Showing posts with label မြန်မာသမိုင်း. Show all posts
Showing posts with label မြန်မာသမိုင်း. Show all posts

Saturday, January 25, 2020

မြန်မာ့သမိုင်းမှာရုပ်ဆိုးအကျဉ်းတန်ခဲ့သော စစ်အာဏာရှင်တို့၏လုပ်ကျန်မူ ဒီပဲယင်း။


မမေ့အပ်သောနေ့တနေ့
အမှတ်တယရှိစေဖို့
ပြန်လည်ဝေမျှပါသည်...

*******
"ကောင်မ'တွေ ပင်နီအကျီင်္ချွတ်"
"ထဘီရင်လျား"
"ဟိုကောင် ! ဝမ်းလျားမှောက်"
"ကောင်မ'တွေ မရှက်ဘူးလား ?
ပြည်ပအားကို ပုဆိန်ရိုးမ'တွေ!!

"အိမ်ရှင်တို့!! အိမ်ရှင်တို့ !!
ပေါက်ပြားခဏလောက်!!
ပေါက်ပြားခဏလောက် "

"နက်နက်တူး!! နက်နက်တူး"

ဒါကတော့ 'ဒီပဲယင်းရောက်ခါနီး ကျည်ရွာ(ကျီစုရွာ)အလွန်
ညအမှောင်ထဲက
ညည်းသံတွေကြားထဲမှာ
ဆက်တိုက်ကြားနေရတဲ့
စကားသံတွေပါပဲ။

၂၀၀၃ ခုနှစ် မေလ ၃၀ရက်။
ည ၈ နာရီခန့်အချိန်။
ပတ်ဝန်းကျင်က မှောင်နဲ့မည်းမည်း။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းနဲ့ပါလာသူတွေကို
ဒီပဲယင်းအနီး
ကျည်ရွာ(ကျည်စုရွာ)အလွန် ကားလမ်းမတစ်နေရာမှာ
အမည်မသိ လူရမ်းကားအုပ်စုကြီးက
ဝိုင်းဝန်းတိုက်ခိုက်ရိုက်နှက်ကြရင်း
အခုလို ပြောဆိုနေကြတာ
ဖြစ်ပါတယ်။

"ဓာတ်ပုံလာရိုက်ကြတာကို
တဖျတ်ဖျတ် မီးလင်းတော့သိရတယ်။
ကျွန်မကားရဲ့ဘေးမှာကို
အလောင်း ၃၀ လောက်ရှိနေတယ်"လို့
ဒေါ်ဝင်းမြမြ(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊မန္တလေးတိုင်းရဲ့ ဒုဥက္ကဌ)က
ဒီပဲယင်းည
ကိုယ်တွေ့အဖြစ်အပျက်အကြောင်း
သူ့ဆောင်းပါး(စာ -၂၁၉)မှာ ရေးထားပါတယ်။

နောက်တော့
"တပ်ဖွဲ့ -၁၊တပ်ဖွဲ့ -၂၊
တပ်ဖွဲ့ -၃"ဆိုပြီး
အချက်ပေးခေါ်သံ။
ကားတွေပေါ်ကို
အဖွဲ့လိုက် "တဝုန်း....ဝုန်း"နဲ့ ပြေးတက်သွားကြတဲ့အသံ။
ကားထဲကနေ
"မီးတွေငြိမ်း၊မီးတွေငြိမ်း"ဆိုတဲ့အသံ။

ဒီအသံတွေအရ
အကြမ်းဖက်လူအုပ်စုကြီး
ပြန်ရုတ်သိမ်းသွားကြပုံပါပဲလို့
ဒေါ်ဝင်းမြမြက သူ့ကိုယ်တွေ့ဆောင်းပါး(စာ -၂၂၀)မှာ ပြန်ပြောင်းပြောပြထားပါတယ်။

ခရီးစဉ်လမ်းကြောင်းကို ပြန်ကြည့်ရင်
မေ ၃၀ ရက်မနက် ၁၀ နာရီမှာ
မုံရွာကစထွက်။
၁၁ နာရီနဲ့ ၁၂ နာရီကြား ဘုတလင်ဝင်။
ဘုတလင်ကနေ ၅ နာရီပြန်ထွက်ပြီး
စိုင်ပြင်ကြီးကို
ညနေ ၆ နာရီရောက်တယ်။

စိုင်ပြင်ကြီးကနေ စထွက်ရော
ထောက်လှမ်းရေးကား
ပါမလာတော့ဘူး။
လူအုပ်ခံသွားလို့ကျန်နေရစ်တာဆိုပြီး
ထောက်လှမ်းရေးက အကြောင်းပြပါတယ်။

ဖုန်းလိုင်းအဆက်အသွယ်
ပြတ်တောက်သွားခဲ့တာလည်း
ဘုတလင်မှာ ကတည်းကပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းရဲ့
အနောက်ဖက်၂ ဖာလုံလောက်
အကွာအဝေးကနေ
ကား ၁၀ စီးပါ ကားတန်းရှည်ကြီးက
မီးဖွင့်မောင်းပြီးလိုက်လာတာ
သတိထားမိတယ်။

ပြောရရင်
အခု ခရီးစဉ်မတိုင်မီကတည်းက
စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာနဲ့
စဉ့်ကူးမြို့မှာရှိတဲ့ အထကကျောင်းတွေထဲ
"ပျူစောထီးတပ်"လို့အမည်တပ်ပြီး
ဝါရင်းတုတ် သင်တန်းတွေပေးနေကြောင်း၊
ရွှေလုပ်ငန်းလုပ်တဲ့ကုမ္ပဏီက
လက်လုပ်လက်စား အလုပ်သမားတွေကို
အရက်တိုက် ပိုက်ဆံပေးပြီး
ခေါ်ယူထားကြောင်း
စဉ့်ကူးမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
တာဝန်ရှိသူတွေ ဖြစ်တဲ့
ဦးစိန်ထွန်း၊ဦးမာဃ၊ဦးစန်းဦးမောင်၊
ဦးစန်းဝင်းဦး၊ဦးမောင်မောင်ဝင်းတို့က
ကြိုတင် သတင်းပို့ထားတာလည်းရှိပါတယ်။

"၂၀၀၃ မေလ ၂၉ ရက်
မြင်းမူမှာကတည်းက
ရိမ်းဂျားမှန်လုံ၊ဒိုင်နာ
၄- ၅ စီးနဲ့အတူ
သန်သန်မာမာ
လူငယ်လူလတ်ပိုင်းချည်းပါတဲ့
အင်အား ၃၀၀ ခန့်ပါ
လူအုပ်ကို သတိထားမိတယ်။
သူတို့ထဲ အမျိုးသမီးတစ်ယောက်မှ မပါဘဲ
အားလုံးရဲ့ လက်ကောက်ဝတ်မှာ
တစ်လက်မပြားအရွယ်
ပိတ်ဖြူစတွေ ချည်ထားကြတယ်"လို့
ဒေါ်ဝင်းမြမြက(စာ -၂၁၄)မှာ ရေးထားပါတယ်။

ကျည်ရွာ(ကျီစုရွာ)ကနေ
လွန်လာတော့
ညနေ ၆ နာရီခွဲ ၇ နာရီလောက်ရှိနေပြီ။

လမ်းတစ်နေရာရောက်တော့
လက်ကောက်ဝတ်တွေမှာ
ပိတ်ဖြူစ ကြိုးချည်ပြီး
အမှတ်အသား လုပ်ထားတဲ့
ဘုန်းကြီး၂ ပါးက
ဒေါ်အောင်ဆန်းကြည်ကားကို
ရပ်ခိုင်းပြီးမိန့်ခွန်းပြောဖို့
တောင်းဆိုတဲ့အခါလိုက်လျောမပေးဘဲ
ဆက်သွားခဲ့တယ်။

ယာဉ်တန်းနောက်ဖက်
ခပ်လှမ်းလှမ်းမှာ
ချက်ချင်းပြန်မသွားကြသေးဘဲ
"ဒေါ်အောင်ဆန်းကြည်ကျန်းမာပါစေ"လို့ထောက်ခံကြွေးကြော်ရင်းနဲ့
ကျည်ရွာသားတွေ
ကျန်နေရစ်ခဲ့ကြတာ။

အဲဒီကျည်ရွာသားတွေကို
နောက်က လိုက်လာတဲ့
ကားတန်းနဲ့လူမိုက်တွေက
စတင်ရိုက်နှက်ကြတာပါ။

ယာဉ်တန်းနောက်ဆုံးကနေ
ရုတ်ရုတ်သဲသဲအော်ဟစ်သံတွေ၊ရိုက်သံနှက်သံတွေကြားရတာမို့
ယာဉ်တန်းကိုရပ်တန့်ပြီး
အခြေအနေစုံစမ်းစေပါတယ်။
အမျိုးသားဒီမိုကရေစီချုပ်
လူငယ်ခေါင်းဆောင်
ဦးတင်ထွဋ်ဦး(ယခုမန္တလေးတိုင်း
NLD ဥက္ကဌ)က
သွားရောက်စစ်ဆေးရတယ်။

ကားမီးရောင်တွေအောက်မှာ
လူအုပ်ကြီးက
နှစ်တစ်လက္မ သစ်သားချောင်းတွေ၊
ဝါးဆစ်ပိတ် တုတ်တွေနဲ့
အော်ဟစ်ရိုက်နှက်ရင်းတက်လာတာ
တွေ့ရတယ်။

အန္တရာယ်များတဲ့အခြေအနေမို့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ကား
ဖောက်ထွက်မှ ဖြစ်မယ်လို့
အမြန်ဆုံးဖြတ်ကြပြီး
ယာဉ်မောင်း ကိုကျော်စိုးလင်းက
ကားလမ်းဘေးဖဲ့ဆင်းလို့
လှည်းလမ်းကြောင်းအတိုင်း
လူအုပ်ကိုရှောင်တိမ်းပြီး
ဖြတ်မောင်းထွက်နိုင်ခဲ့တယ်။

ရေဦးဂိတ်ရောက်တော့မှသာ
ဒေါ်အောင်ဆန်းစုကြည်
အဖမ်းခံရတာပါ။

"အော်ရင်း၊ရိုက်ရင်းတက်လာတဲ့
လူအုပ်ကြီးရဲ့ရှေ့ဆုံးမှာက လက်ပတ်ပတ်ပြီး၊တုတ်တွေကိုင်ထားတဲ့ဘုန်းကြီးတွေ
အယောက် ၃၀၊၄၀ လောက်ရှိမယ်"လို့
ဦးမျိုးနိုင် - မန္တလေး(ယခု NLD လွှတ်တော်အမတ်)က ပြောပါတယ်။

မောင်းထွက်လာတဲ့
အန်ကယ်ဦးတင်ဦးတို့ကားနဲ့
ဦးတင်ထွဋ်ဦးတို့
လူငယ်အဖွဲ့ကားကတော့
ဒီပဲယင်းအဝင်၊တံတားအလွန်လမ်းပေါ်
ဒိုင်နာကားသုံးစင်း ဖိုခနောက်ဆိုင် ပိတ်ထားတာနဲ့
တည့်တည့်သွားတိုးနေတယ်။

ရှေ့ဆက်သွားဖို့ မဖြစ်တော့လို့
ညာဖက် လှည်းလမ်းအတိုင်း
ဆင်းမောင်းပြီး
ရိုးပြတ်ထဲကွေ့ချလိုက်တဲ့အခါ
သဲနစ်ထိုးရပ်သွားတယ်။

အဲ့ဒီနေရာက လှမ်းကြည့်ရင်
"ကျည်ရွာ"ဖက်ကမီးတောက်ကြီးတွေ
မြင်နေရသလို၊
ရိုက်နှက်အော်ဟစ်သံတွေကိုပါ
ကြားနေရတယ်။

အန်ကယ်ဦးတင်ဦးတို့ကတော့
ဒီပဲယင်းဖက်ကို
ခြေကျင်လျှောက်သွားကြတယ်။

အဖွဲ့ထဲပါလာသူ ကိုတိုးလွင်က
ဦးခေါင်းဟက်တက်ကွဲနေတာမို့
ကားဒီဇယ်ဆီတွေကို
ဒဏ်ရာထဲထည့်သိပ်ပြီး
ပတ်တီးစည်းပေးရသေးတာ။

ပြီးတော့
တစ်ဖွဲ့က သတင်းပို့နိုင်ဖို့
လွတ်အောင်ဖောက်ထွက်။
နောက်တစ်ဖွဲ့က အာဏာပိုင်နဲ့တွေ့
သွားရောက်ရင်ဆိုင်။
စသဖြင့်အစီအစဉ်ဆွဲပြီးလူခွဲကြတယ်။

ခပ်လှမ်းလှမ်း
ဆည်မြောင်းဘိုတဲရုံးရှေ့မှာက
ဓား၊လှံ၊တုတ်တွေကိုင်ဆောင်ရင်း
အသင့်စောင့်နေတဲ့လူအုပ်ကြီး။

ဖြတ်မောင်းတဲ့ ကားတိုင်းကို
"တဟေး....ဟေး"အော်သံပေးရင်း
ဒုတ်တွေ၊လှံတွေ၊ခဲတွေနဲ့
ပစ်ခတ်နေကြတယ်။

လမ်းဘယ်ဖက်ခြမ်းလှည်းလမ်းအတိုင်း
လူအုပ်ကိုကျော်ဖြတ်မောင်းသွားတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့
ကားကိုတောင်
ဒီလူအုပ်ဆီက ပစ်တဲ့ခဲမှန်ပြီး
မွန္ကြဲစထိလို့
ဒေါ်အောင်ဆန်းစုကြည်
နည်းနည်းထိခိုက်သွားသေးတယ်။

ခရီးလမ်းကြောင်းရှေ့ပြေးအနေနဲ့ ကြိုတင်လွှတ်ထားတဲ့
လူငယ်၄ -၅ ယောက်ကိုလည်း
ဆည်မြောင်းဗိုလ်တဲထဲမှာတင်
ဖမ်းဆီးထားတာပါ။

ဒေါ်ဝင်းမြမြနဲ့
ဦးရဲ့မြင့်အောင်(မန္တလေး
အရှေ့မြောက်မြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ)
လိုက်ပါလာတဲ့ဒိုင်နာကားလည်း
အတင်းမောင်းထွက်လာလိုက်တာ
ကားလမ်းဘေးတစ်နေရာရောက်တော့
ဦးခေါင်းမော့ကိုမော့၊
လက်၂ ဖက် နောက်ပစ်၊
ခြေ၂ ဖက် ကားပြီးရပ်နေတဲ့
လူအယောက် ၄၀-၅၀ လောက်က
"ချဟေ့!!ချဟေ့!!"ဆိုပြီး
ကျောက်ခဲတုံးတွေနဲ့
"တဝုန်းဝုန်း"ပစ်ပေါက်ကြရာမှာ
အစိပ်စိပ်ကွဲကြေသွားတဲ့
ကားမှန်တွေက
ဒေါ်ဝင်းမြမြတစ်ကိုယ်လုံးအနှံ
စူးစိုက်ဝင်ကုန်ပါတယ်။

အခြားလမ်းဘေးတစ်နေရာ
ရောက်ပြန်တော့ စောနကလို
လက်နောက်ပြန်ပစ်ပြီး ရပ်နေတဲ့
နောက်ထပ် လူ၄၀ - ၅၀ လောက်က
"ချဟေ့!!ချဟေ့!!"လို့ ညာသံပေးရင်း
နှစ်တစ်လက္မချောင်းတွေနဲ့
ဝိုင်းရိုက်ကြပြန်တယ်။

နောက်ထပ်တစ်နေရာမှာ
တွေ့ရတဲ့လူအုပ်ကတော့
ကာကီရောင်စွမ်းအားရှင်
ယူနီဖောင်းတွေဝတ်ပြီး
ဒိုင်းတွေ၊တုတ်တွေ ကိုယ်စီကိုင်လို့။

ဒီလူအုပ်ကိုရှောင်မောင်းရင်း
ဒေါ်ဝင်းမြမြတို့ကားက
စိုက်ပျိုရေးရုံးရှေ့ကသစ်ပင်ကြီးကို
တိုက်မိတယ်။

နောက်အနည်းငယ်ကြာတော့
ညမှောင်မှောင်မည်းမည်းထဲမှာ
အခြားကားတစ်စီးဖြတ်သွားပြီး
ဒီကားက ဒေါ်အောင်ဆန်းစုကြည်ပါတဲ့
ကားဆိုတာသိလိုက်တယ်။

"ကုလားမရဲ့ကားသွားပြီ !!
ကုလားမ"ပါသလား? "လို့
စကားပြောစက်နဲ့
သတင်းလှမ်းပို့သံရယ်၊
"ကုလားမပါသွားတယ်"ဆိုပြီး
စကားပြန်တာကြားရတယ်။

နောက်ထပ်ကြားရတာက "လမ်းမပေါ်မှာ
ဦးတင်ဦးလမ်းလျှောက်လာနေတယ်။
စကားသွားပြောချည်ပါ"ဆိုတဲ့
စက်နဲ့ပြောတဲ့အသံ။

