Sunday, February 4, 2024
Monday, May 24, 2021
ပြည်သူရှိနေသရွေ့ NLD ရှိနေမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော ----------------------------------------------------- ရှေ့နေများနှင့် ယနေ့ တွေ့ခွင့်ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် လန်းလန်းဆန်းဆန်းရှိနေပြီး မည်သည့်နေရာတွင် ထိန်းသိမ်းခံထားရမှန်း မသိဟု ပြောသည် Myanmar Now အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ပြည်သူ့အတွက် ထူထောင်ထားခြင်းဖြစ်၍ ပြည်သူရှိနေသမျှ ပါတီရှိနေမည်ဖြစ်ကြောင်း ၎င်း၏ ရှေ့နေအဖွဲ့မှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ (မေ ၂၄)တွင် သတင်းစကားပါးလိုက်သည်။ “အားလုံးကျန်းမာစေဖို့ ဆုတောင်းပေးနေပါတယ်။ ပါတီကိုထောင်ထားတာလည်း ပြည်သူတွေအတွက် ထောင်ထားတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေရှိနေသရွေ့ ပါတီရှိနေမှာပါလို့ အဲဒီလိုမှာပါတယ်ရှင့်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။ နေပြည်တော်ကောင်စီဝင်းအတွင်းရှိ ခြံတစ်ခုတွင် ပြုလုပ်သည့် သီးသန့်တရားခွင်မတိုင်မီ ရှေ့နေအဖွဲ့နှင့် နာရီဝက်ခန့် တွေ့ဆုံခွင့်ရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့မှတ်ချက်မပြုမီ သုံးရက်အလို မေ ၂၁ တွင် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို ဖျက်သိမ်း၍ ခေါင်းဆောင်များကို နိုင်ငံတော်သစ္စာဖောက်အဖြစ် သတ်မှတ် အရေးယူရန် စီစဉ်နေသည်ဟု ပြောထားသည်။ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးကတည်းက မည်သူနှင့်မျှ တွေ့ခွင့်မရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မခြောက်ခုဖြင့် တရားစွဲဆိုထားသည့် စစ်ကောင်စီက ပထမဆုံးအကြိမ် ရှေ့နေအဖွဲ့နှင့် တွေ့ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ “ဘယ်သူမှတော့ ဝင်မလာဘူး။ အမှုသည်နဲ့ ရှေ့နေတွေနဲ့ သီးသန့်တွေ့ရပါတယ်။ CCTV တော့ တပ်ထားတယ်”ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။ သို့သော် ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ သူ့ကို မည်သည့်နေရာတွင် ထားရှိသည်ကို မသိဟုပြောခဲ့ကြောင်း ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က တရားခွင်အပြီးပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောသည်။ ထို့အတူ ယခုတရားခွင်ပြုလုပ်ထားသည့် နေရာကို ဒေါ်အောင်ဆန်းစုကြည်ရော၊ ရှေ့နေအဖွဲ့ပါ တိတိကျကျမသိဘဲ နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ခြံတစ်ခြံဟုသာ အတည်ပြုနိုင်ကြောင်း ဒေါ်မင်းမင်းစိုးက ပြောသည်။ “အဲဒီခြံထဲမှာရှိတဲ့ အခန်းတစ်ခုမှာ တရားခွင်လုပ်ထားပါတယ်”ဟု ၎င်းက ပြောသည်။ ကျန်းမာဟန်ရှိပြီး ပေါ့ပေါ့ပါးပါးဖြစ်နေပုံရသည့် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေအဖွဲ့နှင့် နာရီဝက်သာ တွေ့ဆုံခွင့်ရသည့်အပေါ် မေးခွန်းထုတ်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ တုံ့ပြန်မှုမရှိဟု ရှေ့နေအဖွဲ့ထံမှ သိရသည်။ “အမှုတွေကများတဲ့အတွက် တွေ့ခွင့်ပေးတဲ့အချိန်ကတော့ နည်းပါတယ်။ အဲဒီဟာကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောပါတယ်။ ဒီနာရီဝက်ဆိုတာတော့ မလောက်ဘူးလို့ ပြောပါတယ်” ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။ ယနေ့တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှုများကို စစ်ဆေးခဲ့ခြင်းမရှိဘဲ ဇွန် လ ၇ရက်သို့ ပြောင်းလဲချိန်းဆိုကာ အဆိုပါရုံးချိန်းတွင် မည်သည့်ကာလအတွင်း အမှုအပြီးစစ်မည်ကို ညှိနှိုင်းမည့် မှုခင်းစီမံခန့်ခွဲမှုအစီအမံ လုပ်ဆောင်မည်ဟု တရားသူကြီးက အသိပေးကြောင်း ရှေ့နေအဖွဲ့က ပြောသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြစ်ဒဏ်ကြီးလေးသည့် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်သည့် ပုဒ်မ ၅၀၅ - ခ၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေအပါအဝင် ရန်ကုန်နှင့် နေပြည်တော်၌ ပုဒ်မ ခြောက်ခုခွဲခြား၍ အမှုဖွင့်လှစ်ထားပြီးဖြစ်သည်။ နေပြည်တော်ကောင်စီဝန်းအတွင်း ယနေ့ပြုလုပ်သည့် သီးသန့်တရားခွင်တွင် ပုဒ်မနှစ်ခုဖြင့် တရားစွဲခံထားရသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ ပုဒ်မတစ်ခုဖြင့် အမှုဖွင့်ခံထားရသည့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ကိုလည်း ရုံးထုတ်စစ်ဆေးခဲ့သလို ရှေ့နေအဖွဲ့နှင့်လည်း တွေ့ဆုံခွင့်ပြုခဲ့သည်။
ရှေ့နေများနှင့် ယနေ့ တွေ့ခွင့်ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် လန်းလန်းဆန်းဆန်းရှိနေပြီး မည်သည့်နေရာတွင် ထိန်းသိမ်းခံထားရမှန်း မသိဟု ပြောသည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ပြည်သူ့အတွက် ထူထောင်ထားခြင်းဖြစ်၍ ပြည်သူရှိနေသမျှ ပါတီရှိနေမည်ဖြစ်ကြောင်း ၎င်း၏ ရှေ့နေအဖွဲ့မှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ (မေ ၂၄)တွင် သတင်းစကားပါးလိုက်သည်။
“အားလုံးကျန်းမာစေဖို့ ဆုတောင်းပေးနေပါတယ်။ ပါတီကိုထောင်ထားတာလည်း ပြည်သူတွေအတွက် ထောင်ထားတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေရှိနေသရွေ့ ပါတီရှိနေမှာပါလို့ အဲဒီလိုမှာပါတယ်ရှင့်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။
နေပြည်တော်ကောင်စီဝင်းအတွင်းရှိ ခြံတစ်ခုတွင် ပြုလုပ်သည့် သီးသန့်တရားခွင်မတိုင်မီ ရှေ့နေအဖွဲ့နှင့် နာရီဝက်ခန့် တွေ့ဆုံခွင့်ရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့မှတ်ချက်မပြုမီ သုံးရက်အလို မေ ၂၁ တွင် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို ဖျက်သိမ်း၍ ခေါင်းဆောင်များကို နိုင်ငံတော်သစ္စာဖောက်အဖြစ် သတ်မှတ် အရေးယူရန် စီစဉ်နေသည်ဟု ပြောထားသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးကတည်းက မည်သူနှင့်မျှ တွေ့ခွင့်မရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မခြောက်ခုဖြင့် တရားစွဲဆိုထားသည့် စစ်ကောင်စီက ပထမဆုံးအကြိမ် ရှေ့နေအဖွဲ့နှင့် တွေ့ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
