Burma's military are one of the most burtal in the world.
Showing posts with label မြန်မာ့တပ်မတော်. Show all posts
Showing posts with label မြန်မာ့တပ်မတော်. Show all posts
Thursday, May 14, 2020
Thursday, January 2, 2020
စကားထဲအဓိပ္ပါယ်များ
#စကားထဲကအဓိပ္ပါယ်များ
-------------------------------------------------------
နိုင်ငံတကာမှာလည်း နှစ်သစ်ကူးပြီဆိုရင် နိုင်ငံ့ခေါင်းဆောင်တွေက ပြည်သူကိုမိန့်ခွန်းပြောလေ့ရှိကြပါတယ်..
ဒါပေမဲ့ ဘယ်စစ်ဦးစီးချုပ်ကမှ နိုင်ငံ့ခေါင်းဆောင်တွေလို ပြည်သူကိုတကူးတကမိန့်ခွန်းပြောတာမျိုးလုပ်ကြတာမတွေ့ရဘူး...
ဘယ်လုပ်လို့ရမလဲ သူတို့ဟာဝန်ထမ်းအဖွဲ့အစည်းတစ်ခုရဲ့ အကြီးအကဲသာဖြစ်ပြီး နိုင်ငံ့အကြီးအကဲမှမဟုတ်တာကိုး..
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နှစ်သစ်ကူးနေ့တွေမှာပဲဖြစ်စေ သာမာန်တွေ့ဆုံပွဲတွေမှာပဲဖြစ်စေ နိုင်ငံ့တော်အကြီးအကဲတစ်ယောက်လို သြဝါဒပေးနေတာကိုတွေ့ရတယ်..
ရုတ်ချည်းဆုတ်ခွာလိုက်ရင် ပြဿနာတွေရှိနိုင်တာကြောင့် ယနေ့အချိန်မှာ တပ်မတော်ကနိုင်ငံရေးမှာပါဝင်နေတဲ့အနေအထားကို မကြိုက်သော်လည်း လက်ခံနိုင်ပါသေးတယ်..
တပ်မတော်ခေါင်းဆောင်တွေကလည်း မလွှဲမရှောင်သာလို့ပါဝင်ခဲ့ရတာပါဆိုပြီး အမြဲပြောလေ့ရှိကြပါတယ်..
မလွှဲမရှောင်သာဆိုတဲ့စကားစု/အဓိပ္ပယ်ရဲ့အနောက်မှာ သိုသိုသိပ်သိပ်ဆိုတဲ့အရာက ကပ်ပါနေမှ အရှေ့နဲ့အနောက်/ စကားနဲ့လုပ်ရပ် အကျိုးအကြောင်း သစ္စာ မှန်နေမှာပါ..
ဘယ်အရာကိုမဆို ကိုယ့်စိတ်ဆန္ဒမပါဘဲ မလွှဲမရှောင်သာလို့လုပ်ရရင် (သို့မဟုတ်) လုပ်ပြီးပြီဆိုရင် တိုးတိုးတိတ်တိတ် တိတ်တိတ်ဆိတ်ဆိတ်ပဲ နေကြတာကလူ့သဘောသဘာဝပါ..
ဂုဏ်ယူနေတဲ့အနေအထား သာယာနေတဲ့အနေအထားနဲ့ လူတကာကိုလိုက်ပြ/ စည်းရုံးနေရင်တော့ သူလုပ်ခဲ့တာဟာ မလွှဲမရှောင်သာလို့မဟုတ်ဘဲ ရည်ရွယ်ချက်နဲ့တမင်လုပ်ခဲ့ကြောင်း ၊ လက်ရှိအနေအထားကို သာယာနေကြောင်းပေါ်လွင်နေပါလိမ့်မယ် ။
-----------------------
ပိုဆိုးတာက တပ်မတော်နဲ့လက်တွဲပါဆိုတဲ့စကား..
နိုင်ငံတစ်ခုဆိုတာ အိမ်တစ်လုံးလိုပါပဲ..
ပြည်သူဆိုတာကမိခင်..
အစိုးရဆိုတာက မိခင်ရွေးချယ်လိုက်တဲ့ခင်ပွန်း..