ကုက္ကိုပင်ကြီးတွေပေါ်မှာ
ဟယ်လင်မီးတွေဆင်ပြီး
ဘယ်အဖွဲ့က ဘယ်မှာနေရာယူ၊
ဘာလုပ် စသဖြင့် စပီကာနဲ့
အမိန့်တွေပေးနေတယ်။

"တဟေး...ဟေး..."အော်သံ၊
သေနတ်ဖောက်သံ"တွေ
ဆူညံပွက်လောရိုက်လို့။

အမှန်က ယာဉ်တန်းနောက်ကနေ
လူအုပ်နဲ့တဗြုန်းဗြုန်းရိုက်နှက်။
ရှေ့နားမှာ နောက်ထပ်လူအုပ်က
အသေအချာပြင်ဆင်ပြီးစောင့်နေ။
သတ်ကွင်းထဲသွင်းကာ
နှစ်ဖက်ညပ်ပိတ် အပျောက်ရှင်း။
သေသေချာချာကို
ဗျူဟာကျကျ ပြင်ဆင်ထားကြတာပါ။

ဒါပေမဲ့"ကျည်ရွာ" အလွန်မှာ စပြီးရိုက်နှက်လိုက်တဲ့အခါ
ယာဉ်တန်းပါ လူအများစုက
လယ်ကွင်းနဲ့ လှည်းလမ်းတွေဆီ ဖဲ့ဆင်းပြီး
တိမ်းရှောင်ထွက်ပြေးကြတာမို့
ရှေ့မှာစောင့်နေတဲ့သတ်ကွင်းထဲ
တည့်တည့်ဝင်တိုးမိတဲ့သူ
သိပ်မများတော့တာကပဲ
ကံကောင်းသွားတယ်လို့ ဆိုရမယ်။

ဘယ်လိုပဲဖြစ်ဖြစ်
အခြေအနေက တကယ်ကို
ကမ္ဘာပျက်နေတဲ့အတိုင်းပါပဲ။
နောက်ထပ်ဘာသံမှ မကြားရတော့ဘဲ
အချိန်အတော်ကြာသွားပြီးနောက်
"စိတ်မကောင်းလိုက်တာဗျာ !!
စိတ်မကောင်းလိုက်တာဗျာ !! "ဆိုတဲ့အသံ။
"အမကြီး ဘုရားစာဖတ်နေပါ"ဆိုပြီး
ပြောသံကြားရတယ်။

"ဒီလိုပြောတဲ့သူက ကယ်ဆယ်ရေးအဖွဲ့နဲ့အတူ
ရောက်လာတဲ့
စစ်ကိုင်းသာသနာရေးက
ဗိုလ်မှူးတစ်ယောက်ပါ"လို့
ဒေါ်ဝင်းမြမြက ရေးထားပါတယ်။
(စာ -၂၁၉)

ဆက်ပြီးတော့ " ဒီမှာတစ်လောင်း။
ဟောဒီမှာတစ်လောင်း။
ဒါက အသက်မရှိတော့တဲ့သူ။
ဒါက အသက်ရှိသေးတယ်။
မေ့မျောနေတာ"စသဖြင့်
ရိုက်နှက်ပြီးထားခဲ့သူတွေကို
ရှင်းလင်းနေတာကြားရတယ်"လို့
ဒေါ်ဝင်းမြမြက ဆိုပါတယ်။
(စာ -၂၂၀)

အခင်းဖြစ်တဲ့ညမှာ
ဒေါ်တင်မြင့်(NLD မန္တလေးတိုင်းအမျိုးသမီး)၊ဒေါ်ကြည်ကြည်မြင့်(NLDအနောက်တောင်မြို့နယ်)နဲ့ဦးလှမြင့်(NLD အမရပူရမြို့နယ်ဥက္ကဌ)၊
ကိုအောင်ဇော်လေး(အမရပူရမြို့နယ်
လူငယ်)တို့ရဲ့
လက်စွပ်၊ဆွဲကြိုးတွေကိုလည်း
လူယက်ယူငင်သွားကြပါတယ်။

သိပ်မကြာခင်မှာပဲ
ည ၇ နာရီကနေ မနက် ၆ နာရီထိ
ကာဖျူး(ညမထွက်ရအမိန့်)
ထုတ်လိုက်ကြောင်း
၃ တန်ချက်ပလက်ကားကြီးပေါ်ကနေ
လော်စပီကာနဲ့
လှည့်လည်ကြေညာတယ်။

သက်ဆိုင်ရာက ထရပ်ကားကြီးနဲ့
လူနာလိုက်ကောက်တာ၊
ရှင်းလင်းတာ လုပ်တဲ့အခါ
ည ၉နာရီကျော်၊
၁၀ နာရီလောက်ရှိနေပါပြီ။

" စိုင်ပြင်ကြီးရွာအထွက်တုန်းက
မုံရွာကနေ ဆိုင်ကယ်နဲ့လိုက်လာတဲ့
ကျောင်းသူတွေမှ မနည်းဘူး။
အဲ့ဒီညတုန်းက "ကယ်ပါဦး"ဆိုတဲ့
မိန်းကလေးအသံတွေကြားရတာ
သူတို့ ဖြစ်မယ်" လို့
ကိုအောင်အောင်(ယခုDVB) ကလည်း
ပြောပြပါတယ်။

"ကျောင်းဆရာ
ဦးထွန်းအောင်ကျော်(ဆရာမီးပွား)က
ရင်ဘတ်တည့်တည့်ကို
အုတ်ခဲလာမှန်တာ၊
သူ့ခမျာဗျာ။ပန်းနာသမားဆိုတော့
ခဲမှန်တဲ့ဒဏ်ကြောင်
အသက်မနည်းရှူပြီး
"ဟောဟဲ"လိုက်နေတယ်။
ခေါင်းမှာလည်းကွဲသွားတာ
သွေးတွေရွှဲလို့။ပါလာတဲ့သွားတိုက်ဆေးတွေ ထည့်သိပ်ပြီး၊သွေးတိတ်အောင်
တစ်ရှူးစက္ကူလိပ်နဲ့
ပတ်ထားပေးရတယ်။
ကျွန်တော်လည်း
လက်ချောင်းသုံးချောင်း
ကျိုးသွားတယ်"လို့
ဦးခင်မောင်သောင်း
(ယခု မန္တလေးချမ်းအေးသာစံNLD)က ပြောပြပါတယ်။

ဦးခင်မောင်သောင်းတို့အဖွဲ့က
ကားလမ်းပေါ်မောင်းလာတဲ့
စစ်ကားတစ်စီးကို
လှမ်းတားပြီး အကူအညီတောင်းတော့
စိတ်ရင်းကောင်းပုံရတဲ့
ဗိုလ်မှူးကြီး(အမည်မေ့နေ)က စစ်ကားပေါ်တင်ခေါ်သွားပေးတဲ့အခါ
ခုံပေါ်မှာထိုင်ရအောင်
ခုံပေါ်ကသူ့ရဲဘော်တွေကို အောက်ဆင်းထိုင်ခိုင်းပါတယ်။

"ကားပေါ်ပါလာတဲ့လူ
၁၀ ဦးလောက်တော့ရှိမယ်။ ဦးဇင်းတစ်ပါးဆိုရင်
နားရွက်တစ်ဖက်က
ပြတ်လုမတတ် ဘတ်လတ်ကြီး။
ဒီကိုယ်တော်က တံဇဉ်သွားနဲ့ အခုတ်ခံရတာ"လို့ သူကြုံခဲ့ရတာကို
ဦးခင်မောင်သောင်းက
ပြန်ပြောင်းပြောပြတယ်။

ဆရာမီးပွားခမျာတော့
ထိခိုက်ရရှိခဲ့တဲ့ဒဏ်ရာတွေကို
ပုန်လျှိုးကွယ်လျှိုးဆေးကုသနေရင်း
အခင်းဖြစ်ပြီး ၂ လကျော်အကြာ
မုံရွာမှာ ကျဆုံးခဲ့ရရှာပါတယ်။

ကားလမ်းပေါ်မှာ
မနက် ၅ နာရီကျော်လောက်
(ခရက)ရဲကားရောက်လာတဲ့အခါ
ခရကဥက္ကဌ ဗိုလ်မှူးသန်းဟန်က
ဦးတင်ထွဋ်ဦး၊ကိုလှဦး၊ကိုအောင်စိုး၊
ကိုဇေယျာထွန်းအပါအဝင်
(၁၄-၁၅)ယောက်အဖွဲ့ကို
ကုန်တင်လော်ရီကားကြီးနဲ့တင်ပြီး
ဒီပဲယင်းရဲစခန်းဆီပို့တယ်။
ဦးတင်ထွဋ်ဦးကိုတော့
လက်ပြန်ကြိုးတုပ်ပါတယ်။

အန်ကယ်ဦးတင်ဦး(ယခု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက)အပါ
လူကြီး ၄ ဦးအဖွဲ့ကတော့
ရဲစခန်းမှာကြိုရောက်နှင့်နေတယ်။

အဲဒီကနေ
မေလ ၃၁ ရက်ညနေမှာ
အန်ကယ်ဦးတင်ဦး၊ဒေါက်တာဝင်းအောင်၊ဦးတင်အောင်အောင်နဲ့
ဦးပေါခင်တို့ ၄ ယောက်ကို
ကလေးထောင်ပို့တယ်။

ရွှေဘိုထောင်မှာက ကျောင်းသား
အယောက် ၂၀ ကျော်အပါအဝင်
အဖမ်းခံရသူ စုစုပေါင်း
အယောက် ၁၀၀ ကျော်ရှိတဲ့အထဲ
ဦးဘာဘာ(မြင်းမူ)
ဦးစောလှိုင်(အင်းတော်)၊
ဦးမြင့်ကြည်(ကသာ)၊
ဦးထွန်းမြိုင်(ဝက်လက်)စတဲ့
၁၉၉၀ လွှတ်တော်အမတ်တွေလည်း ပါပါတယ်။

မုံရွာအလုံစစ်ဆေးရုံကို
ရောက်လာတာက
ကျား ၅၉ ယောက်၊
မ ၃ ယောက်နဲ့ ကိုရင် ၃ ပါး။
စုစုပေါင်း လူနာ ၅၆ ယောက်ဖြစ်ပြီး
ဒေါ်ဝင်းမြမြ၊မပုံ့၊ကိုဇော်လေး၊
ကိုဝင်းကိုလှိုင်၊ကိုကျော်မျိုးသူနဲ့
ဦးရဲမြင့်အောင်သမီးတွေဖြစ်တဲ့
မဝင်းဖြူအိတို့ညီအမနှစ်ဦးတို့
ပါပါတယ်။

နောက်တော့ အနည်းငယ်
လမ်းလျှောက်နိုင်သူမှန်သမျှကို
လက်ထိပ်ခတ်ပြီး
ရွှေဘိုထောင်ပို့လိုက်တာမို့
ဆေးရုံမှာ၂၆ ယောက်ပဲ
ကျန်နေရစ်တာ။

သူတို့တွေခမျာလည်း ဒဏ်ရာအပြင်းအထန်
ခံစားနေရဆဲအခြေအနေမှာပဲ
နေ့တိုင်းလိုလို ခေါ်ယူစစ်ကြောခံရတာ
၁ လလောက်ကြာတယ်။

ဒေါ်ဝင်းမြမြက
မျက်နှာ၊လက်မောင်း၊လက်ဖျံတင်မက
တင်ပါးမှာပါ
ကားမှန်ကွဲစတွေ စိုက်ဝင်ခံရတာပါ။
နားထဲကနေ သွေးတွေထွက်တယ်။
လက်နှစ်ဖက်စလုံးကျိုးတယ်။
ညာဖက် တံတောင်ဆစ်ရိုးအုံ
၂ ခြမ်းကွဲပြီးအရိုးတွေ
အမှုန့်ဖြစ်သွားတဲ့အထိပါပဲ။

ကိုသန်းဝင်း(NLD မန္တလေးအရှေ့မြောက်)က
ခြေ ၂ ဖက်စလုံး။
ကိုအောင်ကျော်ထွန်း
(မုံရွာ အလုံ)က လက်၁ ဖက်။
ဦးဘို(NLD ဘုတလင်)က
ခြေ ၁ ဖက် စသဖြင့်
အသီးသီးကျိုးပြီး
ကိုမြတ်ကိုနိုင်
(NLD - မြောင်မြို့နယ်
တွင်းကြီးကျေးရွာ)ကတော့
အောက်ပိုင်းသေသွားတယ်။

၂၀၀၃ ဇွန်လ ၁ ရက်နေ့မှာ
ဆေးရုံကို
ဗိုလ်ချုပ်စိုးဝင်းရောက်လာတော့
"ကြံဖွံ့တွေဝိုင်းရိုက်တာခံရတာပါ"လို့
ဒေါ်ဝင်းမြမြက ပြောတဲ့အခါ
ဗိုလ်ချုပ်စိုးဝင်းက
"ကားအက်ဆီးဒင်ဖြစ်တာမဟုတ်လား"ဆိုတဲ့စကားကိုပဲ ဘူးခံပြောပါတယ်။
(ဒေါ်ဝင်းမြမြဆောင်းပါး၊စာ -၂၂၂)

"ဒီပဲယင်းအရေးအခင်းမှာ
သေဆုံးသူ ၄ ဦးပဲ"လို့
စစ်အစိုးရက တရားဝင်ကြေညာတယ်။

သေဆုံးသူတွေက
အတော်ကို ရုပ်ပျက်ဆင်းပျက်။
ကိုစန်းမြင့်(ကားမောင်းသူ၊မန္တလေး အနောက်မြောက်NLD)က
မျက်လုံး၂ လုံး
အဖောက်ခံထားရတယ်။

NLD မန္တလေး
အနောက်တောင်မြို့နယ်
အဖွဲ့ဝင် ၂ယောက်ဖြစ်တဲ့
ကိုတင်မောင်ဦး(ဓာတ်ပုံဆရာ)က
အောက်ပိုင်းအဝတ်အစားတောင်
မပါရှာဘူး။
ကိုသိန်းတိုးက
သွားဖုံးအခွေလိုက်
ပြုတ်ထွက်နေပါတယ်။

မုံရွာက သေဆုံးသူ
အခြားတစ်ဦးက
အသားတွေပဲ့ရွဲ့နေပြီး
အမည်မသိရှိရပါဘူး။

"လူသေအလောင်း ၄ လောင်းရဲ့
ဓာတ်ပုံတွေကိုပြပြီး
သက်သက်မဲ့အသုံးချ
အမည်ဖော်ခိုင်းကာ
သေဆုံးသူ ၄ ယောက်ပဲလို့
စစ်အစိုးရက
တရားဝင် ကြေညာတာပါ။
ကျွန်မ ကားဘေးမှာကိုပဲ
အယောက် ၃၀ လောက်ရှိခဲ့တာ
ပြောနိုင်ကြောင်း
ဒေါ်ဝင်းမြမြက ရေးသားထားပါတယ်။
(စာ -၂၂၅)

ဒီပဲယင်းအရေးနဲ့
အဖမ်းခံရတဲ့ NLD အဖွဲ့ဝင်တွေကို
စစ်ကြောရေးလုပ်ရာမှာလည်း
ကောက်ကျစ်ရက်စက်တာတွေရှိတယ်။

"စစ်ကြောရေးလုပ်တာ ထောက်လှမ်းရေးအရာရှိဦးလူလေးဗျ။
ကျွန်တော်တို့က အရင်ရန်စလို့
ခိုက်ရန်ဖြစ်ရပုံမျိုး၊ကျွန်တော်တို့ကပဲ
ဆူပူမှု ဖြစ်အောင် ဖန်တီးပုံမျိုး
သူတို့က လုပ်ဇာတ်တည်ဆောက်တယ်။
မတရားသဖြင့်အရိုက်ခံရတဲ့အပြင်
တရားစွဲပြီး ထောင်ချလည်း
ခံရဦးမယ်အပေါက်"လို့
ဦးတင်ထွဋ်ဦး ပြောပါတယ်။

လမ်းခရီးမှာ ကားဗွက်နစ်ရင်
အသုံးပြုဖို့အတွက်
ကြိုတင်ယူလာတဲ့ချိန်းကြိုး၊
တူရွင်း၊ဂေါ်ပြား စတာတွေကိုပဲ
ယာဉ်တန်းပေါ်
လက်နက်တွေ
ကြိုတင်သိုဝှက် ယူဆောင်လာသလိုမျိုး
သတင်းစားကနေ ဝါဒဖြန့်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို
မနှစ်မြို့၊မလိုလားတဲ့ပြည်သူတွေနဲ့
NLD ထောက်ခံသူအကြားမှာ
ဒီချုပ်လူငယ်တွေက စတင်ရန်ပြုလို့
အဓိကရုဏ်းဖြစ်ရပုံမျိုး
"သူခိုးက လူပြန်ဟစ်"တယ်။
ဆင်သေကိုဆိတ်သားရေနဲ့ဖုံးဖို့
ကြိုးစားတယ်။