“ဘယ်သူမှတော့ ဝင်မလာဘူး။ အမှုသည်နဲ့ ရှေ့နေတွေနဲ့ သီးသန့်တွေ့ရပါတယ်။ CCTV တော့ တပ်ထားတယ်”ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။
သို့သော် ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ သူ့ကို မည်သည့်နေရာတွင် ထားရှိသည်ကို မသိဟုပြောခဲ့ကြောင်း ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က တရားခွင်အပြီးပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောသည်။
ထို့အတူ ယခုတရားခွင်ပြုလုပ်ထားသည့် နေရာကို ဒေါ်အောင်ဆန်းစုကြည်ရော၊ ရှေ့နေအဖွဲ့ပါ တိတိကျကျမသိဘဲ နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ခြံတစ်ခြံဟုသာ အတည်ပြုနိုင်ကြောင်း ဒေါ်မင်းမင်းစိုးက ပြောသည်။
“အဲဒီခြံထဲမှာရှိတဲ့ အခန်းတစ်ခုမှာ တရားခွင်လုပ်ထားပါတယ်”ဟု ၎င်းက ပြောသည်။
ကျန်းမာဟန်ရှိပြီး ပေါ့ပေါ့ပါးပါးဖြစ်နေပုံရသည့် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေအဖွဲ့နှင့် နာရီဝက်သာ တွေ့ဆုံခွင့်ရသည့်အပေါ် မေးခွန်းထုတ်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ တုံ့ပြန်မှုမရှိဟု ရှေ့နေအဖွဲ့ထံမှ သိရသည်။
“အမှုတွေကများတဲ့အတွက် တွေ့ခွင့်ပေးတဲ့အချိန်ကတော့ နည်းပါတယ်။ အဲဒီဟာကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောပါတယ်။ ဒီနာရီဝက်ဆိုတာတော့ မလောက်ဘူးလို့ ပြောပါတယ်” ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။
ယနေ့တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှုများကို စစ်ဆေးခဲ့ခြင်းမရှိဘဲ ဇွန် လ ၇ရက်သို့ ပြောင်းလဲချိန်းဆိုကာ အဆိုပါရုံးချိန်းတွင် မည်သည့်ကာလအတွင်း အမှုအပြီးစစ်မည်ကို ညှိနှိုင်းမည့် မှုခင်းစီမံခန့်ခွဲမှုအစီအမံ လုပ်ဆောင်မည်ဟု တရားသူကြီးက အသိပေးကြောင်း ရှေ့နေအဖွဲ့က ပြောသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြစ်ဒဏ်ကြီးလေးသည့် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်သည့် ပုဒ်မ ၅၀၅ - ခ၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေအပါအဝင် ရန်ကုန်နှင့် နေပြည်တော်၌ ပုဒ်မ ခြောက်ခုခွဲခြား၍ အမှုဖွင့်လှစ်ထားပြီးဖြစ်သည်။
နေပြည်တော်ကောင်စီဝန်းအတွင်း ယနေ့ပြုလုပ်သည့် သီးသန့်တရားခွင်တွင် ပုဒ်မနှစ်ခုဖြင့် တရားစွဲခံထားရသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ ပုဒ်မတစ်ခုဖြင့် အမှုဖွင့်ခံထားရသည့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ကိုလည်း ရုံးထုတ်စစ်ဆေးခဲ့သလို ရှေ့နေအဖွဲ့နှင့်လည်း တွေ့ဆုံခွင့်ပြုခဲ့သည်။
