Tuesday, June 1, 2021

အမျိုးဘာသာ သာသနာကိုချစ်တယ်ဆိုတဲ့ အကြမ်းဖက်စစ်တပ် သံဃာတော်များကိုပစ်ခတ်

 

မန္တလေးမစိုးရိမ်တိုက်သစ်ဆရာတော်များ ည ၈ နာရီ ပရိတ်ရွတ်ချိန် စစ်ကောင်စီက ဆဲဆိုပစ်ခတ်၊ သံဃာတချို့ ဒဏ်ရာရ


ရန်ကုန်၊ ဇွန် ၁ 


မန္တလေး မစိုးရိမ်တိုက်သစ်မှ သံဃာတော်များက ယနေ့ ည ၈ နာရီ ပရိတ်ရွတ်ဖတ်ပူဇော်နေချိန်အကြမ်းဖက်စစ်ကောင်စီတပ်များက ကျောင်းအပေါက်၀သို့ လာရောက်ပြီး ဆဲဆိုကာ ပစ်ခတ်မှုများ လုပ်ဆောင်သဖြင့် ကျောင်းတိုက်မှ သံဃာတော်တချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း မစိုးရိမ်တိုက်သစ်သံဃာတော်များထံမှ သိရှိရသည်။


"သံဃာတော်များပရိတ်ရွတ်ဖတ်ပူဇော်နေချိန်မှာ စစ်ကောင်စီက လာရောက်ပြီး ​ကျောင်းအ​​ပေါက်ဝထိဆဲဆိုပါတယ်။ ပရိတ်ရွတ်ဖတ်ပူဇော်နေတာကို ပစ်ခတ်ဖြိုခွင်းပါတယ်။ သံဃာအချို့ထိခိုက်ဒဏ်ရာရရှိပါတယ်။ တစ်ပါးမှတော့ အဖမ်းခံရတာမရှိပါဘူး" ဟု မစိုးရိမ်တိုက်သစ်မှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။ 


ဓာတ်ပုံ- ပရိတ်ရွတ်ဖတ်၍ အာဏာရှင်ကို ဆန့်ကျင်သော မန္တလေးသံဃာတော်တချို့။

No comments:

Post a Comment