တဖက်ကရန်စတာကို
NLD လူငယ်တွေက
အကြမ်းဖက်တုံ့ပြန်ပြီး
ပြန်ရိုက်နှက်ကြလို့ ပြဿနာပိုကြီးရပုံမျိုး
ထောက်လှမ်းရေးက
နောက်ထပ်ဇာတ်ညွှန်း
ထပ်ခွဲပြန်ပါသေးတယ်။

"ထောက်လှမ်းရေးအပြောအရ
၄ ယောက်သေတယ်။
လက်တုံ့ပြန်တယ်ဆိုရင်
သေတာ(၄)ယောက် "က"ပါ့မလား။
ပြီးတော့ သေတာက
ကိုယ့်လူတွေချည်း။
အဖမ်းခံရသူတွေအားလုံးကလည်း
ကိုယ့်ဖက် လူတွေပဲလေ။
အကြမ်းဖက်ရန်ပြုတဲ့သူ
တစ်ယောက်မှ
အဖမ်းခံရတာ မရှိဘူး။
ဒီလိုပဲကျွန်တော် ပြန်ချေပခဲ့တယ်"လို့
ဦးတင်ထွဋ်ဦး ကဆိုပါတယ်။

နောက်တော့ 
စစ်အစိုးရရဲ့ ကောက်ကျစ်တဲ့လုပ်ရပ်က
"လယ်ပြင်မှာဆင်သွား"သလို
အရှင်းသားပေါ်လာပြီး
နိုင်ငံတကာ ဖိအားတွေလည်း
များလာတာမို့
အရပ်သားနဲကျောင်းသားတွေကို
ဇွန်လလယ်ကနေ ဇူလိုင်အတွင်း
တစ်သုတ်ချင်းလွှတ်ပေးတယ်။

ဒေါ်ဝင်းမြမြ၊ဦးတင်ထွဋ်ဦးအပါအဝင်
NLD အဖွဲ့ဝင်တွေကိုတော့
ရွေးချန်ထားခဲ့ပြီး ၈ လကျော်အကြာ
၂၀၀၄ ဇန်နဝါရီ ၁၆ ရက်မှ
လွှတ်ပေးပါတယ်။

ခန္တီးထောင်ရောက်သူတွေကတော့
အဲ့ဒီမှာ
၆ လနဲ့၇ ရက်တိတိနေခဲ့ရတယ်။

၂ ယောက်တစ်တွဲလက်ထိပ်ခတ်၊
ခေါင်းစွပ်စွပ်ပြီး
ခန္တီးထောင်ကို
လေယာဉ်နဲ့ အပို့ခံရသူတွေက
ဒေါ်အောင်ဆန်းစုကြည်ရဲ့
လုံခြုံရေးတာဝန်ယူရတဲ့
ကိုအောင်ကျော်မြင့်၊ကိုဇော်ဝင်းထွန်း၊ဦးသန်းထွန်း(ရန်ုကုန်)၊ကိုကျော်စိုးလင်း၊ကိုသက်ထွန်းနဲ့
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ
ဖြစ်တဲ့ဦးထွန်းမြင့်၊ဦးမျိုးဇော်အောင်တို့
အပါအဝင်(၁၆)ယောက်အဖွဲ့ပါပဲ။

ဒီထောင်က
ခန္တီးကနေ ၃မိုင်လောက်ဝေးတဲ့
ကျတ်ကုန်းတောင်ပေါ်မှာရှိတယ်။

အဲ့ဒီမှာပဲ စစ်ကြောရေးလုပ်တယ်။
"ခန္တီးရဲစခန်း စခန်းမှူး
မောင်မောင်ခင်က စစ်ဆေးမေးမြန်းရာမှာ
ငယ်ပါကို မီးနဲ့ရှို့တယ်။
ခြေမ"ကိုအားပြုထောက်ပြီး
မတ်တပ်ရပ်ခိုင်းတဲ့နည်းနဲ့ဆိုင်ကယ်စီးရတယ်။
လဲကျသွားတာကို
ခြေထောက်နဲ့ လှိမ့်လှိမ့်ကန်တယ်။
ပါးပြင်ကိုသားရေဖိနပ်နဲ့
ဘယ်ပြန်ညာပြန်ရိုက်သေးတာ"လို့
ကိုအောင်ကျော်မြင့်(ဒီချုပ်ပါတီဝင်၊
မန္တလေးမြို့သစ်)ကပြောပါတယ်။

စစ်ကြောရေး ၁၃ ရက်ကြာတယ်။
လက်ပြန်ကြိုး
တုတ်ထားရက်တန်းလန်းနဲ့
အိပ်ရတာပါ။
ကိုအောင်ကျော်မြင့်(ခ)ကိုဖိုးကျော်ရဲ့
လက်ကောက်ဝတ်နှစ်ဖက်စလုံးပေါ်မှာ
ထင်ကျန်နေရစ်နေဆဲ
ကြိုးချည်ရာတွေက
ခုထိကို အထင်းသားရယ်။

"ကျွန်တော်တို့ထဲကတစ်ယောက်ဆိုရင်
ဒီပဲယင်းည အရိုက်ခံရတဲ့
ခေါင်းဒဏ်ရာက ၁၆ ချက်ချုပ်ရတယ်။
ဦးခေါင်းထိတဲ့ဒဏ်ကြောင့်
အစောပိုင်းမှာ သူခမျာ
သတိနည်းနည်းလွတ်သလားမသိဘူး။
ကော်ဇလုံတစ်လုံးတည်းနဲ့
ထမင်းစား၊မျက်နှာသစ်ရုံမက
ဒီကော်ဇလုံနဲ့ပဲ
အိမ်သာတက်မိတဲ့အထိပါပဲ"လို့
ကိုအောင်ကျော်မြင့်ကပြောပြတယ်။

ဒီပဲယင်းအရေးအခင်းကို
ကောက်ချက်ဆွဲရရင်
ပထမအနေနဲ့ အကြမ်းဖက်တိုက်ခိုက်ရေးအဖွဲ့က
ရိုက်နှက်သတ်ဖြတ်နှိမ်နင်း။
ဒုတိယအဆင့်မှာ
ကယ်ဆယ်ရေးအဖွဲ့က
ဒဏ်ရာရသူတွေကိုကယ်ဆယ်၊
သေသူတွေကိုကောက်၊
စသဖြင့် ညတွင်းချင်း
ရှင်းလင်းရေးဆောင်ရွက်။
တတိယအဆင့်ကျတော့
ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ
နောက်လိုက်နောက်ပါ အမာခံမှန်သမျှ
ဖမ်းဆီးထောင်ချပြီး
တစ်နိုင်ငံလုံးမှာရှိတဲ့
NLD ရုံးအားလုံးကို ချိတ်ပိတ်။
နောက်ဆုံးအဆင့်က
ဒေါ်အောင်ဆန်းစုကြည်ကို
မထောက်ခံ မလိုလားသူတွေနဲ့
NLD အမာခံအဖွဲ့ဝင်တွေကြားမှာ
ရုန်းရင်ဆန်ခတ်မှုတွေ
ဖြစ်လာတဲ့အတွက်
စစ်တပ်က အချိန်မီထိန်းသိမ်းပြီး
တည်ငြိမ်အောင်
ဆောင်ရွက်ရကြောင်း
ကမ္ဘာကို လိမ်ညာဝါဒဖြန့်ဖို့
ကြိုးစားခြင်းပါပဲ။

သွေးစွန်းခဲ့တဲ့
ဒီပဲယင်းညတွေပါလေ !!

သမိုင်းစာမျက်နှာတွေပေါ်မှာ
ဒီပဲယင်းက သွေးတွေ
ပေစွန်းလို့။

အခုဆို ဒီပဲယင်းမြေမှာ
ကျဆုံးခဲ့သူတွေရဲ့အရိုးတွေကနေ
သစ်ပင်တွေပြန်ပေါက်ပြီး
သစ်တောကြီး ဖြစ်နေရော့မယ်။

#ရေးသူ - မောင်နန်းဝေ(ဗန်းမော်)
၂၉၊မေ ၊၂၀၁၇

#ကိုးကား
၁ - ဦးခင်မောင်သောင်း၊
ဦးတင်ထွဋ်ဦး၊ဦးဝဏ္ဏအောင်၊ဦးမျိုးနိုင်၊ဦးအောင်ကျော်မြင့်၊
ဦးအောင်အောင်(DVB)တို့နဲ့
မေးမြန်းထားတဲ့ အသံဖိုင်။

၂ -အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ငွေရတုခရီး မှတ်တမ်းလွှာပါ
ဒေါ်ဝင်းမြမြရဲ့ဆောင်းပါး။

(ဒီပဲရင်း လုပ်ကြံမှု ၁၆နှစ်ပြည့်
  အထိမ်းမှတ် )

     ဘုန်းလက်ရုံး
29.05.2019/13:10
တကောင်ဘွား

Friday, January 17, 2020

လက်သန်းတွေဖြတ်ပစ်ချင်သတဲ့လား

လက်သန်းတွေဖြတ်ပစ်ချင်သတဲ့လား
*****************************************
ဆရာ သရ၀ဏ်(ပြည်) မေးပြီ ....

“လက်သန်းတွေဖြတ်ပစ်ချင်တယ် “

“ဒီပါတီကိုဘယ်တော့မှမဲမပေးဘူး “

စသည့်စကားများကို ကျွန်တော်တို့ပတ်၀န်းကျင်တွင် မကြာခနကြားရလေ့ရှိ၏ ။ အထူးသဖြင့် မိမိကိုယ်ကျိုးစီးပွားနှင့်ပတ်သက်၍ အလိုမကျစရာကိစ္စတခုကြုံတွေ့ရသည်နှင့်ပြည်သူလူထုသည် ထိုသို့ကြိမ်းဝါးပြောဆိုမှုကိုကြားရတတ်ပါ၏ ။ သူတို့ပြောသော အဓိပါယ်ကို ကောင်းကောင်းသိပါသည် ။ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲထည့်ပြီးပြန်အထွက်တွင် မဲထည့်ပြီးသူဖြစ်ကြောင်း ၊လိမ်ညာ၍ ထပ်မံမဲလာမပေးနိုင်စေရန်ရည်ရွယ်၍ အထူးပြုလုပ်ထားသော (တရက်နှစ်ရက်အတွင်းရောင်မပြယ်စေနိုင်သော )မင်တမျိုးကို လူ၏လက်သန်းတွင်ဆွတ်ပေးလိုက်ခြင်းကိုခံကြရပါသည် ။ လက်သန်းတွင်မင်စွန်းသည့်သဘောကား ရွေးကောက်ပွဲတွင် မဲပေးပြီးပြီဆိုသည့်သဘောဖြစ်သည် ။ လက်သန်းမင်စွန်းခြင်းသည် ပါတီတခုခုကို မဲပေးခြင်းအလုပ်ပြီးသွားပြီဆိုသည့်သဘောဖြစ်သည် ။ လက်သန်းမင်စွန်းခဲ့သူ မဲပေးခဲ့သောနိုင်ငံရေးပါတီသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလည်းဖြစ်နိုင်သည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်းဖြစ်နိုင်သည် ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီလည်းဖြစ်နိုင်သည် ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်လည်းဖြစ်နိုင်သည် ။ NDF ပါတီလည်းဖြစ်နိုင်ပါသည် ။ လက်သန်းမင်စွန်းခြင်းသည် မဲပေးပြီးပြီဆိုသည့် အဓိပါယ်သာဖြစ်ပါသည် ။ သို့သော် ဒီမိုကရေစီဘက်တော်သားများ ၊ NLD ကို ထောက်ခံ၀န်းရံကြသူများက နိုင်ငံကြီးသားပီသစွာ ရွေးကေက်ပွဲတွင်မဲပေးခဲ့ပြီးပါပြီဆိုသ်ည့သဘော နှင့် မင်စွန်းနေသောလက်သန်းများကို ဓာတ်ပုံရိုက်၍ဖေ့စ်ဘွတ်တွင်တင်ကြသည် ။ ထိုအခါ လက်သန်းတွင်မင်စွန်းနေသော သင်္ကေတသည် NLD ကိုမဲပေးခဲ့သော သင်္ကေတသဖွယ်ဖြစ်လာပါသည် ။လက်သန်းတွင်မင်စွန်းခဲ့ပြီဟုပြောလျှင် NLD ကိုမဲပေးခဲ့သည်ဟု အဓိပါယ် နှစ်ခွ ပြောင်းလဲ၍နားလည်ကြပါသည် ။

    ရွေးကောက်ပွဲပြီး၍ NLD ပါတီကအစိုးရဖွဲ့ကာ အုပ်ချုပ်ပြီးအချိန်အနည်းငယ် ကြာလာသောအခါ စကားသံအချို့ကိုဟိုမှသည်မှကြားလာရပါသည် ။ထိုစကားသံမှာ အထက်ကရေးခဲ့သော လက်သန်းများကိုဖြတ်ပစ်ချင်သည်ဆိုသည့်စကားသံဖြစ်သည် ။ ထိုစကား၏အနက်အဓိပ္ပါယ် မှာ အားလုံးနားလည်ကြသည့်အတိုင်း NLD ကို မဲပေးမိတာ မှားတယ် ဆိုသည့် ကြုံးဝါးသံပင်ဖြစ်သည် ။ ကျွန်ုပ်သည် NLD ပါတီ၀င်မဟုတ်သလို အခြားမည်သည့်ပါတီ၀င်မှလည်းမဟုတ်ပါ ။ ထုိ့ကြောင့် အစွဲအလန်းကင်းစွာ သုံးသပ်ပါမည် ။ လက်သန်းများကိုဖြတ်ပစ်ချင်သည် ဟုကြုံးဝါးသူအတော်များများသည် မိမိ၏တကိုယ်ရေ အဆင်မပြေမှု အချို့ကိုကြုံတွေ့လာရာ မှ သူတို့မဲပေးခဲ့သော အစိုးရသည် သူတို့ထင်သလိုမဟုတ်ပါလားဟု သိမြင်နားလည်လာရာမှပြောသောစကားများဖြစ်ပါသည် ။ ဥပမာအားဖြင့် လမ်းဘေးစျေးသည်များမရောင်းချရဟုသတ်မှတ်ထားသောနေရာများတွင် စည်ပင်သာယာမှ လိုက်လံဖမ်းဆီးသောအခါ စျေးသည်များသည် မဲပေးမိသောလက်သန်းများကိုဖြတ်ပစ်ချင်သည် ဟူ၍လည်းကောင်း ၊ နောက်ဖေးလမ်းကြား (သို့မဟုတ် )အိမ်ရှေ့ စည်ပင်ပိုင်မြေကွက်လပ်ကို ကျူးကျော်၍ ကားဂိုထောင် ၊ ပန်းခြံ ၊ ခြံစည်းရိုးစသည်ဖြင့် ယူထားကြသည်များကို သက်ဆိုင်ရာ စည်ပင်ကော်မတီ၀င်များ က လိုက်လံပြီး အိမ်များနောက်ယူထားသောမြေများ နောက်ဆုတ်ပေးကြပါရန် ပြောသောအခါ မိမိပိုင်ဂရံမြေ ဧရိယာထက်ကျော်လွန်ဆောက်လုပ်ထားသူများက အသာတကြည်ဖယ်မပေးချင်ပဲ မဲပေးမိတာမှားသယောင် ၊ လက်သန်းတွေဖြတ်ပစ်ချင်သယောင် ပြောကြပါသည် ။ လက်သန်းဖြတ်ပစ်ချင်သူအများစုကိုကြည့်သောအခါ တခါမဲပေးပြီးလျှင်တသက်လုံးလုပ်ချင်ရာလုပ်လို့ရပြီဟုထင်နေသူများ ၊ မဲပေးခဲ့ပြီဖြစ်၍ အပြန်အလှန်ကျေးဇူးဆပ်ခြင်း (အပေးအယူသဘောမျိုး )ကိုမျှော်လင့်နေသူများ ၊ဥပဒေနှင့်မညီသော်လည်း နားလည်မှုဖြင့် ခွင့်ပြုခြင်းကို အသားကျနေသူများ ၊ ယခုခေတ်တွင်လည်း ထိုကဲ့သို့ပြီးစေလိုသူများ က အများစုဖြစ်ကြောင်းတွေ့ရပါသည် ။

