Showing posts with label Myanmar History. Show all posts
Showing posts with label Myanmar History. Show all posts

Thursday, September 19, 2019

မြန်မာစစ်တပ်လောက်ယုတ်မာတဲ့စစ်တပ် ကမ္ဘမှာမရှိပါ

မြင်ကြပြီလာ*ရခိုင်စစ်ပွဲ*စုံစမ်းစစ်ဆေးရေးအဖွဲဖွဲဖို အဆိုတင်သွင်း *စစ်တပ်*ကန့်ကွက်တယ်
အားအားရှိ အမေစုကို ဆဲးဆိုနေတဲလူတွေမြင်ပြီလာ 
သတ်တာလည်စစ်တပ် ကန့်ကွက်တာလည် စသ်တပ်ပဲ

 ဧရာဝတီ၊ စက်တင်ဘာ ၁၈၊ ၂၀၁၉

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲကာလအတွင်း တိုက်ပွဲနဲ့ လုံးဝ သက်ဆိုင်ခြင်း မရှိဘဲ လက်နက်ကြီး ၊ လက်နက်ငယ် ကျည်ထိမှန်ပြီး အရပ်သား ပြည်သူတွေ သေဆုံးမှု ၊ ထိခိုက်ဒဏ်ရာ ရရှိမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းလေ့လာရေးအဖွဲ့ ဖွဲ့စည်းဖို့ ရခိုင်ပြည်နယ် လွှတ်တော်မှာ အဆိုတင်သွင်းလိုက်ပါတယ်။

မြောက်ဦးမဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဒီကနေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဦးဆောင်ကာ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာ၊ လူမှုအဖွဲ့က ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ စုံစမ်းလေ့လာရေးအဖွဲ့ ဖွဲ့စည်းပြီး လေ့လာစုံစမ်းမှုတွေ ပြုလုပ်ဖို့ ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်း အဆို ဖြစ်ပါတယ်။

အဆိုနဲ့ ပတ်သက်ပြီး လက်ခံဆွေးနွေးရန် သင့်မသင့် လွှတ်တော် သဘောထားကို ရယူခဲ့ရာ တပ်မတော်သား လွတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့တာကြောင့် လွှတ်တော်မှာ မတ်တပ်ရပ် စနစ်နဲ့ မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံသူများတဲ့အတွက် လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ယင်းအဆိုကို ဆက်လက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ရိုက်ကူး - မင်းအောင်ခိုင်

တည်းဖြတ် - ဝေယံမိုးမြင့်

Wednesday, September 18, 2019



ပထမဆုံးပုံက 
၁၉၆၄ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်လို့ ပဲခူးရိုးမတောတွင်းကိုပြန်သွားကြတဲ့ သခင်သန်းထွန်းရဲ့ဗမာပြည်ကွန်မြူနစ်အဖွဲ့ဝင်တွေ..
ရိုးရိုးရှင်းရှင်း.

အဲ့ဒီအချိန်က တောတွင်းလက်နက်ကိုင်အဖွဲ့တွေဟာ 
အများစုက သစ်လဲခုတ်မရောင်ဘူး.
သံယံဇာတလဲခိုးမရောင်းဘူး.ဘိန်းမှောင်ခိုလဲမလုပ်ဘူး.
ကိုယ်ကျိုးစီးပွားဆိုတာ နတ္ထိဗလာ..

နိုင်ငံရေးယုံကြည်ချက်အတွက် ပဲခူးရိုးမတောတွင်း မိုးမလုံတဲ့သက္ကယ်တဲမှာ ငှက်ပျောအူစားပြီး 
လက်နက်ကိုင်တော်လှန်ရေးကိုလုပ်ခဲ့ကြတာ..

ဒါကြောင့် သူတို့ရဲ့နိုင်ငံရေးအယူအဆကိုသဘောမတူတောင် 
သူတို့ရဲ့တော်လှန်ရေးစိတ်ဓာတ်နဲ့ကိုယ်ကျိုးစွန့်နိုင်မှုကို 
လေးစားတယ်.ယုံကြည်ချက်ကို ကိုယ်ကျိုးစီးပွားနဲ့မလဲပဲ 
အသက်နဲ့လဲခဲ့တဲ့သူတွေ..

နောက်ပုံတွေကိုကြည့်..
ခုခေတ်လက်နက်ကိုင်တွေ..
ပြည်နယ်လွတ်မြောက်ရေး ဘာညာကြွေးကြော်နေပြီး 
တိုင်းရင်သားပြည်သူတွေကို မျှော်လင့်ချက်တွေပေး 
လိမ်ညာနေကြတာ..

သူတို့ခေါင်းဆောင်တွေကိုယ်တိုင်က အိမ်နီးချင်းနိုင်ငံတွေမှာ မိသားစုကို ချမ်းချမ်းသာသာထားပြီး လက်နက်ကိုင်စီးပွားရှာနေကြတာ..

သူတို့မှီခိုနေရတဲ့နိုင်ငံဘက်ကို ကိုယ့်တိုင်းပြည်နာချင်နာပစေ. အောက်စျေးနဲ့သစ်ခိုးထုတ်တယ်.သယံဇာတတူးရောင်းတယ်.မူးယစ်ဆေးဝါးမှောင်ခိုတယ်..ပိုက်ဆံရရင် ဘာမဆိုလုပ်တယ်..

သူတို့တွေရဲ့ငြိမ်းချမ်းရေးစကားကို အယုံကြည်မရှိတော့ဘူး..သူတို့အတွက် လက်ရှိအခြေအနေက အကောင်းဆုံးပဲ..
စီးပွားကို ဥပဒေမဲ့ရှာချင်တိုင်းရှာလို့ရတယ်..

သူတို့နယ်မှာ သူတို့က စစ်အာဏာရှင်ပဲ..
ဥပဒေဆိုတာ သူ့တို့ပါးစပ်.သူတို့လက်ထဲကသေနတ်..
စစ်ဘုရင်တွေ.နယ်စားပယ်စား အာဏာရှင်တွေ..

အိမ်နီးချင်းနိုင်ငံကို သူတုိ့ရပ်တည်မှုအတွက်မှီခိုနေကြတယ်..
အိမ်နီးချင်းနိုင်ငံကလဲ သူတို့ကိုမွေးထားပြီး မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေးအမြတ်ထုတ်တယ်.
နိုင်ငံရေးကစားတယ်...

လက်နက်ကိုင်တွေကလဲ သူတို့သခင်အလိုကျ တသွေမတိမ်းနေတယ်.သူတို့ကိုယ်ကျိုးအတွက် 
ကိုယ့်တိုင်းပြည်ကို သစ္စာဖောက်ပြီး သခင်အလိုကျ 
ဘာမဆိုလုပ်တယ်..ကိုယ့်လူမျိုးလွတ်လပ်ရေးဆိုတာ 
ကြားကောင်းအောင်အော်ပြီး လိမ်နေကြတာ..

လက်နက်ကိုင်အားလုံးကို ခြုံကြည့်ရင် 
၁၉၈၈ မတိုင်မီက မဆလခေတ်မှာ တပ်မတော်ဘက်မှာလဲ 
စစ်တိုက်ချင်လို့.ဝါသနာပါလို့ စစ်သားဘဝကိုနှစ်ခြိုက်လို့  ရိုးရိုးသားသား စစ်ထဲဝင်ခဲ့ကြတယ်..အများအားဖြင့်က 
ကိုယ်ကျိုးစီးပွားကို ရှေ့တန်းမတင်ကြပါဘူး..

သူတို့ကိုယ်ကျိုးစီးပွားက 
မိမိရလာတဲ့ခံစားခွင့်လေးတွေကို  စုမယ်ဆောင်းမယ်..
အငြိမ်းစားယူရင် သင့်တင့်လျှောက်ပတ် ကိုယ်ပိုင်အိမ်ကလေးနဲ့နေချင်တယ်..ဆေးဖိုးဝါးခ အိုစာမင်းစားလေးစုချင်တယ်..ဒီလောက်ပဲ.

တချို့ဆို စစ်သားဘဝနဲ့ပျော်နေလိုက်တာ အငြိမ်းစားယူခံနီးမှ နေစရာအိမ်ကမရှိသေး.စုပြီးဆောင်းပြီးလဲမရှိ.
အဲ့အချိန်ကြမှ သတိရ.အငြိမ်းစားယူတော့ လက်ဗလာ..

တခါက ဦးသန်းရွှေတို့ထက်တောင် စီနီယာကျတဲ့ ရခိုင်လူမျိုးစီနီယာဗိုလ်မှူးကြီးတစ်ယောက်.
အငြိမ်းစားယူခါနီးမှ နေစရာအတွက်အသည်းသန်လုပ်ရတယ်..
မင်္ဂလာဒုံအစွန်အဖျားမှာ မြေလေးတစ်ကွက်ဝယ်တယ်.
သူ့နေရာက အဲ့အချိန်က ညနေစောင်းရင် လူသွားလူလာတောင်မရှိ..မြေတန်ဘိုးကလဲ ထောင်ဂဏန်းပါ..ဒါလေးဝယ်ပြီး အိမ်လေးတစ်လုံးကို 
တို့တိတို့တိနဲ့ ပိုက်ဆံပြတ်ရင်ရပ်ထား. ဖြေးဖြေးချင်းဆောက်.ဒါလေးကိုပဲ အပေါင်းသင်းတွေ 
တပည့်တပန်းတွေကြားဆို ဝံ့ကြွားစရာ..

အငြိမ်းစားယူပြီးတော့ ကိုယ်ပိုင်ကားမရှိ..လစဉ် ပင်စင်လေး ရာဂဏန်းကို လွယ်အိပ်တစ်လုံးလွယ်ပြီး 
လိုင်းကားနဲ့မြို့ထဲသွားထုတ်..ဒီလိုရိုးဂုဏ်ကို ဂုဏ်ယူကြတာ...တကယ့် ဝေလဲမွှေး ကြွေလဲမွှေးတွေ..

၁၉၈၈ နောက်ပိုင်းတော့ အားလုံးသိကြတဲ့အတိုင်း 
အထွေအထူးမပြောလိုတော့ပါဘူး..ဘီလ်ဂိတ်ကိုတောင် 
အမှီလိုက်ချင်နေကြသလားမသိအောင်.ရသ၍ရှာ.
ခေါင်းထဲမှာ သူဌေးကြီးဖြစ်ရေးပဲ..

ဒါတွေက တပ်မတော်ဘက်ရော လက်နက်ကိုင်ဘက်ရော 
ပြောင်းလဲလာတဲ့ပုံပဲ..ဘယ်သူက ဘယ်သူ့ကို အတုယူကြတယ်တော့ မပြောတတ်တော့ဘူး.
လက်နက်ကိုင်အားလုံးပဲ..လက်နက်ကိုင်စီးပွားရေး 
အာဏာစီးပွားရေးခေတ်ကြီးကို ထူထောင်လာလိုက်ကြတာ..

ဒီတော့ ဒီလူတွေရဲ့ငြိမ်းချမ်းရေးကို မယုံကြည်တော့.
ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ သူတို့ အနေအစားမပျက်.
စီးပွားမလျော့.အာဏာတည်မြဲဖြစ်ဖို့ ဘယ်လိုလုပ်ကြမလဲ 
ညှိနေကြတဲ့သဘောပဲ..တစ်နည်းပြောရရင် 
စားကျက်ညှိနှိုင်းတဲ့ပွဲပဲ..ဘယ်တိုင်းရင်းသားပြည်သူအတွက်မှမပါဘူး..

ဒီအခြေနေကိုပြောင်းလဲဖို့ဆိုရင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက မင်းတို့ခြေလှမ်း 
သိပါတယ်ဆိုပြီး ဝိုင်းဝန်းဆန့်ကျင်ဖိအားပေးနိုင်မှပဲ 
ရနိုင်လိမ့်မယ်ထင်တယ်ဆိုတာကို ပြောပြချင်တာပါ..

Thetdwe Aungဖိအားပေးနိုင်မှပဲ 
ရနိုင်လိမ့်မယ်ထင်တယ်ဆိုတာကို ပြောပြချင်တာပါ..

Thetdwe Aung







Sunday, September 15, 2019

အလုံပိတ်၍တိုင်းပြည်အပျိုရည်ဖျက်ခဲ့သည်


(အလုံပိတ်တဲ စားသောက်ဆိုင်များရဲ့ မြစ်ဖျားခံရာ)

ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ်အကျယ်ချုပ်မှ လွတ်သော ကာလသည် ၁၉၉၅ ခုနှစ်တွင် စတင်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်သည်နှင့် သူမ နေအိမ်ရှေ့သည် နိုင်ငံတကာ နှင့် တိုင်းပြည်တစ်ခုလုံးသို့ တရားဟောသော ဟစ်တိုင်ဖြစ်သည်။ စာရေးသူလည်း သူမ၏ နေအိမ်ရှေ့သို့ ရောက်ခဲ့ဘူးသည် လေ့လာသည် သူမနှင့်လည်း မိနစ် ၄၀ ကျော် တကြီမ်  မိနစ် ၂၀ ကျော် တကြိမ်  (၂) ကြိမ်တိုင်တိုင် အသေချာ တွေ့ဆုံခွင့်ရသည်။ ထိုနေအိမ်ရှေ့ သတင်း ဆောင်းပါး ရေးချင်နေသော ပေါက်စန အဆင့် ဖြစ်ကြသည် စာရေးသူအပါ၀င် ယခု DVB တွင် လုပ်ကိုင်နေသော ဘိုင်အို ဘိုထွဋ်(ခေါ်) သန်း၀င်းထွဋ်တို့နှင့် မကြာခနဆုံကြသည်။

တဖြေးဖြေးနှင့် ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့တွင် အနယ်နယ်အရပ်ရပ်မှ လူတန်းစားပေါင်းစုံ ရောက်ရှိ စုံလင်လာလေသည်။ ထိုအထဲတွင် လက်လုပ်လက်စားအဆင့်မှ ပညာရှင်များပါ ပါ၀င်လာကြောင်းတွေ့ရပြီး နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်အိမ် မျက်စောင်းစွေစွေ နေရာလောက်တွင် သားတစ်ယောက်နှင့် ခပ်လှမ်းလှမ်းမှ လာရောက် နားထောင်သော ၈၈ စက်တင်ဘာ အကြမ်းဖက်ပုံစံဖြင့် အာဏာသိမ်းပေးခဲ့ရသော ဗိုလ်ချုပ်ကြီး စောမောင်အား ရုပ်တရက် ဆုံဖြစ်ခဲ့လေသည်။ ထိုနောက် ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ သို့ အပတ်စဉ် တဖြေးဖြေးနှင့် အင်အားနှင့် အားနှင့် ရောက်ရှိလာနေကြသော အစုဖွဲ့များတွင် နိုင်ငံရေးပါတီ အသင်းဖွဲ့များနှင့် မသက်ဆိုင်သော တက္ကသိုလ် ကျောင်းသူကျောင်းသားများ အထူးများပြားလာကြောင်း တွေ့ရသည်။

