Wednesday, June 30, 2021

D-Day သို့မဟုပ် စစ်ကြေငြာခြင်း


 D Day ( သို့) စစ်ကြေညာခြင်း

 *******************


 ပြည်သူတင်မြောက်ထားတဲ့ အစိုးရကို ငါတို့ပြည်သူတွေက ပိုင်တယ်။ 

အဲဒီအချိန်တုံးက သေနတ်သံတွေမကြားရ လက်နက်ကြီးသံတွေ ဆိတ်သုန်း ပြည်သူအားလုံး အေးချမ်းသာယာလို့ပေါ့။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန် ပညာရေးနှင့် ကျမ်းမာရေဟာတိုးတက် နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများပြား လုပ်ငန်းကိုင်ငန်းတွေ ပွင့်လင်းလို့ပေါ့။ 


၂၀၂၁ /ဖေဖော်ဝါရီ( ၁)ရက် နေ့ဟာ 

အဆိုးဝါးဆုံး သမိုင်းဝင်မဲ့နေ့တေန့ဖြစ်ခဲ့ပြီ။ အာဏာရူးစစ်မိစ္ဆာတွေက ပြည်သူ့အာဏာကိုလုယူ ပြည်သူ့အသဲနှလုံးကို သိမ်းပိုက် အကြောင်းပြချက်ကတော့ မခိုင်လုံ မဲမှားယွင်းမှုကြောင့်တဲ့။


 "ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး" ကြွေးကြော်သံတွေနဲ့အတူ ငြိမ်းချမ်းစွာဆန္ဒပြ ဖမ်းစီးထားတဲ့ခေါင်းဆောင်တွေပြန်လွတ်ပေးဖို့ တောင်းဆို တဲ့အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနိုပ်စက် သတ်ဖြတ် ထောင်တွင်းအကျည်းချ ပရဟိတအကျိုးဆောင် အဖွဲ့အစည်းတွေကို ဖမ်းစီး ဖ်က္စီး ငွေများသိမ်းယူ ရွာတွေမီးရို့ စာသင်ကျောင်းတွေမှာတပ်စွဲ စစ်ဘေးရှောင် ဘာသာရေးအဆောက်အဦးတွေကို ပစ်ခတ် အကူညီပေးသူတွေကိုဖမ်းစီ ဖ်က္စီးမီးရို့လူ့အခွင့်အရေးကို အကြီးမားဆုံး ချိုးဖောက် ဒီလိုလူမဆန်တဲ့လုပ်ရပ်တွေနဲ့ ရှေ့ဆက်သွားနေဦးမယ်ဆိုရင်။


 CDM ဝင်နေတဲ့ ပြည့်သူ့ဝန်ထမ်းတွေ ရရာလက်နက်ဆွဲကိုင်လို့ ထွက်လာကြတော့မယ်။ စစ်သင်တန်းဆင်းလာတဲ့gzလူငယ်များရဲ့ pdf တပ္မဟာက စစ်ကြေညာဖို့အသင့်ဖြစ်နေပြီ။ 

တူကိုင် လွှကိုင် ပြီး အရပ်လေးမျက်နှာက အခြေခံအလုပ်သမားများအားလုံးထွက်လာ ကြတော့မယ်။ 

ထွန်းစက်ကြီးတွေနဲ့အတူ ပေါက်ပြား ထွန်တုံးတွေ ကိုင်ပြီး လယ်ယာမြေက ထြက္လာဖို့တာစူနေတဲ့ လယ်သမားများဟာလည်း အဆင်သင့်။ ဂီတနဲ့ရုပ်ရှင်အနုပညာရှင်တွေဟာလည်း နောက်မဆုတ်တန်း ရှေ့ဆက်ကြမယ်လို့ ကြွေးကြော်နေကြပြီ။ လှောင်ပြောင်သရော်စာနဲ့ထိထိမိမိရေးတတ်တဲ့ ကာတွန်းဆရာများဟာလည်း ကလောင်တဖက်ဓါးတဖက်နဲ့ထွက်လာတဲ့ စာရေးဆရာ ကဗျာဆရာတွေနဲ့အတူတူ တော်လှန်ရေးအဆုံးထိ ဆက်သွားကြလိမ့်မယ်။ အကြင်နာတရားနဲ့အသက်ကယ်ရင်း ဆေးထိုးအပ်ကိုင်တဲ့လက်တွေဟာ အဓမ္မကိုတိုက်ဖို့ဓမ္မဖက်နေပြီး သေနတ်ကိုင်ကြတော့မယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဟာလည်း ပြည်သူနဲ့ပူးပေါင်းလို့ တိုက်စစ်ဖွင့်ကြတော့မယ် (တချို့အဖွဲ့တွေကတော့ မပါဘူးပေါ့) အလွှာပေါင်းစုံက လူမျိုးဘာသာပေါင်းစုံ လက်တွဲပြီး ပြင်းပြတဲ့စိတ်ဓါတ်နဲ့အတူ ထွက်လာတော့မယ်။


 ပြီးတော့ မင်းတို့အားလုံးကို အဝီစိကငရဲမီးနဲ့ မီးလောင်တိုက်သွင်းပစ်ကြမယ်။ 

အရေးတော်ပုံ အောင်ကိုအောင်ရမည်။ 

                         ကိုမိုဃ်း(ရှမ်းပြည်) Credit- ကိုမိုဃ်း(ရှမ်းပြည်)

