Saturday, May 7, 2022

ကရင်နီကတော့ မအလ စစ်ခွေးတွေကိုကျုံးတာ အားရစရပါ

 ကရင်နီပူးပေါင်းတပ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်၊ စစ်သား ၂၀ ထက်မနည်းသေဆုံး စစ်ကား ၄ စီး မီးလောင်ပြီး စစ်သား ၆ ဦးကို အရှင်ဖမ်းမိ


ရန်ကုန်၊ မေ ၇


ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ယနေ့ မေလ ၇ ရက်တွင် တိုက်ခိုက်၍ စစ်သား ၂၀ ဦးထက်မနည်းသေဆုံးပြီး စစ်ကား ၄ စီး ကို မီးရှို့ဖျက်ဆီးကာ အရှင်ဖမ်းမိသည့် စစ်သားများလည်း ရှိကြောင်း သတင်းရရှိသည်။


"ဖရူဆို၊ မုန်တိုင်းရွာဘက်က ထွက်တဲ့ ယာဉ်တန်းပါ၊ KA နဲ့ KNDF က တိုက်တာပေါ့။ စစ်သား ၂၀ သေတာကို မျက်မြင်ရတယ်၊ ၂၀ ထက်မနည်းသေနိုင်တယ်။ ၆ ဦးကို အရှင်ဖမ်းမိတယ်" ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။


ကရင်နီဒေသ သတင်းရင်းမြစ်က လူမှုကွန်ရက်တွင် ထုတ်ပြန်ထားသော ဗီဒီယိုတွင် စစ်ယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်နေသည်ကို တွေ့ရှိရပြီး အရှင်ဖမ်းမိသည့် စစ်သားများ ရှိသလို စစ်ကား ၄ စီးကို ကရင်နီတပ်ဖွဲ့များက မီးရှို့ရှင်းလင်းလိုက်ပြီး သေဆုံး စစ်သားအလောင်းများကို တွေ့မြင်ရသည်။


ယခု တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး KNDF က တရားဝင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း




သိရှိရသည်။

2 comments: