိုး)
ဦးလှတောကICSတကယ့်ဗြိတိသျှအစိုးရကလူယုံ
အနေနဲ့ခန့်ထားတဲ့ဒုတိယအကြီးဆုံး
ရာဇဝတ်ဝန်ထောက်။
ဦးလှတောရဲ့မိန်းကလေးက… ဇနီးသည်
လေးက…… "အင်မတန်ချော… အင်မတန်လှ… အင်မတန်အသက်ငယ်ပြီးတော့ဗမာတွေ
မျက်စေ့ထဲမှာကြည့်မရထောင့်မကျိုး…
ဗိုလ်ဆန်တဲ့ကလေးမလေး "…
နာမည်ကိုက ယောက်ျားရပြီးတာနဲ့
"မာရီလှတော" ဆိုပြီး တော့
နာမည်ပြောင်းထားတဲ့ကလေးမလေး။
အဲ့ဒီအိမ်က သခင် အောင်ဆန်း နဲ့ (ကျုံမငေး)သခင်တင်မောင် ရောက်နေတဲ့နေရာနဲ့ နီးတယ်။
နီးတော့အဲဒီခြံဝန်းထဲကို ဝင်သွားတယ်။
ဝင်သွားတဲ့အချိန်မှာတိုက်ရဲ့ဆင်ဝင်အာက်မှာ ကားတစ်စီးရပ်ထားတယ်။ ကားဘေးမှာလင်မယားနှစ်ယောက်စကားပြောနေတယ်။
ယောက်ျားကရုံးသွားကာနီးအချိန်မှာ သခင်နှစ်ယောက်ကရောက်သွားပြီးသခင်တင်မောင်
ကစကားစလိုက်တယ်...
"ကျွန်တော်တို့လာတာကတော့…" ပြောစရှိသေး
"မာရီလှတော" က သူ့ယောက်ျားကို……
"အစ်ကို အလုပ်ကို သွားစရာရှိတာသွားတော့…… ကျွန်မကြည့်ရှင်းလိုက်
မယ်ဆိုပြီးတော့……
သူ့ယောက်ျားကို ကားပေါ်တင်ပေးလိုက်တယ်။
သူ့ယောက်ျားကားမောင်းထွက်သွာပြီးတော့မှ
"ရှင်တို့ဘာကိစ္စရှိလဲ"လို့မေးတော့မှ…… သခင်တင်မောင်က ပြောပြသည်။
"ခင်ဗျားယောက်ျားဆီမှာ အဖမ်းခံဖို့လာတာ… ကျွန်တော်တို့ဘယ်လိုမှပြေး
မလွတ်တော့ဘူး… အဲ့ဒီဗြိတိသျှပုလိပ်တွေလက်ထဲမှာ အဖမ်း မခံချင်လို့…
ဗမာအချင်းချင်း အဖမ်းခံချင်လို့… ခင်ဗျားယောက်ျားဖမ်းမလား ဆိုပြီးလာ
အပ်တာ…… ခုခင်ဗျားယောက်ျားထွက်သွားပြီ… ခင်ဗျားတယ်လီဖုန်းဆက်...
နီးစပ်ရာ ဂတ်ကို ဒါမှမဟုတ် ခင်ဗျားယောက်ျားကို ဖုန်းဆက်ပြီးတော့အကြောင်းကြား…
ကျွန်တော်တို့ အဖမ်းခံဖို့အဆင်သင့်ပဲ"
လို့ပြောချိန်မှာ
"မာရီလှတော" က ခဏလေးနေဦး…… ဆိုပြီးတော့ အိမ်ထဲဝင်သွာတယ်။
အဲ့ဒီအချိန်မှာ သခင်နှစ်ယောက်က သူတို့့ကို ဖုန်းဆက်အကြောင်းကြားမယ်လို့ထင်နေတဲ့အချိန်မှာခဏလေးကြာတော့… မာရီလှတောပြန်ထွက်လာတယ်။ လက်ထဲမှာကားသော့လေးတစ်ချောင်းပါလာတယ်။ ပြီးတော့မှဂိုထောင်ထဲကကားတစ်စီးထုတ်လာကာ…
"ရှင်တို့နှစ်ယောက်နောက်ခန်းကတက်။ဝပ်ပြီးလိုက်ခဲ့… "
ဆိုပြီး..မာရီလှတောကအဲဒီသခင်နှစ်ယောက်ကို
ခြံဝန်းထဲကထွက်ပြီးတော့ဟင်္သာတမြို့ထဲကို
ဖြတ်မောင်းတယ် ၊ပတ်မောင်းတဲ့အချိန်မှာ စစ်ပုလိပ်တွေက ဒါ… ရာဇဝတ်ဝန်ထောက်ရဲ့ကားဆိုတာသိတော့ မရှာပါဘူး။ မရှာတော့ဘယ်ကို ရောက်သွားလဲဆိုတော့
ဟင်္သာတနဲ့တော်တော်လေးလှမ်းတဲ့ "ယုန်တလင်း" ဆိုတဲ့ရွာကို ရောက်သွား သည်။
"ယုန်တလင်း"ဆိုတဲ့ရွာမှာ ဘယ်သူရှိလဲဆိုတော့ နောင်တစ်ချိန်မှာ"အာဇာနည်ခေါင်းဆောင်" ဖြစ်လာမဲ့ "မန်းဘခိုင်" ရှိတယ်။မန်းဘခိုင်ရဲ့ငှက်ပျောတောကြီးထဲမှာ သခင်နှစ်ယောက်ကို ဖွက်ပေးထားတယ်။
ဖွက်ပေးထားထားပြီး နောက်တစ်နေ့မှာ မန်းဘခိုင်က
သူ့ငှက်ပျောလှေတွေထဲမှာငှက်ပျောခိုင်တွေနဲ့ဖိဖိ
ပြီးတော့မှသခင်နှစ်ယောက်ကိုရန်ကုန်သို့ပို့လိုက်တယ်။ နောက်တစ်နေ့မှာ သခင်အောင်ဆန်းဟာ
"အမွိုင်"ကို လွတ်လပ်ရေးအတွက် ခရီးထွက်သွားခဲ့တယ်။
ကောင်းပြီ...ဘာပြောချင်လဲဆိုတော့……
"မာရီလှတော"ကို လူတွေသိသလား။
အဲဒီ မာရီလှတောရဲ့လုပ်ရပ်က ဘယ်လောက်အရေးကြီးလဲ……
မာရီလှတောကသာ အဖမ်းခိုင်းလိုက်ရင် ဘာပြောပြော ကျွန်တော်တို့လွတ်လတ်ရေး ဒီလောက်မြန်မြန်ရပါ့မလား ?စဉ်းစားစရာတွေများကြီးရှိပါတယ်။
အဲဒီတော့မာရီလှတောဟာကောင်းကင်မရှိတဲ့
ကြယ်မဟုတ်ဘူးလား?