PDF သတင်း။


လူကြီးတွေ ပြောထားတဲ့ အတိုင်းပဲ ၊ ၈၈ က အကွက်ဟောင်းတွေပါ ။ 

ပြန်လွှတ်ပေးလိုက်တယ် ၊ လွှတ်ထားတဲ့သူတွေကို နောက်ယောင်ခံလိုက်တယ် ။ တစ်လ နှစ်လလောက်ကြာတော့ လွှတ်လာတဲ့သူတွေက underground က လူတွေနဲ့ အဆက်အသွယ်ပြန်လုပ်တယ် ။ UG တွေကိုပါ နောက်ယောင်ခံလိုက်ပြီး အသိုက်တွေကို သေချာသိအောင်လုပ်တယ် ။ ပြီးတာနဲ့ လွှတ်ထားတဲ့သူတွေရော ၊ UG အသိုက်တွေရော အားလုံးဝင်စီးတော့တာပဲ ။ ၈၈ အရေးတော်ပုံဟာ ဒါနဲ့ ပျက်ခဲ့ရတယ် ။ 
.
အခုလည်း Cele တွေ ၊ လူငယ်တွေ ပြန်လွှတ်ပေးတယ် ။ သေချာပါတယ် နောက်ယောင်ခံလိုက်မှာပါ ။ ပြီးရင် PDF တွေရဲ့ အသိုက်ကိုပါ ရှာမယ် ။ သူတို့ လိုချင်တဲ့ သတင်းတွေရတဲ့အထိ ထောင်ထဲက ကလေးတွေကို တဖြည်းဖြည်း လွှတ်ပြီး သတင်းအနံ့ခံဦးမှာ ။ PDF တွေကို ခြေသံတိတ်တိတ်လေးနဲ့ ရှာကြလိမ့်မယ် ။ဒီအချိန်မှာ ထောင်ထဲက ကလေးတွေကသူတို့အတွက် အရေးမပါဘူး ၊ သူတို့ အသေရရ အရှင်ရရ ချေမှုန်းချင်နေတာ PDF တွေပဲ ။
.
ကျနော်တို့ ၈၈ က အမှားမျိုး ထပ်မှားကြမှာလား ၊ လူငယ်ဆိုတာ လူငယ်ပီပီပဲ ၊ သဲလွန်စ မဖျောက်တတ်ကြတာ သဘာဝပါ ၊ ဒီအားနည်းချက်ကို စကစ အသေအချာ နင်းမှာပါ ။ ၈၈ တုန်းက မသိခဲ့ကြလို့ ခံခဲ့ရပြီးပြီး ။ ထောင်ထဲက ထွက်လာတဲ့ကလေးတွေက ၃ ၄ လလောက် ဘာသတင်းမှ မရပဲ နေနေခဲ့တာ ၊ အပြင်မှာ ရှိနေတဲ့ ကျနော်တို့တွေ ဒီအကွက်ကို မြင်ရင် ၊ ကလေးကို သတိပေးဖို့ လိုအပ်တယ် ။ 
.
ဒါကို လူငယ်တွေ သတိထားမိအောင် သတင်းဖြန့်ဖို့လိုတယ် ။ အသိပေးဖို့လိုတယ် ။ PDF တွေ အနေနဲ့လည်း လွတ်လာတဲ့ လူငယ်တွေကို သတိထားပြီး ဆက်သွယ်ပါ ။ တချို့လူငယ်တွေ ထောင်ထဲမှာ Brain Wash အလုပ်ခံခဲ့ရပြီးပြီ ။ စကစရဲ့ စိတ်ပညာပိုင်းဆိုင်ရာ အတတ်ပညာနဲ့ Brain Wash လုပ်တာကို အထင်မသေးပါနဲ့ ။ စစ်တပ်တစ်ခုလုံးနီးပါးကို Brain Wash လုပ်ထားနိုင်တယ်ဆိုတာ သတိရပါ ။ 
.
စကစရဲ့ လူတွေလည်း ထောင်ကထွက်လာတဲ့ လူငယ်ပုံစံဟန်ဆောင်ပြီး ၊ PDF တွေနဲ့ ဆက်သွယ်ပြီး အသိုက်ရှာကြလိမ့်မယ် ။ PDF တွေ သတိထား ဆက်သွယ်ကြပါ ။ လူငယ်တွေကို သေချာစီစစ်ပြီးမှ လက်ခံကြပါ ။ 

အားလုံး ဒီသတင်းကို ထွက်လာတဲ့ ကလေးတွေ သိအောင် ပြောပြပေးကြပါ ။

Crd,
#ulg🇲🇲

 

ဖမ်းဆီးခံထားရတဲ့ ၅ နှစ်သမီးငယ်လေးပြန်လွတ်လာ။


 ဖမ်းဆီးခံထားရတဲ့ မိုးကုတ်က (၅)နှစ်အရွယ် ကလေးငယ် ပြန်လွှတ်လာ


ရွှေဖီမြေ၊ ဇူလိုင် ၁ ရက်၊ မိုးကုတ်


(၂)ပတ်ကျော်ကြာ ဖမ်းဆီးခံထားရတဲ့ မိုးကုတ်မြို့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးစိုးဌေးရဲ့ (၅)နှစ်အရွယ် သမီး မစုထက်ဝိုင်း ပြန်လွှတ်လာပြီ ဖြစ်ပါတယ်။


မနေ့ ဇွန်လ ၃၀ ရက်မှာ ပြန်လွှတ်လာတာဖြစ်တယ်လို့ ဖခင်ဖြစ်သူက ၎င်းရဲ့ Facebook မှာ ဒီနေ့မနက်ပိုင်းက ရေးသားထားပါတယ်။


“သမီးငယ် စုထက်ဝိုင်း မနေ့(ဇွန်လ ၃၀ ရက်)က ဖမ်းဆီးခံထားရခြင်းမှ ပြန် လွှတ်လာပါတယ်။ သမီးကြီးနဲ့ သူ့အမေကိုတော့ ဖမ်းဆီးထားဆဲပါ” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။


“နှစ်ပတ်ကျော်ကြာ ဖမ်းဆီးချုပ်နှောင်ထားစဥ် ထမင်းဝအောင် မစားရဘူး။ ရေချိုးရင် အိမ်သာရေနဲ့ ချိုးရတာလို့ ပြန်ပြောပြကြောင်းနဲ့ ဖွားဖွားစု (ဒေါ်အောင်ဆန်းစုကြည်) လွှတ်ပြီလားလို့လည်း မေးကြောင်း” ဆက်လက် ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်က ဦးစိုးဌေးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးဖို့ လာရောက်စဥ် မတွေ့တာကြောင့် ဇနီးဖြစ်သူ ဒေါကြည်ကြည်ခိုင်နဲ့ သမီးတွေကို ဖမ်းဆီးသွားတာပဲ ဖြစ်ပါတယ်။


၎င်းရဲ့ဇနီး ဒေါ်ကြည်ကြည်ခိုင်ဟာ မြို့နယ် တအာင်းအမျိုးသာပါတီ (TNP)ရဲ့ စာရင်းစစ် ဝန်ထမ်းတစ်ဦး ဖြစ်​ပါတယ်။


သားဖြစ်သူ ၂ ဦးနဲ့ ဦးစိုးဌေးတို့ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး ဦးစိုးဌေးကိုတော့ တပ်မတော်ကို အကြည်ညို ပျက်စေတဲ့ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားပါတယ်။

မလုံလောက်တဲ့အမှားပြင်ဆင်ချက်

 မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၃၀ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၃၀၊ ၂၀၂၁


မလုံလောက်တဲ့ အမှားပြင်ဆင်ချက်


ဒီနေ့ နံနက်ကတည်းက ထွက်ပေါ်လာတဲ့သတင်းကတော့ ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုထားတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ ၊ စီဒီအမ်ဝန်ထမ်းတွေ တနိုင်ငံလုံးမှာ ၂၃၀၀ ကျော်လွှတ်ပေးမယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ လတာအတွင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့်ရော အပြစ်မရှိပဲ လုံးဝမသက်ဆိုင်ပဲ ဖမ်းဆီးထိမ်းသိန်းထားသူ တနိုင်ငံလုံးမှာ ၅၀၀၀ ကျော်ရှိတယ်လို့ AAPP စာရင်းအရ သိရပါတယ်။


ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေရော တခါတရံ ဘာမှ မသက်ဆိုင်ပဲ လမ်းမှာတွေ့သူတွေပါရောနှော ဖမ်းဆီးပြီး အချို့ကို ပြန်လွှတ်ပေမယ့် အချို့မှာ အကြောင်းပြချက် ခိုင်ခိုင်မာမာမရှိပဲ ဖမ်းဆီးခဲ့ရသူ၊ အန်အယ်လ်ဒီပါတီဝင်၊ စည်းရုံးရေးတာဝန်ယူထားသူတွေ၊ လွှတ်ေတာ်ကိုယ်စားလှယ်တွေ၊ စီဒီအန် ဝန်ထမ်းတွေ မတ်လနှောင်းနောက်ပိုင်းမှာတော့ ခုခံတိုက်ခိုက်သူတွေ၊ ဖေါက်ခွဲမှုနဲ့စွပ်စွဲခံရသူတွေ၊ အချို့သော သတင်းပေး ၊ ဒလံဆိုသူတွေကို အကြမ်းဖက်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံရသူ တရားစွဲခံရသူ ၊ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ သင်တန်းတက်ပြီး ပြန်လာတယ်လို့ သံသယနဲ့ စွပ်စွဲ ဖမ်းဆီးထားသူ စသဖြင့် အမျိုးမျိုးသော အကြောင်းပြဖမ်းဆီးထားသူ တနိုင်ငံလုံး ၅ ထောင်ကျော် ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။