         ထိုသို့ဖြစ်လာသောအခါ လူတိုင်းလူတိုင်း ရွေးကောက်ပွဲတွင် မဲပေးရသောရည်ရွယ်ချက်ကိုသိထားသင့်သည် ။ ကျွန်တော်တို့မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများတွင် မဲပေးရသည့်ရည်ရွယ်ချက်မှာ နှစ်ချက်သာပြတ်ပြတ်သားသားရှိသင့်သည် ။ မဲပေးရခြင်း၏ရည်ရွယ်ချက် ပထမအချက်မှာ အာဏာရှင် စနစ်ပြန်ပြီးအသက်၀င်မလာစေရန်ဖြစ်သည် ။ ကိုယ့်ကိုသေနတ်ဖြင့်ချိန်ပြီးအုပ်ချုပ်တတ်သူများပြန်မလာစေရန် အာဏာရှင်စနစ်နှင့်ဝေးသူများကို မဲပေးရွေးချယ်ဖို့တာ၀န်သည် မဲပေးခွင့်ရှိသူနိုင်ငံသားတိုင်း၏ မွေးရာပါ တာ၀န်ဖြစ်သည် ။ နိုင်ငံအတွက်အထူးအရေးကြီးသော အလုပ်ဖြစ်သည် ။ ၁၉၆၂ ခုနှစ်မှ စကာ ကျွန်တော်တို့နိုင်ငံတွင် ဒီမိုကရေစီပျောက်ဆုံးခဲ့သည် ။ ၁၉၆၂ မတ်လ (၂)ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေ၀င်းက အာဏာသိမ်းလိုက်ပြီးနောက် တိုင်းပြည်ကို သေနတ်ပြ၍ အုပ်ချုပ်သောစနစ်စတင်သည် ။ ဓားကိုဓားချင်းလှံကိုလှံချင်းတုန့်ပြန်မည်ဟု လက်နက်ဆို၍ အပ်တိုတချောင်းမျှပင်မရှိသော တက္ကသိုလ်ကျောင်းသားများကို ဦးနေ၀င်းက လက်နက်အားကိုးကြိမ်းဝါးသည် ။ ၁၉၈၈ အရေးအခင်းကြောင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)ဥက္ကဌရာထူးမှ ဆင်းအံ့ဆဲဆဲအချိန် ၊ပြုတ်အံ့ဆဲဆဲအချိန် အရေးပေါ်ပါတီညီလာခံတွင် “တပ်မတော်ဟာ ပစ်ရင်တည့်တည့်ပစ်တယ် ၊ မိုးပေါ်ကိုထောင်မပစ်ဘူး “ဟု လူမိုက်ဆန်ဆန်စကားပြောကာ ဆန္ဒပြနေသောတိုင်းသူပြည်သားများကို ဗြောင်ကျကျခြိမ်းချောက်ပြီး တပ်နှင့်ပြည်သူကို သွေးခွဲ ရန်တိုက်ပေးခဲ့သည် ။ ၁၉၈၈ စက်တင်ဘာလ (၁၈) နေ့မှစကာ နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ အစိုးရ (နောင်တော့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အစိုးရ)အမည်ဖြင့် စစ်အစိုးရတက်လာခဲ့သည် ။ သေနတ်ခါးချိတ်ထားသော ၀န်ကြီးများ ၊ သေနတ်ခါးချိတ်ထားသော အတွင်းရေးမှူး (၁) ၊အတွင်းရေးမှူး (၂) ၊အတွင်းရေးမှူး (၃) ဆိုသူများ ကို နေရာတကာတွင်မြင်တွေ့ခဲ့ရသည် ။ ထိုသူများသည် စစ်ယူနီဖောင်း၀တ်၍ ၁၉၈၈ မှ ၂၀၁၀ ခုနှစ် အထိ (၂၂)နှစ် တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သည် ။ ထိုခေတ်သည် တိုင်းပြည်၏ အမှောင်မိုက်ဆုံးကာလများဖြစ်သည် ။ ဥပဒေပြုရေးမဏ္ဍိုင်(လွှတ်တော်)မရှိသောကာလ ၊ တိုင်းပြည်ဘတ်ဂျက်ခွဲဝေသုံးစွဲမှုကို တိုင်းပြည်ကမသိရသောကာလ ၊ မီဒီယာလွတ်လပ်ခွင့်ဆိတ်သုဉ်းကာ စာပေစိစစ်ရေးအဖွဲ့ တရား၀င်တည်ရှိနေသော အတင်းကြပ်ဆုံးကာလ ၊ မိမိရေးသားလိုသမျှကို စာပေစိစစ်ရေးရုံး သို့သွားရောက်ပြသစိစစ် (ဖြတ်တောက် )ခံပြီးမှ စာအုပ်များ ထုတ်ဝေခွင့်ရသောကာလ ၊ အချို့စာအုပ်တော်တော်များများ တအုပ်လုံး ထုတ်ဝေခွင့် ငြင်းပယ်ခံရသော ကာလ ၊ ဒေါ်အောင်ဆန်းစုကြည် ၊ဦးတင်ဦး ၊ စသောနိုင်ငံရေး ခေါင်းဆောင်များ အကျယ်ချုပ်ဖြင့် ချုပ်နှောင်ခံရသောကာလ ၊ မင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်အသီးသီးတွင် ချုပ်နှောင်ခံရသောကာလ ၊ အာဇာနည်နေ့တွင်ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်များကို ပန်းခွေချရုံ ၊အလေးပြုမိရုံဖြင့်် အဖမ်းခံရသောကာလ ၊ နိုင်ငံပိုင်သတင်းစာများတွင် ပေါက်စ ၊ခြင်းကျား (မအူပင်)၊ မင်းရဲကောင်းပုံ ၊စသည့်နာမည်အမျိုးမျိုးဖြင့် ဒီမိုကရေစီဘက်တော်သားများကို အမျိုးမျိုး မိုက်မိုက်ရိုင်းရိုင်းအပုတ်ချရေးသားနေသောကာလ ၊ စစ်ထောက်လှမ်းရေး၏ အမျိုးမျိုး စွပ်စွဲချက်များနှင့် စစ်ကြောရေးစခန်းများတွင်လူမဆန်စွာနှိပ်စက်ခြင်းကို ကျောင်းသားနှင့် ပြည်သူများခံကြရသောကာလ ၊ အာဏာပိုင်နှင့်ပိုင်သည်နှင့် ချက်ခြင်း လုပ်ငန်းကန်ထရိုက်များ ၊သစ်ခုတ်ခွင့် ၊ကား၀ယ်ယူခွင့် ၊ တယ်လီဖုန်း ၀ယ်ခွင့်စသောပါမစ်များရကာ နေ့ချင်းညချင်းချမ်းသာကြသောကာလ ၊နိုင်ငံတော်၏ပြည်ပသယံဇာတရောင်းချသည့်၀င်ငွေတွင် အမေရိကန်တေဒေါ လာကို ပြင်ပတွင် မည်မျှပဲပေါက်စျေးရှိရှိ တဒေါ်လာခြောက်ကျပ် ဖြင့်စာရင်းပြခဲ့သည့်ကာလ၊ စသည့်စသည့် အာဏာရှင်စနစ်ဆိုး၏ လက်စွမ်းအပြဆုံး ကာလ ၂၂ နှစ်ကို တိုင်းပြည်က ခံစားဖြတ်သန်းခဲ့ကြရသည် ။ ၂၀၁၀ ရွေးကောက်ပွဲအလွန်တွင်တက်လာသောအစိုးရ လက်ထက်တွင်မူကား စစ်ယူနီဖောင်းများ၀တ်၍ အုပ်ချုပ်ခြင်း၊ သေနတ်ခါးထိုး၍ အုပ်ချုပ်ခြင်းများ ပပျောက်သွားသည် ။ သို့သော် ထို အစိုးရ၏ အဖွဲ့၀င် ၀န်ကြီး ၊ ၀န်ကြီးချုပ် ၊ သမ္မတ ၊ ဒုသမ္မတ အများစုမှာ ယခင်က စစ်ယူနီဖောင်းဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သူများသာဖြစ်သည် ။ ဗိုလ်ချုပ်ကြီးနေ၀င်းက စစ်ယူနီဖောင်းချွတ်က ပုဆိုးကောက်၀တ် ၊မောင့်ကျက်သရေခေါင်းပေါင်းပေါင်းပြီး ဦးနေ၀င်းကို အာဏာလွှဲပေးသလိုမျိုးဖြစ်နေသည် ။ ယခင် န.၀.တ၊န.အ.ဖ စစ်အစိုးရခေတ်ကလူတွေပင် ၂၀၁၀ အလွန်အရပ်သား အစိုးရဟု ခေါ်တွင်သော အစိုးရတွင်ပြန်ပါလာနေသည် ။ ၂၀၁၅ တွင် NLD ပါတီအနိုင်ရပြီးအစိုးရဖွဲ့သောအခါ စစ်အစိုးရခေတ်ကလူတွေ ခေတ်ကုန်သွားသည် ။ ဦးရွှေမန်းတို့၊ဦးသိန်းစိန်တို့ ၊ ဦးစိုးသိန်းတို့ ၊ ဦးသန်းဌေးတို့ စသည့်စသည့် စစ်အစိုးရလက်ထက်က အဘများ အာဏာမဲ့ကုန်သည် ။ သူတို့ကလည်းကြီးမားသော အင်အားစုကြီးအဖြစ် နောက်ရွေးကောက်ပွဲတွင် ပြန်တက်လာရန်တာစူနေသည် ။ သူတို့၏အားသာချက်မှာ ရွေးကောက်တွင် လွှတ်တော် ထိုင်ခုံပေါင်း ၅၁ ရာခိုင်နှုန်းနိုင်စရာမလိုပဲ ၂၆ ရာခိုင်နှုန်းနိုင်ရုံဖြင့် အစိုးရ ပြန်ဖြစ်နိုင်မည့် နည်းလမ်းတခု ရှိထားခြင်းဖြစ်သည် ။ NLD ပါတီဖြစ်စေ ၊အခြားသော အရပ်သား စစ်စစ်များဖြင့်ဖွဲ့ထားသည့်ပါတီဖြစ်စေ အစိုးရအဖွဲ့ ဖွဲ့ နိုင်ချင်လျှင်တော့ ရွေးကောက်ပွဲတွင် ၅၁ ရာခိုင်နှုန်း နိုင်မှသာ သေချာပေလိမ့်မည် ။ ဤသို့မမျှတသော Balance (ဟန်ချက်)ကြောင့်ပဲ မဲပေးရာတွင် (လက်သန်းမင်စိုရာတွင် )ပြည်သူလူထုကသတိကြီးစွာထားရမည်ဖြစ်သည် ။ အရွေးမတော်ပါက ယခင်က သေနတ်ခါးကြားချိတ်ခဲ့သူများ ပုဆိုး၀တ်ပြီး ပြန်လာခြင်းကို ခံကြရပေမည် ။ လူသည် အကျင့်ကိုဖျောက်ခဲနိုင်သည်ဖြစ်ရာထိုသူများပြန်တက်လာပါက အာဏာရှင်အမူအကျင့်များနှင့်နှစ်ပါးသွားကြရပေလိမ့်မည် ။ ထို့ကြောင့် ရွေးကောက်ပွဲများတွင်မဲပေးရာတွင် နံပတ်တစ် ဦးတည်ချက်မှာ အာဏာရှင် လူဟောင်းများ ပလ္လင်ပေါ်သို့ပြန်တက်မလာရေးပင်ဖြစ်သင့်သည် ။

       မဲပေးရခြင်း၏ ဒုတိယရည်ရွယ်ချက်မှာ ဒီမိုကရေစီစနစ် ရှင်သန်ဖို့ပင်ဖြစ်သည် ။မြန်မာနိုင်ငံသည် လွတ်လပ်ရေးရသော ၁၉၄၈ ဇန်နဝါရီလ(၄)ရက်မနက်မှ မှ ၁၉၆၂ မတ်လ (၁)ရက်နေ့ သန်းခေါင်ယံမတိုင်မီအထိ ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့သည် ။ထိုခေတ်ထိုအခါက ပြည်တွင်းစစ်မီးတောက်လောင်နေစေကာမူ မြန်မာနိုင်ငံသည် ဖွံဖြိုးတိုးတက်ခဲ့သည် ။ ချမ်းသာကြွယ်၀ခဲ့သည် ။ လွတ်လပ်ပွင့်လင်းခဲ့သည် ။ နိုင်ငံတကာတွင်၀င်ဆန့်ခဲ့ကြသည် ။အကျင့်ပျက်ခြစားမှုမရှိသလောက်နည်းခဲ့ကြသည် ။ ခရိုနီလူတန်းစား မပေါ်ပေါက်ပဲ နည်းမှန်လမ်းမှန် သူဌေးသူကြွယ်များ ၊ လုပ်ငန်းရှင်များပေါခဲ့ကြသည် ။ထို့ကြောင့် ဒီမိုကရေစီစနစ်သည် တနိုင်ငံလုံးကိုကြွယ်၀ချမ်းသာစေပြီး အာဏာရှင်စနစ်သည် လူတစုကိုသာကြွယ်ချမ်းသာစေကြောင်းထင်ရှား၏ ။ ဒီမိုကရေစီစနစ်တွင် လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ ကို လွတ်လပ်စွာထူထောင်ဖွဲ့စည်းခွင့်ရသဖြင့် အစိုးရတခုတည်းက မဟုတ်တာလုပ်လျှင်ဝေဖန်ထောက်ပြနိုင်သည် ။ စာပေစိစစ်ရေးမရှိတော့သဖြင့် မိမိယုံကြည်ရာကိုလွတ်လပ်စွာရေးသားခွင့်ရှိလာသည် ( မဟုတ်မမှန်ရေးပါကလည်း နစ်နာသူကာယကံရှင်က အသရေဖျက်မှုစသည်ဖြင့်တရားစွဲနိုင်သည် ) ။ဒီမိုကရေစီစနစ်သည် တိုင်းသူပြည်သားတွေရော အစိုးရရော ကိုယ့်တာ၀န်ကိုယ်ယူရသောစနစ်ဖြစ်သည် ။ တနည်းပြောရလျှင် ကိုယ်တိုင်ယူစနစ် ( Self Service ) စနစ်ဖြစ်သည် ။ ကိုယ်တိုင်ကျိုးစားမှ ကိုယ်တိုင်အကျိုးရမည့်စနစ်ဖြစ်သည် ။ ထိုစနစ်တွင် နိုင်ငံသားတို့၏ ပညာရေးရေချိန်မြင့်မားဖို့လိုသည် ။ လူတယောက်ချင်းက စာဖတ်သော ၊ ဗဟုသုတအကြားအမြင်များသော ၊ပညာအခြေခံရှိသောသူများဖြစ်ရန်လိုသည် ။ အကောင်းအဆိုးအကြောင်းအကျိုးကိုခွဲခြားတတ်ဖို့လိုသည် ။ ထိုစနစ်အောင်မြင်ရန်မှာ တနိုင်ငံလုံး၏ လူများစုကြီး ဉာဏ်ရည်မြင့်နေဖို့လိုသည် ။ ထို့ကြောင့်ရွေးကောက်ပွဲတိုင်း ၊ရွေးကောက်ပွဲတိုင်းတွင် ဒီမိုကရေစီစော်ခပ်သင်းသင်းကလေးအနံ့ရသော အဖွဲ့အစည်းများကို မဲပေးရွေးချယ်ကြဖို့လိုသည် ။ အာဏာရှင်စော်နံသောအဖွဲ့အစည်းများကိုရှောင်ရှားကြဖို့လိုသည် ။ ရွေးကောက်ပွဲမဲပေးခြင်း၏ ဒုတိယ ရည်ရွယ်ချက်မှာ ဒီမိုကရေစီစနစ်ရှင်သန်ထွန်းကားဖို့ဖြစ်သင့်သည် ။