(ဗိုလ်ချုပ်တို့က ကောင်းကင်ရှိတဲ့ကြယ် )
ဘာလို့ကျွန်တော်တို့မတွေ့ကြရတာလဲ? အဲဒီလိုကောင်းကင်မရှိတဲ့ကြယ်တွေ
အများကြီးရှိပါတယ်။
အဲဒီမှာမှားမှန်ခွဲနိုင်တဲ့ပညာဆိုတာကိုဘာတွေလဲဆိုတော့…
မာရီလှတောကသူဘာလုပ်ရမလဲလို့စဉ်းစားတဲ့အချိန်မှာ မှန်လား မှာလားဆိုတာ နှစ်ချက်ကိုစစဉ်းစားမယ်……… ဖမ်းလိုက်တာမှန်လား ...
လွှတ်လိုက်တာမှန်လား ဆိုတာကိုပေါ့။
"ဘယ်လောက်ခေတ်ဆန်ဆန် ဘယ်လောက်ဗိုလ်ဆန်ဆန်နှလုံးသားက……
ဗမာ ဗျ…… ဗမာလိုတွေးမှာပဲ ဗမာ့လွတ်လပ်ရေးကိုကြိုက်မှာပဲ။
ယောက်ျားက ဘယ်လောက်ပဲ ဗြိတိသျှ ဝန်ထမ်းဖြစ်ဖြစ် ဗမာပြည်ကိုချစ်မှာပဲ။ အဲဒီအတွက်လွှတ်လိုက်တာမှန်တယ်လို့ သူသိတယ်။
ဒါပေမဲ့ သူ့နေရာမှာ ကျွန်တော်တို့ဝင်စဉ်းစားကြည့်လိုက်။
လွှတ်တာမှန်မှန်းသိရင်လွှတ်ရဲမလား………
လွှတ်လိုက်ရင် ငါ့ယောက်ျားပြုတ်သွားမလား……
ငါတို့တိုက်ကြီးကို လာပိတ်သွားမလား… ငါ့တို့လင်မယားနှစ်ယောက်ကိုဖမ်းမလား… သူတွေးမှာပဲ။ သူမတွေးပဲမနေဘူး……
အဲဒါတွေ တွေးပြီးတော့မှ… အဲဒါတွေဖြစ်ချင်ဖြစ် လုပ်ရဲတယ်ဆိုပြီး မာရီလှတော လုပ်သွားတာ……အဲဒါအမှန်ကိုချစ်တာပဲ။ အဲဒါသူရဲကောင်းပဲ။
အများကြီး။ကျွန်တော်တို့ကမာရီလှတောလိုမလုပ်ရဲလို့မလုပ်
ခဲ့ရတာတွေဒါဆိုရင်မာရီလှတောဟာလည်းသူရဲကောင်းအမျိုးသမီးတစ်ယောက်ပါလို့ဆိုချင်ပါတယ်...
ကိုးကား.... မြန်မာ့လွတ်လတ်ရေးသမိုင်းစာအုပ်များ...
( အောင်ဆန်းရုပ်ရှင်တွင် မိုးဟေကိုမှ မာရီလှတောအဖြစ်သရုပ်ဆောင်ပါမည်...
မာရီလှတောအကြောင်းမသိသေးသူများအတွက်
သိရှိစေရန်အတွက်တင်ပြအပ်ပါသည်)
Ko Nay Win
ZN.H 🇦🇺
Saturday, September 21, 2019
ရှားပါး videoလေး ဗိုလ်ချုပ်အောင်ဆန်းနယူးဒေလီတွင်နေရူးနဲ့တွေဆုံစဉ်
ဗိုလ်ချုပ် နယူးဒေလီတွင် နေရူးနှင့် တွေ့စဉ်က ... [၁၉၄၇-ဇန်နဝါရီ]
အရှင်လတ်လတ်မြင်ရဖို့မလွယ်ဘူး အများသိအောင် Share ပေးပါ
by ရာဇာဓိ ရာဇာ
Credit - တို့ဗမာအစည်းအရုံး
Subscribe to:
Posts (Atom)