၁၉၉၅ နို၀င်ဘာတွင် စစ်အစိုးရမှ လုပ်ငန်းစတော့သည်။ အဓိက အဆိုပါ လုပ်ငန်းအား စတင် အကောင်ထည်ဖေါ်ပေးသူမှာ ထောက်လှမ်းရေးတပ်ဖွဲ့ဖြစ်သည်။ တက္ကသိုလ် ပညာရပ်သင်ကျောင်းများအား ရန်ကုန်မြို့ပြင်သို့ လုံခြုံရေးအရ ပြောင်းရွေ့ပြီးတိုင်အောင် မလုံလောက်သေးပဲ အဆိုပါ ကျောင်းသူ ကျောင်းသားတို့၏ ဘ၀ အနာဂတ်အား ချိုးဖျက်ရန် အစီစဉ် ကြီးကြီးမားမားအား ဗိုလ်ချုပ် ၀င်းမြင့်(ငြိမ်း) ကွယ်လွန်အား တာ၀န်ပေးခဲ့လေသည်။

ဗိုလ်ချုပ်၀င်းမြင့်၏ ပထမဆုံး အလုံးရင်း စီးပွားရေးသည် သွင်းကုန် ထုတ်ကုန် လုပ်ငန်းကြီးထဲတွင် စစ်ဘက်မှ ယုံကြည်ရပြီး ဘွဲ့ထူးခံ ခရိုနီများ နှင့် တရုတ်ကုန်သည်များ ဖြစ်လေသည်။ အသေးစား စီးပွားရေးလုပ်ငန်းများတွင် ကာရာအိုကေ ၊ စားသောက်ဆိုင် လုပ်ငန်းများ၊ အနှိပ်ခန်းများနှင့် ဇိမ်ခံ မိုတယ် ဟော်တယ်လုပ်ငန်းများ ဖြစ်ပြီး အဆိုပါလုပ်ငန်းများမှ ကြံခိုင် ဖွံ့ဖြိုးရေးပါတီ ရံပုံငွေအတွက် အကျိုးမြတ်အားလုံး၏ ( ၂၅) ရာနုန်း နှစ်စဉ် အခွန်ဆောင်စရာမလိုပဲ ထည့်သွင်းပေးရသော အရာတစ်ခု ဖြစ်ရကာ အဆိုပါ လုပ်ငန်းများအားလုံးတွင် ကြံ့ခိုင် ဖွံ့ဖြိုးရေးမှ အကြီးတန်း ပါတီ၀င်များအားလုံး ၀င်ရောက်ပတ်သက် အစုရှယ်ယာများ ပိုင်ဆိုင်ကြောင်း သက်သေ ခိုင်လုံစွာရှိနေပါသည်။

အဆိုပါ ရင်းနှီးမြုပ်နှံမှုများထဲတွင် တပ်မတော် ထောက်လှမ်းရေးအကြီးကဲ ဗိုလ်ချုပ်ခင်ညွန့် အမိန် အာဏာ ခွင့်ပြုချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့သို့ ရောက်နေတတ်ကြသော ကျောင်းသားကျောင်းသူများ၏ အနာဂတ် ချိုးဖျက်ရေးအတွက် နိုင်ငံတဝှမ်း သက်ဆိုင်ရာ တက္ကသိုလ်နယ်မြေများနှင့် အနီးစပ်ဆုံးနေရာများတွင်
စားသောက်ဆိုင်လုပ်ငန်းနှင့် အလုံပိတ်တဲများဟု ယနေ့ ခေါ်ဆိုသော ဘ၀သတ်ကွင်းများ အကြီးအကျယ် ချက်ခြင်းပင် ပေါ်လာကြောင်း ပြင်သစ် သတင်းထောက် ဖရန့်ဆစ် ဖေါ်လာ၇င်းမှ (AFP) သတင်းတွင် ၁၉၉၉ ခုနှစ်တွင် စတင်ရေးသား ဖေါ်ပြခဲ့လေသည်။

အဆိုပါ အလုံပိတ်တဲများ တည်ဆောက်ခြင်း  ခင်းကျင်းခြင်း အားလုံးတို့သည် နိုင်ငံတကာတွင် တခါမျှပင် မကြားဘူးသော ပြည်တွင်း စီးပွားရေး စနစ်တခုအဖြစ် ထောက်လှမ်းရေးမှ ဆောင်ရွက်ခဲ့ကြောင်း …ထိုသို့ အစီစဉ်ချဆောင်ရွက်မှုများတွင် သက်ဆိုင်ရာ တက္ကသိုလ်ကျောင်းများမှ ကျောင်းသားကျောင်းသူများ အဆိုပါ အလုံပိတ်တဲတွင်းသို့ သွားရောက်၍ ပျော်ပါး နိုင်ကြသလို ကျောင်းပြင်ပမှ လူမျိုးပေါင်းစုံ ဘာသာ ပေါင်းစုံ အလွှာပေါင်းစုံမှ လည်း သွားရောက် ပျော်ပါးနိုင်ရန် အတိလင်းအတားဆီးမဲ့စွာ ခွင့်ပြုခဲ့ကြောင်း ..အဆိုပါ အလုံပိတ်တဲ့များသို့ သွားရောက်သော သူများ၏ နာမည် ဓါတ်ပုံ နေရပ်များကိုလည်း ကျောင်းသားကဒ် (သို့) မဟုတ် မှတ်ပုံတင် တစ်ခုခု အထောက်ထားများ ရယူကာ မှတ်တမ်းများပြုလုပ်ထားပြီး တချိန် နိုင်ငံရေးလောက သို့ ကျောင်းသား ကျောင်းသူများ ၀င်ရောက်လာပါက ၄င်းတို့ ယခင် ဖြစ်ဘူး ဖြတ်သန်းဘူးသော သမိုင်းနောက်ခံပုံရိပ်ကို အထောက်ထားပြ၍ နိုင်ငံရေးယုံကြည်ချက်များကို သတ်ဖြတ် အဆုံးသတ်စေလိုရန် ရည်ရွယ်ချက်များ ပါ၀င်ပြီး  နောက်ပိုင်းတွင် တရုတ်ကုန်သယ်များပါ  အကြီးကျယ် ပါ၀င်ပတ်သက်လားပြီး  တရုတ် အစားအစာများနှင့် မူးယစ်ဆေးဝါး ယမကာများပါ တွဲဖက် ခွင့်ပြုခဲ့သည့်အပြင်  တရုတ်ပြည်မှ ထုတ်လုပ်ပြီး တရား၀င် တင်သွင်းမှု လုပ်ငန်းလိုင်စင် လျောက်စရာမလိုပဲ အဆိုပါ အလုံပိတ်တဲများ အတွင်းထိ ကာမ စိတ်ကြွဆေး အရည် အလုံး ပုံစံမျိုးစုံဖြင့် ထုတ်လုပ်ထားသော ဆေးဝါးများ ရောင်းချခွင့် ပေးခဲ့ကြောင်း။ အဆိုပါ အလုံပိတ်တဲအတွင်းသို့ ရောက်ရှိဘူးသော ကျောင်းသူ ကျောင်းသားများ နှင့် ပြင်ပ စီးပွားရေးနယ်ပယ်မှ အလည်လာ ပျော်ပါးသူများလုံးတို့၏ မှတ်တမ်းများ အပြင် မဖွယ်မရာ ပြုမူသော အလုံပိတ်တဲများအတွင်းမှ ဇာတ်လမ်းများကို လျို့ဝှက် ကင်မရာများရိုက်ကူး မှတ်တမ်းယူခဲ့ကြောင်း ဖေါ်ပြထားလေသည်။

အပြီးသတ် ဆိုရသော် ကမ္ဘာ့ပညာရေးလောက စီးပွားရေးလောကတွင် မည်သို့မျှ မရှိခဲ့ဘူးသော မြန်မာပြည်အတွင်းမှ (၁၉၉၅)  ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့သော တိုင်းပြည်အဝှမ်းရှိ အဆင့်မြင့် တက္ကသိုလ်ကျောင်းများ ၀န်းကျင် အတွင်းမှ အလုံပိတ်တဲ စီးပွားရေးလုပ်ငန်းသည် တိုင်းပြည်၏ ပညာရေးစနစ် သမာအာဇီ၀ မမျှသော စီးပွားရေးစနစ်နှင့် တိုင်းပြည်၏ အနာဂတ် မျိုးဆက်တို့အား အပိုင်းပိုင်းအတစ်တစ် ချိုးဖြတ် ဆစ်ပိုင်း ၍ လူငယ်တို့၏ အနာဂတ်တို့အား နိုင်ငံရေးတွင် နေရာ၀င်ရောက်မှု မရှိစေရန် ရည်ရွယ်ထားသော ထောက်လှမ်းနည်းဗျူဟာများထဲမှ အပြီးတိုင် မြေမြ ှုပ် သုပ်သင်ရာ ဘ၀နိဂုံး သင်္ခ ျိုင်းများ ဖြစ်ကြောင်း တင်ပြလိုက်ရသည်။

ဖြစ်ရပ်မှန် ဆောင်းပါး ဖြစ်ပါသည်။

ရှယ်နိုင်သလောက် အကျိုးရှိပါသည်။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

"မင်းကြီးတာ မလုံသရွေ့တော့ဖြင့်"
===================

28-7-2016 ကြာသပတေးနေ့ ရဲကားနှစ်စီးရှေ့ဆင့်နောက်ဆင့်ပါပဲနောက်ကနေပြီး ကားငယ်လေးကသုံးစီး
လောက်နဲ့ပခုက္ကူမြို့ရဲ့အပြင်ဘက်ကိုမြိုင်လမ်းအတိုင်းမောင်းထွက်သွားပါတယ်။အရှေ့ချောက်ကန်ရွာရောက်တာနဲ့လက်ဝဲဘက်ကိုကားတွေကွေ့သွားပါတယ်။ ဘယ်များပါလိမ့်။ လှည်းလမ်းအလိမ်အကောက်လေးထဲမောင်းသွားပြီးခန သနပ်ခါးခြံဝန်းတခုထဲဝင်းလိုက်ပြီဆိုတာနဲ့လားလား ထင်မှတ်မထားတဲ့မြင်ကွင်းတခုပါပဲ။ ကုန်းခေါင်ခေါင်မှာ ဘန်ဂလိုလေးတွေက စီစီရီရီ အာလုံး ၁၅ လုံး။ နာမည်က ကြည်နူးရိပ်တဲ့ ညီလေးတယောက် ပြောဖူးတာနားမှာပြန်ကြားမိတယ် ယောက်ျားလေးတွေချည်းလဲမဝင်ရဘူးဗျ မိန်းကလေးတွေချည်းလဲ မဝင်ရဘူးဗျ အတွဲသီးသန့်ပဲဝင်ရတာဗျ။ ရောက်တာနဲ့ ရေသန့် တစ်ဗူး ကွန်ဒုံး တစ်ထုပ် ချောဆီတစ်ထုပ် ပေးတယ် အကြိုက်ပဲ။ ဘုရားတမိလိုက်တယ်လေ လူငယ်တွေကို ရာဂမီး အစွမ်းကုန်တောက်လောင်ခွင့်ပေးတဲ့နေရာ။ဗိုလ်မှူးဟောင်းတယောက်ပိုင်တာတဲ့လေ။ အခန်းခက သုံးထောင်ဆိုပဲ။ သြော် လုပ်ရက်လိုက်တာနော်လို့တွေးနေစဲ ကားပေါ်ကတာဝန်ရှိသူတွေ ဆင်း တဲအိမ်တွေထဲစစ်ကြတော့ အခါတိုင်းရှိနေကြ မွေ့ယာတွေ ခေါင်းအုံးတွေ ဘယ်ရောက် ကုန်တယ်မသိ ခင်းထားတဲ့ဖယောင်းပုဆိုးအောက်မှာကွန်ဒုံးတွေ ကုတင်အောက်မှာ ဟိုတခုဒီတခု အမှိုက်တောင်းထဲမှာက သုံးလက်စတွေနဲ့ သြော် စစ်လိုက်ဆေးလိုက်ကြတာလေ ဇူလှိုင် ၂၇ ရက်နေ့ ဝင်ငွေ က ၁၂၉၅၀၀ တဲ့ဖွင့်ထားတာ ၃ နှစ်လောက်ရှိပါပကောလေ။ ဒါတွေ သက်ဆိုင်သူတွေမသိဘူးလား။ခုဖမ်းတာလဲတိုင်းဒေသကြီးကညွှန်ကြားလို့ဖမ်းတာတဲ့ဗျ။ မညွှန်မခြင်းမဖမ်းပဲလွှတ်ထားတာ ၃ နှစ်ပြည့်တော့မလား ကျော်ပလားဗျာ ။
ဟောခု စစ်ပါစစ်ပါခိုင်းတော့ မနက်လင်းကတည်းက သတင်းထွက်နေတာ နေ့လယ် တစ်နာရီမှာဖမ်းတယ် ဟိုမှာကသိမ်းပြီးနေပြီ အစောင့်နှစ်ယောက်ကလွဲပြီးဘာမ မရှိဘူး။ တိုင်းဒေသကလွှတ်ပေမဲ့ဘာကြောင့် လက်စဖြောက်ချိန်ပေး အချိန်ဆွဲထားလဲ။ ဘယ်သူကလက်စဖြောက်အောင်အကြောင်းကြားသလဲ။ ပြည်သူက တိုင်းအထိတိုင်တယ် အကောင်အထည်ဖော်တဲ့သူက သတင်းပြန်ပေါက်တယ်။ ပြောချင်တယ် မင်းကြီးစောင့်တဲ့တာ မလုံသရွေ့ ကျုပ်တို့တွေရဲ့ဘဝ ဖာဖြစ်နေရအုံးမှာပဲ။