    ထိုသို့ဆိုလျှင် စာရေးသူ သင်သည် NLD အစိုးရလုပ်သမျှ ဘာပဲလုပ်လုပ် မျက်စေ့မှတ်ထောက်ခံနေသူလား ၊ ပုတ်သင်ညိုကြီးလိုလို ဘာပဲလုပ်လုပ် ခေါင်းညိတ်နေသူလားဟုမေးနိုင်ပါသည် ။ ထိုသို့မဟုတ်ပါ ။ ကျွန်ုသည် NLD အစိုးရလုပ်သမျှကိုင်သမျှအားလုံးကို ချွင်းချက်မရှိထောက်ခံနေသူတယောက်မဟုတ်ပါ ။ သူတို့လုပ်သမျှကိုင်သမျှထဲမှ သဘောမကျစရာအချက်များစွာလည်း ရှိပါသည် ။တွေ့ပါသည်။မြင်ပါသည် ။ ထောက်လည်းထောက်ပြနေပါသည် ။ ဥပမာအားဖြင့် ပြည်နယ်နှင့်တိုင်း ၀န်ကြီးချုပ် ၁၄ ယောက်ထဲတွင် ခြေမပေါ်သော ၊ ထက်ထက်မြက်မြက်မရှိသော ၀န်ကြီးချုပ်များ ပါနေခြင်းကိုအားမရပါ ။ တာ၀န်ပေးရာတွင် လူကဲခတ်မှားသည်ဟုထင်သည် ။ သို့မဟုတ် သူ့လူကိုယ့်လူ အစွဲဖြင့်ထည့်ကြသည်ဟုမြင်သည် ။ လွှတ်တော်အမတ်လောင်းများရွေးရာတွင်လည်းထိုနည်းနှင်နှင်ပင်ဖြစ်သည် ။ လူတော်တွေပါသလို ၊ ခပ်ညံ့ညံ့ အမတ်တွေလည်းပါလာသည် ။ အာမရစရာ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်းတွေ့ရသည် ။ ပြည်ထောင်စု၀န်ကြီးအဆင့်ထဲတွင်လည်း မှားမှာကြောက်သဖြင့် ၊ဒေါ်အောင်ဆန်းစုကြည် မကြိုက်မှာစိုးသဖြင့် ၊ အဆူခံရမှာကြောက်၍ ဘာမှရဲရဲဝံ့ဝံ့မလုပ်ဝံ့ပဲ မလုပ်မရှုပ် မပြုတ်လမ်းစဉ်ဖြင့် ရာထူးကိုဖက်တွယ်နေသော ခပ်ချာချာ၀န်ကြီးများရှိနေတာကိုကျွန်တော်တို့သဘောမကျပါ။ ၀န်ကြီးဆိုလျှင် ဆုံးဖြတ်ချက်ချသူ ( Decision Maker ) ဖြစ်ရပါမည် ။ ဆုံးဖြတ်ချက်ချရပါမည် ။ ဟိုလိုလို သည်လို လို ဘယ်သူ့အမုန်းမှမခံချင်လျှင် ရာထူးမယူပဲ အိမ်မှာ အိပ်နေပါ ။ ၀န်ကြီးရာထူးယူထားပြီးမှာတော့ ရာထူးနှင့်လိုက်ဖက်သောစကား၊ ရာထူးနှင့်လီုက်ဖက်သောအလုပ်များကိုကျွမ်းကျွမ်းကျင်ကျင် လုပ်ပြကြရပေလိမ့်မည် ။ ပြည်ထောင်စုအဆင့်တွင်လည်းကောင်း၊ တိုင်းနှင့်ပြည်နယ် အဆင့် တွင်လည်းကောင်း သိပ်ပြီးစွမ်းဆောင်ရည်မကောင်းသော၀န်ကြီးများစွာပါလာနေတာကိုလည်း တွေ့ရပေ၏ ။ အစိုးရအဖွဲ့ ဒုတိယသက်တမ်း ဖွဲ့နိုင်ခဲ့လျှင် ထို လူရွေးမှားမှု ထောင်ချောက်ထဲမှရုန်းထွက်နိုင်စေချင်ပါသည် ။ NLD အစိုးရအဖွဲ့ထဲတွင် ဆရာ၀န်အများစုကို နေရာပေးရာထူးပေးခဲ့ရာ ဆရာ၀န်ဆိုတိုင်း နိုင်ငံရေးကိုနားလည်ရဲ့လား ၊ ၀န်ကြီးကောင်း တယောက်ဖြစ်ရဲ့လား ၊ ကိုယ်စားလှယ်ကောင်းတယောက်ဖြစ်ရဲ့လား ဆိုတာ ပြန်လည်ဆန်းစစ်ဝေဖန်သင့်ပေသည် ။သစ်ခုတ်သူများ နေရာတွင် ပန်းပုဆရာများ၀င်လာချေပြီဆိုပြီး တော်လှန်ရေးတွင် မိုးထဲရေထဲမပါခဲ့သူများ ကို အစိုးရအဖွဲ့ထဲ တွင် ရေပေါ်ဆီအချို့ကိုထည့်သွင်းကစားစေခဲ့ရာ လေးနှစ်ကြာသည်အထိခြေစွမ်းမပြနိုင်သည့်နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် လူရွေးချယ်ရေးဆရာကြီးများအဖွဲ့အနေဖြင့် သဘောပေါက်သင့်ပေပြီ ။ သစ်ခုတ်သူဖြစ်စေ ၊ပန်းပုထုသူဖြစ်စေ တကယ်ခုတ်သူ ၊ တကယ်ထုဆစ်ပုံဖော်တတ်သူကိုရွေးချယ်တာ၀န်ပေးမိဖို့လိုပေလိမ့်မည် ။ ပန်းပုဆရာထံတွင် ဘေးကရပ်ကြည့်ပြီး ရေနွေးအိုးကြိုပေးဖူးကာမျှနှင့် ကျွမ်းကျင်ပန်းပုဆရာကြီးအဖြစ်ခေါ်ယူအသုံးချသလိုဖြစ်နေလျှင်တော့ ပါတီသာမကတိုင်းပြည်ပါနစ်နာရပေမည် ။ ဤသည်ကား NLD အပေါ်တွင်ကျွန်ုပ်၏ အမြင်ပေတည်း ။

   မည်သို့ပင်ရှိစေ ကျွန်တော်တို့နိုင်ငံသည် ဒီမိုကရေစီမခိုင်မြဲသေးပါ ။ လောလောဆယ်အရပ်သားအစိုးရ ဆိုရာတွင်ပင် ၀န်ကြီးဌာနသုံးခုကိုအရပ်သား လက်အောက် မထားနိုင်သေးပါ ။ တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ များတွင်လည်း အရပ်သားအစိုးရစစ်စစ်မဖြစ်သေးပါ ။ ထိုအချိန်တွင် ရွေးကောက်ပွဲတခု ရှိလာ၍မဲပေးသည့်အခါ အထူးသတိထားရွေးချယ်ရပါလိမ့်မည် ။ အာရှင်စနစ် ပြန်ပေါ်မလာရေး၊ ဒီမိုကရေစီစနစ် ခိုင်မာရေး ဆိုသော တို့တာ၀န်အရေး (၂)ပါးကိုသာရှေ့ရှု၍ မဲပေးရွေးချယ်သင့်ပေသည် ။ လူတယောက်ချင်း၏ မပြေလည်မှုများ မကြေနပ်မှု များသည် နိုင်ငံတော်နှင့်ဒီမိုကရေစီစနစ်၏ပြသနာမဟုတ် လူတယောက်ချင်းစီ၏ ပြသနာများသာဖြစ်သည် ။ ကျွန်တော်တို့မဲပေးရွေးချယ်ခဲ့ခြင်းမှာ ပြသနာအားလုံးကို ဥုံဖွဟုပပျောက်သွားအောင်မဲပေးခဲ့ခြင်းမဟုတ် ၊ လူတယောက်ချင်း ကျေးဇူးဆပ်ခံသည့်အနေဖြင့် ကိုယ်ထင်ရာကိုယ်လုပ်ကြခြင်းကိုနိုင်ငံတော်ကလိုက်လျောပေးဖို့မဟုတ် ။မဲပေးမှားလျှင် အာဏာရှင်စနစ်ပြန်ပေါ်လာမည်။ လက်သန်းကိုမင်စွန်းခဲ့ကြခြင်း၏ မြင့်မြတ်သောရည်ရွယ်ချက်မှာ ပေါပေါပဲပဲမဟုတ် ။ လေးနက်သော ရည်ရွယ်ချက်နှစ်ရပ်ရှိသည်ဆိုခြင်းကို လက်သန်းဖြတ်ချင်သည့်ပြည်သူလူထုသည် နားလည်ကြလော့ ။

သရ၀ဏ်(ပြည်)

ZN.H 🇦🇺
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျှက်
Mar








tin Swe
17-01-2020

Tuesday, December 10, 2019

ICJ -အမူတရားရုံးကိုဒေါ်အောင်ဆန်းစုကြည်တက်ရောက်


လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို တရားစွဲထားတဲ့အမှု ပထမဆုံး ကြားနာတဲ့နေ့မှာ ဂမ်ဘီယာက လျှောက်ထားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ကြပါတယ်။
<Zawgyi>လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို တရားစွဲထားတဲ့အမှု ပထမဆုံး ကြားနာတဲ့နေ့မှာ ဂမ်ဘီယာက လျှောက်ထားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ကြပါတယ်။
#ဘီဘီစီမြန်မာပိုင်း

Monday, December 9, 2019

ICJ အမူကြားနာပုံများကို ဒီလင့်ကနေတိုက်ရိုက်ကြည့်ရှူနိင်ပါတယ်။

ICJ တရားရုံးမှာ အမှုကြားနေချိန်တလျှောက်လုံးကို ဒီလင့်ခ်ကနေ တိုက်ရိုက်ကြည့်ရှုလို့ ရပါမယ်..

www.icj-cij.org/en/multimedia-index

ဒါဟာ တရားရုံးကနေ တရားဝင် Live လွှင့်ပေးတာ ဖြစ်ပြီး UN Web TV နဲ့ the United Nations online television channel မှာလည်း တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်..

ဘာသာစကားအနေနဲ့ကတော့ အင်္ဂလိပ်၊ ပြင်သစ်နှစ်ဘာသာနဲ့ Live လွှင့်မှာ ပါ.. ဂမ်ဘီယာနိုင်ငံမှာ ပြင်သစ်စကား တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်..

အမှုရင်ဆိုင်မယ့်အချိန်တွေကတော့ မြန်မာစံတော်ချိန်နဲ့ဆိုရင် ဒီအတိုင်းပါ..

၁၀-၁၂-၂၀၁၉
ဂမ်ဘီယာနိုင်ငံမှ လျှောက်လဲချိန်
နေ့လယ် ၃:၃၀ မှ ၆:၃၀

၁၁-၁၂-၂၀၁၉
မြန်မာနိုင်ငံဘက်မှ လျှောက်လဲချိန်
နေ့လယ် ၃:၃၀ မှ ၆:၃၀

၁၂-၁၂-၂၀၁၉
ဂမ်ဘီယာနိုင်ငံမှ လျှောက်လဲချိန်
နေ့လယ် ၃:၃၀ မှ ၄:၃၀

မြန်မာနိုင်ငံဘက်မှ လျှောက်လဲချိန်
ည ၁၀:၀၀ မှ ၁၁:၃၀

တရားရုံးထဲ ဝင်ရောက်ကြားနာမယ့်သူများကတော့ သိထားရလောက် Video ရိုက်ကူးခွင့် မရှိဘဲ ကြိုတင်စာရင်းပေးထားတဲ့ မီဒီယာတွေကသာ Live လွှင့် ဗီဒီယိုရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်..

နောက်ဆုံးရသတင်းများအနေနဲ့ ဒီအမှုဟာ စိတ်ဝင်စားသူများပြားလွန်းတာကြောင့် တရားရုံးအပေါ်ထပ်မှာ အခါတိုင်းလို အများပြည်သူကို တိုက်ရိုက် ကြားနာခွင့်မပေးဘဲ နိုင်ငံတကာ သံများကို နေရာချထားပေးမယ်လို့ သိရှိရပါတယ်..

ဝင်ရောက်နားထောင်မယ့် အများပြည်သူဟာ သီးသန့်ခန်းမှာ ပရိုဂျက်တာသော်လည်းကောင်း၊ TV ကြီးနဲ့သော်လည်းကောင်း အဲ့ကနေတဆင့် အမှုကို အချိန်နဲ့တပြေးညီ ကြည့်ရှုနားထောင်ခွင့်ရမှာ ဖြစ်ပါတယ်..

အခြားသောသတင်းများကိုလည်း ဒီပေ့ခ်ျကနေ အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားပါ့မယ်

UNICODE:

#ICJ တရားရုံးမှာ အမှုကြားနေချိန်တလျှောက်လုံးကို ဒီလင့်ခ်ကနေ တိုက်ရိုက်ကြည့်ရှုလို့ ရပါမယ်..

www.icj-cij.org/en/multimedia-index

ဒါဟာ တရားရုံးကနေ တရားဝင် Live လွှင့်ပေးတာ ဖြစ်ပြီး UN Web TV နဲ့ the United Nations online television channel မှာလည်း တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်..

ဘာသာစကားအနေနဲ့ကတော့ အင်္ဂလိပ်၊ ပြင်သစ်နှစ်ဘာသာနဲ့ Live လွှင့်မှာ ပါ.. ဂမ်ဘီယာနိုင်ငံမှာ ပြင်သစ်စကား တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်..

အမှုရင်ဆိုင်မယ့်အချိန်တွေကတော့ မြန်မာစံတော်ချိန်နဲ့ဆိုရင် ဒီအတိုင်းပါ..

၁၀-၁၂-၂၀၁၉
ဂမ်ဘီယာနိုင်ငံမှ လျှောက်လဲချိန်
နေ့လယ် ၃:၃၀ မှ ၆:၃၀

၁၁-၁၂-၂၀၁၉
မြန်မာနိုင်ငံဘက်မှ လျှောက်လဲချိန်
နေ့လယ် ၃:၃၀ မှ ၆:၃၀

၁၂-၁၂-၂၀၁၉
ဂမ်ဘီယာနိုင်ငံမှ လျှောက်လဲချိန်
နေ့လယ် ၃:၃၀ မှ ၄:၃၀

မြန်မာနိုင်ငံဘက်မှ လျှောက်လဲချိန်
ည ၁၀:၀၀ မှ ၁၁:၃၀

တရားရုံးထဲ ဝင်ရောက်ကြားနာမယ့်သူများကတော့ သိထားရလောက် Video ရိုက်ကူးခွင့် မရှိဘဲ ကြိုတင်စာရင်းပေးထားတဲ့ မီဒီယာတွေကသာ Live လွှင့် ဗီဒီယိုရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်..

နောက်ဆုံးရသတင်းများအနေနဲ့ ဒီအမှုဟာ စိတ်ဝင်စားသူများပြားလွန်းတာကြောင့် တရားရုံးအပေါ်ထပ်မှာ အခါတိုင်းလို အများပြည်သူကို တိုက်ရိုက် ကြားနာခွင့်မပေးဘဲ နိုင်ငံတကာ သံများကို နေရာချထားပေးမယ်လို့ သိရှိရပါတယ်..

ဝင်ရောက်နားထောင်မယ့် အများပြည်သူဟာ သီးသန့်ခန်းမှာ ပရိုဂျက်တာသော်လည်းကောင်း၊ TV ကြီးနဲ့သော်လည်းကောင်း အဲ့ကနေတဆင့် အမှုကို အချိန်နဲ့တပြေးညီ ကြည့်ရှုနားထောင်ခွင့်ရမှာ ဖြစ်ပါတယ်..

အခြားသောသတင်
းများကိုလည်း ဒီပေ့ခ်ျကနေ အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားပါ့မယ်..

Tuesday, November 12, 2019

သွေးပေါင်းခတဲ့ည

သမ္မတ ဦးသိန်းစိန်လက်ထက်မှာ လက်ပန်းတောင်တွင်ဘုန်းကြီးများမီး‌ေလာင်ဗုံးဖြင့်အကြမ်းဖက်ခြင်းခံရ

Monday, November 11, 2019

တပ်မတော်သည်မိမိပုံရိပ်ကိုမိမိဖျက်စီးနေခြင်းဖြစ်သည်



အဆိုပါ ဆောင်းပါးအား အမေရိကန်ရှိ ဩဇာတက္ကိမ ကြီးမားသော Foreign Policy Magazine ကြီးမှ “Myanmar’s Military Is Only Hurting Itself ဆောင်းပါးမှ ဝေဖန်ထားချက်အား ကောက်နှုတ်ဖေါ်ပြလိုက်ခြင်း ဖြစ်ပါတယ်။

ပြီးခဲ့သည့် နှစ်ပေါင်း သုံးဆယ် စလုံး မြန်မာသည် ကမ္ဘာအလယ်တွင် အပြစ်ပါယ်ခံနှင့် ချစ်ခင်ခံရသည့် အကြား ဟိုယိမ်းလိုက် ဒီယိမ်းလိုက် ဖြစ်နေခဲ့သည်။ ထိုသို့ ဖြစ်ရသည့် အဓိက အကြောင်းရင်းသည်ကား လူ့အခွင့်အရေး ချိုးဖေါက်မှု တခုတည်းကြောင့်ပင် ဖြစ်သည်။ ပို၍ တိတိကျကျ ဆိုရလျင် မြန်မာနိူင်ငံသားများ ကိုယ်တိုင် ၎င်းတို့ အစိုးရ လက်ဝယ် အဆိုပါ ဘေးဒုက္ခများ ခံစားခဲ့ရခြင်း ဖြစ်ပေသည်။ များသော အားဖြင့် နိူင်ငံတကာမှ ဝိုင်းကျဉ် ခံရမှုများသည် အကြမ်းဖက်ဝါဒ အား အားပေးအားမြှောက်ပြခဲ့ခြင်း၊ နျူကလီယား လက်နက်များ ထုတ်လုပ်လာခြင်း နှင့် စီးပွားရေး ကို ချယ်လှယ် နေခဲ့ကြခြင်း စသည့်အကြောင်းများကြောင့် ဖြစ်ခဲ့သော်လည်း မြန်မာ အရေးတွင် ထိုကိစ္စများ လုံးဝမပါဝင်ခဲ့ပေ။

အစိုးရအနေဖြင့် မိမိတို့ တိုင်းသူပြည်သားများအပေါ် အဘယ်ကြောင့် ထိုကဲ့သို့ ကျင့်ကြံနေရသနည်း ဆိုသည်အား မည်သူမျှ အသေအချာ မသိနိူင်ဖြစ်နေကြရသည်။ မြန်မာသည် နိူင်ငံသားများ၏ လူ့အခွင့်အရေး များကို နင်းခြေချိုးဖျက်နေကြခြင်းဖြင့် နိူင်ငံ၏ လုံခြုံရေးအား ၎င်းတို့က ကာကွယ်ပေးနေပါသည်ဟုသော ပြောဆိုနေသော်လည်း တကယ်တမ်းတွင် ပို၍ ထိခိုက်အောင် ပြုမူနေကြသည့် သဘောဖြစ်နေခြင်းက စိတ်မကောင်းစရာ ကောင်းလှသည့် အမှန်တရားပင် ဖြစ်ပေသည်။