ပစ်မှတ်ဖြစ်လာသော စစ်အကြမ်းဖက်အုပ်စုရဲ့ ရပ်ကြေးအုပ်ချုပ်ရေးမူးများ
ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အသတ်ခံနေရခြင်းသည် အုပ်ချုပ်ရေး၏ အခြေခံအကျဆုံးယန္တရားကို ချိနဲ့နေစေသည်ဟု စစ်ကောင်စီက ဝန်ခံလိုက်သည်
Myanmar Now
ရန်ကုန်၊ တရုတ်တန်း ၈ လမ်းတွင် လူတစ်ဦး သွေးအိုင်ထဲ၌ လဲနေသည်။
မေ ၁၈ နံနက် ၆ နာရီ ခန့်က တွေ့ရသည့် မြင်ကွင်းဖြစ်ပြီး နဖူးကျည်ဆန်ဖောက်ဝင်ဒဏ်ရာဖြင့် လဲကျသေဆုံးနေသည့်သူမှာ အသက် ၄၅နှစ်အရွယ် လမ်းမတော် မြို့နယ်၊ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက အတည်ပြုသည်။
သူ၏ရုံးတွင် ပေါက်ကွဲမှုဖြစ်သဖြင့် သွားကြည့်ရာ လမ်းတွင် တစ်စုံတစ်ဦးက သေနတ်ဖြင့်ပစ်ခဲ့ကြောင်း၊ အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးစဉ် ပေါက်ကွဲမှုထပ်ဖြစ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရကြောင်း စစ်ကောင်စီကဆိုသည်။
အုပ်ကြီး ခေါ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ကို လုပ်ကြံတိုက်ခိုက်သည့် ဤဖြစ်ရပ်မျိုးကို ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် နှစ်လကျော်မှစ၍ မကြာခဏဖြစ်ပွားခဲ့ပြီး လက်သည်မပေါ်သည်က များသည်။
ဗုံး၊ သေနတ် သို့မဟုတ် ဓားအသုံးပြုမှုပေါ် မူတည်ပြီး “အုပ်ကြီး ဖောင်းဒိုင်း” သို့မဟုတ် “အုပ်ကြီး ဇွပ် ၊ ဇွပ်၊ ဇွပ်”ဟု အများက ပြောဆို ရည်ညွန်းလေ့ရှိသည်။ စစ်ကောင်စီကမူ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကို အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်” ဟု သတင်းထုတ်ပြန်လေ့ရှိသည်။
အဆိုပါဖြစ်စဉ်များကြောင့် သေဆုံးသွားသူတို့မှာ စစ်ကောင်စီ၏ အလိုတော်ရိများ၊ ဒလံများဟု ပြည်သူတို့သတ်မှတ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြစ်သည်။
ထို့အတူ မီးလောင်မှု၊ ပေါက်ကွဲမှုများဖြစ်ပွားရာ အဆောက်အဦးများသည်လည်း ပြည်သူအပေါ် အခြေခံဖိနှိပ်မှုဖြစ်သည့် ဧည့်စာရင်းကဲ့သို့သော ကိစ္စများအခြေစိုက်ရာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးအခြေခံအုတ်မြစ် ရုံးဌာနများပါဝင်သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၎င်း၏ ဦးဆုံးခြေလှမ်းအဖြစ် အာရုံစိုက်ထားသော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးယန္တရား ပြန်လည်တည်ဆောက်ရေးကိစ္စတွင် အကြီးအကျယ် စိန်ခေါ်ခံနေရသည့် အကြောင်းအရာများတွင် အထက်ပါကိစ္စအပြင် ကိုယ့်ရှုးကိုယ်ပတ်သည့် အဖြစ်အပျက်များကလည်း ရှိနေသည်။
၎င်းတို့အစားထိုးထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများတွင် ပြည်သူယုံကြည်လေးစားမှုရရန် မည်သို့မျှမဖြစ်နိုင်သူများပါဝင်နေခြင်းက စစ်ကောင်စီကို အကြီးအကျယ်ထိုးနှက်နေသည်။
စစ်ကောင်စီက ခန့်လိုက်သည့် ပန်းဘဲတန်းမြို့နယ် (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးဆိုလျှင် ရပ်ကွက်အတွင်း အဂတိမှုဖြင့် အရေးယူခံထားရသူတစ်ဦး၏ တပည့်ဖြစ်ကြောင်း ရပ်ကွက်နေပြည်သူအချို့က အတည်ပြုသည်။