အဲဒီလို အမျိုးမျိုးသော ဖမ်းဆီးခံရသူ ၅ထောင်ကျော် အနက်က ၅၀၅-က နဲ့ စွဲဆိုခံထားရသူ ၂၃၀၀ ကျော်ကို လွှတ်ပေးမယ်ဆိုပြီး အတည်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။ ခုလိုအချိန်မှာ စစ်ကောင်စီက ဘာကြောင့် အခုလို ၅၀၅-က ပုဒ်မနဲ့စွဲဆိုထိန်းသိမ်းထားတဲ့ သူထောင်နဲ့ချီ လွှတ်ပေးတာလဲ ၊ နောက်ကွယ်က စေ့ဆော်တဲ့အကြောင်းက ဘာဖြစ်နိုင်လဲ စသဖြင့် အမျိုးမျိုး မှန်းဆမှုတွေ ရှိကြပါလိမ့်မယ်။ နံပါတ် ၁ အချက်ကတော့ အာဆီယံအပါအဝင် နိုင်ငံတကာမှာ သံတမန်ရေးအရ ဖိအားပေးမှုတွေကို အတိုင်းအတာတခုထိ လျော့ချဖို့ ဖြစ်နိုင်ပါတယ်။


တခြားအချက်အနေနဲ့လည်း စစ်တပ်ရဲ့ ပြင်းထန်တဲ့ဖြိုခွဲမှုတွေ ဖမ်းဆီးမှုတွေ၊ ရိုက်နှက်ညှင်းပန်းမှုတွေကြောင့် မြုိ့ပေါ်ဆန္ဒပြမှုတွေ တနည်း မြေပေါ်လှုပ်ရှားမှုတွေ အားပျော့လာနေတာ ဖြစ်ပြီး ဆန္ဒပြမှုတွေနဲ့ပတ်သက်တဲ့ ကိစ္စတွေကို လအနည်းငယ်ကြာ ကာလတခုမှာ လျော်ပစ်လိုက်ပြီး လက်ရှိ တိုက်ပွဲဖြစ်တဲ့ မြို့ပြနဲ့ ကျေးလက်က လက်နက်နဲ့ ခုခံမှုကို ဆက်လက်နှိမ်နှင်းဖို့ ရည်ရွယ်ထားတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။ ခုလွှတ်ပေးမယ့်အထဲ လက်နက်နဲ့ခုခံသူတွေ မြို့ပြပျောက်ကျားတွေ မပါဝင်ပါဘူး။ ခုလွှတ်တဲ့အထဲပါဝင်သူတွေဟာ ဆန္ဒပြမှုတွေနဲ့ ဆန္ဒပြမှုကို အားပေးလှုံံဆော်သူတွေလို့ ယူဆပြီး ထိန်းသိမ်းထားသူတွေ ဖြစ်ပါတယ်။


စစ်အာဏာရှင်တွေဟာ အမြဲတမ်း လူထုက အကြောက်တရားနဲ့ ခုခံတော်လှန် ဆန့်ကျင်တာမလုပ်ရဲ အောင် ဆက်စပ်တာနဲ့ဖမ်း၊ လူသိရှင်ကြား ဆန့်ကျင်တယ်ပြောတာနဲ့ဖမ်းတာတွေ လုပ်ပြီး အာဏာကို ခိုင်မြဲအောင် တည်ဆောက်ကြပါတယ်။ ခုလိုလွှတ်ပေးတဲ့ အဓိပ္ပါယ်က ဒီလိုကိစ္စရပ်မျိုးတွေ နောက်မဖမ်းဘူးဆိုတဲ့ သဘောလုံးလုံးလျားလျားမဟုတ်ပဲ စစ်ေကာင်စီက ဆန့်ကျင်သူတွေ အပေါ် သဘောထားကြီးတယ်ဆိုတဲ့ ဝါဒဖြန့်ချိမှုတွက် သက်သေပြဖို့ ၊ နောက်တချက်က ပိုပိုသာသာ ဖမ်းထား ဝရန်းထုတ်ထားတဲ့ သူအချို့ကို ရုပ်သိမ်းပေးတဲ့ သဘောမျိုး လုပ်ဆောင်တာဖြစ်တယ်လို့ ယူဆရပါတယ်။


လွှတ်ပေးမယ်ဆိုတဲ့ သတင်းကြောင့် ၅၀၅-က နဲ့ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေ နံနက်မိုးလင်းကတည်းက သက်ဆိုင်ရာထောင်အသီးသီးရဲ့ ရှေ့မှာ ပန်းစည်းနဲ့ အောင်သပြေပန်းနဲ့ မျှော်လင့်ချက်ပြည့်နေတဲ့ မျက်ဝန်းနဲ့ စောင့်ဆိုင်းနေကြတဲ့ မြင်ကွင်း တနေကုန် ထမင်းမေ့ ဟင်းမေ့ စောင့်ဆိုင်းနေကြရပြီး မိုးချုပ် ၆နာရီ ၇နာရီ ထိုးမှ အသုတ်လိုက်လွတ်လာတဲ့ မြင်ကွင်းတွေက မြင်ရသူတွေ စိတ်ထဲ ခံစားရစေတာအမှန်ပါ။


အရင် စစ်အစိုးရတွေနဲ့ အနည်းငယ်ကွာခြားတာက ခုလိုလွှတ်ပေးတာမျိုးဟာ အများအားဖြင့် ပြစ်ဒဏ်ချမှတ်ပြီးမှ အကျဥ်းသားအဖြစ်ကနေ လွှတ်တာမျိုးဖြစ်လေ့ ဖြစ်ထရှိပြီး အခုလွှတ်ပေးတာက အချုပ်သား တရားရင်ဆိုင်ဆဲ၊ ရဲစခန်းမှာ အမှုတည်ဆောက်ဆဲ အခြေအနေမှာ လွှတ်ပေးတာ ဖြစ်ပါတယ်။ နိင်ငံရေး ရှုထောင့်အရ အချိန်အခါ ကိုသတ်မှတ်ပြီးလွှတ်တယ် ဆိုပေမယ့် အမှုရင်ဆိုင်နေဆဲ တရားရုံးမှာ ကြားနာနေဆဲကို အမှုရုပ်သိမ်းခိုင်းပြီးလွှတ်တယ်ဆိုတာမျိုးက တရားဥပဒေအရ လုပ်ရပါတယ်ဆိုတဲ့ အကြောင်းပြချက်ကို ရုပ်ပျက်စေတာလည်း ဖြစ်ပါတယ်။


ဒီနေ့မှာ အခြားအရေးပါတဲ့ သတင်းတပုဒ်ကတော့ ချင်းပြည်နယ် ဖလမ်းမြို့နယ်ထဲမှာ ရှိတဲ့ကျေးရွာတရွာက ရဲစခန်းကို ချင်းကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး ရဲတွေဘက်က ၂၀ လောက်ကျဆုံးတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ဖလမ်းမြို့အနောက်တောင်ဘက် အိန္ဒိယနယ်စပ်ကို သွားတဲ့လမ်းပေါ်က ဘုံဇုန်းရွာက ရဲစခန်းကို ချင်းကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီသတင်းနဲ့အတူ ဖလမ်းဟားခါးဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်တွေကိုလည်း ချင်းကာကွယ်ရေး တပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်ကအချို့ ကျဆုံးတယ်လို့ သတင်းထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။