 Written by : ဂိုလ်ရှယ်လေး



ပြည်ဖျက်ခေါင်းဆောင်များ

သောက်ပိန်းတို့၏ ခေါင်းကိုင်ဖခင်များ

၁။ မယာတရူးကြာကူလီနေ၀င်း

လင်ရှိမယားပါမရှောင် အတင်းကွာခိုင်းပီး အိမ်ထောင်ရေး ဖောက်ပြန်သူ။
တပ်မတော်သားများ အသက်သွေးချွေးပေးဆပ်ပီး ရယူနိုင်ခဲ့တဲ့ တန် ၇၀ ကျော် ကျောက်စိမ်းတုံးကြီးကို လင်မယားကွာရှင်းမှုတွင် အသုံးချပြစ်သူ။
ပြည်သူကို သေနတ်ဆိုတာ ပစ်ရင်တည့်တည့်ပစ်တယ် မိုးပေါ်ထောင် မဖောက်ဖူး နောက်တစ်ခါ လူစုလူဝေးနဲ့ ဆူရဲဆူကြည့်ဟု ခြိမ်းခြောက် စကားပြောသူ။
တုတ်ကိုတုတ်ချင်း ဓားကိုဓားချင်း ဆိုပီး ပြည်သူကို စိန်ခေါ်ဝံ့သူ။
တစ်ပါတီအစား ပါတီစုံကြိုက်လားဆိုပီး ပြည်သူကို ပျားရည်နဲ့၀မ်းချသူ။
မြန်မာနိုင်ငံငွေကြေးခိုင်မာဘို့ ရွှေပေါင်ထားခဲ့သော ရွေတန်ချိန် ၂၀၀၀ ကို မိသားစုအကျိုးအတွက် အသုံးချသူ။
ဗကပကို အပြုတ်မတိုက်ဘဲ ပြည်တွင်းစစ်မီးကို ရှည်ကြာစေပီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပျားအောင် ရန်စကားပြောသူ။
အရှေ့တောင်အာရှ အချမ်းသာဆုံး ၊ အာရှတွင် ဒုတိယအချမ်းသာဆုံး နိုင်ငံကို LDC အနိမ်ကျဆုံးနိုင်ငံအဖြစ်သို့ ရောက်စေခဲ့သူ။
အချင်းချင်း ဖြုတ် ထုတ် သတ် လုပ်ရတာကို ဝါသနာထုံသူ။
မလုပ် မရှုပ် မပြုတ် စနစ်ကို စတင် အကောင်အထည် ဖော်ပေးသူ။
စစ်တပ်အုပ်ချုပ်စဉ်ကာလအတွင်း ခွေးသေ သေသွားသူ။

၂။ လူသတ်သမား ခွေးဘီးလူးသန်းရွှေ

အနိုင်ရသူကို ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲစေပီး barracks ကို ပြန်မယ်လို့ စစ်သားစကားပြောတဲ့ ဦးစောမောင်ကို လုပ်ကြံရာတွင် မိမိ အာဏာရဘို့အတွက် ရေငုံနှုတ်ပိတ်နေခဲ့သူ။
ရွှေရတုတပ်မတော်နေ့ တွင်အနားယူမည်ဟုပြောသော်လည်း ကျားသေကို အသက်သွင်းသည့် ခင်ညွန့်ကြောင့် ကျားတစ်ကောင် ဘ၀သို့ရောက်လာပီး အသက်သွင်းပေးသူကို ပြန်သတ်သူ။
မယားတရူးကြာကူလီနေ၀င်း ဖျက်ဆီးထားသော ပဒေသရာဇ်စနစ်ကို ပြန်လည် အသက်သွင်းလိုသူ။
မိမိအချုပ်အခြာအာဏာ တည်မြဲဘို့အတွက် ရုရှားကို ဆက်ကြေးပေး နိုင်ငံကို တရုတ်ကိုရောင်းစားသူ။
ဦးတင်ဦး ဦးစစ်မောင်တို့ လုပ်ကြံခံရခြင်းကို မသိကျိုးနွံ ဥပေက္ခာပြု ထားနိုင်သူ။
သူများဆီက စိန်ပစ္စည်းများကို ငှါးပီး ပြန်မပေးဘဲ ငါးလောင်းပြိုင် လူသတ်မှုကို ပုံဖော်သူ။
တိုင်းပြည်နဲ့ပြည်သူကို ထာ၀ရအာဏာသိမ်းပိုက်စေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို သေနတ်ထောက်၍ ရေးစွဲအတည်ပြု စေခဲ့သူ။
တိုင်းပြည်ဘဏ္ဍာ ငါ့ဥစ္စာဟု မိမိကိုယ်ကျိုးအတွက် လုပ်ချင်ရာလုပ်သူ။
မိမိအနားယူကာနီး  မိမိအား သစ္စာခံမည့် ခွေးတစ်ကောင်ကို အစောင့်ထားခဲ့သူ။

၃။ ပြောင်ကြီးကြောင်ချီး မုန်း၀န်းသိန်းစိန်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရုပ်သေးရုပ်ဘ၀မှ သမ္မတ ဖြစ်လာသူ။
သမ္မတရုံး၀န်ကြီး (၆)ယောက် အကြံပေးပေါင်း (၂၀)ကျော်ဖြင့် ငါးနှစ် သက်တမ်း တာ၀န်ထမ်းဆောင်သွားသူ။
သမ္မတ သက်တမ်းအတွင်း "မိဘပြည်သူများခင်ဗျား" ဆိုတဲ့ စကား တစ်လုံးသာတတ်သွားသူ။
ပညာရေးဆိုတာ ပြန်မရနိုင်တဲ့ ရင်းနှီးမြုပ်နှံမှု ဟုပြောပီး sexy model ဇွန်သဉ္ဇာကို ပြောင်နေသော နဖူးဖြင့်ပွတ်သူ။
ကမ္ဘာပေါ်တွင် sincard တစ်ခုကို တစ်ဒေါ်လာလောက်သာရှိသော အချိန်တွင် ၅၀သိန်း မှ အဆင့်ဆင့် ၅သိန်း ၂သိန်း ၅၀၀၀ ကျပ် ၁၅၀၀ ကျပ်အထိ လျော့ချပေးခဲ့၍ သောက်ပိန်းတို့၏ ဆရာတစ်ဆူ ဖြစ်လာသူ။
အခြားတိုင်းတစ်ပါးများသို့ ချေးငွေသွားချေးရာတွင် သမ္မတဆိုသည့် ဂုဏ်ပုဒ်ကို စွန့်လွတ်၍ မျက်နှာငယ်ဖြင့် အောက်ကျို့ခံသူ။
အခြားမည်သည့်နိုင်ငံကိုသွားသွား အဆဲခံရသူ။
လူမျိုးစိတ်အသစ်အဖြစ် မုန်း၀န်းမြန်မာ လူမျိုးကို တီထွင်ပေးသူ။
ကုလားအမတ် ၃ ယောက်ကို လွတ်တော်ထဲရောက်စေခဲ့သူ။
တံတားအစင်းပေါင်း တစ်ထောင်ကျော်ကို ဖျောက်နိုင်ခဲ့သူ။
ကျောက်မျက်ရံပုံငွေ ၈ ဘီလီယံကျော်ကို အစဖျောက်နိုင်သူ။
စကားပြော အရမ်းသိမ်မွေ့ပီး ပြောင်းလဲပီးပီလေ ဒီထက်ဘာ ပြောင်းလဲစရာလိုတော့လဲ ဒီထက်ပြောင်းလဲချင်ရင် ကွန်မြူနစ်ပဲ ကျန်တော့တယ်ဟု ပြည်သူကိုပြောသူ။
ငြိမ်းချမ်းရေး (NCA)ကို ကားပါမစ်ဖြင့် ဟန်ပြ လုပ်ဆောင်သွားသူ။
ဆင်းရဲမွဲတေမှု ပပျောက်စေရေး ဘူဒိုဇာနှင့်ထိုးသူ။
အမျိုးဘာသာသာသနာ အတွက် လယ်တီသိမ်ကို ဥပေက္ခာပြု ၊ လက်ပန်းတောင်းတောင် ဆန္ဒဖော်ထုတ် သံဃားများကို မီးလောင်ဗုံး ဆွမ်းကပ်ပီး မဟာသန္တိသုခကျောင်း ကို၀င်စီး သာသနာရေး၀န်ကြီး အချင်းချင်းကို ဖြုတ်ပစ် ထောင်ချသူ။
ဘုရားပေါ်တွင် ဖိနပ်စီးဝံ့သူ။
သစ်တောပါရဂူဘွဲ့အလကားရပီး သစ်ခိုးထုတ် တရုတ်များကို ၈ရက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးသူ။
သမ္မတဘ၀မှ အနားယူကာနီး ပိုင်ဆိုင်မှုစာရင်းကို တိတ်တဆိတ် ပြန်ခိုးသွားသူ။
သမ္မတ ဘ၀မှ အနားယူသွားပီးနောက် တိုင်းပြည်ကို အကြွေးဘီလီယံ သန်း ၉၀၀၀ လောက် ထားနိုင်ခဲ့သူ။ (ဆပ်ရန်ကျန်)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိနေပါလျှက် ကိုယ့်ကိုယ်ကို နောက်ကြောင်းပြန်အရေးမယူရ ဥပဒေထုတ်သွားသူ။
မုန့်ဟင်းခါး ရောင်းပီး Ford ကားစီးနိုင်သူ။

၄။ ကြောင်ချီးခွေးပု

ပြည်သူကိုမကာကွယ် လူတစ်စုကို ကာကွယ်ဘို့ကတိပေး၍ ခိုးမှူး အကြီးအကဲ ဖြစ်လာသူ။
အရှက်မဲ့စွာ သက်တမ်းတိုး ဘ၀ကို ဖြတ်သန်းနေသူ။
ရှေ့စကားနှင့်နောက်စကား ညီအောင်မပြောတတ်ဘဲ ဗလောင်းဗလဲ ပြောနေရသည့်ဘ၀ကို သာယာနေသူ။
တည်ဆဲဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သူ။
မသာပါးစပ်ထဲကပိုက်ဆံကို နှိုက်ထုတ်ပီး ကုမ္ပဏီ ထောင်ဝံ့သူ။
ပြည်သူဆန္ဒကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သူ။
အရှက်မဲ့စွာ ၂၀၂၀ ကို မျှော်နေသူ။
အထက်ဆရာများနည်းတူ ယုတ်မာသူ။

မင်းလက်သီး

ဂုဏ်ယူစရာ US Navy မှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာအမျိုးသမ္မီးလေး Ma Aung

Congratulations! ချစ်ညီမလတ်ဆုရည်အောင်(Ma Aung)
US Navy က စစ်သင်္ဘော John P Murtha
သင်္ဘောပေါ်မှာPetty Officer First Class (E 6) ရာထူးကနေ (E 7) promotion ရလို့
 Chief Petty Officer ဖြစ်သွားပါပြီ။

Chief Petty Officer ရာထူး
တက်ကြတဲ့(၆)ယောက်မှာ ဆုရည်လေး
တယောက်တည်းသာမိန်းခလေးဖြစ်ပြီး၊ကျန်တဲ့
(၅) ယောက်ကယောင်္ကျားလေးတွေဖြစ်ပါတယ်။

အဖေ့လိုသင်္ဘောသားဘဝကိုမြတ်နိုးလို့ US Navy
မှာတာဝန်ထမ်းဆောင်ခဲ့တာ (၁၀)နှစ်နဲ့၈လရှိပါပြီ။
အလုပ်တွေဘယ်လိုပင်ပန်းပေမဲ့လည်း၊မခိုမကပ်၊
တာဝန်ယူစိတ်အပြည့်နဲ့လုပ်နိုင်ခဲ့လို့ (၁၀)နှစ်တာ
ကာလအတွင်းမှာ ရေတပ်ကချီးမြှင့်တဲ့

Sailor Of The Year
Sailor Of The Quarter ဆိုတဲ့Award တွေ
ရခဲ့တာလည်း
(၅) ကြိမ်ရှိခဲ့ပါပြီ။

ဝမ်းသာဂုဏ်ယူမှူတွေကိုအဖေနဲ့အမေ သာမက မြန်မာလူမျိုးတွေအနေနဲ့လည်းဝမ်းသာ ဂုဏ်ယူရ
အောင်မျှဝေပေးလိုက်တာပါ😁😁😁






စက်မူလက်မူသိပ္ပံအင်းစိန်ကျောင်းမှ့ ဆရာကြီးဦးကြည်နဲ့ Robot



၈၈ အရေးအခင်းကြီး မဖြစ်မီ နှစ်နှစ် အလို..နွေရာသီ တစ်ရက်ပေါ့။

ရန်ကုန်အင်းစိန်မှာရှိတဲ့ စက်မှုလက်မှုသိပ္ပံကျောင်း တစ်ဖြစ်လဲ Government Engineering School ကျောင်းကြီးရဲ့ တစ်နေရာမှာ လက်ထောက်ကထိကဆရာ တစ်ယောက် နဲ့ တပည့် တစ်စု အလုပ်ရှုပ်နေကြပါတယ်။

Japan နိုင်ငံ ဟွန်ဒါ ကုမ္ပဏီဟာ သူရဲ့ ပထမဆုံး ရိုဘော့ P1 ကို ထုတ်လုပ်နိုင်ဖို့ ၇ နှစ်အလို ကာလ မှာ မြန်မာပြည် စက်မှုလက်မှုသိပ္ပံကျောင်းက ဆရာကြီးဦးကြည် နဲ့ တပည့်တစ်စုဟာ ကားဆေးမှုတ်လုပ်ငန်းမှာ အသုံးပြုနိုင်မယ့် Robot စက်ရုပ်တစ်ခုကို အသည်းအသန် တီထွင်နေကြပါတယ်။

မော်တော်ကားဆေးမှုတ်တဲ့လုပ်ငန်းဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက်..စက်ရုပ်တွေနဲ့ အစားထိုးနိုင်ဖို့ ဆရာကြီးဦးကြည် တို့က ရည်ရွယ်ခဲ့ပါတယ်။

ဆရာတပည့်တစ်စုဟာ စက်မှု ပစ္စည်း ရှားပါးလှတဲ့ မဆလခေတ်ကြီးထဲမှာ ရရာ ပစ္စည်းတွေ လိုက်စုပြီး တီထွင်ခဲ့ကြပါတယ်။

ရည်ရွယ်သလိုလဲ..ခြောက်လအကြာမှာ အောင်မြင်ခဲ့ပါတယ်။

၁၉၈၆ ခုနှစ် ပြည်ထောင်စုပြပွဲမှာ ဦးကြည်တို့ရဲ့ စက်ရုပ်ဟာ ကောင်းကောင်း အလုပ်လုပ်ပြနိုင်ခဲ့ပါတယ်။

ဆရာကြီးဟာ..လူရဲ့ အမိန့်စကားသံအတိုင်း နာခံတဲ့စက်ရုပ် နဲ့ စကားပြန်လည်ပြောနိုင်တဲ့စက်ရုပ်တွေ တီထွင်ဖို့ ကြိုးစားခဲ့တဲ့အခါ ဦးနေဝင်းရဲ့ မဆလအစိုးရထံက အကူအညီတောင်းခံခဲ့တဲ့အခါ အစိုးရက ငြင်းခဲ့ပါတယ်။