ရပ်ကွက်ထဲ သွားလာသည့်အခါ စစ်ကောင်စီ တပ်သားအချို့နှင့် အတူသွားလာရသည်အထိ ထိုအုပ်ချုပ်ရေးမှူးမှာ အိန္ဒြေပျက်နေရသည်ဟု ၎င်းတို့က ဆက်ပြောသည်။
အာဏာသိမ်းပြီး သုံးလခွဲကြာသည့်တိုင် စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းခဲ့သည့် ရပ်ကွက်ရုံးများသည် ၎င်းတို့ အထူးတလည်အလိုရှိနေသည့် ဧည့်စာရင်းကိစ္စ၌ပင် ပြည်သူတို့အပေါ် လွှမ်းမိုးအုပ်ချုပ်နိုင်စွမ်း အပြည့်အဝမရသေးသည်ကို အဆိုပါရပ်ကွက်၏ အဖြစ်အပျက်ကပင် သက်သေပြနေသည်။
ဧည့်စာရင်းကို အသည်းအသန်တိုင်ခိုင်းနေသည့် ၎င်းတို့၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ အမှောင်ထုကြီးစိုးသည့် ညပိုင်းအချိန်တွင် ရုံးမဖွင့်ရဲသေးဘဲ နေ့လယ်ပိုင်း နာရီပိုင်းသာ ရုံးထိုင်နေသည်ဟု ရပ်ကွက်သားအချို့က ပြောသည်။
“ဒီမှာက ညတိုင်း၊ အိမ်တိုင်းက မီးအမှောင်ချပြီး သံပုံးတီးနေကြတုန်း”ဟု ရပ်ကွက်သားတစ်ဦးက ဆိုသည်။
အောက်ခြေအုပ်ချုပ်ရေးကိစ္စများ အဆင်ပြေချောမွေ့ရေးသည် ၎င်းတို့အတွက် အရေးကြီးကြောင်း သဘောပေါက်ထားသည့် စစ်ကောင်စီက ထိုအခြေအနေများကို လျစ်လျူရှုထားခြင်း မရှိပါ။
အာဏာသိမ်းပြီးချိန်မှစ၍ နှစ်လအတွင်း ၎င်းကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့် ရန်ကုန်တိုင်းရှိ မြို့နယ်ခြောက်ခု၊ မန္တလေးတိုင်းရှိ မြို့နယ်ငါးခုအပြင် စစ်ကိုင်းတိုင်း မုံရွာမြို့တို့တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။
ထိုသို့ကြေညာထားသော တောင်ဒဂုံမြို့နယ် (၄၈)ရပ်ကွက်တွင် စစ်ကောင်စီက ခန့်ထားသည့် အုပ်ချုပ်ရေးမှူး ဦးတင်ဘိုဘိုဦးသည် ၎င်း၏လုံခြုံရေးကို စိုးရိမ်ရသဖြင့် ဧပြီလကုန်ပိုင်းအတွင်း ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဒေသခံတချို့က Myanmar Now ကို အတည်ပြုသည်။
စစ်အုပ်ချုပ်ရေးကြေညာထားသည့် ၎င်းတို့ရပ်ကွက်တွင်ပင် စစ်ကောင်စီက ထုတ်ထားသည့် ဧည့်စာရင်းတိုင်ရန်အမိန့်ကို ပြည်သူတို့က လိုက်နာခြင်းမရှိသလို မေလအတွင်း နေအိမ်များသို့ ရောက်လာသည့် မီတာခကောက်ခံသည့် စာရွက်များကိုလည်း လစ်လျူရှုထားသူ အများအပြားရှိကြောင်း တောင်ဒဂုံမြို့နယ် (၄၈)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
“ဒီမတရားမှုကြီး(အာဏာသိမ်းမှု)ကို တစ်တိုင်းပြည်လုံးက သိတယ်။ အဲဒီအတွက် သူတို့အာဏာကို ရတဲ့နည်းနဲ့ ဖီဆန်ကြမှာပဲ…….။ သူတို့က လုပ်ဆိုရင် ကျွန်တော်တို့ကမလုပ်ဘူးပဲ။ အဲဒီလိုပဲ ဆန့်ကျင်သွားမယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်တွင် လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်များကို မတ်လလယ်ပိုင်းကတည်းက စစ်အုပ်ချုပ်ရေးကြေညာထားခြင်းဖြစ်သော်လည်း အုပ်ချုပ်ရခက်ခဲနေဆဲ၊ အံတုမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။