ဒေသခံတွေအတွက် ချင်းပြည်နယ်ဟာ ပထဝီဝင်အနေအထားအရ ပျောက်ကြားစစ်အနေနဲ့ ခုခံတိုက်ခိုက်ဖို့ အားသာချက်တွေရှိနေပြီး စစ်ကောင်စီတပ်တွေ အနေနဲ့ မြေပြန့်လို လွယ်လွယ်ကူကူ တက်တာ ဖြန့်တာ ဆုတ်တာ လုပ်ဖို့ အားမသာပါဘူး။ တဖက်မှာတော့ ရပ်ရွာနေ လူထုကို စစ်ဘေးရှောင်ဖြစ်အောင် မြေလှန်တာတွေ နေအိမ်တွေက ပိုင်ဆိုင်မှုတွေ လုယူတာ ဖျက်ဆီးတာ မွေးမြူထားတဲ့ တိရိစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်ခြင်းအားဖြင့် ဒေသခံတွေကို ပျောက်ကြားခုခံစစ်ရဲ့ တန်ဖိုးကြီးမားအောင် လုပ်တာတွေ လုပ်ဆောင်နိုင်ပါတယ်။ ခုကာလမှာတင် မင်းတပ်မြို့ကို အဲဒီနည်းနဲ့ ပိတ်ဆို့ အကြပ်ကိုင် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။


ဒီနေ့ သတင်းတွေကို ပြန် ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် စစ်ကောင်စီက သူ့ရဲ့ နိုင်ငံတကာ ဖိအားကို လျော့ကျအောင် ဖမ်းဆီးထားတဲ့ ဓါးစာခံ အကျဥ်းသားတွေ အရေအတွက် တခု လွှတ်ပေးတာတွေ လုပ်နေချိန် တဖက်မှာလည်း လက်နက်ကိုင် ခုခံမှု တော်လှန်မှုကို အားစိုက်ခြေမှုန်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ NUG အစိုးရအနေနဲ့ D-Day လို့တင်စားခေါ်ဝေါ်တဲ့ အခါတော်ကျပြီဆိုတဲ့ လက်နက်ကိုင် တော်လှန်ရေး တိုက်ပွဲခေါ်သံက ဘယ်အချိန်လဲဆိုတာ လူထုက မျှော်လင့်နေကြရင်း နွေဦးတော်လှန်ရေးက ၅ လတိုင်ခဲ့ပြီဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

#MoeMaKaMed


ia

#WhatsHappeningInMyanmar

သူခိုးကသူခိုးပါဘဲ၊ သူတော်ကောင်းဆောင်လို့မရဘူး

 တချို့တွေကြုံဖူးမလားမသိဘူး..


ကိုယ့်ပိုက်ဆံအိတ်ကိုခိုးတယ်.. ပြီးတော့ ပိုက်ဆံတွေယူထားလိုက်ပြီးမှ ကျန်တဲ့အရေးကြီးကဒ်တွေ မှတ်ပုံတင်တွေ လိုင်စင်တွေ ဘာညာတွေကို ကောက်ရထားတာလိုလို ဘာလိုလိုနဲ့ ကျေးဇူးရှင်ဂိုက်ဖမ်းပြီး ပြန်ပေးချင်ယောင်ဆောင်တာမျိုးလေ..


ပိုင်ရှင်ကလဲ သိပေမယ့် သူ့ကဒ်လေးတွေပြန်ရချင်တော့ ကျေးဇူးပါ ဘာညာ အောင့်သက်သက်နဲ့ ပြောပေးရတယ်.. မုန့်ဖိုးတောင်ထပ်ပေးရသေးတယ်..


ဘုတောလွှတ်ရင် ဓားနဲ့ထိုးသွားမှာလဲကြောက်ရသေးတာကိုး..


အဆိုးဆုံးကတော့ အဲ့သူခိုးက သူဘယ်လိုရိုးသားလို့ပြန်ပေးတာဖြစ်ကြောင်း.. တခြားသူတွေဆိုဒီလိုပြန်ပေးမှာမဟုတ်ကြောင်း.. ပိုက်ဆံအိတ်ပျောက်သွားသူတွေဆို သူဘယ်လိုသနားတတ်ကြောင်း.. နောက်မပျောက်အောင် ဂရုစိုက်သင့်ကြောင်း.. နောက်တစ်ခါဆို ပြန်ရမှာမဟုတ်တော့ကြောင်း စသည်ဖြင့်စောက်ရေးမပါတဲ့ ဩဝါဒ‌တွေခြွေတတ်တာပဲ..


အဲ့ဒါ သူခိုးတို့ရဲ့စောက်ကျင့်ပဲ..


သူတို့လုပ်ရပ်က အောက်တန်းကျမှန်းသိတော့ အခွင့်သာတုန်းမှာ သူတော်ကောင်းယောင်ဆောင်ချင်တယ်.. သူများကျေးဇူးရှင်ဂိုက်ဖမ်းချင်တယ်.. သူတပါးမျက်ရည်ပေါက်ကြီးငယ်ကျမှထမင်းစားရတဲ့အလုပ်ကိုလုပ်နေမှန်း မသိစိတ်ကခြောက်လှန့်နေတော့ သိစိတ်ထဲမှာ သူ့ကိုယ်သူကယ်တင်ရှင်ပုံမျိုးမရမကဖော်ပြီး အငုံ့စိတ်ကိုဖြေဖျောက်ရတယ်..


လက်နက်အားကိုးတဲ့မိုက်ဂုဏ်ရယ်.. မျက်နှာပြောင်တိုက်ရဲတာရယ်.. မကောင်းတာကိုမကောင်းမှန်းမသိတဲ့အဝိဇ္ဇာဖုံးနေမှုရယ်.. ယုတ်မာအောက်တန်းကျနိုင်တဲ့စိတ်ရယ်ပေါင်းပြီး သူ ခိုးခဲ့တဲ့ပစ္စည်းနဲ့သူ ကျေးဇူးတင်ပြန်ခံချင်ရဲသွားတာပဲ.. 


အမှန်က ပိုက်ဆံအိတ်ဆိုတာ ပိုင်ရှင်ရဲ့အိတ်ကပ်ထဲမှာပဲ အစကတည်းက ရှိနေသင့်တာပါ.. 


ကိုယ့်ပစ္စည်းကိုယ်ပြန်ရလို့၀မ်းသာချင်၀မ်းသာမယ်.. အဲ့ဒါကိုသူ့ကြောင့်လူတွေပျော်နေရတယ်ထင်ရဲတာကတော့အောက်တန်းအကျဆုံးနည်းနဲ့စောက်ခွက်ပြေ


ာင်တယ်ခေါ်တာပေါ့..

လူမှားဗျူးခံရ 😂😂😂

 MWD နဲ့ ဘောမ မီဒီယာတွေမှာ လွှင့်ဖို့ အတင်းတွေရိုက်


နေအုန်းဟဲ့ လူမှားနေပြီ လွှတ်လာတာ သူဟဲ့

😂😂😂 video credit 


မှတ်ချက် - ရှူးပေါက်ပီးမှကြည့်ရန် 😬

Covid 19 စိုးစံရာ နေပြည်တော်


 ကိုဗစ်စိုးစံရာ နေပြည်တော်


နေပြည်တော်ကောင်စီနယ်မြေအတွင်း စစ်တပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ်တွင် COVID-19 အတည်ပြုလူနာ ၆၀၀ ကျော်ရှိနေပြီးနေပြည်တော်သည်တနိုင်ငံလုံးတွင် ကူးစက်မှုအများဆုံးဖြစ်နေကြောင်းသိရ။