ပထမတီထွင်နိုင်တဲ့ ဆေးမှုတ်စက်ရုပ်ကိုတောင် ပြပွဲတွေမှာပဲ ပြသခွင့်ပြုခဲ့ပြီး...နောက်ထပ်အများကြီးထုတ်လုပ်ခွင့်ကို အစိုးရက ခွင့်မပြုခဲ့ပါဘူး။

ဒီလိုနဲ့ ၈၈ အရေးအခင်းကြီးဖြစ်။ စက်မှုကျောင်းတွေလည်း ပိတ်။

ဆရာကြီးကို ဂျပန် အပါအဝင် နိုင်ငံခြားကုမ္ပဏီတွေက သူတို့ဆီ လာရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့်..ဆရာကြီးကတော့..ကျောင်းဆရာအဖြစ်ပဲ..ပြည်တွင်းမှာ နေထိုင်ခဲ့ပါတယ်။

ဆရာကြီး ပညာဆည်းပူးခဲ့တဲ့ အင်းစိန်က စက်မှုလက်မှုသိပ္ပံကျောင်းကြီး ဟာ..ဒီလို ချွန်တဲ့ ထက်တဲ့ မြန်မာကျောင်းသားတွေ၊ ပညာရှင်တွေကို မွေးထုတ်နိုင်ခဲ့ပါတယ်။

အဲ့ဒီကျောင်းကြီးမှာ စင်ကာပူ၊ လာအို နဲ့ ကမ္ဘောဒီးယားက ကျောင်းသားတွေက ပညာလာသင်ယူခဲ့ကြပါတယ်။

စက်မှုလက်မှုသိပ္ပံကျောင်းကြီးရဲ့ ပုံစံ ၊ သင်ကြားမီုနည်းစနစ်နမူနာကို ယူပြီး စင်ကာပူနိုင်ငံက ကျောင်းတစ်ကျောင်စတည်ထောင်ခဲ့ပါတယ်။

ဒါပေမယ့်..နှစ်ပေါင်းနှစ်ဆယ်နီးပါးကြာလာတဲ့ အခါမှာတော့ သယံဇာတတွေပေါများပြီး ရွှေရောင်လွှမ်းတဲ့ မြန်မာပြည်ကြီးက ကျောင်းသားတွေဟာ စင်ကာပူ က ပိုလီတက္ကနစ်ဆိုတာကြီးကို ငွေကြေးကုန်ကျခံပြီး သွားတက်ရတော့သတဲ့။

တိုင်းပြည်ကို ချောက်ထဲက ကယ်တင်ပေးခဲ့တဲ့ ဘဘကြီးတွေ ကျေးဇူးနဲ့...မြန်မာကျောင်းသားတွေ ဟာ စင်ကာပူရောက်ဖူးသွားတော့တာပေါ့ကွယ်။

ပုံပြင်လေးကတော့..ဒါပါပဲကွယ်။

အသေးစိတ်ဖတ်ချင်ရင်တော့ ဆရာတင်နိုင်တိုး ရဲ့ ပုဂ္ဂိူလ်ထူးတို့၏ ဘဝတကွေ့ စာအုပ်မှာ ရှာဖတ်နိုင်ပါတယ်ဗျာ။
ဒီစာကိုဖတ်ပြီးကိုယ်ကိုတိုင်လည်းဗဟုသုတရသလို မြန်မာပြည်မှာတခေတ်တခါကတကယ်တော်တဲ့ပညာရှင်တွေရှိတယ်ဆိုတာ လူအများသိအောင် Share ပြီး မျှဝေလိုက်ပါ...

ဗြိတိသျှကိုကိုမောင်



လူငယ်တွေမသိသေးတဲ့ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံမူ ၅ ခု






*အောင်ဆန်းစုကြည်ဆိုတာ*

**************************
အောင်ဆန်းစုကြည်ဆိုတာ လွယ်လွယ်နဲ့နိုင်ငံရေးလောကထဲ ဝင်လာတာ မဟုတ်ပါဘူး အမေစုဟာ ဘယ်လိုခက်ခဲကြမ်းတမ်းတဲ့လမ်းကိုလျှောက်ခဲ့ရသလဲ..
ဆိုတာ..မသိမမှီ.. မလေ့လာဖြစ်လိုက်တဲ့ သူတွေသိရအောင်...
သိပြီးသူများလည်းပြန်အမှတ်ရအောင် (remind)ပေါ့။

၁.၁.၁၉၉၆ ရက်နေ့ ၂နာရီ  အင်းတော်မြို့အနီး လယ်ပြင်ရွာ မူလတန်းကျောင်းဝင်းအတွင်း ပြုလုပ်ပ်တဲ့ ကြံ့ဖွံ့အသင်းဝင်လွှာပေးအပ်ပွဲမှာ ကြံ့ဖွံ့အသင်းအတွင်းရေးမှုး ရထားဝန်ကြီး ဦးဝင်းစိန်က အခမ်းအနားမှာ စကားပြောတော့...

'ဒေါ်စုကြည်ကို သုတ်သင်ရှင်းလင်းရမယ်။
သုတ်သင်ရမယ်ဆိုတာ သတ်ပစ်ရမယ်ပြောတာ။
အောင်ဆန်းစုကြည်ကို သတ်ရဲလား'

(သုံးကြိမ်တိုင်မေး)
.....................................................

တကယ်ပဲလည်း အောက်ပါအတိုင်းအကောင်အထည်ဖော်ခဲ့ကြပါတယ်။
                    (၁)
၉.၁၁.၁၉၉၆ မှာ ပါတီကိစ္စနဲ့လာတဲ့အမေစု ဦးတင်ဦး ဦးကြည်မောင်တို့ပါတဲ့ ကားတန်းကို ဦးချစ်မောင်လမ်းထိပ် ရှိ ဗဟန်းအထက (၂)(နံရံကျောင်း)ရှေ့မှနေ၍ ကြံံ့ဖွတ်လေ့ကျင့်ပေးထားသော စွမ်းအားရှင်တွေက တုတ်များ လောက်လေးခွများ နဲ့ဝိုင်းရံတိုက်ခိုက်ကြပါတယ်။

ကားများမှန်ကွဲပြီး ဦးတင်ဦး ဦးကြည်မောင်တို့ ဦးခေါင်းမှာ မှန်ကွဲစ ဒဏ်ရာရ။
ဦးကြည်မောင်ဆိုလျှင် ကားထဲလှံနဲ့ အထိုးခံရတာ တိမ်းရှောင်နိုင်လို့ပါ။

ကားမောင်းသူကိုမြော်ကီးရဲ့ကျွမ်းကျင်မှုကြောင့် အမေစုကအသက်ဘေးကလွတ်ခဲ့ရတာပါ။

                      (၂)

၂၅.၆.၁၉၉၈ နေ့မှာ အမေစုအိမ်မှာ ပြုလုပ်မယ့်..
လူငယ်များနဲ့စာဖတ်ဆွေးပိုင်းကို လာရောက်ကြတဲ့လူငယ်များကို..ဦးတင်ဦးနဲ့အမေစုတို့က ခြံပြင်ထွက်၍ကြိုဆိုပေးကြပါတယ်။

အမေစုအိမ် ခေါင်းရင်းမှာရှိသော မူလတန်းကျောင်းရှေ့ ကနေ လုံထိန်းများစစ်သားများ ထောက်လှမ်းရေးများ အင်အား၇၀ ခန့်က နံပါတ်တုတ်များ သစ်သားတုတ်များနဲ့ ရက်ရက်စက်စက် ဝိုင်းဝန်းရိုက်နှက်ပါတယ်။

အမေစုက ခလေးတွေကိုမရိုက်နဲ့။
ကျမကို ရိုက်ဆိုပြီး ဝင်ရောက်ကာကွယ်ရာ။
ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးသူရ(ခ)နေစိုးက သူ့ပါရိုက် ရိုက်မိန့်ပေးလို့ ဝိုင်းရိုက်ကြရာ ဘဘဦးတင်ဦး ကာကွယ်ရေးဦးစီးချုပ်ဟောင်းပီပီ ထီးအကြီးကြီးနဲ့အလျှင်အမြန်အကာကွယ်ပေးလို့ ဘယ်ဘက်ပုခုံးပေါက်ဒဏ်ရာတစ်ခုပဲ ရခဲ့တာပါ။
ထီးအကြီးကြီးလည်း စုတ်ပြတ်ပီး ဘဘလည်းတစ်ကိုယ်လုံးအရိုက်ခံခဲ့ရပါတယ်။
ခြံထဲကိုဝင်ခွင့်မပေးဘဲ ညနေ(၂)နာရီ ကနေစပိတ်ထားတာ
မိုးရေထဲ ဒဏ်ရာရသူတွေနဲ့ တစ်ညလုံးကတ္တရာလမ်း ပေါ်မှာငုတ်တုတ်ထိုင်ခဲ့ရပါတယ်။
မနက် ၁၁နာရီမှ ဖွင့်ပေးလို့ဆေးကု အစာစားရတာပါ။

             (၃)

၂၉.၇.၁၉၉၈ နေ့မှာ အမေစုတို့ ပုသိမ်သွားတာကို
ထန်းတပင်မြို့နယ် အညာစု တံတားထိပ်ကပိတ်ဆို့ပြီး
အစာမကျွေး ရေမတိုက်ဘဲ ၈ရက်တိတိ ပိတ်ဆိုခဲ့ကြပါတယ်။
သူတို့သတ်လို့မဟုတ်ဘဲ သူဘာသာသေတယ် ဆိုတဲ့သဘောပါ။
မိုးရွာလို့ ပါလာတဲ့ထီးနဲ့ မိုးရေခံပြီး ကြံ့ကြံ့ခံနေရာကနေ နိုင်ငံတကာက ဝိုင်းအော်လို့ပြန် လွှတ်ပေးခဲ့ကြတာပါ။
လွှတ်တော့လည်း အားပျတ်ပျော့နေတဲ့ အမေစုကို ရိုင်းစိုင်းစွာ အတင်းအဓမ္မ ခေါ်ဆောင်လို့ လက်မှာပွန်းပဲ့ဒဏ်ရာရကာ မသေရုံတမယ်ခံရတာပါ။

             ( ၄)

၁၂.၈.၁၉၉၈ နေ့မှာ ဒုတ်ယအကြိမ် ပုသိမ်ကိုသွားတော့ အရင်နေရာမှာပဲ ၁၃ ရက်ကြာ ပိတ်ဆို့ခံရပါတယ်။ ဒီတစ်ခါတော့ ရေသန့်ဗူးတွေ မြေပဲယိုတွေ ယူသွားတော့ ဒါလေးတွေနဲ့ အသက်ဆပ်နေခဲ့ရပါတယ်။

                     (၅)

၃၀.၅.၂၀၀၃ ဒီပဲယင်းကြည်ရွာ...
ဒါကတော့ အားလုံးသိကြတဲ့အတိုင်း သမိုင်းမှာအရိုင်းဆုံး..ရက်စက်ဆုံး..ယုတ်မာမှုကြီး..နိုင်ငံတော်ပုန်ကန်မှုကြီး တစ်ခုပြုလုပ်ခဲ့ပါတယ်။
တုတ် ဓား ဝါးချွန် လေးခွ တို့ကိုအသုံးပြုပြီး အဖွဲ့ပေါင်းစုံ ခေါ်ယူပြီးရက်စက်ခဲ့ကြတာပါ။
ဒီမိုအာဇာနည်ပေါင်းများစွာ ကျဆုံးခဲ့ရတာပါ။
အမေစုကတော့ ကံတရားရဲ့ဖေးမမှုရော ကားမောင်းသူ ကိုကျော်စိုးလင်းရဲ့ကျွမ်းကျင်မှုရောကြောင့်လွတ်ခဲ့ရတာပါ ။

အသတ်ခံအရိုက်ခံ ခဲ့တဲ့သူတွေဘက်ကို ထောင်သွင်းအကျဉ်းချခဲ့တဲ့ ကမ္ဘာကျော် သမိုင်းရိုင်းမှုကြီးပါ။

---****------------*********----------
ကဲ...ခုချိန်မှာ တောင်ပြော မြောက်ပြော..