တရုတ်နိုင်ငံသားပိုင်စက်ရုံအများအပြားရှိပြီး စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ဒဂုံဆိပ်ကမ်းမြို့နယ် (၉၂) ရပ်ကွက်တွင်ဆိုလည်း ဧည့်စာရင်းတိုင်ရမည်ဆိုသော စည်းမျဉ်းစည်းကမ်းကို လိုက်နာသူ ထက်ဝက်ခန့်သာရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မတိုင်ချင်ဘူးဆိုလည်း ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းစစ်လို့ မတိုင်လို့ ပြဿနာတက်ရင် ကိုယ့်ဟာကိုယ် ခံစားရမှာနော်လို့ ပြောရတယ်။ အဲဒီလိုပြောတော့ တချို့လူတွေက တိုင်ကြတယ်”ဟု ၎င်းက ဆိုသည်။
စစ်အုပ်ချုပ်ရေးကြေညာမခံရသည့် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင်ပင် စစ်တပ်ဘက်တော်သားဟု facebook တွင် ရေးသားပြီး မြို့နယ်အတွင်း ဆန္ဒပြသူတို့၏ သတင်းအချက်အလက်များကို ဖော်ပြနေသည့် အမျိုးသားနှစ်ဦး မေ ၁၄ရက်က သတ်ဖြတ်ခံရပြီးနောက်တွင် မြို့အဝင်အထွက်ကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေရသည်အထိ စစ်ကောင်စီက ဗျာများခဲ့ရသေးသည်။
မေ ၁၃ ရက်က စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ်မြို့တွင်လည်း စစ်ကောင်စီကို ရိုးရာတူမီးသေနတ်ဖြင့် ခုခံနေသည့် တိုက်ပွဲများရပ်စဲနိုင်ခြင်းမရှိသေးသလို ပြည်နယ်အတွင်း အခြားဒေသများသို့ပါ ကူးစက်နေသဖြင့် စစ်ကောင်စီတပ်ဖွဲ့က အပြင်းအထန် နှိမ်နှင်းနေရသေးသည်။
ဤအတောအတွင်း အနယ်နယ်ရှိ ပြောက်ကျားဆန္ဒပြသူများက စစ်ကောင်စီ လုံးဝအုပ်ချုပ်၍ မရစေရဟု ကြွေးကြော်နေကြသည်။
မေလမှစ၍ မြို့ကြီးများအားလုံးနီးပါးတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နေ့စဉ်သတ်ဖြတ်ခံနေရသလို ကယားပြည်နယ်အတွင်း၌လည်း လက်နက်ကိုင်တော်လှန်ပုန်ကန်မှုများ အားကောင်းလာနေသည်။
မေ ၁၅ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အထက်ပါအကျပ်အတည်းများမှာ အုပ်ချုပ်ရေးယန္တရား၏အခြေခံအကျဆုံး ရပ်ကျေးအဆင့်တွင် ထင်ထင်ရှားရှားဖြစ်ပေါ်နေသည်မှာ မှန်ကန်ကြောင်း အတည်ပြုသည်။
ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ လုံခြုံရေးမှာ နံပါတ်တစ်လုပ်ဆောင်ပေးရမည့်အရာဖြစ်ပြီး ယင်းကို မဖြည့်ဆည်းပေးနိုင်သရွေ့ စစ်ကောင်စီကြုံတွေ့နေရသည့် အုပ်ချုပ်ရေးပြဿနာပြေလည်ရန် အားနည်းသည်ကို သိရှိထားပါကြောင်း ၎င်းက ဆက်ပြောသည်။
“ပြည့်ပြည့်ဝဝမဖြစ်ဘူးဆိုတာ ကျွန်တော်တို့ဝန်ခံပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
သို့သော် ဗိုလ်ချုပ်ဇော်မင်းထွန်း ထိုသို့ပြောအပြီး တစ်ပတ်ကျော်အတွင်း ရပ်ကွက်နှင့် မြိုနယ်အုပ်ချုပ်ရေးမှူးရုံးတချို့ မီးလောင်မှု၊ ပေါက်ကွဲမှုတို့နှင့် ဆက်လက်ရင်ဆိုင်လာရသည်။
ယခင် ဆန္ဒပြပြည်သူတို့က စစ်ကောင်စီတပ်ဖွဲ့၀င်များ အလွယ်တကူ ဝင်ရောက်ဖြိုခွင်း၊ ဖမ်းဆီးခြင်း မပြုနိုင်ရန် လမ်းများပေါ်တွင် သဲအိတ်၊ သံပန်းများနှင့် အတားအဆီးလုပ်ထားသည်။
