*အောင်ဆန်းစုကြည်ဆိုတာ*
**************************
အောင်ဆန်းစုကြည်ဆိုတာ လွယ်လွယ်နဲ့နိုင်ငံရေးလောကထဲ ဝင်လာတာ မဟုတ်ပါဘူး အမေစုဟာ ဘယ်လိုခက်ခဲကြမ်းတမ်းတဲ့လမ်းကိုလျှောက်ခဲ့ရသလဲ..
ဆိုတာ..မသိမမှီ.. မလေ့လာဖြစ်လိုက်တဲ့ သူတွေသိရအောင်...
သိပြီးသူများလည်းပြန်အမှတ်ရအောင် (remind)ပေါ့။
၁.၁.၁၉၉၆ ရက်နေ့ ၂နာရီ အင်းတော်မြို့အနီး လယ်ပြင်ရွာ မူလတန်းကျောင်းဝင်းအတွင်း ပြုလုပ်ပ်တဲ့ ကြံ့ဖွံ့အသင်းဝင်လွှာပေးအပ်ပွဲမှာ ကြံ့ဖွံ့အသင်းအတွင်းရေးမှုး ရထားဝန်ကြီး ဦးဝင်းစိန်က အခမ်းအနားမှာ စကားပြောတော့...
'ဒေါ်စုကြည်ကို သုတ်သင်ရှင်းလင်းရမယ်။
သုတ်သင်ရမယ်ဆိုတာ သတ်ပစ်ရမယ်ပြောတာ။
အောင်ဆန်းစုကြည်ကို သတ်ရဲလား'
(သုံးကြိမ်တိုင်မေး)
.....................................................
တကယ်ပဲလည်း အောက်ပါအတိုင်းအကောင်အထည်ဖော်ခဲ့ကြပါတယ်။
(၁)
၉.၁၁.၁၉၉၆ မှာ ပါတီကိစ္စနဲ့လာတဲ့အမေစု ဦးတင်ဦး ဦးကြည်မောင်တို့ပါတဲ့ ကားတန်းကို ဦးချစ်မောင်လမ်းထိပ် ရှိ ဗဟန်းအထက (၂)(နံရံကျောင်း)ရှေ့မှနေ၍ ကြံံ့ဖွတ်လေ့ကျင့်ပေးထားသော စွမ်းအားရှင်တွေက တုတ်များ လောက်လေးခွများ နဲ့ဝိုင်းရံတိုက်ခိုက်ကြပါတယ်။
ကားများမှန်ကွဲပြီး ဦးတင်ဦး ဦးကြည်မောင်တို့ ဦးခေါင်းမှာ မှန်ကွဲစ ဒဏ်ရာရ။
ဦးကြည်မောင်ဆိုလျှင် ကားထဲလှံနဲ့ အထိုးခံရတာ တိမ်းရှောင်နိုင်လို့ပါ။
ကားမောင်းသူကိုမြော်ကီးရဲ့ကျွမ်းကျင်မှုကြောင့် အမေစုကအသက်ဘေးကလွတ်ခဲ့ရတာပါ။
(၂)
၂၅.၆.၁၉၉၈ နေ့မှာ အမေစုအိမ်မှာ ပြုလုပ်မယ့်..