တပ်မတော်ဆိုတာက မိခင်ပြည်သူနဲ့ ဖခင်အစိုးရတို့ရဲ့ သားသမီးပါပဲ..
မိခင်ဖြစ်သူပြည်သူက အိမ်ကိုဦးစီးမဲ့ဖခင်ဖြစ်သူအစိုးရကိုရွေးချယ်တယ်..
ဖခင်ဖြစ်သူအစိုးရကအိမ်ကိုအေးချမ်းသာယာဖွံ့ဖြိုးတိုးတက်အောင်စီမံတယ်..
သားဖြစ်တဲ့တပ်မတော်က မိခင်၊ဖခင်နဲ့အိမ်ကိုတစ်ဖက်တစ်လမ်းက စောင့်ရှောက်အလုပ်အကျွေးပြုတယ်..
ဘယ်နိုင်ငံ ဘယ်အိမ်မဆိုဒီအတိုင်းပါပဲ..
ဒါဟာသဘာဝတရားပဲ..
သားဖြစ်သူကအဖေနေရာ အိမ်ထောင်ဦးစီးနေရာဝင်ယူပြီးသူ့ကိုယ်သူမိဘလိုသက်မှက်နေရင်တော့ အဲ့ဒီအိမ်က အကုန်ဒုက္ခရောက်ပြီး ငါးပါးမှောက်တော့တာပဲ...
ပြည်သူတွေကိုတပ်မတော်နဲ့လက်တွဲပါဆိုတဲ့စကားက မိသားစုစကားမဟုတ်ပဲ သူစိမ်းတစ်ယောက်ကပြောတဲ့ပုံစံမျိုးပါပဲ..
ဘယ်အိမ်ဘယ်မိသားစုမှာမဆ်ို ဘယ်သားသမီးကမှ မိဘကို လက်တွဲပါဆိုတဲ့စကားမပြောကြပါဘူး..
စောင့်ရှောက်ပါ့မယ်လို့ပဲပြောကြတာပါ..
လက်တွဲပါဆိုတဲ့စကားက မိသားစုဝင်အချင်းချင်းပြောလေ့ရှိတဲ့စကားမဟုတ်ဘဲ သူစိမ်းတစ်ယောက်ကပြောတဲ့ စကားပါပဲ..
သားသမီးကမိဘကိုပြောလေ့ရှိတဲ့စကားမျိုးလည်းမဟုတ်ပါဘူး..
ဒါကြောင့်မို့မြင်တွေ့နေရတာတွေဟာ..
၁။ မလွှဲမရှောင်သာလို့တာဝန်ယူရတာမျိုးမဟုတ်ပဲ နိင်ငံရေးမှာတာဝန်ယူထားတာကို ကိုယ့်နေရာတစ်ခုလို သာယာနေတဲ့ပုံစံမျိုး ဖြစ်နေပါတယ်..
၂။ ပြည်သူကိုမိခင် အစိုးရကိုဖခင်အဖြစ်သက်မှက်ပြီး သားသမီးတစ်ယောက်လိုခံယူစိတ်ထားနေတာမျိုးမဟုတ်ဘဲ သားဖြစ်သူကသူ့ကိုယ်သူမိဘအဖြစ်သက်မှက်ပြီး မိဘနှစ်ပါးကိုသူ့သားသမီးလိုသဘောထားနေတဲ့ပုံစံဖြစ်နေပါတယ်..
၃။ မိသားစုတွေကြားမှာပြောလေ့မရှိကြတဲ့ "လက်တွဲပါဆိုတဲ့"စကားအသုံးအနှုန်းက ပြည်သူကိုမိဘလိုသဘောမထားပဲ သူစိမ်းတစ်ယောက်လိုပဲသဘောထားနေသလိုမြင်မိပါတယ်..
ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်ရဲ့ ခံယူချက် ၊ပြောစကားနဲ့ အပြုအမူတွေဟာ တပ်မတော်တစ်ရပ်လုံးအပေါ်မှာ အကောင်း/အဆိုးသက်ရောက်သွားစေတာကြောင့် မဖြစ်သင့်ဘူးလို့မြင်မိတဲ့အရာများကို မြန်မာ့တပ်မတော်တစ်ရပ်လုံးအတွက်ထောက်ပြခြင်းပါပဲ..