နိူင်ငံတကာ ဆက်ဆံရေး သီအိုရီများနှင့် ကျင့်စဉ်များတွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများသည် ပြည်တွင်း၊ ဒေသတွင်းနှင့် နိူင်ငံတကာ ပဋိပက္ခများ သို့ ဦးတည်သွားနိူင်သည့် အခြေခံ အကြောင်းရင်းများ ဖြစ်သည်ဟု အတိအလင်း ဖွင့်ဆိုခဲ့ကြပြီးလည်း ဖြစ်ပေသည်။ ထိုသို့ စနစ်တကျ လူ့အခွင့်အရေးများ ကို ငြင်းပါယ်လာခဲ့ခြင်းများသည် စစ်ပွဲများ ဖြစ်ရခြင်း၏ ဇာစ်မြစ်အကြောင်းရင်းပင် ဖြစ်သည်ကို မကြာခဏ တွေ့ခဲ့ရသည်။ တောင်အာရှ၊ အရှေ့တောင်အာရှ အပါအဝင် ကမ္ဘတဝှမ်းလုံးတွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများကြောင့် အစိုးရ အဖွဲ့များ တရားဝင် ရပ်တည်နေခြင်းမှ ယုတ်လျော့လာရခြင်း၊ ပြိုလဲသွားခဲ့ရခြင်း နှင့် တော်လှန်ရေးများ ထိ ဖြစ်လာခဲ့ရခြင်းများ မြင်တွေ့လာရသည်မှာလည်း အကြိမ်ပေါင်း မရည်တွက်နိူင်တော့ပေ။ 

နိူင်ငံတခုမှ မိမိနိူင်ငံသားများ အပေါ် မည်သို့မည်ပုံ ဆက်ဆံနေသည် ဆိုသည့် အရေးသည် ထိုနိူင်ငံနှင့် နိူင်ငံတကာ အသိုက်အဝန်းအကြား သံတမန်ရေး အရ မည်သို့မည်ပုံ ဆက်ဆံရမည် ဆိုသည်အပေါ် အဓိကကျသော အခန်းကဏ္ကမှ ပါဝင်လာခဲ့သည်။ နိူင်ငံတွင်းရှိ “ရိုဟင်ဂျာ” များအား ယခုအခါ စနစ်တကျ နှင့် အလုံးစုံ ဖိနှိပ်ခဲ့ခြင်းများသည် နိူင်ငံ၏ အဓိက ကျသော လူ့အခွင့်အရေး ပြဿနာ ဖြစ်လာနေခဲ့သည်။ ယင်းကိုကြည့်၍ မြန်မာ၏ ဂုဏ်သိက္ခာ နှင့် ခေတ်သစ် ကုန်သွယ်ရေး နှင့် လုံခြုံရေး ကဏ္ကများတွင် အကျိုးတူ ပူးပေါင်းနိူင်သည့် ပါတ်တနာ ဖြစ်လာနိူင်မနိူင်ကို နိူင်ငံတကာ အသိုက်အဝန်းမှ အဓိပ္ပါယ် ဖွင့်ဆိုလာခဲ့ကြသည်။

“ရိုဟင်ဂျာ” များ ကိစ္စကို ခေတ္တလောက် ဖယ်ထုတ်ကြည့်မည်ဆိုလျင်ပင် မြန်မာတပ်မတော်အနေဖြင့် ၎င်းတို့၏ နယ်နမိတ်စည်းဝိုင်း အတွင်းတွင်ပင် ငြိမ်းချမ်းရေး နှင့် လုံခြုံမှု ရှိအောင် ထိမ်းသိမ်းနိူင်စွမ်း မရှိကြောင်း ပြဆိုခဲ့ပြီး ဖြစ်သည်။ မည်သည့်အချိန်ကြည့်ကြည့် နိူင်ငံမှ ခွဲထွက်ရေး အတွက် ဆိုကာ တက်ကြွစွာ လှုပ်ရှား တိုက်ခိုက်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဆယ်ခုနှစ်ဖွဲ့ခန့် ရှိနေပေသည်။ ထိုသို့ လက်နက်ကိုင် တိုက်ပွဲဝင်နေကြသည်မှာလည်း ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီလည်း ဖြစ်သည်။ အဆိုပါ လူမျိုးစု ပဋိပက္ခများက နိူင်ငံ၏ ရပ်တည်ပိုင်ခွင့်နှင့် တည်ငြိမ်သော နိူင်ငံတနိူင်ငံ ဖြစ်လာရေးကို ဆက်လက်ခြိမ်းခြောက်လျက် ရှိနေပေသည်။

လူမျိုးစု များ၏ ပုန်ကန်မှုသည် တိုင်းပြည်အား အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ခြိမ်းခြောက်လာနေသော်လည်း မြန်မာတပ်မတော်သည် ၎င်းတို့အား တိုက်ခိုက်ရန် ကျွမ်းကျင်မှု နှင့် အရည်အချင်းလည်း မရှိပြန်ပေ။ ထိုသို့ ကျွမ်းကျင်မှု နှင့် စွမ်းဆောင်ရည်များ မရှိအောင် သိသိသာသာ ကန့်သတ်ပေးလိုက်သလို ဖြစ်ခဲ့ရသည်ကား နှစ်ပေါင်း သုံးဆယ် လုံးလုံး နိူင်ငံရပ်ခြား မှ စစ်တပ်များနှင့် ထိတွေ့ဆက်ဆံမှု မရှိခဲ့သောကြောင့်ပင် ဖြစ်သည်။ ဤသို့ ဖြစ်ခဲ့ရသည်မှာလည်း ၁၉၉၀ နှစ်များ ၏ အစောပိုင်း ကာလများတွင် မြန်မာအပေါ် စီးပွားရေး ဒဏ်ခတ်ခဲ့ကြခြင်းကြောင့်ပင်ဖြစ်သည်။ ထို့အတွက် ဖြစ်ပေါ်လာသော တိုက်ရိုက် သက်ရောက်မှုသည်ကား မြန်မာ အနေဖြင့် ၎င်းတို့ စစ်တပ်အား ပရော်ဖက်ရှင်နယ် စစ်တပ်ကြီး ဖြစ်လာအောင် လုပ်နိူင်စွမ်းရှိမလာခဲ့မှုနှင့် ခေတ်မှီ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး နည်းနာနိဿရ များကို လေ့လာသင်ယူခွင့် မရရှိလာခဲ့သည့်အပြင် ခေတ်မှီ စစ်ရေး နည်းပညာ များ၏ အကျိုးကျေးဇူးများလည်း မခံစားခဲ့ကြရပေ။

မြန်မာ စစ်တပ်၏ အပြုအမူများကြောင့် တိုင်းပြည်လုံခြုံရေး ရာ များ တွင် အရည်အသွေး များ ကျဆင်းလာမှုသည် ၎င်းတို့၏ နယ်ခြားများတွင်ပင် ရပ်တန့်သွားမည့် ကိစ္စမျိုးမဟုတ်ပဲ ဒေသတခုလုံးတွင် မတည်ငြိမ်မှုများနှင့် လုံခြုံမှု ကင်းမဲ့ လာအောင် ဖန်တီးပေးသလိုမျိုး ဖြစ်လာနေပေသည်။ ဘင်္ဂလားဒေ့ရှ် ရှိ “ရိုဟင်ဂျာ” ဒုက္ခသည် စခန်းများ အတွင်း အစစအရာရာ အခြေအနေများ ဆိုးဝါးလာနေသည့်အပြင် ၎င်းတို့၏ အနာဂါတ်ရေးကို အဆုံးအဖြတ်ပေးနိူင်မည့် မဟာဗျုဟာတခုလည်း ချမှတ်နိူင်ခြင်း မရှိ ဖြစ်နေခဲ့ခြင်းများကြောင့် သူတို့၏ ဘဝများ မရေမရာ ဖြစ်လာနေသည်။ ထိုသို့သော အနေအထားများကြောင့် ပါတ်ဝန်းကျင် ဒေသတခုလုံး မတည်မငြိမ် ဖြစ်လာနေသည်။ ထိုမှ လွန်၍ အရှေ့တောင်အာရှနိူင်ငံအများအပြားသို့ ပျံ့နှံ့လာနိူင်သည်။ ထိုနိူင်ငံများတွင် “ရိုဟင်ဂျာ” လူမျိုးစုများ က အတော်များများ ရောက်ရှိနေကြပြီ ဖြစ်သည်။ ထိုသို့သော လူများက ပို၍ အစွန်းရောက် သူများ ဖြစ်လာနိူင်သည်။ ပြည်ပရောက် “ရိုဟင်ဂျာ” များက ၎င်းတို့အနေဖြင့် အကြမ်းဖက်ခံနေရမှုများအတွက် ဂျီဟတ် စစ်ပွဲသာ ဆင်နွှဲရန်သာ ရှိတော့သည်ဟု တခါက ပြောဆိုခဲ့ဖူးသဖြင့် ထိုသို့ဖြစ်လာပါက နိူင်ငံစုံ ပါဝင်ပါတ်သက်လာနိူင်သည့် အကြမ်းဖက်ဝါဒ ကြီး အသွင် ကူးပြောင်းသွားနိူင်ပေသည်။ နိူင်ငံ၏ လုံခြုံရေးအားလည်း အနှုတ် လက္ခဏာပြနေရာမှ နှစ်ဆတိုးပြီး ရိုက်ခတ်လာနိူင်ပေသည်။ 

နယ်မြေ လုံခြုံရေး ပိုင်းတွင်သာမက စီးပွားရေး ပိုင်းတွင်လည်း ထိခိုက်လာနိူင်ပြန်ပေသည်။ လူ့အခွင့်အရေး အလွဲသုံး ပြုကျင့်မှုများကို တုန့်ပြန်သည့် အနေဖြင့် စီးပွားရေးအရ ဒဏ်ခတ်မှုများ ရှိလာနေသဖြင့် စီးပွားရေး တိုးတက်မှုနှုန်းသည် မျှော်လင့်ထားခဲ့သည်ထက် လျော့နည်းကျဆင်းခဲ့ရသည်။ တသီးပုဂ္ဂုလိကများ၏ လေ့လာတွေ့ရှိချက်များအရ ၂၀၀၃ ခုနှစ်တွင် အမေရိကန်၏ စီးပွားရေး ဒဏ်ခတ်မှုကြောင့် အထည်အလိပ်လုပ်ငန်းများ တိုးတက်မှုနှုန်းသည် အာရှရှိ အခြားသော ဖွံ့ဖြိုးဆဲ နိူင်ငံများနှင့် နှိုင်းစာလျင် နိမ့်ဆင်းသွားခဲ့ကြောင်း တွေ့ရှိလာခဲ့ရသည်။ ထို့အတွက် တိုင်းပြည်တွင် ဆင်းရဲမွဲတေမှုများ လျော့ပါးရေး ကြိုးပမ်းမှုများ အား ထိခိုက်လာခဲ့ရသည်။ ပို၍ သိသာထင်ရှားခဲ့ရသည်က မြန်မာပြည်တွင်းရှိ အမေရိကန်၏ ရင်းနှီးမြုပ်နှံမှုများ ထိခိုက်သွားခဲ့ရခြင်းပင် ဖြစ်သည်။ ရလာဒ်အဖြစ် နည်းပညာသစ်များ ရရှိရေး၊ ပိုမိုကောင်းမွန်သည့် လုပ်ငန်းခွင် အနေအထားများတွင် လုပ်ကိုင်ခွင့်ရရှိရေး နှင့် ကမ္ဘာဈေးကွက်များသို့ ဝင်ရောက်ခွင့် ရရှိရေးတို့ ဆုံးရှုံးသွားခဲ့ရသည်။

အခြားသော ထိခိုက်မှုများလည်း မရည်တွက်နိူင်အောင် ဖြစ်ပေါ်ခဲ့ရသည်၊ ပေါ်လွင်ထင်ရှားစွာ ဆက်ရှိနေသည့် အချက်သည်ကား မိမိတို့နိူင်ငံသားများအား ဆက်လက်ပြီး အန္တရာယ်ပြု တိုက်ခိုက်နေမည်ဆိုက မြန်မာတပ်မတော် အနေနှင့် မိမိတို့ နိူင်ငံလုံခြုံရေးအား ထိခိုက်နစ်နာအောင် ပြုလုပ်နေသည်နှင့် အတူတူ ဖြစ်သည် ဆိုခြင်းပင်။ 

မြန်မာ စစ်ခေါင်းဆောင်များ၏ အမျိုးသား လုံခြုံရေး ပိုင်းတွင် အမျှော်အမြင်နည်းမှု၊ ရေရှေကို မြင်နိူင်စွမ်း မရှိမှုများသည် ကမ္ဘာလုံခြုံရေး ၏ လားရာ အား ထင်ဟတ်လာနေပြီ ဖြစ်သည်။ မကြာခဏ ဆိုသလို စစ်ဖက် နှင့် အရပ်ဖက် မူဝါဒ ရေးဆွဲသူများ အကြား ကွဲပြားမှုများ ရှိလာနေသည်။ စစ်ဖက် ခေါင်းဆောင်များသည် နိူင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့် လေ့ကျင့်ခံခဲ့ရသူ ရှားပါးလှသည်။ ရေရှည်တန်ဖိုးထားရမည် အရာများဖြစ်သော နိူင်ငံရေး စနစ်တွင် လူအားလုံး ပါဝင်ခွင့် ရှိရေး၊ လူ့ဘောင်အဖွဲ့အစည်း အတွင်း အကြမ်းဖက်မှုများနှင့် လူမျိုး ဘာသာနှင့် လူနည်းစုများအပေါ် ခွဲခြား ဆက်ဆံမှုများ ဖြေရှင်းရေးတို့သည် အမျိုးသား လုံခြုံရေး အတွက် လွန်စွာ အရေးပါလှသည်။ သို့သော် ထိုအခွင့်အရေးများအား အကာအကွယ်ပေးရေးတို့အား လုံခြုံရေးပိုင်း တာဝန်ရှိသူများက တန်ဖိုးမထားခဲ့ကြသည့်အပြင် ဂရုပြုရမည်ကို လည်း မသိခဲ့ကြပေ။ ထို့အတွက်ကြောင့်လည်း အမျိုးသမီးများ၊ လူမျိုးစုများနှင့် လူနည်းစု ဘာသာခြားများ အရေးကို ၎င်းတို့၏ လုံခြုံရေး ဆိုင်ရာ ကိစ္စများ ဆွေးနွေးကြသည့်အခါ ထည့်သွင်း ပြောဆိုခဲ့မှု မျိုး မရှိခြင်းဖြစ်သည်။ ဤသို့ဖြင့် မဖြေရှင်းနိူင်သော ကိစ္စများ အဖြစ် ကာလကြာမြင့်စွာ ရှိလာနေခြင်းလည်း ဖြစ်သည်။

ထို့အပြင် နိူင်ငံတနိူင်ငံသည် စီးပွားရေး နှင့် လုံခြုံရေး ပိုင်းတို့တွင် တိုးတက်မှုရှိလာရေး ရုန်းကန်လှုပ်ရှားလာရသည့်အခါ ၎င်းတို့တွင် ရှိလာသော ချို့ယွင်းချက် အားနည်းချက်များ အတွက် တိုင်းရင်းသား လူနည်းစုများသည် အလွယ်တကူ လက်ညိုးထိုး ပြစ်တင်ခံရသည့် ဓါးစာခံများ ဖြစ်လာတတ်ကြသည်။

အမျိုးသား လုံခြုံရေး ရာ သဘောထားများ သည် လူ့အခွင့်အရေး များ အပေါ် အမြဲလိုကျော်လွှား သွားလေ့ ရှိခဲ့ပြန်သည်။ ထိုသို့ အမျှော်အမြင်နည်းမှုများကြောင့် ပြည်တွင်း မငြိမ်မသက်မှုများဆီ ဦးတည်သွားနိူင်ပြီး နောက်ဆုံးတွင် နိူင်ငံ လုံခြုံရေး ကို ထိခိုက်လာနိူင်ပေသည်။

Hla Soewai

Wednesday, November 6, 2019

ကိုယ်လုပ်မှ့ကိုစားရမယ်ဆိုတဲ့သူတွေအတွက် 2015 ခုနှစ်က

ဆန္ဒမဲပေးရန် စင်ကာပူမှလေယာဉ်စင်းလုံးငှါးဖြင့် ရောက်ရှိလာကြသည့် မြန်မာများ (ဓာတ်ပုံ - အောင်နိုင်စိုး ကစ္ဆပ)
Popular News Journa






l

Monday, November 4, 2019

RIP ဦးထွန်းလွင်

"#အလွမ်းသတင်း_ကြေငြာချက်"