သီရိ ၆ မြို့နယ်နှင့် ပျဥ်းမနား၊ လယ်ဝေး၊ တပ်ကုန်း ၉ မြို့နယ်အတွင်း အတည်ပြုလူနာတွေ့ရှိမှု နေ့စဥ်မြင့်တက်ခဲ့ရာမှ ဇွန်လ ၂၈ရက် မနေ့ကထိ ၁၈၀၀ ကျော် ကူးစက်ခံထားရပြီး ဇေယျာသီရိမြို့နယ်တွင် ၆၀၀ ကျော်နှင့် အများဆုံးဖြစ်၍ ဇဗ္ဗူသီရိမြို့နယ်တွင် ၅၀၀ ကျော်ဖြင့်ဒုတိယအများဆုံးဖြစ်နေကြောင်းသိရ။


ဇဗ္ဗူသီရိမြို့နယ် သပြေကုန်းအနီး မစိုးရိမ်စာသင်တိုက်မှ သံဃာအပါး ၂၀၀ကျော်စစ်ဆေးခဲ့ရာ အစုလိုက်အပြုံလိုက် ကူးစက်ခြင်းခံထားရကြောင်း သိရ။


ယင်းသို့ ကူးစက်မှုမြင့်တက်နေသော်လည်း နေပြည်တော်အတွင်းရှိ စာသင်ကျောင်းများ ဆက်လက်ဖွင့်ထားဆဲဖြစ်ပြီး စျေးကြီးများပိတ်မည်ဟုသတင်းများသာထွက်ပေါ်နေကြောင်း နေပြည် တော်ရှိ ဒေသခံ အချို့ထံမှ သိရ။


သံဃာတော်တွေ နေကောင်းကြပါစေ။


ဒေါက်တာတင့်ဆွေ


နေပြည်တော်ကသီရိ၅မြို့နယ်ပါ(ဆရာရေးထားတာ၆မြို့နယ်ဖြစ်နေပါတယ်ခင်ဗျာ)ဇေယျာသီရိ ပုပ္ဗသီရိ ဥတ္တရသီရိ ဇမ္ဗူသီရိ ဒက္ခိဏသီရိ နဲ့ ပျဉ်းမနား လယ်ဝေး တပ်ကုန်း အားလုံး၈မြို့နယ်နဲ့ဖွဲ့စည်းထားပါတယ်ခင်ဗျ


ကျေးဇူး။

Tuesday, June 29, 2021

မြေကျင်းထဲမြှပ်နှံခံလိုက်ရတဲ့ အမှန်တရားတွေ။


 မြေကျင်းထဲ မြှုပ်နှံခံလိုက်ရတဲ့ အမှန်တရားတွေ


DMG ၊ ဇွန် ၂၉ 

(ဆောင်းပါး) 


အနီရောင်ဆေးခြယ်ထားတဲ့ အရွယ်တူ အုတ်ဂူသုံးခုဟာ တစ်ခုနဲ့တစ်ခုနီးကပ်စွာနဲ့ ကျေးရွာသုဿန်မြေပေါ်က ကုန်းမြင့်လေးထက်မှာ ထင်ရှားစွာတည်ရှိနေပါတယ်။ အုတ်ဂူတစ်ခုချင်းစီရဲ့ ရှေ့မျက်နှာစာမှာတော့ အပြာရောင်ကို တစ်ပေကျော်ပတ်လည်ခြယ်သကာ အပေါ်က အဖြူရောင်စာလုံးတွေနဲ့ သေဆုံးသူတွေရဲ့ အမည်၊ အသက်တွေကို မြင်သာအောင်ရေးသားထားပါတယ်။


ဒီအုတ်ဂူထဲတွေမှာ မြှုပ်နှံခံထားရသူတွေဟာ ပထမတစ်ကြိမ်လည်း မြေကျင်းထဲ မြှုပ်နှံခံရဖူးပြီးပါပြီ။ ဒါပေမယ့် အခုလို အုတ်ဂူတွေနဲ့မဟုတ်သလို နာမည်တွေ၊ အသက်တွေလည်း မထိုးထားခဲ့ပါဘူး။ ဒီထက် ဆိုးတာက မြေကျင်းသုံးခုထဲ မြှုပ်နှံခံရတာမဟုတ်ဘဲ မြေကျင်းတစ်ကျင်းမှာ နှစ်ယောက်နဲ့ နောက်တစ်ကျင်းမှာတစ်ယောက် မြှုပ်နှံခံခဲ့ရတာပါ။


ဒုတိယအကြိမ်မြှုပ်နှံရာမှာတော့ သေဆုံးသူတွေရဲ့မိသားစုဝင်တွေနဲ့ ကျေးရွာသားတွေက သူတို့သုံးဦးရဲ့ အလောင်းတစ်ခုစီကို မြေကျင်းတစ်ခု၊ အုတ်ဂူတစ်ခုနဲ့ ဆေးရောင်တွေလည်း ခြယ်သပေးထားပါပြီ။


ဒီအုတ်ဂူသုံးခုဟာ ရခိုင်ပြည်၊ မင်းပြားမြို့နယ်က မင်းရွာအမည်ရှိတဲ့ ကျေးရွာရဲ့ သုဿန်မှာရှိနေတာပါ။ အုတ်ဂူတွေထဲမှာ သေဆုံးသွားသူသုံးဦးဟာ အဲဒီကျေးရွာလေးမှာ ကိုယ့်မိသားစုနဲ့ကိုယ် အခြေချနေထိုင် နေခဲ့ကြသူတွေဖြစ်သလို တစ်ဦးနဲ့တစ်ဦးဟာ အိမ်နီးချင်းတွေလည်း ဖြစ်ကြပါတယ်။


ရခိုင်ပြည်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲပြင်းထန်နေချိန်ဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းမှာ မင်းရွာကျေးရွာရဲ့ အရှေ့ဘက်တစ်နာရီလောက်ဝေးတဲ့ တောထဲကို ထင်းရှာသွားရာကနေ သူတို့သေဆုံးဖို့ အစပြုခဲ့တာပါ။


မတ်လ ၂၄ ရက်နေ့မှာ ထင်းရှာသွားခဲ့တဲ့ မင်းရွာကျေးရွာက ဦးသန်းကျော် ၄၈ နှစ်၊ ဦးစောလှထွန်း ၅၀ နှစ်၊ ဦးသန်းထွန်းအောင် ၅၀ နှစ်တို့ ပျောက်ဆုံးနေတာကြောင့် မိသားစုဝင်တွေက လိုက်လံစုံစမ်းခဲ့တဲ့အခါ မြန်မာစစ်သားတွေက ဖမ်းဆီးသွားတယ်ဆိုတဲ့အကြောင်း သတင်းစကားကြားခဲ့ကြပါတယ်။


ဒါပေမယ့် ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရတာကတစ်ကြောင်း၊ တိုက်ပွဲကာလဖြစ်နေတာက တစ်ကြောင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် မိသားစုတွေက သူတို့သုံးဦးကိုလိုက်ရှာဖို့ အခွင့်မသာခဲ့ပါဘူး။ တိုက်ပွဲကာလအတွင်းမှာ သံသယရှိသူတွေကို တပ်မတော်ဘက်က မကြာခဏ ဖမ်းဆီးစစ်ဆေးတာတွေရှိတာကြောင့် အပြစ်မရှိရင် သူတို့တွေပြန်လွတ်လာလိမ့်မယ်လို့ မိသားစုက မှတ်ယူခဲ့ကြပါတယ်။


သူတို့သုံးဦးပျောက်ဆုံးသွားပြီး ကိုးလခန့်အကြာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းမှာ ခွဆုံကျေးရွာရဲ့ အနောက်ဘက်တောင်တန်းတစ်နေရာမှာ မြှုပ်နှံထားတဲ့ လူသုံးဦးရဲ့အရိုးတွေကို ခွဆုံကျေးရွာသားတွေက တွေ့ရှိခဲ့ကြပါတယ်။


