Wednesday, September 25, 2019

ဘဝကြီးက ဂျင်းမှ့ ဂျင်းအစစ်

စဉ်းစားကြည့်ရင် ဘဝကြီးက ချင်း (ဂျင်း)တွေနဲ့ ပြည့်နေတာပဲ။ ဒါပြီးရင် ပြီးပါပြီဆိုတဲ့ဂျင်းတွေ။

အသက် ၃ နှစ် - မူကြိုမှာစာသေချာလုပ်နော်။ အဲဒါမှ တကယ်ကျောင်းတက်ရင် အေးအေးဆေးဆေးလေးတက်ရမှာ။ (အစောဆုံးဂျင်း)

အသက် ၅ နှစ် - မူလတန်းကို သေချာကြိုးစားနော်။ အာ့ဆို အလယ်တန်းရောက်တဲ့အခါ အေးဆေးဖြစ်နေပြီ။ (ထပ်စားရတဲ့ဂျင်း)

အသက် ၁၂နှစ် - အခန်းကောင်းကောင်းရအောင် ကြိုးစားနော်။ အဲဒါမှ ဆယ်တန်းရောက်ရင် အမှတ်ကောင်းကောင်းနဲ့အောင်မှာ။

အသက် ၁၅နှစ် (ဆယ်တန်း) - ဒီတစ်ခါပဲ အပင်ပန်းခံလိုက်။ ဒီတစ်နှစ်ကိုကျော်ဖြတ်ပြီးရင် ပြီးပြီ။ ဆယ်တန်းမှာသာ ဂုဏ်ထူးတွေအများကြီးပါရင် ဘဝတစ်ခုလုံးသာယာပြီ (အကြီးမားဆုံးဂျင်း)

အသက် ၁၇နှစ် (ဆယ်တန်းဂုဏ်ထူးတွေနဲ့အောင်အပြီး) - ဒီ ၆ နှစ်လောက်ပဲ အပင်ပန်းခံရမှာပါ။ ဆရာဝန်ဖြစ်ရင် (ဘွဲ့ရရင်) ပြီးပြီ။ အေးဆေးနေပေတော့ပဲ။ (ဂျင်း ထပ်မိပြန်ပြီ)

အသက် ၂၃ နှစ် (ဘွဲ့ရအပြီး) - အလုပ်ကောင်းကောင်းရအောင်ကြိုးစားနော်။ အလုပ်ကောင်းကောင်းရရင် နောင်ရေးအတွက်စိတ်အေးရပြီ။ အေးဆေးနေရုံပဲ။

အသက် ၂၄နှစ် (အလုပ်ရအပြီး) - အလုပ်ထဲမှာ သေချာကြိုးစားနော်။ အထက်အရာရှိဖြစ်လာရင် အေးဆေးနေလို့ရပြီ။

အသက် ၃၀ (အထက်အရာရှိ) - အလုပ်ကိုပိုကြိုးစားလုပ်။ ပိုက်ဆံပိုရှာ။ အဲဒါဆိုရင် နောင်ရေးအတွက်စိတ်ချရပြီ။ အသက်ကြီးတဲ့အခါ အေးဆေးဖြစ်ပြီ။

ဒါပြီးရင် ပြီးပါပြီဆိုတဲ့ ဂျင်းတွေစားရင်း အခုထက်ထိကို မနားရသေးတာပဲ။ :3

No comments:

Post a Comment