လွယ်လွယ်နဲ့တော့ အောင်ဆန်းစုကြည် မဖြစ်လာပါဘူးနော်။

သိန်းစွန်ငှက်တွေက မြင့်ပျံပျံ နိမ့်ပျံပျံ ဘယ်တော့မှ ကျီးကန်းဖြစ် မသွားပါ။

      Credit.'Utto Maha Aung Myay
Via Htun Lin Ko

Thursday, September 12, 2019

မအလ ဘာသာရေးခေါင်းဆောင်တွေနဲ့တွေ့ဆုံမူအအမြင်

ကာကွယ်ရေးဦးစီးချုပ် ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုအပေါ် အမြင်များ
~~~~~~~~~~
■ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အခုရက်ပိုင်း ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို အလှူအတန်းတွေပြုလုပ်ခဲ့ပါတယ်။

ဒါဟာ တပ်မတော် အပေါ် အမြင်သွေဖီနေတာနဲ့ နိုင်ငံတကာဖိအားတွေကြောင့် ဖြစ်တယ်လို့ သုံးသပ်သူရှိသလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီဆောင်ရွက်တာလို့ မြင်သူတွေလည်းရှိပါတယ်။

သုံးသပ်သူတချို့ရဲ့ အမြင်တွေကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က စုစည်းတင်ပြထားပါတယ်။

https://www.rfa.org/burmese/program_2/minaunghlaing-army-religion-09122019103230.html

ခလေးစစ်သားအဖြစ် ၁၄ နှစ်နေခဲ့ရပြီးလူသတ်မူဖြင့်သေဒဏ်အပြစ်ပေးခံရသူ ကိုအောင်ကိုထွေးပြောကြားချက်

လက်နက်ကိုင်တဲ့ တပ်ဖွဲ့တိုင်းမှာ ကလေးစစ်သားတွေ ရှိနေသေးတယ် (ရုပ်/သံ)

ဧရာဝတီ၊ စက်တင်ဘာ ၁၀၊ ၂၀၁၉

ကိုအောင်ကိုထွေးဟာ အသက် ၁၄ နှစ်အရွယ်ထဲက ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရပြီး တပ်မတော်က ထွက်ပြေးစဉ် လူသတ်မှုတခုဖြင့် သေဒဏ်အပြစ်ပေးခံခဲ့ရသူဖြစ်ပါတယ်။ အဲ့ဒီနောက် ၂ဝ၁၀ ခုနှစ်မှ ထောင် ၁ဝ နှစ် ဆိုပြီး ပြစ်ဒဏ် လျော့ပေါ့ပေးတာကြောင့် ၂ဝ၁၇ ခုနှစ်မှာ ထောင်ကနေ လွတ်မြောက်လာခဲ့တယ်။ လွတ်မြောက်လာပြီး မကြာခင်မှာပဲ သူဟာ စစ်တပ်နဲ့ ပက်သက်ပြီး သူဘဝအကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် ဒုတိယအကြိမ် ထပ်မံထောင်ကျခဲ့ရတဲ့အတွက် ထောင်ထဲမှာ သူဟာ ၁၀ စုနှစ်ကျော်မျှ နေခဲ့ရတဲ့သူ ဖြစ်ပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့က ဒုတိယအကြိမ်မြောက် အင်းစိန်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

အင်တာဗျူး - ထက်ခေါင်လင်း
ရိုက်ကူး/တည်းဖြတ် - ငြိမ်းဇော်

ဒီနည်းအတိုင်ူ တဖြေးဖြေးနီးလာပြီ ကဲ မအလရေ သတိတာ ထားတော့

ဒီနည်းအတိုင်းတစ်ဖြည်းဖြည်းဖြစ်လာပြီ ...

ဗိုလ်ချုပ်ကြီးပီနိုချေးကိုဖမ်းဆီးအရေးယူခြင်း
*************************************
စစ်ရာဇဝတ်မှုကျူ းလွန်ထားသူတွေကို
၎င်းရဲ့နိုင်ငံအတွင်းရှိတရားရုံးများမှာ
အမှုဖွင့်တရားစွဲအရေးယူဖို့လည်းမတတ်နိုင်…
တရားစွဲလို့လည်းမရနိုင်တဲ့အခြေအနေမျိုးမှာ
နိုင်ငံတကာရဲ့အင်အားများကိုအကူအညီယူကာ
အသုံးပြုကြတဲ့နည်းလမ်းတစ်ခုရှိတယ်...။

ကမ္ဘာ့(နိုင်ငံတကာ)ရာဇဝတ်ခုံရုံးကို
၁၉၄၉ခုနှစ်ဂျနီဗာသဘောတူညီချက်နဲ့
မြန်မာအပါအဝင်နိုင်ငံပေါင်း၁၉၄နိုင်ငံက
သဘောတူလက်မှတ်ရေးထိုးဖွဲ့စည်းခဲ့တယ်...။

ချီလီသမ္မတဗိုလ်ချုပ်ကြီးပီနိုချေးဟာ
စစ်အာဏာရှင်ဘဝမှမဆင်းခင်မှာ
၁၉၈၀ချီလီဖွဲ့စည်းပုံအခြေခံဥပဒေကို
အချိန်ယူစိတ်ကြိုက်ရေးဆွဲခဲ့ပြီးနောက်
တရားဝင်ပြဌာန်းအတည်ပြုခဲ့တယ်…။

ကာကွယ်ရေးဦးစီးချုပ်ကလွှတ်တော်မှာ
စစ်တပ်ကိုယ်စားလှယ်ခန့်အပ်လို့ရသလို
သမ္မတအနေနဲ့ကာကွယ်ရေးဦးစီးချုပ်ကို
ဖြုတ်လို့မရအောင်ထည့်သွင်းရေးဆွဲခဲ့တယ်…။

နောက်ကြောင်းပြန်အရေးယူလို့မရအောင်
ခေါင်းစဉ်အမျိုးမျိုးနဲ့ဥပဒေတွေပြဌာန်းခဲ့တယ်...။

စစ်ဗိုလ်တွေကိုအစိုးရအဖွဲ့ဝန်ကြီးဌာနတိုင်းမှာ
တာဝန်အသီးသီးခန့်အပ်ခဲ့တယ်…။

သစ္စာခံလက်ရွေးစင်စစ်ဗိုလ်များစွာကို
နိုင်ငံခြားသို့ပညာတော်သင်စေလွှတ်ခဲ့သလို
နိုင်ငံတွင်းရှိစစ်တပ်အရာရှိကြီးများကိုလည်း
အတိုက်အခံအင်အားစုများကိုဖြိုခွဲနှိမ်နှင်းနည်း
စာတမ်းများစွာကိုရေးသားပြုစုစေခဲ့တယ်…။

အတိုက်အခံနိုင်ငံရေးသမားများနဲ့
ဆန့်ကျင်တဲ့ပြည်သူလူထုတွေကို
နည်းလမ်းအမျိုးမျိုးနဲ့နှိပ်ကွပ်ပြီး
ပုဒ်မမျိုးစုံတပ်ကာနှစ်ရှည်ထောင်ချခဲ့တယ်…။

အချိန်ကြာလာသည်နှင့်အမျှ…
နိုင်ငံတကာအကြွေးတွေများလာပေမယ့်
ချီလီနိုင်ငံသူနိုင်ငံသားအများစုကတော့
တဖြည်းဖြည်းဆင်းရဲကြပ်တည်းလာတယ်…။

အလွန်အံ့သြစရာကောင်းသည့်အချက်မှာ
တိုင်းပြည်ကိုချစ်၍ကယ်တင်နေတယ်ဆိုတဲ့
စစ်ခေါင်းဆောင်အသိုင်းအဝိုင်းတစ်စုကတော့
ချီလီပြည်သူလူထုအများစုတွေရဲ့ဘဝနဲ့
တိုက်ရိုက်ပြောင်းပြန်အချိုးကျဖြစ်ကာ
အတိုင်းအဆမရှိအောင်ချမ်းသာခဲ့တယ်…။

ဗိုလ်ချုပ်ကြီးပီနိုချေးဟာ
ချီလီတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်
၁၉၉၃-ခုနှစ်မတ်လအထိတာဝန်ယူခဲ့တယ်.…။

ချီလီစစ်တပ်အကြီးအကဲဗိုလ်ချုပ်ကြီးပီနိုချေးဟာ
စစ်တပ်မှအနားယူပြီးသည်နှင့်တပြိုင်နက်
ဆီနိတ်တာရာထူး(senator-for-life)ကို
ရယူခဲ့တယ်။

ချီလီဖွဲ့စည်းပုံအခြေခံဥပဒေအရ
ပြည်တွင်းမှာအရေးယူဖို့ခက်နေလို့
၁၉၉၈ခုနှစ်မှာနိုင်ငံတကာတပ်ဖွဲ့က
ဖမ်းဆီးခဲ့ပြီးအပြစ်ပေးနိုင်ခဲ့တယ်...။

သမိုင်းသင်တာ မ အ အောင် ပါ…

အမိမြေမှာ သစ္စာပန်းများ ပွင့်လန်းနိုင်ပါစေ

အရှင်တေဇနိယ(မန်းတောင်ခြေ)

TayZaniya

General Augusto Pinochet, Chile.

https://en.m.wikipedia.org/wiki/Augusto_Pinochet
.
 ပြန်လည်မျှဝေပေးပါတယ်
လေးစားလျှက်
#davidtun88
12-09-2019

Tuesday, September 10, 2019

မြန်မာပြည်မှာဒီလိုခေါင်းဆောင်တစ်ယောက်ရှိတာ ဂုဏ်ယူစရာပါ


နားထောင်ကြည့်ပါ လွှတ်တော်ကိုယ်စလှယ် ‌ေါ်သီတာငြိမ်းဒေ


ကြိုက်တယ်ဗျာ...ပြည်သူကိုကိုယ်စားပြုတဲ့လွှတ်တော်
ကိုယ်စားလှယ်ဆိုတာအဲလိုဖြစ်နေရမှာ....လွှတ်တော်ကိုယ်စားလှယ်အားလုံးအတွက်စံနမူနာယူစရာပါ
ဒီလိုလူထုတွေ့ဆုံပွဲတွေမြို့နယ်တိုင်းကျင်းပပေးနိုင်ရင်
လူထုရဲ့ယုံကြည်မှု့တွေပိုတိုးလာမယ်ဆိုတာမြေကြီး
လက်ခတ်မလွဲပါဘူး
နားထောင်ကြည့်ပါ.....

တိုင်ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီတာငြိမ်း လူထုတွေ့ဆုံ ဟောပြောစဉ်...

Ko Vay Dar
​________________
အောင်ဘုန်းမြတ်

ဖေါက်ခွဲမယ်ဆိုပြီးလေယဉ်ပြန်ပေးဆွဲခဲသောမြန်မာများ

Duration:4:20

အသဲနာစရာကောင်းတဲ့မြန့်မာသမိုင်း

Duration:5:52

ဒီပဲယင်းလုပ်ကြံမှု့ကြီး အပါအ၀င် လုပ်ကြံမျှုမျိုးစုံအကြောင်း ပြောပြပါမယ် ။

၁.၁၁.၁၉၉၆ ရက်နေ့နေ့ ၂နာရီ အင်းတော်မြို့အနီး
လယ်ပြင်ရွာ မူလတန်းကျောင်းဝင်းအတွင်း ပြုလုပ်တဲ့
ကြံ့ဖွံ့အသင်းဝင်လွှာပေးအပ်ပွဲမှာ ကြံ့ဖွံ့အသင်းအတွင်းရေးမှုး ရထားဝန်ကြီး ဦးဝင်းစိန်က အခန်းအနားမှာ စကားပြောတော့..

" ဒေါ်စုကြည်ကို သုတ်သင်ရှင်းလင်းပစ်ရမယ်။
သုတ်သင်တယ်ဆိုတာ သတ်...ပစ်ရမယ်လို့ ပြောတာ။
အောင်ဆန်းစုကြည်ကို သတ်ရဲသလား"

(သုံးကြိမ်တိုင်မေး) ..

-----------------------------

တကယ်လည်းပဲ အောက်ပါအတိုင်း
အကောင်အထည်ဖော်ခဲ့ကြပါတယ်။

(၁)

၉.၁၁.၁၉၉၆ နေ့မှာ ပါတီကိစ္စနဲ့လာတဲ့ အမေစု ဦးတင်ဦး ဦးကြည်မောင်တို့ပါတဲ့ ကားတန်းကို ဦးချစ်မောင်လမ်းထိပ်ရှိ
ဗဟန်းအထက၂ (နံရံကျောင်း)ရှေ့မှနေ၍ လက်ရွေးစဉ် ကြံ့ဖွတ်တွေ လေ့ကျင့်ပေးထာတဲ့ စွမ်းအားရှင်တွေက တုတ်များ လောက်လေးခွများနဲ့ ဝိုင်းဝန်းတိုက်ခိုက်ပါတယ်။
ကားများမှန်ကွဲပြီး ဦးတင်ဦး ဦးကြည်မောင်တို့ ဦးခေါင်းမှာ
မှန်ကွဲစ ဒဏ်ရာရ။
ဦးကြည်မောင်ဆိုလျှင် ကားထဲလှံနဲ့ အထိုးခံရတာ တိမ်းရှောင်နိုင်လို့ပါ။

ကားမောင်းသူ ကိုမော်ကြီးရဲ့ ပါးနပ်ကျွမ်းကျင်မှုကြောင့်သာ
မေစု အသက်ဘေးက သီသီလေး လွတ်ခဲ့ရတာပါ။

(၂)

၂၅.၆.၁၉၉၈ နေ့မှာ အမေစုအိမ်မှာပြုလုပ်မယ့် ..
လူငယ်များနဲ့ စာဖတ်ဆွေးနွေးဝိုင်းကို လာရောက်ကြတဲ့ လူငယ်များကို
..ဦးတင်ဦးနဲ့ မေစုတို့က ခြံပြင်ထွက်၍ ကြိုဆိုပေးပါတယ်။