အရိုးကျနေပြီဖြစ်တဲ့ အဲဒီရုပ်အလောင်းတွေပေါ်မှာ တွေ့ရတဲ့အဝတ်အစား၊ အသုံးအဆောင်တွေဟာ မင်းရွာ ကျေးရွာသားသုံးဦး ထင်းခုတ်သွားတဲ့နေ့က ဝတ်ဆင်သွားတဲ့အဝတ်အစားတွေဖြစ်နေတာကြောင့် ဒီရုပ်အလောင်းသုံးခုဟာ မင်းရွာကျေးရွာသားတွေပဲလို့ မိသားစုဝင်တွေက လက်ခံခဲ့ကြပါတယ်။


သေဆုံးသွားတဲ့ ဦးသန်းကျော်ရဲ့ ဇနီးဖြစ်သူ ဒေါ်သန်းမြရီက ပြောပြတာက “အလောင်းကိုကျတော့ နှစ်ယောက်ကို တွင်းတစ်တွင်းထဲမှာ မြှုပ်ထားတယ်။ တခြားတစ်ယောက်ကိုကျတော့ တစ်ယောက်တည်း သီးသန့်မြှုပ်ထားတယ်”


ဒါဟာ ဦးသန်းကျော်၊ ဦးစောလှထွန်းနဲ့ ဦးသန်းထွန်းအောင်တို့အတွက် ပထမအကြိမ် မြေမြှုပ်ခံခဲ့ကြရခြင်းပဲ ဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့အရိုးတွေကို မင်းရွာကျေးရွာဆီသယ်ယူလာပြီးတော့ ကျေးရွာသုဿန်မှာ ဒုတိယ အကြိမ်မြှုပ်နှံပြီး အုတ်ဂူသုံးခုကို ညီညာစွာနဲ့ ပြုလုပ်ပေးထားပါတယ်။


အခုလို အိမ်ထောင်ဦးစီးဖြစ်သူတွေ သေဆုံးသွားတဲ့နောက်မှာ ကျန်ခဲ့တဲ့ မိသားစုဘဝတွေဟာလည်း ယိုင်လဲ သွားခဲ့ရပါတယ်။


ဦးသန်းကျော်မရှိတော့တဲ့နောက် ဇနီးဖြစ်သူ ဒေါ်သန်းမြရီတစ်ယောက် သမီးသုံးယောက်၊ သားတစ်ယောက်နဲ့ ဘဝကိုရုန်းကန်လာခဲ့တာဟာ အခုဆိုရင် တစ်နှစ်ကျော်ဆိုတဲ့ အချိန်ကာလကို ရောက်ရှိလို့လာခဲ့ပါပြီ။ လက်ရှိမှာ ဒသမတန်းတက်ရောက်မဲ့ သမီးငယ်နဲ့ စတုတ္ထတန်းတက်ရောက်မဲ့ သားလေးကို ပညာ ဆက်လက်သင်ကြားနိုင်ဖို့အတွက် ဒေါ်သန်းမြရီတစ်ယောက် မတတ်စွမ်းနိုင်တော့ပါဘူး။


“အိမ်ထောင်ဦးစီးဖြစ်တဲ့ လင်ယောကျ်ားသေဆုံးသွားတော့ လုပ်စားစရာလဲမရှိတော့ဘူး။ သားတစ်ယောက်၊ သမီးတစ်ယောက် ကျောင်းတက်နေတာကို အခုကျွန်မ မသင်ပေးနိုင်တော့ဘူး။ ကျွန်မသမီးကို ဆယ်တန်း ပညာသင်ကြားဖို့ဆိုတာ သိန်း ၁၀ ၊ ၂၀ ကုန်ကျမယ်။ ကျွန်မဘယ်ကရှာလို့ရမလဲ”


နောက်ထပ် ယိုင်လဲသွားရတဲ့မိသားစုကတော့ သေဆုံးသွားတဲ့ ဦးစောလှထွန်းရဲ့ မိသားစုပါ။ ဦးစောလှထွန်း မရှိတော့တဲ့နောက်မှာ ဇနီးဖြစ်သူ ဒေါ်မကျော်ဦးဟာ မလုပ်တတ်မကိုင်တတ်တာကြောင့် ဒသမတန်း တက်ရောက်မယ့်သားဖြစ်သူကို ရင်နာနာနဲ့ကျောင်းကထုတ်ပြီး လုပ်ငန်းခွင်ကို တွန်းပို့လိုက်ရပါတော့တယ်။


“ကျွန်မသားက အရွယ်တောင်မရောက်သေးဘူး။ အခုမှ ၁၇ နှစ်ဘဲရှိသေးတယ်။ ၁၇ နှစ်အရွယ်က အလုပ်ကြမ်းကို ဘယ်လိုလုပ်နိုင်မှာလဲ။ အမေဖြစ်သူမှာ ရင်နာရတယ်။ သူ စက်ရုံမှာလုပ်နေရင် ညဉ့်နက်မှ ရောက်တယ်။ ဘယ်အချိန်ပြန်လာမှာလဲ စိတ်ပူပန်နေရတယ်”


ဒေါ်မကျော်ဦးတစ်ယောက် သားဖြစ်သူအတွက် စိတ်မကောင်းဖြစ်နေရပေမယ့် ဖခင်ဖြစ်သူမရှိတော့တဲ့နောက် ဖခင်ရဲ့တာဝန်တွေကို ထမ်းဆောင်နေတဲ့ အသက် ၁၇ နှစ်အရွယ် မောင်ခိုင်ကျော်ထွန်းရဲ့ တစ်နေ့လုပ်အားခ ၃၀၀၀ ကျပ်ကနေ ၆၀၀၀ ကျပ်အထိရရှိတဲ့ဝင်ငွေနဲ့ အမေတစ်ခု သားတစ်ခုဘဝကို ဖြတ်ကျော်နေပါတယ်။


မင်းရွာကျေးရွာသားသုံးဦးလိုပဲ မင်းပြားမြို့နယ်၊ သင်းပုန်းချောင်းကျေးရွာသား နှစ်ဉီးဟာလည်း နှစ်ခါပြန် မြှုပ်နှံခံခဲ့ရသူတွေဖြစ်ခဲ့ပါတယ်။ အသက် ၄၅ နှစ်အရွယ် ဦးမောင်သန်းမြင့်နဲ့ အသက် ၃၂ နှစ်အရွယ် ဦးဝင်းမောင်တို့နှစ်ဦးဟာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၇ ရက်နေ့က ငါးမွေးမြူရေးခြံသို့ ဆိုင်ကယ်နဲ့သွားရာ ကနေ ပျောက်ဆုံးသွားခဲ့တာပါ။


ဧပြီလ ၂၆ ရက်နေ့မှာတော့ ရန်ကုန်-စစ်တွေကားလမ်းအနီးက ကြက်ယက်စေတီတောင်ပေါ်မှာ မြှုပ်နှံထားတဲ့ အလောင်းနှစ်လောင်းကို ဒေသခံတွေကတွေ့ရှိခဲ့ရပါတယ်။ အဲဒီတောင်ပေါ်မှာ မြန်မာစစ်တပ်က တပ်စွဲနေထိုင်ခဲ့ပြီးတော့ မြန်မာစစ်သားတွေပြန်သွားတဲ့အခါ တောင်ပိုင်ရှင်က သွားကြည့်ရာမှာ အလောင်းတွေကို တွေ့ရှိ ခဲ့တာလို့ ဆိုပါတယ်။