ကျန်းမာတော်မူကြပါစခင်ဗျာ

မုတ်သုံနှလုံးသားတိမ်ထုတစ်ခုဟာ
ချစ်သူခင်သူတို့အား ထာ၀ရ စွန့်ခွာ

အမည်မသိရပ်ဝန်းသို့ အပြီးတိုင်ပြန်လည်ထွက်ခွာသွားခဲ့ပြီ ဖြစ်
ပါတယ် ။

အဲဒီ မုတ်သုံနှလုံးသားပြန်လည်ထွက်ခွာသွားတဲ့အတွက်
ထိုနေရာတွင် လစ်ဟာနယ်ကြီးတစ်ခု
ဖြစ်ထွန်းလာနိုင်ပါတယ် ။

အဲဒီလစ်ဟာနယ်ကြောင့်
လေးစားသူ
အားကိုးအားထားပြုကြသူတို့ဒေသမှာ
ဝမ်းနည်းကြေကွဲမှုများ သည်းထန်စွာ ရွာသွန်းနိုင်ပါတယ်

နောက်နှစ်ရက်အဖို့
တပြည်လုံးမှာ မျက်ရည်မိုးများ နေရာစိတ်စိတ် မှ
‌နေရာအနှံ့အပြားရွာသွန်းနိုင်ပါတယ်
ရွာရန် ရာခိုင်နှုန်းပြည့် ဖြစ်ပါတယ် ။

ထူးခြားမျက်ရည်ချိန်များအနေဖြင့်ကတော့
တန်ဖိုးထားသူတို့ ရပ်ဝန်း တစ်ဝိုက်
နဲ့
အလေးထားချစ်ခင်သူတို့ဒေသများမှာ
ရွာသွန်းမြဲထက်များစွာ ပိုနိုင်ပါ‌ေကြာင်း လေးစားစွာဖြင့် အစီရင်ခံတင်ပြလိုက်ရပါတယ် ။

**************************
နောက်ဆုံးထွက်သက်အထိ မိုးလေဝသကြေညာပေးနေခဲ့တဲ့ ဆရာ့ကို ဂါရဝပြုလျက်

ချစ်ခြင်းများစွာဖြင့်

ထင်လင်းဦး(Wisdom Villa)
4.nov.2019
.
Credit : Htin Linoo WisdomVilla
.
ပြန်လည်မျှဝေပေ

းပါတယ်
လေးစားလျှက်
Martin Swe
05-11-2019

2020 NLDအောင်မည်။









Thursday, October 31, 2019

2015 ခုနစ်က အမျိုးသားဒီမိုကရေစီဥဏ္ကထဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့သုဝဏ္ဏကွင်းတွင်တရားဟောနေစဉ်

ရန်ကုန်မြို့ သုဝဏ္ဏမြို့ဦးစေတီကွင်းတွင် ဟောပြောနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
ဓာတ်ပုံ - National League for Democrac







y

Wednesday, October 30, 2019

မြန်မာပြည်က သူခိုးအကြီးစားများ

 ဘပြောင် က လူရိုးပါ ...

"' ဝန်ကြီးများရုံးကဲ့သို့ အပိုင်သိမ်းထားသော နေရာတစ်ခု "'
             °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
'လူရိုးကြီး' သိန်းစိန်ကသူ့လက်ထက်မှာ
ခေတ်အဆက်ဆက် က ဝန်ကြီးများရုံးကို
လက်သိပ်ထိုးငှားရမ်းခဲ့တဲ့ အပြင် ရန်ကုန်
အင်းယားကန်ဘေးက စိမ်းလဲ့ကန် သာ
နိုင်ငံတော်ဧည့်ဂေဟာအဝင်ဝက တိုက် နဲ့
မြေကွက်ကို သူ့ကိုယ်ပိုင်အဖြစ် ပိုင်းယူခဲ့ သတဲ့
K.tw

ZN.H 🇦🇺
ZN.H 🇦🇺

စိုးထွန်းရှိန်နောက်ကြောင်း Myanmar Now လိုက်ပြီ ..

ဦးစိုးထွန်းရှိန် DVB အား သိန်း ၁၀၀၀ ချေးဖူးပြီး ကမ္ဘောဇဘဏ်အား ဘီလျံချီအကြွေးတင်
==========================
ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း မြန်မာအစိုးရအရာရှိများက အတည်ပြုထားသည့် တရားခံပြေး ရွှေသူဌေး ဦးစိုးထွန်းရှိန်၏ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် လွန်ခဲ့သည့် သုံးနှစ်အတွင်း ပြည်တွင်း DVB သတင်းဌာနအား ကျပ်သိန်းထောင်ချီ ချေးငွေအပါအဝင် ငွေကြေးအကူအညီများ ပေးခဲ့ပြီး ကမ္ဘောဇဘဏ်နှင့်လည်း ကြွေးမြီပြဿနာများ ရှိနေသည်။

ဒီမိုကရက်တစ်မြန်မာ့အသံ (Democratic Voice of Burma/DVB) ကို အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက ၂၀၁၆ ဒီဇင်ဘာ ၁၂ ရက်တွင် ဘဏ်တိုးနှုန်းအတိုင်း တစ်နှစ် ၁၃ ရာခိုင်နှုန်းဖြင့် ကျပ်သိန်း ၁၀၀၀ကို စာချုပ်ချုပ်ဆို ငွေချေးခဲ့ခြင်းဖြစ်သည်။

Myanmar Now က DVB သတင်းဌာနထံမှ ရရှိခဲ့သည့် အမျိုးသားကြီးပွားတိုးတက်ရေး နှင့် DVB တို့၏ နှစ်မျက်နှာပါ စာချုပ်တွင် DVB Multimedia Company Ltd က “ ၎င်း၏လုပ်ငန်းတွင် ငွေကြေးများ လိုအပ်နေသည့်အတွက် ” ဘဏ်တိုးနှုန်းရယူပြီး ကျပ်သိန်း ၁,၀၀၀ တိတိ ခေတ္တခဏ ထုတ်ပေးရန် အကူအညီတောင်းခံရာ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီလီမိတက်ကလည်း “ မိမိတို့ကုမ္ပဏီ နှင့် လုပ်ငန်းဆက်စပ် လုပ်ကိုင်ဖူးသူ ဖြစ်သည့်အတွက် ကူညီရန် သဘောတူပါသည် ” ဟု ရေးသားထားသည်။

ငွေချေးတာ ခေါင်းဆောင်ပိုင်းမသိ

DVB ထိပ်ပိုင်းခေါင်းဆောင်များက ယင်းငွေကြေးချေးငှားမှုသည် ယခု အလုပ်ထွက်သွားပြီးဖြစ်သည့် DVB ကြော်ငြာအရောင်းဌာနကို ဦးဆောင်သည့် ဦးခင်မောင်ဝင်းက ချေးယူခဲ့ခြင်းဖြစ်ပြီး ငွေထုတ်ချေးသူမှာ ဦးစိုးထွန်းရှိန်၏ အမျိုးသားကြီးပွားတိုးတက်ရေး ဖြစ်ကြောင်း အချိန်လွန်မှ သိခဲ့ရသည်ဟု ဆိုသည်။

ငွေးချေးယူသည့် အချိန်သည် ယခု တရားမဝင်ကြေညာခံထားရသည့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) နှင့် ဦးစိုးထွန်းရှိန်တို့အကြား ဆက်နွှယ်မှုအကြောင်းကို လူသိထင်ရှားဖြစ်နေသည့် အချိန်ဖြစ်ပြီး ဦးစိုးထွန်းရှိန်ကဲ့သို့သောသူထံမှ ငွေချေးယူခဲ့ခြင်းသည် DVB ကဲ့သို့သော သတင်းဌာနအတွက် ရုပ်ဆိုးစရာကောင်းသည့် ဖြစ်ရပ်ဟုတ်မဟုတ် Myanmar Now က မေးသည့်အခါ

“စိုးထွန်းရှိန်ဆီက ယူမယ်လို့ ကြိုသိရင် ကျွန်တော်တို့လည်းတားမှာ။ ဒါပေမဲ့ သိတဲ့အချိန်မှာ ယူလည်းယူပြီးပြီ။ ကျွန်တော်တို့က တစ်လလောက်ကြာမှ သိတာ” ဟု

DVB ၏ အမှုဆောင်ဒါရိုက်တာ နှင့် အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က ရန်ကုန် DVB ရုံး၌ Myanmar Now နှင့် ဩဂုတ်လ ၃၀ ရက်က တွေ့ဆုံမေးမြန်းမှုအတွင်း ဖြေကြားခဲ့သည်။

အဆိုပါချေးငွေကို ရန်ကုန်မြို့လယ် အနော်ရထာလမ်း၊ ၃၉ နှင့် လမ်း ၄၀ ကြားရှိ ကွန်ဒိုအခန်းတစ်ခန်းတွင် DVB က ကြော်ငြာရုံးခန်းဖွင့်ရန် အခန်းငှားခအဖြစ် အသုံးပြုခဲ့ကြောင်း ၎င်းက ဆိုသည်။ အဆိုပါချေးငွေ ရယူခဲ့သည့် ၂၀၁၆ ဒီဇင်ဘာ ကာလများသည် DVB အနေဖြင့် ၎င်းကို ငွေကြေးထောက်ပံ့နေသည့် အဖွဲ့အစည်းများထံမှ ထောက်ပံ့ငွေအချို့ ထပ်မံမရသေးခင်စပ်ကြား ဘဏ္ဍာရေးအခက်အခဲရှိသည့် ကာလဖြစ်ကြောင်း၊ DVB ထိပ်ပိုင်းခေါင်းဆောင်များက ဆိုသည်။

ချေးငွေကြောင့် DVB ၏ဘက်မလိုက်ဘဲ မျှတစွာ သတင်းဖော်ပြမည်ဆိုသည့် စံနှုန်း ပြောင်းလဲခဲ့ခြင်း မရှိဟုလည်း ၎င်းတို့က ဆိုသည်။ သို့သော် ယင်းချေးငွေ ရယူခဲ့ပြီးနောက် DVB က ဦးစိုးထွန်းရှိန်နှင့် အနည်းဆုံးနှစ်ကြိမ် အထူးသီးသန့် တွေ့ဆုံမေးမြန်းများကို DVB သတင်းဌာနရုံးနှင့် လှည်းကူးမြို့ရှိ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဌာနချုပ်တို့တွင် ပြုလုပ်ခဲ့သည်။

ယင်းတွေ့ဆုံမေးမြန်းမှုတစ်ခုအတွင်း ဦးစိုးထွန်းရှိန်ဘက်က ၎င်းတို့မေးစေလိုသော မေးခွန်းများကို ကြိုပေးခဲ့သော်လည်း ပယ်ချခဲ့ပြီး မိမိတို့မေးလိုသည့် မေးခွန်းများကိုသာ မေးမြန်းခဲ့သည်ဟု ၎င်းမေးမြန်းခန်းကို ပြုလုပ်ခဲ့သူ DVB သတင်းဌာနမှ ကိုနေသွင်ညိဏ်းက ဆိုသည်။

DVB သည် ချေးငွေ အရင်းနှင့်အတိုး အားလုံးကို ပြန်လည်ပေးဆပ်ခဲ့ပြီး ယနေ့အချိန်တွင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီထံမှပင် ကျပ်သိန်း ၃၂၀ ရရန် ရှိသေးသည်ဟု DVB တာဝန်ရှိသူများက ဆိုသည်။ ယင်းငွေကြေးသည် DVB နှင့် အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီတို့အကြား ပြီးခဲ့သည့်နှစ် ဧပြီလက ချုပ်ဆိုထားသည့် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ သဘောတူစာချုပ်တစ်ခုမှ စခဲ့ခြင်းဟု DVB ဘက်က ဆိုသည်။

DVB ကထုတ်လွှင့်မည့် ‘တစ်ယောက်တစ်လက် (FIX IT)’ အမည်ရှိ ရုပ်သံအစီအစဉ်အတွက် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ထောက်ပံ့ရန် နှစ်ဖက်သဘောတူခဲ့ကြခြင်း ဖြစ်သည်။ Myanmar Now က DVB သတင်းဌာနထံမှ ရရှိခဲ့သည့် အဆိုပါ စပွန်ဆာသဘောတူညီချက်တွင် ခြောက်လကြာ ထုတ်လွှင့်မည့် ရုပ်သံအပိုင်း ၂၄ ပိုင်းအတွက် တစ်ပိုင်းလျှင် ကျပ်သိန်း ၂၀ နှုန်းဖြင့် သိန်း ၄၈၀ ထောက်ပံ့ရန် သဘောတူထားကြသည်။

သို့သော်လည်း ငွေကြေးအပြည့်အဝ မရရှိသေးဘဲ အမျိုးသားကြီးပွားတိုးတက်ရေးထံမှ ကျပ်သိန်း ၃၂၀ ရရန် ရှိသေးသည်ဟု DVB ဘက်က ဆိုသည်။ ၂၀၁၉ ဧပြီလတွင် ငွေပေးသွင်းရန် အမျိုးသားကြီးပွားတိုးတက်ရေးထံ စာပို့အကြောင်းကြားခဲ့ရာ “မိုးထိမိုးမိလုပ်ငန်းကြီး ပြန်လည်ဖွင့်သည့်အချိန်တွင် ပေးအပ်သွားမည်” ဟု ကြောင်းပြန်ခဲ့သည်ဟု ပြန်စာကို ကိုးကားပြီး DVB ဘက်က ဆိုသည်။

၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် DVB သတင်းဌာနသည် စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း အလေးပေး ဖော်ပြလေ့ရှိသည်။ မြန်မာနိုင်ငံအတွင်း တရားဝင်ရုံး မဖွင့်လှစ်နိုင်သည့် ကာလများတွင် နော်ဝေနိုင်ငံ အော်စလိုမြို့ နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့မှတစ်ဆင့် ရုပ်သံနှင့်ရေဒီယိုအစီအစဉ်များ ထုတ်လွှင့်ခဲ့သည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ နာဂစ်မုန်တိုင်းနှင့် မြန်မာ-မြောက်ကိုရီးယား စစ်ရေးဆက်နွယ်မှု စသည့် လျှို့ဝှက်စုံစမ်းဖော်ထုတ်သည့် သတင်းများကြောင့် DVB သည် စစ်အစိုးရလက်ထက်တွင် မြန်မာနှင့် နိုင်ငံတကာ ပရိတ်သတ်များအကြား ဩဇာကြီးမားသော သတင်းဌာနတစ်ခု ဖြစ်လာခဲ့သည်။

DVB သတင်းဌာနသည် ဝန်ထမ်း ရာနှင့်ချီ ရှိပြီး နှစ်စဉ် လည်ပတ်သုံးစွဲမှု ပမာဏမှာ ဒေါ်လာသန်းနှင့်ချီ ရှိသည်ဟု သိရှိရသည်။

ကမ္ဘောဇဘဏ်နှင့်ဖြစ်သည့်အမှု

တစ်ချိန်က မိုးထိမိုးမိတောင်ပေါ်တွင် အသေးစားဘဏ်ခွဲ ဖွင့်ရန်အထိ အမျိုးသားကြီးပွားတိုးတက်ရေးနှင့် ကမ္ဘောဇဘဏ်တို့အကြား ဆက်ဆံရေး ကောင်းမွန်ခဲ့သော်လည်း နှစ်ဖက်အကြား ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တွင် တရားမကြောင်းအရ တရားရင်ဆိုင်ရန် ရှိနေသည်။

ကမ္ဘောဇဘဏ်က အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီကို ရန်ကုန်တိုင်းတရားလွှတ်တော်တွင် တရားမကြောင်းအရ တရားစွဲရန် ကြိုးစားလျက်ရှိကြောင်း ယင်းအမှုအတွက် အမျိုးသားကြီးပွားတိုးတက်ရေးဘက်မှ ရှေ့နေလိုက်ရန် ပြင်ဆင်နေသည့် ဦးသိန်းသန်းဦးက မေလအတွင်းက ပြောသည်။

အမှုသည် ဘဏ်ချေးငွေနှင့် ပတ်သက်ဖွယ်ရှိသော်လည်း အမှုအသေးစိတ်နှင့် ငွေကြေးပမာဏကိုတော့ သီးခြား အတည်မပြုနိုင်ပါ။

Myanmar Now က ရရှိထားသော အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖော်ရေးအုပ်စုလီမိတက်၏ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် ကမ္ဘောဇဘဏ်ထံမှ ကျပ် ၁၀ ဘီလျံ (ကျပ်သန်းတစ်သောင်း) ချေးယူထားကြောင်း ဖော်ပြထားသည်။

ကမ္ဘောဇဘဏ်ဘက်ကတော့ အဆိုပါအမှုအတွက် ထင်မြင်ချက်မပေးဘဲ တရားစွဲရန် ကြိုးစားနေခြင်း ဟုတ်မဟုတ်ကိုပင် ထုတ်ပြောရန် ငြင်းဆန်သည်။

Myanmar Now က မိုးထိမိုးမိရွှေတွင်းနှင့်ပတ်သက်ပြီး အမျိုးသားကြီးပွားတိုးတက်ရေးထံ ပြီးခဲ့သည့် လများအတွင်းက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါ။