မေစု အိမ်ခေါင်းရင်းမှာရှိသော မူလတန်းကျောင်းရှေ့ကနေ
လုံထိန်းများ စစ်သားများ ထောက်လှမ်းရေးများ အင်အား ၇၀ ခန့်က.
နံပါတ်တုတ်များ သစ်သားတုတ်များနဲ့ ရက်ရက်စက်စက် ဝိုင်းဝန်းရိုက်နှက်ပါတယ်။

မေစုက ကလေးတွေကို မရိုက်နဲ့။
ကျွန်မကိုရိုက်ဆိုပြီး ဝင်ရောက်ကာကွယ်ရာ
ထောက်လှမ်းရေးမှ ဗိုလ်မှုးသူရ(ခ) နေစိုး က
သူ့ပါရိုက် ရိုက်အမိန့်ပေးလို့ ဝိုင်းရိုက်ကြရာ
ဘဘဦးတင်ဦးက တပ်မတော် အရာရှိဟောင်းကြီးပီပီ
လျှင်မြန်ဖြတ်လတ် ကျွမ်းကျင်စွာနဲ့ ထီးအကြီးကြီးဖွင့် အကာအကွယ်ပေးခဲ့လို့ မေစု ဘယ်ဘက်ပုခုံးပေါက်
ဒဏ်ရာတစ်ခုပဲ ရခဲ့တာပါ။
ထီးကြီးလည်း စုတ်ပြတ်ပြီး ဘဘလည်း တစ်ကိုယ်လုံး
အရိုက်ခံခဲ့ရပါတယ်။
ခြံထဲဝင်ခွင့် မပေးပဲ ညနေ ၂ နာရီကနေ စပိတ်ထားတာ
မိုးရေတွေထဲ ဒဏ်ရာရသူတွေနဲ့ တညလုံး ကတ္တရာလမ်းပေါ် ငုတ်တုတ်ထိုင်ခဲ့ရတာပါ။
နောက်နေ့မနက် ၁၁ နာရီ နီးပါးမှ ဝင်ခွင့်ရလို့
ဆေးကု အစာစားရတာပါ။

(၃)

၂၉.၇.၁၉၉၈ နေ့မှာ မေစုတို့ ပုသိမ်သွားတာကို
ထန်းတပင်မြို့နယ် အညာစု တံတားထိပ်က ပိတ်ဆို့ပြီး
အစာမကျွေး ရေမတိုက်ပဲ ၈ ရက် တိတိ ပိတ်ဆို့ခဲ့ကြပါတယ်။
သူတို့သတ်လို့ မဟုတ်ပဲ သူဟာသူ သေတာဆိုတဲ့ သဘောပါ။
မိုးရွာလို့ ပါလာတဲ့ထီးနဲ့ မိုးရေခံပြီး ကြံ့ကြံ့ခံနေရာက နိုင်ငံတကာ
ဝိုင်းအော်လို့ ပြန်လွှတ်ပေးတာပါ။
လွှတ်တော့လည်း အားပြတ်မျော့နေတဲ့ မေစုကို ကြမ်းတမ်းရိုင်းစိုင်းစွာ အတင်းအဓမ္မ ချုပ်နောင်ခေါ်ဆောင်လို့
လက်မှာ ပွန်းပဲ့ဒဏ်ရာ ရကာ မသေရုံတမယ် ခံလိုက်ရတာပါ။

(၄)

၁၂.၈.၁၉၉၈ ဒုတိယအကြိမ် ပုသိမ်အသွားမှာတော့
ယခင်နေရာမှာပဲ ၁၃ ရက်ကြာ ထပ်မံပိတ်ဆို့ခဲ့ပါတယ်။ ဒီတစ်ခါတော့ ရေသန့်ဘူးတွေ မြေပဲယိုတွေ
ယူသွားတော့ဒါလေးတွေနဲ့ အသက်ဆက်ခဲ့ရတာပါ။

(၅)

၃၀.၅.၂၀၀၃ ဒီပဲယင်း ကြည်ရွာ..
ဒါတော့အားလုံးသိကြတဲ့အတိုင်း သမိုင်းမှာ အရက်စက်ဆုံး
အယုတ်မာဆုံး နိုင်ငံတော်အဆင့် လုပ်ကြံမှုကြီးကို ပြုလုပ်ခဲ့ကြပါတယ်။
တုတ် ဓါး ဝါးချွန် လေးခွတို့ကို အသုံးပြုပြီး
အဖွဲ့ပေါင်းစုံခေါ်ယူပြီး ပက်စက်ခဲ့ကြတာပါ။
ဒီမိုအာဇာနည်ပေါင်းများစွာ ကျဆုံးခဲ့ကြတာပါ။
မေစုကတော့ ကံတရားရဲ့ ဖေးမမှုရော ကားမောင်းသူ
ကိုကျော်စိုးဝင်းရဲ့ ကျွမ်းကျင်မှုကြောင့်ပါလွတ်ခဲ့ရတာပါ။
အသတ်ခံ အရိုက်ခံတဲ့ ဘက်ကလူတွေထောင်သွင်း
အကျဉ်းချခံရတဲ့ ကမ္ဘာကျော် သမိုင်းရိုင်း အမှုကြီးပါ။

----------------------------------

ကဲ အခုခါမှာ တောင်ပြောမြောက်ပြော..
လျှောက်ပြောနေကြတဲ့သူတို့ရေ ..

လွယ်လွယ်နဲ့တော့ အောင်ဆန်းစုကြည် ဖြစ်မလာပါဘူးနော်။

သိန်းစွန်ငှက်တွေဟာ မြင့်ပျံပျံ နိမ့်ပျံပျံ ဘယ်တော့မှ
ကျီးကန်းဖြစ်မသွားပါ။
.
Credit : U Tun Tun Oo
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျှက်
#davidtun88



30-05-2019

Monday, September 9, 2019

သူခိုးတစ်ယောက်၏ဖွင့်ဟဝန်ခံချက်။ ။

တနိုင်ငံလုံးသူခိုးဖြစ်ကုန်တဲ့ဇာတ်လမ်းကတော့၊မဆလခေတ်ကနေစတာ
ပဲခင်ဗျ။နိုင်ငံတကာနဲ့အဆက်အသွယ်ဖြတ်၊လွတ်လပ်စွာကုန်သွယ်မှု၊
ရောင်းဝယ်ဖောက်ကားမှုတွေကိုစူစကာစစ်ဆင်ရေးနဲ့ပိတ်ပင်ပြီး၊လူသုံး
ကုန်တချို့ကိုပြည်တွင်းမှာထုတ်လုပ်ခဲ့ကြတယ်။

လူသုံးကုန်တွေကိုပြည်တွင်းမှာအလုံအလောက်ထုတ်နိုင်ခဲ့ရင်တော့အ
တိုင်းထက်အလွန်ပေါ့ခင်ဗျာ။ဒါပေသည့်အရည်အသွေးမီတဲ့ပစ္စည်းကခပ်
ရှားရှား၊သုံးမရတာတွေကစွတ်များနေတော့၊လူသုံးလို့ရတာကော၊သုံး
လို့မရတာပါမယူမနေရတွဲယူကြရမယ်ဆိုပြီးပြည်သူ့(သမဝါယမ)ဆိုင်
တွေကနေအာဏာသုံးပြီးဖြန့်တယ်။

ဒီမှာတင်မလိုတဲ့ပစ္စည်းကစျေးလျှော့၊လိုတဲ့ပစ္စည်းကိုစျေးတင်ပြီး၊ပြန်
ရောက်လိုက်ကြတာမှောင်ခိုစျေးကွက်စပေါ်လာတော့တာပါပဲ။လုပ်ရဲ
ကိုင်ရဲတဲ့သူတွေကလည်းနယ်စပ်ကနေပစ္စည်းမျိုးစုံခိုးသွင်းတယ်။
ရဲတို့အကောက်ခွန်တို့နဲ့နားလည်မှုယူပြီးလုပ်ကြကိုင်ကြတာကြောင့်
ဧရာမမှောင်ခိုစျေးကွက်ကြီးဖြစ်လာတယ်။

အဲဒီခေတ်အရာရှိကြီးကြီးမာစတာတွေကလည်း၊နိုင်ငံခြားကအပြန်၊
နိုင်ငံခြားပစ္စည်းတွေမဆန့်မပြဲဝယ်ပြီးပြန်လာကြတော့၊အဲဒါတွေ
လည်းမှောင်ခိုစျေးကွက်ထဲမှာခိုးရောင်းခိုးဝယ်ဖြစ်ကုန်ကြပြန်ပါရော။

တချိန်တည်းလိုမှာပဲဝန်ထမ်းတွေကလည်းလစာငွေထက်လက်ဖက်
ရည်ဖိုးမျှော်ကိုးပြီး၊သူခိုးတွေဖြစ်လာတယ်။ဘယ်လောက်တောင်ဆိုး
သလဲဆိုရင်၊အလုပ်တခုဝင်တော့မယ်ဆိုရင်၊လစာကိုထည့်မတွက်
တော့ဘဲ၊အောက်ဆိုဒ်ဘယ်လောက်ရသလဲဆိုတာကနေ၊အဲဒီအလုပ်
ရဲ့ဂုဏ်ကိုပိုင်းဖြတ်တယ်။

နောက်ပိုင်းမှာပြည်သူပိုင်စက်ရုံ၊ဓာတ်ဆီဆိုင်စတာတွကဝန်ထမ်းတွေ
ဟာခိုးလို့ရတာအကုန်ခိုးတယ်။အရပ်ထဲကလူတွေကလည်း၊ရေနံပိုက်
လိုင်းတောင်ချမ်းသာမပေးဘဲခိုးတယ်။နောက်ဆုံးကုန်ကုန်ပြောရရင်
ခိုးမရတဲ့ဋ္ဌာနကိုဝန်ထမ်းဟာရုံးချိန်ခိုးတယ်။အမှန်အတိုင်းဝန်ခံရရင်
သူခိုးစာရင်းထဲမှာမောင်ဒင်လည်းပါခဲ့သပေါ့ဗျာ။

နဝတ၊နအဖလက်ထက်မှာတော့၊သူခိုးဇာတ်ကအရှိန်အဟုန်နဲ့ပိုပြီးအား
ကောင်းလာတယ်။ဗိုလ်ချုပ်ကြီးတွေကခေါင်းဆောင်ပြီးခိုးတယ်။အောက်
လက်အဆင့်ဆင့်ကိုအရိုးအရင်းဝေပြီး၊သူခိုးဝါဒထွန်းကားလာရေးကို
ပြောင်ပြောင်တင်းတင်းအားပေးတယ်။ဒီတော့တနိုင်ငံလုံးသူခိုးတွေဖြစ်
လာပြီး၊ခိုးတယ်ဆိုတာဟာကံတရားကြောင့်ရတဲ့ဆုလာဘ်ဆိုပြီး၊ငါးပါး
သီလထဲကနေအဒိန္နာဒါနာကိုတောင်ဖြုတ်ပစ်ရမလိုဖြစ်လာတယ်။သူ
လည်းခိုးငါလည်းခိုးအားလုံးသူခိုးဖြစ်ကုန်တယ်။

ဟော။အခုလိုခေတ်စနစ်ပြောင်းလာပြီးအဂတိလိုက်စားမှုတိုက်ဖျက်ရေး
ကိုတင်းတင်းကြပ်ကြပ်ကိုင်တွယ်လာတော့၊ခိုးစားတဲ့စနစ်ကြီးနဲ့နေ
သားကျလာတဲ့လူတွေဟာအတော့်ကိုခွကျကုန်ကြတယ်။အများစုဟာ
ခိုးတဲ့အကျင့်ကိုဖျောက်ဖို့အတော်ခက်နေကြပြီ။သူခိုးအကြီးအမှုးဗိုလ်
ချုပ်ကြီးများကတော့၊ဆယ်သက်စားမကုန်တဲ့ခိုးရာပါဓနဥစ္စာတွေအ
တွက်ပူပန်သောကရောက်ကုန်ကြတယ်။

ဒါပေမယ့်ထူးခြားချက်တစ်ခုကတော့ကိုယ်ကျင့်သိက္ခာတရားကိုတန်ဖိုး
ထားရကောင်းမှန်းသိတဲ့လူတချို့ဟာ၊ခိုးတတ်တဲ့အကျင့်ကိုရှက်ရကြောက်
ရပြုပြင်ရကောင်းမှန်းသိလာတယ်။လူထုထဲမှာလည်းမေ့ကျန်ပစ္စည်းကို
ပြန်ပေးရကောင်းမှန်းသိလာတယ်။စာရိတ္တတရားကောင်းမွန်ရေးဖက်ကို
ပြန်ပြီးမျက်နှာမူလာကြတယ်။

ဒါဟာနိုင်ငံရဲ့ကောင်းမွန်တဲ့အနာဂတ်ကိုတည်ဆောက်ရာမှာ၊မရှိမဖြစ်
အဓိကလိုအပ်တဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာထူးခြားတဲ့အပြောင်းအလဲအချိုး
အကွေ့ဖြစ်တာကြောင့်၊ပီတိဖြစ်ရပါကြောင်း၊ကြိုဆိုအားပေးပါကြောင်း
တချိန်ကသူခိုးလေးစာရင်းဝင်ခဲ့တဲ့မောင်ဒင်အနေနဲ့အလေးအနက်တင်
ပြလိုပါကြောင်းပါခင်ဗျာ။
Credit#မင်းဒင်

Sunday, September 8, 2019

ဘာသာရေးလဲ လိုရင်လိုသလိုအသုံးချခဲ့တဲ့လူတစ်စု

ခများဒို့တတွေ တော်တော့ကို ဂွကျတယ်
ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျတယ်
  ကျ ုပ်အဘတွေကိုလည်းချစ်ကျပါဗျာ
သူ့ခမျာ ပြည်သူလူထုက မချစ်ခင်လို့သာ ကျန်မိကျန်ရာလုပ်လိုက်ရတာ
 တကယ်တော့ အမုန်ခံဘဝသမားကြီး ကျ ုပ်အဘတယောက်ပါဗျာ
  သူငယ်ကနေ ခုချိန်ထိ နည်းနည်းမှ စောက်ချိ ုးမပြေခဲ့တာလေးကို အပြစ်မမြင်စေခြင်ပါဘူး
  ပြည်သူလူထုသာ သူက မချစ်တက်တာဗျာ့ မိသားစုအတွက်ဆို ငရဲကြီး ၈ထပ်မက ဆင်းရလည်း မမှ ု့တဲ့ ကျ ုပ်အဘပါဗျာ့
 
  အညတရ ဘမောင် အမေ့သား

လူထုခေါင်းဆောင် ရထားစီးခွင့်မရတဲ့ကာလ

လူထုခေါင်းဆောင်ရထားစီးခွင့် မရခဲ့တဲ့ကာလတစ်ခုအကြောင်း။
အဲသည်တုန်းက
ရုံပိုင်ချုပ်ကြီးရဲ့ စိတ်ဒဏ်ရာ။ ဘဘဦးတင်ဦးနဲ့အတူ အဖမ်းခံခဲ့ရတဲ့ လူငယ်များ။

"လက်ကျန် စာမျက်နှာ"
ရဲသျှမ်း

(၁)

၂၁ စက်တင်ဘာ၊ ၂၀၀၀ ရက်စွဲတပ်ပြီး ဆောင်ရွက်ခဲ့သည့် Work Diary ရေးနေဆဲမှာ သူ့ရုံးခန်းတံခါး ပွင့်သွား၍ လှမ်းကြည့်လိုက်တော့ လက်မှတ်သိမ်းချုပ် ကိုအေးမြင့်။ သူ့ပုံစံက တစ်ခုခုကို အထိတ်တလန့် ဖြစ်လာပုံမျိုး။ ပျာယီးပျာယာ၊ အူယားဖားယား။ ဘာဖြစ်လာသည် မသိ။

“ဆရာ … ဆရာ … ဟို …. ဟို”

