Wednesday, June 30, 2021

Covid 19 စိုးစံရာ နေပြည်တော်


 ကိုဗစ်စိုးစံရာ နေပြည်တော်


နေပြည်တော်ကောင်စီနယ်မြေအတွင်း စစ်တပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ်တွင် COVID-19 အတည်ပြုလူနာ ၆၀၀ ကျော်ရှိနေပြီးနေပြည်တော်သည်တနိုင်ငံလုံးတွင် ကူးစက်မှုအများဆုံးဖြစ်နေကြောင်းသိရ။


သီရိ ၆ မြို့နယ်နှင့် ပျဥ်းမနား၊ လယ်ဝေး၊ တပ်ကုန်း ၉ မြို့နယ်အတွင်း အတည်ပြုလူနာတွေ့ရှိမှု နေ့စဥ်မြင့်တက်ခဲ့ရာမှ ဇွန်လ ၂၈ရက် မနေ့ကထိ ၁၈၀၀ ကျော် ကူးစက်ခံထားရပြီး ဇေယျာသီရိမြို့နယ်တွင် ၆၀၀ ကျော်နှင့် အများဆုံးဖြစ်၍ ဇဗ္ဗူသီရိမြို့နယ်တွင် ၅၀၀ ကျော်ဖြင့်ဒုတိယအများဆုံးဖြစ်နေကြောင်းသိရ။


ဇဗ္ဗူသီရိမြို့နယ် သပြေကုန်းအနီး မစိုးရိမ်စာသင်တိုက်မှ သံဃာအပါး ၂၀၀ကျော်စစ်ဆေးခဲ့ရာ အစုလိုက်အပြုံလိုက် ကူးစက်ခြင်းခံထားရကြောင်း သိရ။


ယင်းသို့ ကူးစက်မှုမြင့်တက်နေသော်လည်း နေပြည်တော်အတွင်းရှိ စာသင်ကျောင်းများ ဆက်လက်ဖွင့်ထားဆဲဖြစ်ပြီး စျေးကြီးများပိတ်မည်ဟုသတင်းများသာထွက်ပေါ်နေကြောင်း နေပြည် တော်ရှိ ဒေသခံ အချို့ထံမှ သိရ။


သံဃာတော်တွေ နေကောင်းကြပါစေ။


ဒေါက်တာတင့်ဆွေ


နေပြည်တော်ကသီရိ၅မြို့နယ်ပါ(ဆရာရေးထားတာ၆မြို့နယ်ဖြစ်နေပါတယ်ခင်ဗျာ)ဇေယျာသီရိ ပုပ္ဗသီရိ ဥတ္တရသီရိ ဇမ္ဗူသီရိ ဒက္ခိဏသီရိ နဲ့ ပျဉ်းမနား လယ်ဝေး တပ်ကုန်း အားလုံး၈မြို့နယ်နဲ့ဖွဲ့စည်းထားပါတယ်ခင်ဗျ


ကျေးဇူး။

No comments:

Post a Comment