''ခွေးစားသွားတဲ့တိုင်းပြည်''
~~~~~~~~~~~~~
နိုင်မြန်မာ
ဆီကိုရေချိုး
ဆေးရိုးမီးလှုံ
တောင်ပုံစပါး
မြန်မာများ၏
ပေါများကြွယ်ဝ
ဓနဥစ္စာ
ပြည့်ရိက္ခာများ
''ခွေး''စားသွား၍ကုန်လေပြီ ။
တိုင်းပြည်ရင်းမြစ်
ကျွန်းသစ် ရေနံ
ကျောက်သံပတ္တမြား
ရွှေသားသတ္တု
''ရေ'' ''မြေ''ထုနှင့်
ပြည်သူ့ ဥစ္စာ
ပြည့်ဘဏ္ဏာများ
''ခွေး''စားသွား၍ ကုန်လေပြီ ။
ဗုဒ္ဓဘာသာ
သမ္မာဒိဌိ
ဉာဏ်အသိနှင့်
ကိုယ်ကျင့်သီလ
မျှတစောင့်စည်း
တိုင်းပြည်ကြီးသား
စိတ်ဓါတ်များလည်း
''ခွေး''စားသွား၍ ကုန်လေပြီ ။
ခေါင်းငုံ့ မခံ
မဟုတ်မှန်က
တုန့်ပြန်အုံကြွ
သူပုန်ထသည့်
မြန်မာတို့၏
ဇာတိပုည
ဂုဏ်မာနများ
''ခွေး''စားသွား၍ ကုန်လေပြီ ။
''ခွေးကြီး" ''ခွေးလတ်''
''ခွေးငတ်'' တစ်သင်း
ခွေးပါးစပ်အတွင်း
အာခံတွင်းထဲ
တိုင်းပြည်မွဲကို
ဆွဲထုတ်ကြချေ မြန်မာတွေ--တို့ G+
No comments:
Post a Comment