မောကြီးပန်းကြီး၊ ကတုန်ကယင်၊ အံ့သြတကြီး စသည့် ကြိယာဝိသေသနတွေကို တွေ့လိုက်ရသည်ဟု တွေးမိပြီး ပြုံးမိသွား သည်။

“ဘာဖြစ်တာလဲကွာ … မင်းဟာက”
“ဟို … ဟိုဆရာ … သူတို့ ရောက်နေကြပြီ၊ လက်ကျန်အရောင်းရှေ့မှာ”
“ဘယ်က သူတို့လဲဟ … မင်းကလည်း ကိုယ့်စကားကို ဘယ်ရောက်မှန်းမသိ မရှင်းမရှင်း”
“ဟိုနေ့က လက်မှတ်မရ … အဲ … မရောင်းလိုက်တဲ့ အဖွဲ့လေ”
“ဟေ”

သူလည်း အခုမှ အထိတ်တလန့် ဖြစ်တော့သည်။ သူထိုင်ရာမှ ဝုန်းခနဲထ။ ရုံးခန်းအပြင်ထွက်ပြီး လက်ကျန်ရုံရှေ့ သွားကြည့် လိုက်တော့ အစ်မတို့အဖွဲ့ တန်းစီနေသည်။ သူ့ရင်ထဲ ကျဉ်ခနဲ ဖြစ်၍သွားသည်။ တကယ်ဆို အထူးရထားတောင် စီစဉ်ပေးရ မှာ။ အခုတော့ အာဏာငမ်းငမ်းတက်နေသူတွေ၏ အကြောက်ရွံ့ဆုံး ပစ်မှတ်ဖြစ်နေတော့ လွန်ခဲ့သည့် ၃ရက် ရက်ကြိုမှာ ကတည်းက လက်မှတ်ကုန်ပြီလုပ်ပြီး ရထားစီးခွင့်မရအောင် အထက်အမိန့်အရ ဆောင်ရွက်ခဲ့ရပြီးပြီ။ ဒါလည်း လက်လျှော့ မသွား။ အေးလေ အလွယ်တကူ လက်လျှော့နောက်ဆုတ်သည့် စိတ်ဓာတ်ရှိမှတော့ ထက်မြက်၊ ပြတ်သား ရဲရင့်သော ဖခင်ကြီး၏ သမီးထွေး ဘယ်လိုလုပ် ပီသတော့မှာလဲ။

ကြည့်စမ်း အစ်မတို့အဖွဲ့ ဘူတာကြီးရောက်လာသည်ကို ဘယ်လိုလုပ် သတင်းပျံ့သွားသည်မသိ။ ရပ်ကွက်ကလေးထဲမှ လူအုပ်ကြီးထဲက ဘူတာထဲ ပြိုဆင်းလာသည်။ မျှော်လင့်ထားသော ယုံကြည်မှုကို တည်ဆောက်ပေးမည့်သူကို တွေ့ချင်၊ နှုတ်ဆက်ချင်ကြမှာပဲဖြစ်သည်။ သူလည်း လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်ချင်ပါသည်။ ဖြစ်ချင်တိုင်းဖြစ်၊ ပျက်ချင်တိုင်း ပျက်၊ အစစအရာရာ နိမ့်ကျနေသော ဘဝတွေကို ကယ်တင်ပေးနိုင်မည့် စရဏသတ္တိ ပိုင်ရှင်ကို ဂုဏ်ပြုလိုက်ချင်ပါသည်။

“ဆရာ ဘယ်လိုလုပ်မလဲ”

ကိုအေးမြင့်က တိုးတိုးကပ်ပြောမှ သူသတိ၀င်လာသည်။ ဘာလုပ်ရမလဲ၊ သူသက်ပြင်းမောချရင်း တွေးသည်။

“အရောင်းရပ်ခိုင်းရမှာပေါ့ကွာ၊ မင်းလက်မှတ်ရောင်းစာရေးတွေကို နောက်ပေါက်က တိုးတိုးသွားပြော။ ငါ ရုံးခန်းပြန်ပြီး သတင်းပို့စရာရှိတာ ပို့လိုက်ဦးမယ်”

သူ ရုံးခန်းပြန်ပြီး တိုင်းရုံးချုပ်သို့ ဖုန်းဆက် သတင်းပို့လိုက်တော့သည်။ “ဒုက္ခပါပဲ” စကားလုံးကတော့ အယောက်တိုင်းဆီက လျှံကျလာတာချည်းပါပဲ။ ဖုန်းဆက်ပြီးပြီမို့ သူ့ဘက်က တာ၀န်ကျေပြီးပြီဟု မပြောနိုင်သေး၊ ပြဿနာကို သူ့ခေါင်းပေါ် ပစ်တင် လိုက်မှာက သူက တွေးမိထားပြီ။ နင်လား၊ ငါလား ထိပ်တိုက်တွေ့ကြမှာပဲ။ သည်အခါကျလျှင် သူပဲ ရင်ဆိုင်ဖြေရှင်းရမည် ထင်သည်။

လွန်ခဲ့သည့် ၃ရက်ကတည်းက ရက်ကြိုလက်မှတ်ရုံမှာ လက်မှတ်၀ယ်တော့ အတုမရှိ၊ အတူမရှိ အမည်ကြောင့် လက်မှတ် ရောင်းစာရေးလေးက သူ့ဆီ ဖုန်းဆက်ခဲ့သည်။ သူကမှ အဆင့်ဆင့်ဖြင့် …။

“လက်မှတ်ကုန်ပြီပြော၊ အရောင်းပိတ်ပလိုက်၊ ရိုးရိုးတန်း၊ အထက်တန်း ဘာမှမရောင်းနဲ့၊ ရထားအကုန်နော်။ လွဲချော်လို့က တော့ ခင်ဗျား နာပြီသာမှတ်”

ငါတို့သာသိ၊ ငါတို့သာတတ်၊ ငါတို့သာလျှင် အမှန်ဆုံး။ အကြောက်တရားအောက်မှာ နေစေ။ အစ်ကိုကြီး၊ ညီလေးကျ ညီညွတ်ကြ။ စီမံ၊ ဥပဒေ မစိုးမိုး။ ငါ့အမိန့်၊ ငါ့ဥပဒေသာတည်။ ဒူးတုန်၊ အသံတုန်၊ အမိန့်နာခံသံကို သာယာသူတို့၏ အမိန့်၊ ပြီးတော့ ဆဲဆိုကြိမ်းရန် ကြံစည်ရော့မည်။

“တောက်”

သူ့တောက်ခေါက်သံက အတော့်ကို ကျယ်လောင်သွားသည်။

သေချာတယ်၊ ရထားမစီးရအောင် တားဆီးကြလိမ့်မယ်၊ ဘယ်လိုတားမလဲ။ တားလို့ကော ရမှာတဲ့လား။ ဘာကို ဘယ်လို ဘယ်လောက်တောင် ကြောက်နေကြတာလဲ။ အပ်တိုတစ်ချောင်းတောင် မကိုင်တဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်က ဘာ အဖျက်အမှောင့် လုပ်မှာမလို့လဲ။ ရန်ကုန်ကနေ မန္တလေးရထားစီးတာပဲ။ သာမန်ခရီးသည်ပဲ။ အကျယ်ချုပ်ထားတာမှ မဟုတ် တာ။ တိုင်းပြည်က လိုအပ်နေတဲ့ ခေါင်းဆောင်ကို သဲကြီးမဲကြီး ချိုးနှိမ်နေကြတာပါလား။

သူ့ကြောင့် တိုင်းပြည် ဘာမှ ထိခိုက်မသွားဘူး။ ကောင်းလာလို့ပဲရှိတယ်။ အဖေလို ထက်မြက်သူ၊ ဥာဏ်ရည်ဥာဏ်သွေး မြင့် မားသူပါ။ နိုင်ငံသစ်ကို ထူထောင်မယ့်သူပါ။ ဒီမိုကရေစီကို ဖော်ဆောင်မယ့်သူပါ။ တော်ကြပါတော့၊ ရပ်ကြပါတော့။ စွန့်ကြပါ တော့။ အာဏာကို ဘယ်လောက်ထိ ကိုင်ဆုပ်ထားချင်နေကြတာလဲ။ တိုင်းပြည် နာလှပါပြီ။ အဆင်းရဲဆုံးနိုင်ငံ၊ ကျဆုံးနေတဲ့ ပညာရေး၊ ညံ့ဖျင်းလှတဲ့ လမ်းပန်းဆက်သွယ်ရေး၊ စုတ်ပြန်နေတဲ့ ကျန်းမာရေး၊ စာပေလွတ်လပ်မှု ဆုံးရှုံးနေတဲ့ နိုင်ငံဖြစ်နေပြီ။ မှတ်တမ်း၀င်နေပြီ။ ရှက်ကြပါတော့။

သူ့ရင်ထဲက စကားများက သူ့ရင်ကို ပုတ်ခတ်နေလေပြီ။ သူ့နဖူးပြင်မှာ ချွေးသီးချွေးပေါက်များ သီးထနေလေသည်။

-၀- -၀- -၀-

တဖြောင်းဖြောင်း ခြေသံများ သူ့ရုံးခန်းတံခါးရှေ့ ရောက်လာပြီ။ မရဏမောင်းသံ ကြားလိုက်ရသည်ကဲ့သို့ သူတုန်လှုပ်စွာ ခေါင်းထောင်သွားသည်။ ရုံးခန်းထဲ ၀င်လာသောသူတွေနောက် တိုင်းအဆင့်များ ကုပ်ချည့်ချည့်။ သူတို့လည်း မိုးမွန်အောင် အကျွေးခံလာရဟန်ရှိသည်။ သူ့စားပွဲဆီ ဦးတည်လာသည်မို့ သူဖယ်ပေးလိုက်ပြီး တိုင်းအဆင့်များနှင့်အတူ လက်နောက်ပစ် ရပ်နေလိုက်သည်။ ပုဂ္ဂိုလ်ကြီးများ မျက်နှာက ဒေါသအရောင်အရိပ်တို့ ဖုံးလွှမ်းနေသောကြောင့် နီမြန်းနေသည်။

“ခင်ဗျားတို့ ဘာလုပ်ကြမလဲဆိုတာ တွေးထားပြီးပလား။ သိရောသိရဲ့လား ဟင် … ကဲ ဘာလုပ်မလဲပြော။ ပြောစမ်း ဟိုတစ် ယောက်”

တော်သေးသည်။ သူ့ဘက် လှည့်မလာ၍၊ ဟိုတစ်ယောက် အခေါ်ခံရသူက တောင်တောင်ဤဤ တွေးထားပုံရသည်။

“သူတို့ စီးမယ့် ၅နာရီ ရထားဖြစ်တဲ့ Sup ကို Fit မပေးသေးဘဲ ဆိုင်းထားလိုက်ပါမယ်။ သူတို့ ပြန်သွားမှာ တွဲဆိုင်း စင်္ကြံတိုးဖို့ စီစဉ်လိုက်ပါမယ်”

“အဲဒီလောက်နဲ့ ရမလား၊ ချေးဘရိန်းလောက်နဲ့ လာပြောနေပြန်ပြီ။ ဘယ်အချိန်ဖြစ်ဖြစ် စီးမယ်လုပ်မှာပဲ။ ကဲ … ကျန်တဲ့သူ တွေ ပြောဦးလေ။ ပါးစပ်တွေက ဒါမျိုးကျတော့ ပိတ်နေရော။ စားဖို့၊ ဝါးဖို့၊ မျိုဖို့ဆို့ဖို့ကျတော့ ရှေ့ဆုံးက နေမယ့်သူတွေ”

သူ ခွက်ထိုးခွက်လန် ရယ်ချင်စိတ် ဖြစ်သွားသည်။ ရယ်ချင်စိတ်ဖြစ်နေသော သူ့မျက်နှာကို မမြင်အောင် ခေါင်းကို တွင်တွင် ငုံ့ထားလိုက်၏။

“ရထားတွေ ပုံမှန်အတိုင်း လွှတ်လိုက်ပြီ။ သူတို့အဖွဲ့ လိုက်သွားတဲ့တွဲကို သင်္ဃန်းကျွန်းလောက်မှာပဲ တွဲမကောင်းလို့ဆိုပြီး အကြောင်းပြဖြုတ်ထား …”

တိုင်းအဆင့်တစ်ယောက်၏ အကြံပေးစကား မဆုံးမီမှာဘဲ တစ်ယောက်က လက်ကာလျက် တားသည်။

“မဖြစ်နိုင်ဘူး၊ စဉ်းစဉ်းစားစားပြော၊ တွဲပြောင်းစီးမှာပဲ။ အဲဒီလောက်နဲ့ မရဘူး”

“စင်္ကြံ ၁ လမ်းကနေ ရထားမလွှတ်ဘဲ ၄၊ ၅ လမ်းကနေ လွှတ်ပါမယ်”

သူ့နံဘေးက လူ၏ အကြံဆိုးကိုတော့ လက်ခံသွားဟန်တူသည်။

“ကောင်းပြီ၊ ပြန်ကြားရေးအခန်းထဲက အသံချဲ့စက်တွေ ပိတ်ထားလိုက်။ ၀န်ထမ်းတွေက ခရီးသည်တွေကို ၄၊ ၅ စင်္ကြံကနေ ရထားထွက်မယ်လို့ တိုးတိုးတိတ်တိတ်လိုက်ပြော။ ဟိုဟာတွေ လုံး၀ မရိပ်မိစေနဲ့”

“ဒါဆို ခရီးသည်တွေ ကျန်သွားမှာပေါ့”

သူ ဘာမှ မပြောဘူး ဆုံးဖြတ်ထားပေမဲ့ မဖြစ်သင့်သည့်ကိစ္စမို့ နှုတ်က ရုတ်တရက် ထွက်ကျသွားသည်။

“အရေးမပါတဲ့ စကားက ပြောနေပြန်ပြီ။ ဒီအချိန် ခရီးသည်က ဘာအရေးလဲ ကျန်ပေါ့။ နောက်ရက် လိုက်ကြပေါ့။ အရေးကြီး တဲ့အချိန် အရေးမပါတဲ့စကား လာပြောနေသေး”

သည်အတိုင်းဆို တစ်ဘူတာလုံး ပျာယာခတ်ကုန်လောက်အောင် သူတို့လုပ်ရတော့မည်။ သူ့ရုံးခန်းကနေ စင်္ကြံပေါ် ထွက် လိုက်ပြီး လက်မှတ်သိမ်းနှင့် ၀န်ထမ်းငယ်အားလုံးကို တစ်ဆင့်ဆီ တာ၀န်ပေးရန်နှင့် အချက်ပြမျှော်စင်၀န်ထမ်းများအားလုံး စင်္ကြံ ၄၊ ၅ ကနေ လွှတ်ရန် ညွှန်ကြားမှု ပေးလိုက်ရသည်။ အစ်မတို့အဖွဲ့ကတော့ မသိတာလား၊ သိသိနှင့် ပေကတ်ထိုင်နေ တာလား မသိနိုင်တော့။ စင်္ကြံ ၁ ခရီးသည် နားနေထိုင်ခုံများမှာ သာမန်ခရီးသွားတွေလို အေးအေးလူလူ ထိုင်၍ နေသည်။ ရသည့်ရထား စောင့်စီးမည့်ဟန်။