ယခုမူ ထိုကဲ့သို့သော အတားအဆီးများကို ရဲနှင့် စစ်သားတို့ လုံခြုံရေးပေးထားရသော ရပ်ကွက်နှင့် မြို့နယ် အုပ်ချုပ်ရေးရုံးများရှေ့တွင် တွေ့နိုင်သည်။
“အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ ရှေ့မှာ အခက်အခဲတွေက ပိုများလာမယ့်သဘောပဲ။ လျော့သွားမယ့် အကြောင်းတရားတွေ မတွေ့မိသေးဘူး”ဟု အမေရိကန်ပြည်ထောင်စု Cornell University မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဘာသာရပ်ဆိုင်ရာဘွဲရ ကိုမော်ထွန်းအောင်က သုံးသပ်သည်။
“စစ်ကောင်စီအုပ်ချုပ်တဲ့အပေါ် ပြည်သူ့ကြည်ဖြူမှုဆိုတာ လုံးဝပျောက်နေတယ်…..။ ယုံကြည်မှုပျက်သွားတော့ အုပ်ချုပ်လို့မရဘူးပေါ့။ ၁၈ ရာစုတုန်းကလို ဓားမိုးပြီး အုပ်ချုပ်လို့ရတဲ့ အနေအထားမျိုးမှ မဟုတ်တော့တာ”
ရဲနှင့် စစ်တပ်ကဲ့သို့သော လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများကို အကာအကွယ်ပေးသူ၊ တရားဥပဒေစိုးမိုးမှုကို ပေးစွမ်းသူဟု အတိုင်းအတာတစ်ခုအထိ လက်ခံထားရာမှ စည်းကမ်း၊ ကျင့်ဝတ် မလိုက်နာသည့် အကြမ်းဖက်လက်နက်ကိုင်အုပ်စုများအဖြစ် ပြည်သူ့အမြင်၌ ထိုးစိုက်ကျဆင်းသွားရခြင်းသည် လက်ရှိ စစ်ကောင်စီကြုံတွေ့နေရသည့် အခက်အခဲ၏ ဇစ်မြစ်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အာဏာသိမ်းမှုအပေါ် စစ်ကောင်စီက မည်သို့အကြောင်းပြပြ နှစ်ပေါင်းများစွာ လက်နက်အားကိုးပြီး အာဏာလုယူတတ်သည့် အကျင့်စရိုက်ဆိုး နောက်တစ်ကြိမ်ပြန်ပေါ်လာပြန်ပြီဟုသာ ပြည်သူအများစုက သတ်မှတ်ထားသည့် အခြေအနေရှိတွင်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
“ငါတို့သဘောမတူဘဲနဲ့ အုပ်ချုပ်လို့မရဘူးဆိုတာပြဖို့ လူတွေရဲ့စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းရှိသွားတယ်” ဟု ကိုမော်ထွန်းအောင်က မှတ်ချက်ပြုလိုက်သည်။
Sunday, April 25, 2021
Friday, April 9, 2021
Sunday, April 4, 2021
အကြမ်းဖက်စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်နေသော ကယားပြည်နယ်၊ လွှိုင်ကော်မြို့။
4/4/2021 လွှိုင်ကော်မြို့၊ ကယားပြည်နယ်။
Saturday, April 3, 2021
Thursday, April 1, 2021
Tuesday, March 30, 2021
Sunday, March 28, 2021
စစ်တပ်ရဲ့အကြမ်းဖက်သတ်ဖြတ်မူကြောင့် ဆရာဝန်နှစ်ဦးနှင့် သူနာပြုတစ်ဦးသေဆုံး
Twenty year old nurse was killed
Twenty-year-old nurse Thinzar Hein was killed, along with an as of yet unidentified man, on Sunday in Monywa by the regime’s armed forces. Thinzar Hein was working with a rescue team & was shot in the head while attending to other people who had been shot by the junta's troops. https://t.co/NjHwI9dVpM
Saturday, March 27, 2021
The world is calling them now the WORST MURDERERS on earth.
Myanmar military (terrorist) is the worst murderers in the world!
❌❌❌❌❌❌❌❌❌❌❌❌
🪖ကလေး 🚸 တွေလဲ 👉သတ် ❌တယ်
They killed children.