အလောင်းနှစ်လောင်းမှာ တစ်လောင်းကိုတော့ ကတုတ်ကျင်းထဲမြှုပ်နှံခဲ့သလို နောက်တစ်လောင်းကိုတော့ အဲဒီနေရာနဲ့ မနီးမဝေးမှာ မြေမြှုပ်ထားခဲ့တာပါ။ အဲဒီအလောင်းတွေဟာလည်း ပျောက်ဆုံးသွားတဲ့ သင်းပုန်းချောင်းကျေးရွာသားတွေ ဖြစ်နေလေတော့ နောက်ထပ်မိသားစုဘဝတွေ ပြိုလဲခဲ့ရပြန်ပါတယ်။


ဦးမောင်သန်းမြင့် နေအိမ်ကထွက်သွားစဉ်က ဝတ်ဆင်သွားခဲ့တဲ့ အဝတ်အစားတွေဟာ အလောင်းပေါ် ရှိနေ သေးတာကြောင့် မိသားစုဝင်တွေက မှတ်မိခဲ့ကြတာပါ။ အလောင်းတွေကို တွေ့ရှိတဲ့နေတဲ့နေရာဟာ မြန်မာစစ်တပ်က တပ်စွဲနေထိုင်ခဲ့တဲ့နေရာဖြစ်တာကြောင့် သူတို့နှစ်ဦးသေဆုံးမှုမှာ မြန်မာစစ်သားတွေအပေါ် သံသယရှိတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။


“အရိုးနဲ့ အဝတ်ကိုတွေ့တယ်။ အရိုးရတဲ့နေရာက မြန်မာ့တပ်မတော်က ယာယီစခန်းချပြီးနေခဲ့တဲ့ နေရာ။ စစ်တပ်အသုံးအဆောင်တွေကိုလည်း အဲဒီနေရာမှာတွေ့ရတယ်” လို့ သေဆုံးသူ ဦးမောင်သန်းမြင့်ရဲ့ဇနီး ဒေါ်ညိမ်းမေက ပြောပြပါတယ်။


ဦးမောင်သန်းမြင့်ဟာ သူ့ရဲ့သားတွေကို ရှင်ပြုရဟန်းခံတဲ့ အလှူလုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူစုဆောင်းထားခဲ့ပေမယ့် သူ့မြင်ချင်ခဲ့တဲ့ သင်္ကန်းဝတ်ထားတဲ့သားတွေကို မမြင်တွေ့ခဲ့ရတော့ပါဘူး။ သူ့ဟာ ဘွဲ့ရပြီး သားတစ်ယောက်၊ ဆယ်တန်းအောင်ထားတဲ့ သားတစ်ယောက်နဲ့ အဌမတန်းတက်ရောက် နေတဲ့ သမီးတစ်ယောက်တို့ကို ဇနီးဖြစ်သူ ဒေါ်ညိမ်းမေနဲ့ ချန်ထားခဲ့ပါတော့တယ်။


အခုလိုအခြေအနေမျိုးမှာ လင်ယောကျ်ားသတ်ဖြတ်ခံလိုက်ရတဲ့အပေါ် “မကျေနပ်ဘူး” လို့ ဒေါ်ညိမ်းမေက ပြတ်သားစွာ ပြောလိုက်ပါတယ်။


မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှသိန်းအောင်က “တိုက်ပွဲကာလအတွင်းမှာ သားသမီးဆုံးခဲ့တယ်၊ မိဘတွေဆုံးခဲ့တယ်၊ အဲဒီလူတွေရဲ့စိတ်ထဲမှာ ဒီနေ့ထိ နာကျဉ်းချက်တွေ ရှိနေတယ်။ သို့သော် တိုက်ပွဲကိုနာကျဉ်းတာမဟုတ်ဘူး။ လုပ်သွားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပိုပြီးနာကျဉ်းတဲ့ အနေအထားကိုတွေ့ရတယ်” လို့ ဆိုပါတယ်။


တကယ်တော့ အမှန်တရားတွေ ပျောက်ဆုံးလာတဲ့အခါ နာကျဉ်းစိတ်ဟာ ကြီးစိုးလာတာပါပဲ။ မင်းရွာ ကျေးရွာသား သုံးဦးနဲ့ သင်းပုန်းချောင်းကျေးရွာသား နှစ်ဦးတို့ သတ်ဖြတ်ခံရတဲ့ကိစ္စကို ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ကတစ်ဆင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို တင်ပြ တိုင်ကြားခဲ့ပေမယ့် ဘာမှထူးခြားမလာခဲ့ပါဘူး။ မင်းပြားမြို့နယ် ရဲစခန်းမှာလည်း ဒီလူသေဆုံးမှုတွေကို တိုင်ကြားခဲ့ပေမယ့် အခုချိန်ထိ လက်သည်မပေါ်တဲ့အမှု ဖြစ်လို့နေပါတယ်။


မင်းရွာကျေးရွာသား သုံးဦးနဲ့ သင်းပုန်းချောင်းကျေးရွာသား နှစ်ဦးတို့သတ်ဖြတ်ခံရတဲ့ အမှန်တရားတွေဟာ သူတို့တွေနဲ့အတူ မြေမြှုပ်ခံလိုက်ရပြီလား…။ မင်းရွာကျေးရွာရဲ့ သုဿန်မြေပေါ်က အနီရောင်ဆေးခြယ် ထားတဲ့ အုတ်ဂူသုံးခုကတော့ ဒီအမှန်တရားတွေပေါပေါက်ဖို့ မျှော်လင့်နေပါလိမ့်မယ်။


သူရိန် ရေးသားသည်

Friday, June 25, 2021

အကြမ်းဖက်စစ်ကောင်စီ၏ ဂျင်း


 " အနာဂတ် ဖျက်စီးခံရမှု့ (သို့မဟုတ်) စစ်ကောင်စီ၏ ဂျင်း "


" ဂျင်းထည့်တယ် " " ဂျင်းထည့်ခံရတယ် " ဆိုတဲ့စကားက မြန်မာ့အဖွဲ့အစည်းနဲ့ မစိမ်းပါဘူး ။ အွန်လိုင်းပေါ်မှာ ခေတ်စားနေတဲ့ ဗန်းစကားတစ်ခုပါ ။ အလိမ်ခံလိုက်ရတယ် ၊ သူငယ်နှပ်စားလေးတွေ ဆိုတဲ့သဘောပါ ။ 


တော်လှန်ရေးအချိန်မှာတော့ ပိုလို့ တွင်ကျယ်လာတဲ့ " ဂျင်း " ဟာ ၊ နှစ်ဘက်စလုံး အပြန်အလှန်ပါပဲ ။ ချစ်နိုင် ( စိတ်ပညာ ) ရဲ့ ဆိုက်ဝါးတွေနဲ့အတူ ပြည်သူတွေ ဂျင်းထည့်ခံရတာပါ ။ သို့ပေမယ့် တော်လှန်ရေးကို ဦးဆောင်နေသူတွေက ပညာတတ်လူငယ်တွေ မဟုတ်လား ။ ဒီတော့ ချစ်နိုင်ရဲ့ ဂျင်းတွေဟာ ခဏတာတော့ ပျံ့နှံ့သွားပေမယ့် အတွေးအခေါ် ၊ နည်းပညာ သာလွန်တဲ့ ခေတ်ပညာတတ် လူငယ်တွေအောက်မှာ ဂျင်းဟာ အရည်ပျော်သွားရတာပါ ။ ခေတ်လူငယ်တွေနဲ့ ဂျွန်တ လို့ ကမ္ဘာကခေါ်တဲ့ စစ်ဗိုလ်ချုပ်အိုကြီးတွေရဲ့ တိုက်ပွဲဟာ နှစ်ဘက်စလုံးမှာ တန်းတူလက်နက်ကိုင်နိုင်တဲ့တစ်နေ့မှာတော့ ၊ စစ်ကောင်စီအတွက် မလွယ်ကျောပါပဲ ။ ဦးပုံညလေသံအတိုင်းပြောရရင် " သူတင်လားကွဲ့ " ။ " မဟုတ်ပါဘူး ... စစ်ကောင်စီလက်နက်ကိုင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ပါ ပါသေးတယ် " ။