မလွှဲမရှောင်သာလို့ စေတနာနဲ့တာဝန်ယူထားရတာမျိုးပဲဖြစ်စေချင်ပါတယ်..
မလွှဲမရှောင်သာလို့စေတနာနဲ့တာဝန်ယူထားမျိုးမဟုတ်တော့ပဲ ဒီနေရာကိုသာယာနေတာမျိုး ၊
မိဘဖြစ်သူကိုသားသမီးလိုသဘောထားပြီးသားသမီးဖြစ်သူက အိမ်ဦးခန်းမှာထိုင်ပြီး မိဘလုပ်နေတာမျိုးဆိုရင်တော့ ဒီအိမ်က
- ငရဲဒုက္ခမျိုးစုံနဲ့ အမြဲငါးပါးမှောက်နေရတဲ့အိမ်ပဲ အမြဲဖြစ်နေရပါလိမ့်ဦးမယ်..
N Kham Aung
ZN.H 🇦🇺ပဲ အမြဲဖြစ်နေရပါလိမ့်ဦးမယ်..
N Kham Aung
Saturday, December 14, 2019
Friday, December 13, 2019
Monday, November 18, 2019
ကမ္ဘာ့အောက်တန်းကျဆုံးတပ်မတော်
ဘယ် နိုင်ငံက တပ်မတော်မှ...
သူပုန်ကို နိုင်အောင်မတိုက်နိုင်ဘူးဆိုတာ မရှိဘူး။
ဘယ် နိုင်ငံက တပ်မတော်မှ...
စကားကို ဗလောင်းဗလဲ မပြောဘူး။
ဘယ် နိုင်ငံက တပ်မတော်မှ...
ပြည်သူကို ကန့်လန့်တိုက်ပြီး စောက်ကျင့်မယုတ်ဘူး။
ဘယ် နိုင်ငံက တပ်မတော်မှ...
လွှတ်တော်ထဲ သွားထိုင်ပြီး စောက်ခွက်မပြောင်ဘူး။
ဘယ် နိုင်ငံက တပ်မတော်မှ...
မိန်းမလို မိန်းမယ စိတ်နဲ့
ပြည်သူကိုတရားလိုက်မစွဲဘူး။
ဘယ် နိုင်ငံက တပ်မတော်မှ...
အမျိုးသမီးတစ်ယောက်ကို ကြောက်ပီး
စောက်ခွက်ပြောင်ပြောင် အောက်တန်းကျကျ
ယုတ်မာကောက်ကျစ်ဖို့ မကြံစည် ဘူး။
ဘယ်နိုင်ငံက တပ်မတော်မှ....
နိုင်ငံနဲ့ပြည်သူတွေ ဆင်းရဲသွားတဲ့အထိ မခိုးဘူး။
ဘယ်နိုင်ငံက တပ်မတော်မှ...
ပြည်သူတင်ထားတဲ့အစိုးရနဲ့ စင်ပြိုင်မထောင်ဘူး။
ဘယ်နိုင်ငံက တပ်မတော် မှ...
စောက် ဖင် မယားဘူး။
လေကြီး ဖင်ကျယ် မလုပ်ဘူး...
မပြောဘူး.... မအာဘူး....။
ဘယ် နိုင် ငံ က တပ်မတော်မှ ...
မလုပ်ခဲ့တဲ့နေရာ မလုပ်ခဲ့တဲ့အရာ အားလုံးကို。。
လုပ်နေတဲ့ တပ်မတော်ဂျီးကတော့。。。。
ဖွတ်ထွက်ထားမှတော့ တောင်ပို့ကြီးမှန်းသိနေပြီမို့
ပြောစရာ လိုမည် မထင်။
Crd
( သံပါးစပ် )
…..................................
Wednesday, October 23, 2019
စစ်အာဏာရှင်များ အမြန်ဆုံးကျဆုံးပါစေ။
ပါးပါးလေးပုတ်တယ်လို့လဲမထင်ပါနဲ့ ..