ပုဂ္ဂိုလ်များကတော့ လူလုံးထွက်မပြ။ အမိန့်တွေသာ တစ်ခုပြီးတစ်ခု ထုတ်နေသည်။ လေ့ကျင့်သားရထားသော အရပ်၀တ် အဖွဲ့တွေကတော့ သူ့ရုံးခန်းမှာရော၊ အပြင်မှာရော တင်းကျမ်း။ ဘာတွေ ဆက်ဖြစ်ကြမှာလဲ သူစိုးရိမ်နေမိသည်။

-၀- -၀- -၀-

ညက တဖြည်းဖြည်း မှောင်လာပြီ။ ဘူတာမီးများ ထိန်လင်းနေပါပြီ။ မီးရောင်အောက်မှာ အေးအေးလူလူပုံစံဖြင့် စာဖတ်နေ သော အစ်မကို သူ ငေးကြည့်နေမိသည်။ သူ၏ အစ်မအရွယ်။ တိုင်းပြည်ကို ဦးဆောင်နိုင်သည့် အကောင်းဆုံးအရွယ်ဟု သူ တွေးမိသည်။

ည ၈ နာရီကျော်လောက်မှာ သူနှင့် တိုင်းအဆင့်များအား အစ်မတို့အဖွဲ့ဘူတာကနေ အမြန်ထွက်ခွာပေးဖို့ သွားပြောရန် အမိန့်ပေးခံရတော့သည်။

သူတို့ချဉ်းကပ်ပြောကြည့်တော့ ဘယ်သူနဲ့မှ မတွေ့ချင်၊ မဆွေးနွေးချင် စကားမပြောချင်။ ဒီဘူတာရဲ့ တာ၀န်အရှိဆုံးသူနဲ့သာ ဆွေးနွေးချင်တယ်တဲ့လေ။

သူ ခေါင်းနားပန်းကြီး သွားလေသည်။ ကျန်အချိန်တွေမှာသာ သည်စကားကြားရလို့ကတော့ သူဂုဏ်ယူလိုက်မည့်ဖြစ်ခြင်း။ အခု အနေအထားအရ သူကျဉ်းထဲ ကျပ်ထဲ ရောက်ပြီထင်ပါသည်။

ဘာတွေ ဆွေးနွေးမှာလဲ၊ တောင်းဆိုမှာလဲ၊ မေးမှာလဲ။ ဆုံးဖြတ်ခွင့် မပေးနိုင်သူတစ်ယောက်ရဲ့ အခက်အခဲများကို အစ်မတို့ သိမှ သိပါလေစ။

သူ ၀မ်းနည်းကြေကွဲသွားသည်။ သူသာ လုပ်ပိုင်ခွင့် အပြည့်အ၀ရှိသူဖြစ်၍ကတော့ အစ်မတို့အဖွဲ့ ရထားစီးတာကို ဂုဏ်ယူမှု အပြည့်ဖြင့် တွဲပေါ်ထိ လိုက်ပို့လိုက်ဦးမည်။ သူတတ်နိုင်သည့် ရေသန့်ဘူးလေး၊ အချိုရည်ဘူးလေးတွေပါ လမ်းမှာသောက်ရန် ထည့်ပေးလိုက်ချင်လောက်အောင် သူ သဒ္ဒါပေါက်ပါသည်။

သူနှင့်ပဲ ဆွေးနွေးမည်ဆိုတော့ ရုံးခန်းထဲ စောင့်ကြည့်နေသောအဖွဲ့ ပျာသွားသည်။ သူ့ကို ရုံးခန်းထဲ အတင်းဆွဲသွင်းပြီး ဘောင်းဘီဘေးအိတ်ထဲကို အသံဖမ်းစက် ထိုးထည့်လိုက်ကြသည်။

“ခင်ဗျား ဘာမှ ဆုံးဖြတ်ချက်ပေးခွင့် မရှိဘူး။ အားလုံး ဘူးခံပြော။ အစ်မကြီးတို့အဖွဲ့ အမြန်ဆုံး ပြန်ပါလို့ပဲ ပြော။ အသံဖမ်း စက် ထည့်ပေးထားတယ်နော်၊ ယီးတီးယားတားတော့ မလုပ်နဲ့။ ခင်ဗျား အပြောအဆို မှားရင် ဘာဖြစ်သွားမယ်ဆိုတာ နား လည်လား”

သူ့သားလောက် လူငယ်၏ ခင်ဗျားချင်း မိုးမွှန်သော အမိန့်မှာကြားချက်များကို သူ အော့နှလုံး နာလှသည်။ ကျုပ်ကို မချည်နဲ့၊ ဖိအားမပေးနဲ့ဟု သူ အော်ဟစ် ပေါက်ကွဲလိုက်ချင်သည်။ သို့သော် သူ့နှုတ်ခမ်းများ လှုပ်ရှားမှုမဲ့ ထုံနေလေသည်။ စိတ်မကောင်းလည်း ဖြစ်သည်။ ၀န်ထမ်းဖြစ်ရခြင်းအပေါ် ပထမဆုံး ကိုယ့်ကိုယ်ကို နာကျင်ခြင်းဖြစ်ရသည်။ သည်တွေ့ဆုံမှု သမိုင်းမှာ မှတ်တမ်းတစ်ခု ဖြစ်သွားလိမ့်မည်။ သမိုင်းတရားခံတွေထဲမှာ သူ လုံး၀မပါ၀င်နိုင်ပါ။ သူ ဘာလုပ်ပေးလို့ ရပါမည်လဲ။ တောင်းပန်စကားတွေ အကြိမ်ကြိမ်ဆိုရုံကလွဲပြီး သူ ဘာများ တတ်နိုင်ပါမည်လဲ။

သည်အချိန်မှာ သူအလုပ်ချင်ဆုံးဆန္ဒက ဘောင်းဘီအိတ်ထဲ ထည့်ပေးလိုက်သော အသံဖမ်းစက်ကို ဆွဲထုတ်လွှင့်ပစ်လိုက် ချင်တာပဲ ဖြစ်သည်။ လက်တွေ့မှာတော့ သူမလုပ်နိုင်၊ မလုပ်ရဲ။ ဆန့်ကျင်သူအဖြစ် သတ်မှတ်ခံလျှင် ကြားဖူးနား၀ရှိသော ရေကြည်အိုင်ဆိုတာကြီးကို ရောက်သွားလေမလား။ သူ ကြက်သီးမွှေးညင်းထ,သွားလေသည်။ အဲသလောက်ထိ သူ မစွန့်စားရဲ။ မိသားစုတွေကို မြင်ယောင်မိတော့ သူ့နှလုံးက အောင့်လာသည်ကို ခံစားမိသည်။

သူ စိတ်ကို တင်းသည်။ စင်္ကြံထိုင်ခုံမှာ အေးအေးလူလူ စာဖတ်နေသော အစ်မတို့အဖွဲ့ဆီသွားပြီး ဖိတ်ခေါ်လိုက်သည်။

“ဘဘနဲ့ အစ်မကြီးခင်ဗျာ ကျွန်တော့် ဧည့်ခန်းဆောင်ကို ကြွပါခင်ဗျား”

အစ်မ၏ အပြုံးက ချိုမြလှပါသည်။ ၀န်ထမ်းတစ်ယောက်၏ သောကဗျာပါရ၊ အမိန့်မလွန်ဆန်နိုင်မှုကို နားလည်ပေးထားဟန် ရှိသည်ဟု သူခံစားလိုက်ရသည်။ အဆမတန် ခုန်နေသော သူ့နှလုံးသားက တည်ငြိမ်စ ပြုသည်။ အထူးဧည့်ခန်းဆောင် ဆိုဖာဆက်တီမှာ သူနှင့်အစ်မ မျက်နှာချင်းဆိုင်။

“………………”
“……………….”
“……………….”
“………………”

-၀- -၀- -၀-

သူ ကြေကွဲစွာပဲ အထူးဧည့်ဆောင်မှ သူ့ရုံးခန်းသို့ ပြန်လာလိုက်သည်။ အစ်မကတော့ မူလနေရာ ထိုင်ခုံကလေးဆီသို့။

အစ်မတို့ အဖွဲ့ ည ၉နာရီ ရထားကို စောင့်စီးမည်။ မရပါက နောက်တစ်နေ့ မနက် ၆နာရီရထားကို စောင့်မည်တဲ့။ အလွန်ပဲ ပြတ်သားပြီး နောက်ဆုတ်တွေဝေမှုမရှိသည့် ဆုံးဖြတ်ချက်က တက္ကသိုလ်ရိပ်သာလမ်း အိမ်က ထွက်ကတည်းက ပါလာဟန် ရှိသည်။

သူ သူ့ရုံးခန်းထဲ ပြန်၀င်လာသည်နှင့် စောင့်စားနေကြသော ပုဂ္ဂိုလ်ကြီးငယ်တို့ သူ့ထံပါး ပြေးကပ်လာသည်။ သူ့အဖြေရတော့ “တောက်” ဆိုသည့် အသံက ပီပီပြင်ပြင် ထွက်ချလာသည်။

“မရဘူး၊ လုံး၀မရစေရဘူး၊ လုပ်၊ လုပ် ရအောင် မောင်းထုတ်”

နောက်ဆုံးတော့ အမိန့်က သူ့ဘက် ဦးတည်ချေပြီ။

“ခေါ် … သန့်ရှင်းရေးအဖွဲ့ကိုခေါ်၊ စင်္ကြံသန့်ရှင်းရေးလုပ်မယ်ဆိုပြီး ထိုင်ခုံတွေဖယ်၊ ပလက်ဖောင်းရေဆေးချ၊ လုပ် အခု လုပ်ခိုင်း”

သူ နာရီကိုကြည့်တော့ ၁၀နာရီထိုးပြီ။ ပုံမှန်အရဆိုလျှင် ခရီးသည်များ စင်္ကြံ ၁ ကနေ ထွက်ခွာပေးရမည်။ လုံခြုံရေး အကြောင်းပြချက်ဖြင့် လုံခြုံရေးအရာရှိဆို သူ၏ အမိန့်အရ ခရီးသည်များ ည ၁၀ နာရီကျော်လျှင် ပို့၊ ကြိုခွင့်မရှိတော့ ။ မမျှတ သော စည်းကမ်းချက်ဖြစ်သော်လည်း သည်အတိုင်း လက်ခံပေးလိုက်ရသည်ပဲ ဖြစ်သည်။

သူ့ သန့်ရှင်းရေးအဖွဲ့ စင်္ကြံပေါ်မှာ ရေပုံးတွေ၊ ရေပိုက်တွေဖြင့် စစ်ဆင်ရေး တစ်ရပ် ဆင်နွှဲတော့မည်ကဲ့သို့ ပြင်ဆင်နေသည် ကို သူစိတ်မချမ်းမြေ့စွာ ကြည့်နေရသည်။

သိပ်မကြာလိုက်၊ သူ့သန့်ရှင်းရေးခေါင်းဆောင် အဆောင်မှူး ရောက်လာသည်။

“ဘယ်လိုမှ ပြောလို့မရဘူး ဆရာ၊ ကျွန်တော် ပြောသမျှကို မကြားသလို လုပ်နေတယ်။ ပင်နီတိုက်ပုံ၊ လွယ်အိတ်လွယ်ထား တဲ့ ဘကြီးက မင်းတို့ ဗမာလူမျိုးဖြစ်ပြီး မမိုက်ရိုင်းနဲ့လို့ ပြောတယ် ဆရာ”

ဘဘကို သူ့တပည့် မသိ၍ ဖြစ်မည်။ ထိပ်တန်းရာထူးကြီးမှ မတရားဖယ်ရှားခံရသော ဘဘကတော့ ကျင့်သားရခဲ့သော မာန်မာနတွေ ရှိဦးမှာပါပဲ။ အဲသည် မာန်တွေ၊ ဦးမညွတ်မှုတွေ၊ ရင်ဆိုင်ရဲတွေ သတ္တိတွေ သူရချင်စမ်းလှသည်။

“ပြောလို့ရမှာ မဟုတ်ဘူး၊ အလွန်ခေါင်းမာတဲ့ဟာတွေ။ ကဲ … လုပ်စရာရှိတာသာ ဆက်လုပ်တော့”

အမိန့်။ သူ့သန့်ရှင်းရေးအဖွဲ့၏ “ဟုတ်” ဆိုသည့် အသံက သူ့ရုံးခန်းလေးထဲမှာ ဟိန်းညံသွားလေသည်။

သန့်ရှင်းရေးအဖွဲ့က စင်္ကြံင်္ပေါ် ရေဖြန်းချတော့ အစ်မတို့ ခြေထောက်လေး ခုံပေါ်တင်ထားရတာကို စိတ်မချမ်းမြေ့စွာ မြင်နေရ သည်။ သူ့ရင်ထဲမှာ တဆစ်ဆစ် နာကျင်နေလေသည်။

“ဟာ …”

သူဘယ်လိုမှ မထင်ထားသော ဖြစ်ရပ်။ အင်အားသုံးချေပြီ။ ချိုင်းနှစ်ဖက်ကို ဖမ်းကိုင်ဆွဲထုတ်ကြ၊ အတင်းအကျပ် ၀င်ဆွဲကြ နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ ဘဘလည်း ယက်ကန်ယက်ကန် ပါသွားချေပြီ။ ဟို လူငယ်လေးတွေ ခုနစ်ယောက် လည်း ဘာသားနှင့် ထုထားသည်မှတ်လို့။

ဟော … အစ်မနားကို အမျိုးသမီးတစ်ယောက် ပြေးကပ်ပြီး လက်ကိုင်ပဝါဖြင့် မျက်နှာကို ဆွဲအုပ်လိုက်တာကို မြင်လိုက်ရ သည်။ မျက်စိ တစ်မှိတ်အတွင်းမှာပဲ ပျော့ခွေ ကျသွားလေသည်။ စခန်းသာ ထွက်ပေါက်ဆီ ပွေ့ခေါ်သွားတာကို မြင်လိုက်ရ သည့် အခိုက်မှာ …။

သူ ကလေးတစ်ယောက်လို ချုံးပွဲချ ငိုပစ်လိုက်ချင်သည်။

-၀- -၀- -၀-

(၂)

သမိုင်းစာမျက်နှာထက်မှာ အမှောင်လွှမ်းသော နေ့တစ်နေ့ ရှိသွားခဲ့ပြီ။ အဲသည် စာမျက်နှာထက်မှာ သူ့အမည်လည်း ပါ၀င်နေ မည်။ သူ ဘယ်နေရာမှာ ရှိမည်လဲ။ ဖော့ဖော့ တွေးတွေးဖြင့် ဖိအားပေးခံရသူ၊ နှလုံးသားကို စတေးခံလိုက်ရသူ၊ အကျည်းတန်စာမျက်နှာသို့ တွန်းပို့ခံရသူအဖြစ် သတ်မှတ်ပေးလေမည်လား။

သည်ဖြစ်စဉ်အပြီးမှာ သူ ပြောင်းရွှေ့ခံလိုက်ရသည်ကိုလည်း အားလုံး သိစေချင်သည်။ ဖြစ်နိုင်လျှင် သူနှင့် ဆက်နွှယ်သော စာမျက်နှာထက်မှာ သူ့နှလုံးသား အစစ်အမှန်ဆီက ထွက်ကျလာသော စကားများကို ဖြည့်စွက်ပေးစေချင်ပါသည်။

ရဲသျှမ်း

#TheMandalayNewsJournal
မန္တလေးသတင်းဂျာနယ်(အတွဲ ၃၊ အမှတ် ၉)
.
 ပြန်လည်မျှဝေပေးပါတယ်
လေးစားလျှက်
#davidtun88
08-09-2019