Tuesday, March 28, 2023

ကျုံဒိုးတိုက်ပွဲ စစိတပ်အသေဆုံးများ။

ကျုံဒိုးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အသေအဆုံးများဟုဆို မတ် ၂၈၊ ၂၀၂၃ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် မတ်လ ၂၅၊ ၂၆ ရက်များက ဖြစ်ပွားခဲ့သော ကျုံဒိုးမြို့ပြစစ်ဆင်ရေးတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ သေဆုံးသူ ၁၅ ဦးနှင့်အထက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူလည်း များပြားခဲ့ကြောင်း Lion Battalion Commando Special Forces ဗျုဟာစစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။ ဗျူဟာမှူး ဗိုလ်အယ်စေးဝါး ဦးဆောင်သော Lion Battalion Commando Special Forces နှင့် ကရင့်တော်လှန်ရေးတပ်ဖွဲ့များ၊ အခြားသော ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းစစ်ကြောင်းများက ကျုံဒိုးရဲစခန်း၊ ဂျိုင်းတံတားနှင့် ငါးတိုင်အလယ်တန်းစာသင်ကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီ၏ ကျုံဒိုးအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၄၅/၅၄၆ တပ်များ၊ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) နှင့် ရဲများကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းသို့ တိုက်ခိုက်ခဲ့သည့် နှစ်ရက်တာအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ ၁၅ ဦးနှင့်အထက်ရှိကာ ထိခိုက်ဒဏ်ရာရသူများပြားသလို တပ်ပျက်၍ စစ်ကြောင်းလိုက် ထွက်ပြေးရမှုများ ရှိခဲ့ကြောင်း ဖော်ပြထားသော်လည်း ဧရာဝတီက သီးခြားအတည်မပြုနိုင်သေးပါ။ ပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ရဲဘော် မိုးသက်မောင်မောင် (ခ) အရှည်ကြီး၊ ရဲဘော် မျိုးမင်းလှိုင် (ခ) မျိုးကြီးနှင့် ရဲဘော် သရဲနီတို့ ၃ ဦး ကျဆုံးခဲ့ကြောင်း Lion Battalion Commando ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဓာတ်ပုံ - Lion Battalion Commando Special Forces #WhatsHappeningInMyanmar #RejectMilitaryCoup

No comments:

Post a Comment