လူငယ်များနဲ့စာဖတ်ဆွေးပိုင်းကို လာရောက်ကြတဲ့လူငယ်များကို..ဦးတင်ဦးနဲ့အမေစုတို့က ခြံပြင်ထွက်၍ကြိုဆိုပေးကြပါတယ်။
အမေစုအိမ် ခေါင်းရင်းမှာရှိသော မူလတန်းကျောင်းရှေ့ ကနေ လုံထိန်းများစစ်သားများ ထောက်လှမ်းရေးများ အင်အား၇၀ ခန့်က နံပါတ်တုတ်များ သစ်သားတုတ်များနဲ့ ရက်ရက်စက်စက် ဝိုင်းဝန်းရိုက်နှက်ပါတယ်။
အမေစုက ခလေးတွေကိုမရိုက်နဲ့။
ကျမကို ရိုက်ဆိုပြီး ဝင်ရောက်ကာကွယ်ရာ။
ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးသူရ(ခ)နေစိုးက သူ့ပါရိုက် ရိုက်မိန့်ပေးလို့ ဝိုင်းရိုက်ကြရာ ဘဘဦးတင်ဦး ကာကွယ်ရေးဦးစီးချုပ်ဟောင်းပီပီ ထီးအကြီးကြီးနဲ့အလျှင်အမြန်အကာကွယ်ပေးလို့ ဘယ်ဘက်ပုခုံးပေါက်ဒဏ်ရာတစ်ခုပဲ ရခဲ့တာပါ။
ထီးအကြီးကြီးလည်း စုတ်ပြတ်ပီး ဘဘလည်းတစ်ကိုယ်လုံးအရိုက်ခံခဲ့ရပါတယ်။
ခြံထဲကိုဝင်ခွင့်မပေးဘဲ ညနေ(၂)နာရီ ကနေစပိတ်ထားတာ
မိုးရေထဲ ဒဏ်ရာရသူတွေနဲ့ တစ်ညလုံးကတ္တရာလမ်း ပေါ်မှာငုတ်တုတ်ထိုင်ခဲ့ရပါတယ်။
မနက် ၁၁နာရီမှ ဖွင့်ပေးလို့ဆေးကု အစာစားရတာပါ။
(၃)
၂၉.၇.၁၉၉၈ နေ့မှာ အမေစုတို့ ပုသိမ်သွားတာကို
ထန်းတပင်မြို့နယ် အညာစု တံတားထိပ်ကပိတ်ဆို့ပြီး
အစာမကျွေး ရေမတိုက်ဘဲ ၈ရက်တိတိ ပိတ်ဆိုခဲ့ကြပါတယ်။
သူတို့သတ်လို့မဟုတ်ဘဲ သူဘာသာသေတယ် ဆိုတဲ့သဘောပါ။
မိုးရွာလို့ ပါလာတဲ့ထီးနဲ့ မိုးရေခံပြီး ကြံ့ကြံ့ခံနေရာကနေ နိုင်ငံတကာက ဝိုင်းအော်လို့ပြန် လွှတ်ပေးခဲ့ကြတာပါ။
လွှတ်တော့လည်း အားပျတ်ပျော့နေတဲ့ အမေစုကို ရိုင်းစိုင်းစွာ အတင်းအဓမ္မ ခေါ်ဆောင်လို့ လက်မှာပွန်းပဲ့ဒဏ်ရာရကာ မသေရုံတမယ်ခံရတာပါ။
( ၄)
၁၂.၈.၁၉၉၈ နေ့မှာ ဒုတ်ယအကြိမ် ပုသိမ်ကိုသွားတော့ အရင်နေရာမှာပဲ ၁၃ ရက်ကြာ ပိတ်ဆို့ခံရပါတယ်။ ဒီတစ်ခါတော့ ရေသန့်ဗူးတွေ မြေပဲယိုတွေ ယူသွားတော့ ဒါလေးတွေနဲ့ အသက်ဆပ်နေခဲ့ရပါတယ်။
(၅)
၃၀.၅.၂၀၀၃ ဒီပဲယင်းကြည်ရွာ...
ဒါကတော့ အားလုံးသိကြတဲ့အတိုင်း သမိုင်းမှာအရိုင်းဆုံး..ရက်စက်ဆုံး..ယုတ်မာမှုကြီး..နိုင်ငံတော်ပုန်ကန်မှုကြီး တစ်ခုပြုလုပ်ခဲ့ပါတယ်။
တုတ် ဓား ဝါးချွန် လေးခွ တို့ကိုအသုံးပြုပြီး အဖွဲ့ပေါင်းစုံ ခေါ်ယူပြီးရက်စက်ခဲ့ကြတာပါ။
ဒီမိုအာဇာနည်ပေါင်းများစွာ ကျဆုံးခဲ့ရတာပါ။
အမေစုကတော့ ကံတရားရဲ့ဖေးမမှုရော ကားမောင်းသူ ကိုကျော်စိုးလင်းရဲ့ကျွမ်းကျင်မှုရောကြောင့်လွတ်ခဲ့ရတာပါ ။
အသတ်ခံအရိုက်ခံ ခဲ့တဲ့သူတွေဘက်ကို ထောင်သွင်းအကျဉ်းချခဲ့တဲ့ ကမ္ဘာကျော် သမိုင်းရိုင်းမှုကြီးပါ။
---****------------*********----------
ကဲ...ခုချိန်မှာ တောင်ပြော မြောက်ပြော..
လွယ်လွယ်နဲ့တော့ အောင်ဆန်းစုကြည် မဖြစ်လာပါဘူးနော်။
သိန်းစွန်ငှက်တွေက မြင့်ပျံပျံ နိမ့်ပျံပျံ ဘယ်တော့မှ ကျီးကန်းဖြစ် မသွားပါ။
Credit.'Utto Maha Aung Myay
Via Htun Lin Ko
No comments:
Post a Comment