ဦးစိုးထွန်းရှိန်၏ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ဧက ၆၀၀၀ ကျော်ရှိသော မိုးထိမိုးမိရွှေလုပ်ကွက်ကြီးတွင် နိုင်ငံတော်နှင့် စာချုပ်ချုပ်ပြီး လုပ်ကိုင်ခဲ့ရာ နိုင်ငံတော်အား သတ်မှတ်ရွှေပိဿာများ မပေးဆောင်မှု၊ တရားမဝင် ဆက်လက်ရွှေတူးဖော်မှု စသည့် စွပ်စွဲချက်များဖြင့် အစိုးရက ၎င်းနှင့် ၎င်း၏ကုမ္ပဏီ တာဝန်ရှိသူအချို့အား ရာဇဝတ်ပုဒ်မများဖြင့် အမှုဖွင့်ထားသည်။

ထောင်ဒဏ် ၁၀ နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်ထိုက်သော သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (က)အပြင် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆(၁) တို့ဖြင့် အမှုဖွင့်ခံထားရသော ဦးစိုးထွန်းရှိန်သည် ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ၎င်းကို တရားခံပြေးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယခုနှစ်ဆန်းပိုင်းတွင် ကြေညာခဲ့သည်။

ထိုင်းနိုင်ငံတွင်နေထိုင်သည့် Myanmar Now ၏ သတင်းရင်းမြစ်တစ်ဦးက ဦးစိုးထွန်းရှိန်အား အောက်တိုဘာ ၁၄ နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။

ထိုသတင်း ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ဦးစိုးထွန်းရှိန်သည် မြန်မာ -ထိုင်း နယ်စပ် တာချီလိတ်မှတဆင့် ထိုင်းဘက်ခြမ်းသို့ ကားလမ်းဖြင့် ထွက်ပြေးသွားပြီဟု သမ္မတရုံး ပြောခွင့်ရအရာရှိက အောက်တိုဘာ ၂၅ တွင် အတည်ပြုခဲ့သည်။ ၎င်းအား ရှာဖွေရန် မြန်မာရဲအရာရှိများ ထိုင်းသို့ သွားမည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

ဦးစိုးထွန်းရှိန်ကို ရှာဖွေဖမ်းဆီးမှု နောက်ဆုံးအခြေအနေများကို သိရှိရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးအား ဖုန်းဖြင့်ဆက်သွယ်သော်လည်း ၎င်း၏ဖုန်းမှာ စက်ပိတ်ထားသည်

Source: Myanmar Now

ZN.H 🇦🇺၎င်း၏ဖုန်းမှာ စက်ပိတ်ထားသည်

Source: Myanmar Now

ZN.H 🇦🇺

Sunday, October 27, 2019

==============ငါသာဆိုရင်
=================
အမေရိကန်နိုင်ငံ အခြေစိုက် CBS သတင်းဌာနက သတင်းတင်ဆက်သူ Bill Whitaker မြန်မာနိုင်ငံကိုလာရောက်ပြီး မြန်မာ့အရေး သိရှိနိုင်ဘို့အတွက် ထင်ရှားသူများကို မေးမြန်းသွားခဲတာ 60 Minutes အစီစဉ်မှာ ကြည့်ရူခဲ့ရပါတယ်။ သူတွေ့ဆုံးမေးမြန်သူတွေထဲမှာ ဘာသာရေးဘက်ကပုဂ္ဂိုလ် တစ်ချို့ကိုလဲ မေးမြန်းသွားခဲ့လို့ ကြည့်လိုက် သိလိုက်ရပါတယ်။ ဆရာတော် ဦးဝီရသူ နှင့် မေးမြန်ခဲ့တာပါ။ ၂ ခါလောက်ကြည့်ဖြစ်ပါတယ်။ ဆရာတော် ဦးဝီရသူ ၏ ဖြေကြားချက်များ ဖြေကြားပုံများကို မိမိ သဘောမကျနိုင်ပါ။ လက်မခံနိုင်ပါ။ ဒါကြောင့် စဉ်းစားမိပါတယ် အကယ်၍ အမေးခံရသူဟာ မိမိသာ ဆိုလျှင်

………
Bill Whitaker: ဆရာတော်ရဲ့ ဗုဒ္ဓဝါဒပုံစံကို အစွန်းရောက်တယ်လို့ ဒလိုင်းလားမား က ဝေဖန် ထားပါတယ်။
ဦးဝီရသူ - အစွန်းရောက်ဆိုတဲ့ စကားလုံးကို ဂုဏ်ယူစွာ လက်ခံပါတယ်။ ဘုန်းကြီးက ဒလိုင်းလားမားကို မလေးစားပါဘူး။ သူက နိုင်ငံရေးအာဏာ ပွဲစားပါ။ ကျုပ်တို့ ဒလိုင်းလားမားက လေးစားစရာ မရှိပါဘူး။

==
(တကယ်လို့ မိမိသာ ဒီနေရာမှာ ဆိုရင် …… ကျနုပ်ဟာ အစွန်းရောက်မဟုတ်ပါဘူး လို့ ငြင်းရင် ငြင်းမယ်။ ဒါမှ မဟုတ် လူတိုင်းဟာ တနည်းမဟုတ် တနည်းနည်းနဲ့တော့ အစွန်းရောက်နေကြတာပါပဲ လို့ ဖြေရင် ဖြေမယ်။ ပြီးမှ……. ကျနုပ်လုပ်ဆောင်တာတွေဟာ ကျုပ်တို့ နိုင်ငံသူ နိုင်ငံသားတွေအတွက် ကောင်းမယ် ထင်တဲ့အရာ၊ အကျိုးရှိမယ် ထင်တာကို လုပ်နေတာသာဖြစ်ပါတယ် လို့ ဖြေမိမယ် ထင်တယ်။
ပြီးမှ………. ဒလိုင်းလားမားနဲ့ ပတ်သက်လို့ကတော့ ဒလိုင်းလားမားကို ဗုဒ္ဓဘာသာ ရဟန်းတပါးအနေနဲ့ရော၊ တိဘက် ဘာသာရေး ခေါင်းဆောင်တစ်ဦးအနေနဲ့ရော၊ လူသားတစ်ဦးအနေနဲ့ပါ လေးစားပါတယ်။ သူ့အနေနဲ့ ဦးဇင်းတို့ မြန်မာ ရဟန်းတော်တွေကို ဝေဘန်ပြစ်တင်တယ် ဆိုတာ မဖြစ်သင့်တာ မဖြစ်အောင် စေနာနှင့် ပြောတယ် လို့ပဲ ယူဆပါတယ်။

အဲဒီလို စေတနာနဲ့ ပြောဆိုတဲ့သူတွေကို လေးစားပါတယ်၊ ဒါပေမယ့် ပြဿနာ တစ်ခုကို စေတနာ တစ်ခုတည်းနဲ့တော့ ဖြေရှင်းနိုင်မယ်လို့ မထင်မိပါဘူး၊ မိမိ သိထားတာကတော့၊ ခင်ဗျားလဲ သိပါတယ် အဲဒါက ဒလိုင်းလားမားဟာ မိမိတို့ မြန်မာပြည်ကို တစ်ခါမှ အလည် မရောက်ဘူးပါဘူး။ အလည်ရောက်ဘူးတယ် လို့ မကြားမိပါဘူး။ ခင်ဗျားများ ကြားမိလား လို့သတင်းထောက်ကို ပြန်မေးလိုက်အုံးမယ်။

အဲဒီတော့ မြန်မာပြည်အကြောင်း ဘယ်လောက် သူသိထားသလဲ ဆိုတာကတော့ သူပဲ သိမှာပါ။ မြန်မာပြည် တစ်ခါမှ မရောက်ဘူးပဲနဲ့ မြန်မာပြည်က အကြောင်းတွေကို ဝေဘန်မယ် ပြောဆိုမယ် ဆိုရင် …..ဘာညာ ဘာညာပေါ ……ဒီလိုပြောဖြစ်မယ် ထင်တယ်။ ဖြေနည်းတွေ အများကြီးရှိမှာပါလေ။)

ခုတော့ ကမ္ဘာကျော် ဒလိုင်းလားမားကို မလေးစားဘူး ဆိုတော့ ဆရာတော် ဦးဝီရသူ အနေနဲ့ ပညာရှိများ ပီသလွန်းနေသလားလို့ စဉ်းစားနေမိပါတယ်။ ပညာရှင် ဆန်လိုက်ထာလို့ လူရယ်စရာ။)

………………………………
ပြီးတော့ ဒုတိယ မေးခွန်းက
BW - မွတ်ဆလင်တွေအတွက် မြန်မာနိုင်ငံမှာ နေရာရှိပါသလား။
ထိုမေးခွန်းအား ဦးဝီရသူ၏ အမှန်တကယ် တုံ့ပြန်ပုံမှာ လွန်စွာကြမ်းတမ်း သဖြင့် CBS သတင်းဌာနအနေဖြင့် ပြန်လည်ဖော်ပြခြင်း မပြုကြောင်း Bill Whitaker က ရေးသား ထားသည်။
သူက မွတ်ဆလင်များမှာ မြန်မာနိုင်ငံကို ညစ်ညမ်းစေသည်ဟု ဆိုပြီး ပြောကြား မှုကို အထင်အရှား တွေ့မြင် ရသည်။
ဦးဝီရသူ - ဘုန်းကြီးက သူတို့ကို လက်မခံပါဘူး။
====

(တကယ်လို့ မိမိသာ ဆရာတော် ဦးဝီရသူ နေရာမှာနေပြီး ဖြေခွင့်ရခဲ့မယ်ဆိုရင်…. ခင်ဗျားဘာကြောင့် အဲဒီ မေးခွန်း ကျုပ်ကို မေးတယ် ဆိုတာ ကျုပ်နားမလည်ဘူး လို့ ပြောမိမယ်။ တကယ်တော့ မြန်မာနိုင်ငံ ဟာ မြန်မာပြည်သူ/သားတွေ ပိုင်တာပေါ၊ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် မြန်မာနိုင်ငံမှာ နေရာတွေ အများကြီး ရှိပါတယ် အကျယ်ကြီးပါ လို့ ဖြေမိမယ်။ မြန်မာနိုင်ငံဟာ ဘာသာပေါင်းစုံ နေထိုင်နေတဲ့ တိုင်းပြည်ဖြစ်တယ်ဆိုတာ ခင်ဗျားသိလောက်ပါတယ် လို့ ပြောမိမယ်။ ခင်ဗျား မူစလင်အတွက် မစိုးရိမ်နဲ့ ခရစ်ယာန်အတွက်လဲ မစိုးရိမ်နဲ့ ဗုဒ္ဓဘာသာအတွက်လဲ မစိုးရိမ်နဲ့ အားလုံးအတွက် နေရာ အလုံအလောက်ရှိပါတယ် လို့ ဖြေမိမယ် ထင်တယ်။
ကျုပ်တို့ မြန်မာနိုင်ငံက လူဦးရေ သန်း ၅၀ လောက်ပဲ ရှိတယ်။

ခင်ဗျားသိမလားတော့ မပြောတတ်ဘူးဗျာ ကျုပ်တို့နိုင်ငံ့လူဦးရေထက် ၃ ဆကျော်ကျော် ၄ ဆ လောက်များတဲ့ ရခိုင်ပြည်နဲ့ကပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ အဲဒီက လူဦးရေ သန်း ၁၆၀ ဝန်းကျင် ရှိတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထက် မြန်မာနိုင်ငံက အကျယ်အဝန်းအားဖြင့် ၅ ဆလောက် ပိုကြီးတယ်ဗျ။ အဲဒီတော့ နေရာတွေ အများကြီးပါဗျာ လို့ ဖြေမိမယ်ထင်တယ်။ အဲဒီထက်မက ခနဲတဲ့တဲ့လေး ပြောချင်သေးတယ် ဆိုရင်တောင် ခင်ဗျား အမေရိကမှာ နေရာမရှိရင် မြန်မာပြည်လာနေလို့ရပါတယ် လို့ ဒါပေမယ့် ဟိုတိုင်းရင်းသားအဖြစ်ပေးပါ ဒီတိုင်းရင်းအဖြစ်ပေးပါလို့တော့ မတောင်းနဲ့ပေါဗျာ နေရာ ရရင်တော်ပေါဗျာလို့ ပြောကောင်းပြောမိမယ် ထင်တယ်)
ဒါပေမယ့် ဆရာတော် ဦးဝီရသူက ပညာရှင် ဆန်းလွန်းသွားတယ် ပညာသားပါပါပြောထဲလိုက်တယ် ထင်တယ် ။ ပညာရှင်တွေ လက်ခံနိုင်တဲ့အဖြေထင်လို့ နေမှာပေါလေ။
………………………………
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ မေးခွန်းတဲ့
BW - ဒေါ်အောင်ဆန်းစုကြည်ပေါ် ဘယ်လို မြင်ပါသလဲ။
ဦးဝီရသူ - အမျိုးသားရေးနဲ့ နိုင်ငံ လုံခြုံရေးအရဆိုရင် သူက လုံး၀ အသုံးမကျ ပါဘူး။

======

( မိမိကတော့ ထင်ထားတာ ဆရာတော်က ဒေါ်အောင်ဆန်းစုကြည်ကို သိပ်ချစ်တာ ၊ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တဲနေရာမှာ သူလောက်ချစ်တဲ့သူ ဘယ်သူရှိမလဲဗျာ လို့ မေးခွန်တွေ ထုပ်ထားတော့။ သြော် ဆရာတော်လဲ ပြည်သူတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တာပေါ ချစ်မှာပေါ လို့ ထင်ခဲ့တာ။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးဘက်မှာ သုံးစားမရဘူး အသုံးမကျဘူး useless လို့တောင် သုံးလိုက်တယ် ဆိုတော့ ….ဘယ်သူက useless ဖြစ်တာလဲ။ ဦးဝီရသူက useless ဖြစ်တာလား ဒေါ်အောင်ဆန်းစုကြည်လား။

Useless ဖြစ်တာ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘူး ဆိုတာတော့ လူတိုင်းသိနေလို့ သေချာတယ်) ဦးဝီရသူက ပညာရှင် ဆန်းလွန်းသွားပြန်ပြီနဲ့တူတယ် ခ်ခ်ခ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အတော် မေတ္တာဓာတ် သို့မဟတ်ု အမုန်းဓာတ် ဘယ်လောက်ရှိလဲ ဆိုတာ ထင်ရှားသွာတယ်။
ဒီလောက်ပညာရှင် ပီသတဲ့ ဆရာတော့် နောက်လိုက်တွေကလဲနော် ပညာရှင်တွေမို့ နေမှာပေါလေ ဟားဟား။)

https://www.facebook.com/News.The

Ladies/posts/485653228276318?pnref=story

Wednesday, October 23, 2019

ယုပ်မာမိုက်ရိုင်းသောမြန်မာ့တပ်တော်

ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ #တပ်မတော်ရဲ့ယုတ်မာမှုကို နိုင်ငံတကာက သိအောင် ဖြေကြားခဲ့ပါပြီ ....
တပ်မတော်က ဗီဒိုအာဏာ ကိုင်ထားပြီး အကယ်၍ 
ခြေဥ မပြင်နိုင်ရင် တပ်ကပူးပေါင်းဆောင်ရွက်မှု မရှိလို့သာဖြစ်တယ်ဆိုတာ တကမ္ဘာလုံးက နားလည်သွားပါပြီ

ရွေးကောက်ပွဲမတိုင်မီ ခြေဥပြင်ဆင်ရန်ဖြစ်နိုင်ဖွယ်မရှိဟု ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြောပြီ .....
=======================

 ပြီးပြည့်စုံသော ဒီမိုကရေစီအသွင် ကူးပြောင်းရေးတွင် မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လို အပ်ပြီး လာမည့်ရွေးကောက်ပွဲမတိုင်မီ ခြေဥပြင်ဆင်ရန် ဖြစ်နိုင်ဖွယ်မရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က တိုကျိုမြို့၌ Nikkei Asian Review သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုတွင်ယင်းသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေသောကြောင့် အရေးပါသော အာဏာကိုတပ်မတော်က ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ယင်းအချက်က ဖွဲ့စည်းပုံပြင်ဆင်ရေး၌ တပ်မတော်ကို ဗီတိုအာဏာ ပေးထားခြင်းဖြစ်သည်ဟု Nikkei Asian Review က ဖော်ပြသည်။

ယင်းအချက်အပါအဝင် အ ခြေခံဥပဒေ၏ ကျန်အစိတ်အပိုင်း များကို ပြင်ဆင်မှသာ ပြီးပြည့်စုံ  သည့် ဒီမိုကရေစီဖြစ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က Nikkei Asian Review အား ပြော သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအ တွက် လက်ရှိလွှတ်တော်က ပူး ပေါင်းကော်မတီဖြင့် ဆောင်ရွက် နေသော်လည်း တပ်မတော်က စိတ်ပါဝင်စားမှု သိပ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။ 

Source : 7 Day 

ZN.H 🇦🇺 
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျှက်
Martin Swe
24-10-2019Martin Swe
24-10-2019