ထူထူကြီးပစ်တယ်လို့လဲမမြင်ပါနဲ့ ....
ပီးခဲ့တဲ့အပတ်ကပဲ ကိုယ်တွေဆီမှာစစ်ပွဲတွေကြောင့်ရော၊ တပ်နဲ့ပြည်သူကွဲနေတာကြောင့်ရော၊ အာဏာရူးတွေကြောင့်ရောတိုင်းပြည်နောက်ကျကျန်နေခဲ့ပီဆိုတာရယ်၊ သူများတိုင်းပြည်တွေရှေ့ရောက်နေကြပြီး မြန်မာတွေအတော်များများ ပြည်ပတွေထွက်ဆေးကုတာ၊ စျေးဝယ်တာ၊ အပန်းဖြေတာတွေလုပ်နေကြလို့ ကိုယ်တွေတိုင်းပြည်ရဲ့ငွေတွေ သူများတိုင်းပြည်ထဲအများကြီးစိမ့်ဝင်နေတယ်ဆိုတာရေးခဲ့တယ် ....
ကိုယ်လဲ အခု အမျိုးသမီးရဲ့အမေ operation လေးတခုရှိလို့ ထိုင်းက Bumrumgrat ဆေးရုံရောက်နေတယ် ... Operation လုပ်ရမှာဆိုတော့ အနည်းဆုံးဒေါ်လာ ၃၀၀၀၀ လောက်ကုန်ကျမယ်လို့ဆိုတယ် ... ရောဂါထပ်တွေ့လို့ကုရရင်ပိုမယ်ပေါ့ ...
ဟိုအရင်တနှစ်တခါကိုယ်တိုင်ဆေးလာလာစစ်တုန်းကထဲက ဒီဆေးရုံရောက်တိုင်း မြန်မာလူနာတွေပိုပိုများလာတာတွေ့ရတော့ သူများဆီရောက်သွားတဲ့ ဒို့တိုင်းပြည်ပိုက်ဆံတွေကိုနှမြောမိတယ် ...
ဒီတခေါက်လဲ ကိုယ့်ဟာကို စိတ်ထဲမှာထင်သလို တရက်ကိုလူနာ ၁၀၀ လောက်လာပြရင်ဆိုတာနဲ့စိတ်ထဲမှာတွက်နေခဲ့မိတယ် ....
ဘယ်ဟုတ်မလဲ သေချာပြန်မေးကြည့်မှ တရက်ပျမ်းမျှ Outpatient လာကုတာ ၃၀၀ လောက်ရှိပြီး အတွင်းလူနာ ၁၅-၂၀ လောက်ရှိကြောင်းသိရတော့အံ့သြမိတယ် ...
တချို့ဆိုရင် ရောဂါပေါ်မူတည်ပြီးလချီကြာတာရှိသလို တနှစ်ကျော်တာတောင်ရှိတယ်ဆိုပါလား ...
မြန်မာဘာသာပြန်တွေ ၂၅ ယောက်လောက်ရှိတာမှာ တရက် ၂၀ လောက်အလုပ်ဆင်းပေမဲ့အခုမလောက်လို့ထပ်ခေါ်ရမယ်လို့သိရတယ်.,,
တနှစ်ထက်တနှစ်တိုးပြီးလာပြကြတယ်လို့ဆိုတယ် ..
အခုဆို မန္တလေး-ဘန်ကောက်လဲတိုက်ရိုက်ဖလိုက်တွေရှိတော့ မန္တလေးဘက်ကလဲသွားကုဖို့လွယ်နေပြီ ..
လက်ရှိဟာကိုပဲအကြမ်းဖျင်းပဲတွက်ကြည့်ရအောင် ..
