Saturday, June 5, 2021

ကျုံပျော်မြို့နယ် ၊လှေဆွဲကျေးရွာ တိုက်ပွဲအတွင်း ကျဆုံးသူ ၂၀ဦးထက်မနည်းရှိလာပြီလို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

 ကျုံ​ပျော်တိုက်ပွဲ ​ကျဆုံးသူ ၂၀ဦးထက်မနည်းရှိလာ


ကျုံပျော်မြို့နယ် ၊လှေဆွဲကျေးရွာ တိုက်ပွဲအတွင်း ကျဆုံးသူ ၂၀ဦးထက်မနည်းရှိလာပြီလို့ ​ဒေသခံ​တွေက ​ပြောပါတယ်။



ဒီနေ့မနက်၈နာရီ အချိန်က ရွာထဲကို အကြမ်းဖက်စစ်အုပ်စုက ၀င်ရောက်ရှာဖွေချိန် ပေါက်ကွဲမှုဖြစ်ပွားရာကစပြီး ကျေးရွာတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။


လက်နက်တွေရှိနေတယ်လို့ ဒလန်ကသတင်းပေးတာကြောင့် ပစ်ခတ်မှုတွေဖြစ်တာလို့ ဒေသခံ​တွေ ​​ပြောပြချက်အရ သိရပါတယ်။


ကျေးရွာသားအများစုဟာ လယ်သမားတွေဖြစ်ပြီး ကျေးရွာ အကြမ်းဖက်ခံရတာကြောင့် ရရာလက်နက်နဲ့ပြန်ခုခံနေတာလို့ ပြောပါတယ်။


လက်ရှိအချိန်ထိ ​ဒေသခံဘက်က ကျဆုံးသူ ၂၀ဦးထက်မနည်းရှိလာပြီး ရွာသားတချို့ဟာလည်း ရွာကိုစွန့်ခွာ ထွက်​ပြေး​နေကြရပါတယ်။


အကြမ်းဖက်စစ်အုပ်စုက ပုသိမ်၊ကျုံပျော်၊ဟင်္သာတက ​စစ်တပ်တွေနဲ့ အမြှောက်တပ်တွေပါပိတ်ဆို့ထားပြီး ကျုံ​ပျော်မြို့​အပါ်မှာလည်း လုံခြုံ​ရေးတိုးမြင့်ထားတယ်လို့ သိရပါတယ်။


- ​နောက်ဆက်တွဲအ​ခြေအ​နေ​တွေကို ဆက်လက်​ဖော်ပြသွားပါမယ်။

No comments:

Post a Comment