🪖ဗိုက်ကြီးသယ်🤰လဲ 👉သတ် ❌တယ်
They killed pregnant women
🪖ကလေးမအေ 🤱 တွေလဲ 👉သတ် ❌တယ်
They killed mothers
🪖ကျောင်းသား🧑🎓တွေလဲ 👉သတ် ❌တယ်
They killed students
🪖ဘုန်းကြီးတွေလဲ 👉သတ် ❌တယ်
They killed monks
🪖အမျိုးသမီး👭တွေလဲ 👉သတ် ❌တယ်
They killed women
🪖အမျိုးသား 👬တွေလဲ 👉သတ် ❌တယ်
They killed men
🪖ကျောင်း ဆရာ/ဆရာမ 🧑🏫တွေလဲ👉သတ် ❌တယ်
They killed Teachers
🪖နိုင်ငံ့ ဝန်ထမ်း 👷🧑🔧🧑⚖️တွေလဲ👉သတ်❌ တယ်
They killed civil servants
🪖ဆရာဝန်🧑⚕️တွေလဲ 👉သတ် ❌တယ်
They killed doctors
🪖မီးသတ်🧑🚒 သမားတွေကိုလဲ 👉သတ် ❌တယ်
They killed firefighters
🪖 လှုမှု့/ပရဟိသသမားတွေ🧑🚒ကိုလဲ👉❌သတ် တယ်
They killed volunteers
🪖ပညာရှင်တွေကို 🧑🔬🧑🔬လဲ 👉သတ် ❌တယ်
They killed scholars of any fields
🪖မသန်စွမ်း 🧑🦯🧑🦼တွေကိုလဲ 👉သတ် ❌တယ်
They killed disables
🪖နိုင်ငံ့ ခေါ်င်ဆောင်တွေကိုလဲ 👉သတ် ❌တယ်
They killed leaders of the country
🪖စစ်သား အချင်းချင်းလဲ 👉သတ် ❌တယ်
They killed soldiers (who don’t follow orders)
🪖ရဲ ဝန်ထမ်းတွေ ကိုလဲ 👉သတ် ❌တယ်
They killed police (who don’t follow orders)
🪖နောက်ဆုံး တိရိစ္တာန် 🦮🐕🦺တွေပါသတ်❌တယ်
Last but not least, They even killed animals
🚫ဘာသာရေးလဲ နားမလည်ဘူး🙅
They don’t understand religion
🚫ပညာရေးလဲ နားမလည် ဘူး🙅
They don’t understand education
🚫လူမှု့ရေး လဲ မသိဘူး🙅
They don’t understand socialism
🖕🖕မအလ တွေကို ကမ္ဘာမှာ အဆိုးဆုံး လို့ သတ်မှတ်လိုက်ပီ 🤬
Min Aung Hlaing (& his followers) are the worst Murderers of the world.
✖️ဖက်ဆစ်ဂျပန် ကမ္ဘာမှာ အဆိုးဆုံးလို့ ပြောတယ်။
🚫သူ့လူမျိုးကို သူမထိဘူး။
Japan soldiers were called “worst murderers” (during the world wars) but they didn’t kill their own Japanese people.
✖️နာဇီ ဟစ်တလာ ကမ္ဘာမှာ အဆိုးဆုံးလို့
ပြောတယ်
🚫သူ့လူမျိုးကို သူမထိဘူး။
Hitler was called the worst murderer but he didn’t kill his own race.
🖕🪖မြန်မာ အာဏာသိမ်းစစ်တပ် ကိုယ့်လူမျိုး ကိုယ် သတ်တယ်။ ဇာတ်တူသားစားတယ်။
ယုတ်မာတယ် ။
Myanmar Junta forcefully practiced the dictatorship in Myanmar and killed own people. They’re the worst evils of all kinds.
ယနေ့အချိန် 🌐ကမ္ဘာမှာ ပြောနေတာက
ကမ္ဘာမှာ အဆိုးဆုံး... တဲ့...
The world is calling them now the WORST MURDERERS on earth.
Translated.
#credit
#မရှယ်နဲ့ ကူးတင်ပါ



