Outpatient ၃၀၀ မှာ ဘာစစ် ညာစစ်ဆရာဝန်ပြဆိုတော့ အနည်းဆုံး ဘတ် ၈၀၀၀ လောက်ကနေ ၂-၃၀၀၀၀ ထိကုန်ကျတယ်.,,
ပျမ်းမျှ တယောက် ဘတ် ၁၀၀၀၀ ပဲကုန်တယ်လို့တွက်ကြည့်ရင် အယောက် ၃၀၀
၁၀၀၀၀ * ၃၀၀ = ၃၀၀၀၀၀၀ ဘတ်
၁ ဒေါ်လာ ကို ၃၀ ဘတ်နဲ့အကြမ်းဖျဉ်းလိုက်ရင် တရက်ကို $ ၁ သိန်း
တလဆိုတော့ ၃ မီလျံ
တနှစ် ၃၆ မီလျံ
အဲဒါ ဆေးရုံတက်အတွင်းလူနာဖိုးတွေမပါ.,
နှစ်ရှည်ကုတဲ့လူနာတွေမပါသေးဘူး ...
လူနာလာပြတဲ့အချိန်တည်းတာကလဲ တရက် $ ၅၀ - ၁၀၀ ရှိတယ်ဆိုတော့ပျမ်းမျှ $ ၇၀ နဲ့ပဲတွက်
တရက္ကို $ ၇၀ * ၃၀၀ = ၂၁,၀၀၀ $
တလဆိုတော့ ၆ သိန်းကျော်
တနှစ်ကို 7.2 million USd
ဒါဟာကျန်းမာရေးဝန်ဆောင်တာလေးပဲတွက်ပြတာပါ ..
စျေးဝယ်ထွက်၊ အပန်းဖြေသွားတာတွေဆိုလဲတနှစ်ထက်တနှစ်တိုးလာကြတာဆိုတော့ တိုင်းပြည်ပိုက်ဆံတွေဘယ်လောက်တောင်ထွက်နေပြီလဲဆိုတာ စဉ်းစားကြစေလိုပါတယ် ...
ဒါဆိုဘာလို့သွားကုကြလဲလို့ဆိုရင်တော့ ကိုယ့်မိဘမောင်ဘွားတွေ ကျန်းမာရေးပြဿနာတွေရှိတဲ့အချိန်သိပါလိမ့်မယ် ...
သွားကုသူတွေမှာအပြစ်မရှိ ..
လက်ရှိကျန်းမာရေးဝန်ဆောင်နေကြတဲ့ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်စတဲ့သူတွေလဲ အပြစ်မရှိ ..
ခေတ်စနစ်ဆိုးကြီးတခုအောက်မှာ အရာရာပျက်ယွင်းလာကြတာပါ ...
တကယ့်ပြဿနာရဲ့ရင်းမြစ်ဘာလဲဆိုတာ အမှောင်မဖုံးပဲမြင်အောင်ကြည့်စေချင်ပါတယ်..,
ဦးနုလက်ထက် ၁၉၆၂ အထိအရှေ့တောင်အာရှမှာ အကောင်းဆုံးလေဆိပ်၊ ရေဆိပ်ရှိတာ၊ ရန်ကုန်ကတက္ကသိုလ်လာတက်ရတာ၊ ရန်ကုန်ဆေးရုံကြီးဆေးလာကုရတာ၊ Shopping လာလုပ်ရတာတွေဟာ ကျွန်တော်တို့ခေတ်နဲ့ဒီခေတ်ကလေးတွေအတွက်ပုံပြင်အလား ..
တပ်မတော်သိမ်းပီးနောက်ပိုင်းကျွန်တော်တို့နိုင်ငံကရပ်တန့်သွားပီး ပညာရေး၊ ကျန်းမာရေး၊ စီးပွါးရေးတွေဟာပိုလို့ဆုတ်ယုတ်လာပေမဲ့ အခြားအရှေ့တောင်အာရှတွေကတိုးတက်လာတဲ့အခါ အခုဘိတ်ဆုံးအခြေအနေရောက်ရှိလို့နေလေရဲ့ ...
ဒါတောင်အခုအချိန်ထိ အမှန်မြင်ပီးပြင်မယ်မရှိကြ၊ တိုင်းပြည်ကနေမသမာတဲ့ပိုက်ဆံတွေနဲ့ ချမ်းသာနေကြပြီး အာဏာရှင်အစိုးရကိုပြန်တည်ဆောက်ချင်နေသူတွေ၊ အားပေးနေသူတွေကိုတခုလောက်ပဲပြောချင်တယ်..,
ကိုယ့်မိဘ၊ သားသမီးမောင်ဖွါးတွေ ကျန်းမာရေးတခုခုဖြစ်ရင် ကျွန်တော်တို့လိုပဲအခြားတိုင်းပြည်ပြေးကြရတာပဲမဟုတ်ပါလား ?
အဲ့ဒီအချိန်မှာကော ငါတို့တိုင်းပြည်စုတ်ပြတ်သွားလို့ ငါတို့သူများဆီလာကုရတယ် .. ငါတို့ပိုက်ဆံဟာတိုင်းပြည်ပိုက်ဆံပဲ .,, ဒို့တိုင်းပြည်ရဲ့ငွေတွေသူတို့တိုင်းပြည်တွေရောက်ကုန်ပါလားလို့ တစက်ကလေးတောင်တွေးမိကြရဲ့လား ??
အဲ့လောက်လေးမှမတွေးမိရင်တော့ တိုင်းပြည်ချစ်တယ်၊ အမျိုးချစ်တယ်လို့မအော်စေချင်ပါ ...
ဒါဟာကျန်းမာရေးတခုပဲပြောတာပါ ...
တိုင်းပြည်သာဖွံ့ဖြိုးတိုးတက်ရင် ဟိုအရင်လိုသူများတိုင်းပြည်တွေက ကျောင်းလာမတက်၊ ဆေးလာမကု၊ စျေးလာမဝယ်ရင်တောင် ကိုယ့်ပြည်သူတွေအပြင်ထွက်စရာမလိုတော့ တိုင်းပြည်ပိုက်ဆံ တိုင်းပြည်တွင်းမှာပဲလည်ပတ်တာပေါ့ ..
ဦးနုခေတ်ကတိုးတက်မှု့ဟာ စစ်အာဏာရှင်လက်ထက်မှာသေခဲ့တယ် ....
စစ်အာဏာရှင်လက်ထက်ကဆုတ်ယုတ်ခဲ့မှု့ကို ကျွန်တော်တို့ကစစ်အာဏာရှင်ပြန်လည်အုပ်ချုပ်ခွင့်မရအောင်ပြုလုပ်ခြင်းအားဖြင့် ဆယ်ယူကြရမယ်...
စစ်အာဏာရှင်ခေတ်မှာ အောက်ခြေစစ်သား၊ စစ်ဗိုလ်တွေချမ်းသာသွားကြတာမရှိပါဘူး .. နီးစပ်ရာသာအဆင်ပြေကြတာပါ .....
စစ်အာဏာရှင်ရှည်လျားစွာအုပ်ချုပ်ခဲ့ပေမဲ့ စစ်လက်နက်ပစ္စည်းတွေ၊ စစ်ရေယာဉ်၊ စစ်လေယာဉ်တွေ အရမ်းကောင်းမွန်သာလွန်ပြီးတောင့်တင်းတဲ့ စစ်တပ်ကြီးရယ်လို့ဖြစ်မလာခဲ့ပဲ ထိပ်ပိုင်းအာဏာရှိသူတွေနဲ့အပေါင်းအပါတွေသာချမ်းသာခဲ့ကြတယ် ..
နိုင်ငံရေးအကြောင်းရေးချင်လို့တော့မဟုတ်ပါဘူး ..
ဒါပေမဲ့ လက်တကမ်းလေးပဲကြည့်တတ်ကြသူတွေ အမြင်လေးများတည့်လာမလားလို့ ဒီဘန်ကောက်ကဆေးရုံမှာထိုင်နေရင်းမြင်တာ သိတာလေးကိုအခြေခံပြီးရေးမိလိုက်တာပါ ..
ပါးပါးလေးပုတ်တယ်လို့လဲမထင်ပါနဲ့ ..
ထူ
ထူကြီးပစ်တယ်လို့လဲမမြင်ပါနဲ့ ....
ထွန်းထွန်းဝင်း
18.5.2018

Subscribe to:
Posts (Atom)