စာရေးသူဟာ နွေဦးတော်လှန်ရေးအတွက် ပြည်ပသတင်းတွေနဲ့ အသိပေး ၊ အားဖြည့်နေသူပါ ။ ကလောင်လက်နက် ဆွဲကိုင် တော်လှန်နေသူဆိုလည်း မမှားပါဘူး ။


ဒီတော့ ၊ နိုင်ငံတကာသတင်း နဲ့ ကုလသတင်းတွေကို နာရီပိုင်းအတွင်းမှာ အခါခါ ဝင်ကြည့် ၊ လေ့လာပါတယ် ။ သတင်းတွေ နားထောင်ပါတယ် ။ အထူးသဖြင့် ဒီရက်ပိုင်းမှာ အရိပ်တကြည့်ကြည့် လေ့လာနေမိတဲ့ သတင်းကတော့ MAH ရဲ့ မော်စကိုခရီး ။ ကုလသတင်း ။ အမေရိကန်ရဲ့ မြန်မာအရေးသတင်း ။ အိန္ဒိယသမုဒ္ဓရာ စစ်ရေးသတင်းတွေပါ ။


MAH ရဲ့ မော်စကို အစည်းအဝေးဟာ ကာကွယ်ရေးဝန်ကြီးအဆင့် အစည်းအဝေးပါ ။အထူးဧည့်သည်တော်အဖြစ် ဧည့်မခံပါဘူး ။ ပူတင်နဲ့တွေ့ခွင့်မရပါဘူး ။


" လိုင်းပေါ်မှာ ပျံ့နေတဲ့ တရုပ်သရဲသဏ္ဍန် အနီရောင်ဝတ်စုံနဲ့ ဂုဏ်ပြုတာမျိူး လုံးဝ မတွေ့ရပါဘူး ။ ဓာတ်ပုံကို ဘယ်သတင်းဌာနကမှ မတင်သလို ၊ ဒီအခမ်းအနား ရှိတယ်လို့လည်း ဘယ်သတင်းဌာနကမှ မတင်ပါဘူး "


ဒါဟာ ဂျင်း စစ်စစ်ပါ ။ 


ကောင်းပြီ ...။ စစ်ကောင်စီဟာ မဟုတ်တာကို ၊ အဟုတ်အမှန်ပုံစံနဲ့ ဘာ့ကြောင့်လိမ်နေသလဲ ...?

ဘာ့ကြောင့် ဂျင်း ထည့်နေတာလဲ ... ?


ရှင်းပါတယ် ။ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေနဲ့ သူတို့ရဲ့မိသားစုတွေကို ထိန်းထားချင်လို့ပါ ။ ပြည်သူတွေ မယုံဘူးဆိုတာ သူတို့သိတယ် ။ သို့ပေမယ့် လက်နက်ကိုင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကိုတော့ ရုရှားနဲ့ တရုပ်က ကူညီသယောင်ယောင် ၊ အားပေးနေသယောင်ယောင်နဲ့ လက်နက်စွန့်ပြီး မပြေးရအောင် ရသမျှအချိန်အထိ ဒုက္ခပေးဖို့ ၊ သူ့လူတွေကို သူကပြန်ပြီး ဂျင်းထည့်နေတာပါ ။ ဒါဟာ အာဏာတည်မြဲဖို့နဲ့ သူ့မိသားစု လုံခြုံဖို့အတွက် လက်နက်ကိုင်တွေကို ချနင်းတာပါ ။ 


" ဒီတော်လှန်ရေးမှာ ဂျင်း အကြီးကြီး အထည့်ခံခဲ့ရသူတွေ ၊ အထည့်ခံနေရတဲ့သူတွေက စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေပါပဲ "


D-Day မခေါ်ရသေးပဲ ပြောက်ကျားလောက်နဲ့တင် ထိတ်လန့်နေတဲ့ စစ်ကောင်စီဟာ စစ်သင်္ဘောကြီး ရော်နယ်ရေဂင်ပေါ်က ပဲ့ထိန်းဒုံးတွေသာ လွှတ်ခဲ့မယ်ဆိုရင် တွေးသာကြည့်ပါတော့ ။ အားကိုးတဲ့ရုရှားကလည်း လူလိုသူလို ဆက်ဆံလိုက်တာ မဟုတ်ပါဘူး ။ ရုရှားစစ်သင်္ဘောတွေ မြန်မာ့ဆိပ်ကမ်းမှာ လာကပ်ဖို့အတွက် ၊ အမေရိကန် ၊ ပြင်သစ်နဲ့ ဗျြတိသျှ ရေတပ်တွေကို အရင်ဆုံး တွေ့ရပါလိမ့်မယ် ။ ရောက်လာခဲ့ရင်တောင် ၊ ရုရှားရဲ့ ထုံးစံအတိုင်း အီရန်နဲ့ လစ်ဗျားတုန်းကလို အသာလေး လစ်မှာပါပဲ ။ ရုရှားနဲ့ ဆိပ်ကမ်းစာချုပ် ချုပ်တယ်ဆိုတာလည်း ဂျင်း စစ်စစ်ပါပဲ ။ လက်နက်ကိုင်တွေ ဆက်မိုက်ရဲအောင် ထည့်ပေးလိုက်တဲ့ ဂျင်း အကြီးကြီးပါ ။ 


ပြည်သူတွေကတော့ ပညာတတ်ခေါင်းဆောင်တွေရဲ့ အသိပေးမှု့ကြောင့် ဂျင်း ကို ၊ ဂျင်း မှန်းသိပေမယ့် စစ်ကောင်စီလက်နက်ကိုင်တွေကတော့ မသိသေးရှာပါဘူး ။ မြန်မာအချင်းချင်းဆိုတော့ အတွေးအခေါ်နိမ့်နေတဲ့ ကိုယ့်လူမျိူးတွေအတွက်လည်း စိတ်မကောင်းပါဘူး ။


တကယ်တော့ စစ်ကောင်စီဟာ မနာလိုစိတ်နဲ့ တိုင်းပြည်ကို ဖျက်စီးနေတာပါ ။ ဒီလုပ်ရပ်ကို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူအားလုံးက သဘောပေါက်နေလို့ ၊ တိုင်းပြည်မပျက်စီးရအောင် အသက်စွန့် တော်လှန်နေကြတာပါ ။ ဒါကို သဘောပေါက်သင့်နေတဲ့ စစ်ကောင်စီ လက်နက်ကိုင်တွေဟာ ဘာ့ကြောင့်များ အာဏာရှင်ဗိုလ်ချုပ်ကြီးတွေဘက်ကို သေနတ်ပြောင်း မလှည့်ကြတာလဲ ...? ။ ရှင်းရှင်းလေးပါ မတ်ဆွေတို့ ။ တိုင်းပြည်ကို မနာလိုစိတ်နဲ့ ဖျက်စီးနေတဲ့ ဗိုလ်ချုပ်အိုကြီးတွေကို ရှင်းပစ်လိုက်ရင် ၊ စစ်ကောင်စီလက်နက်ကိုင်တွေအပေါ်မှာ အခဲမကျေဖြစ်နေတဲ့ ပြည်သူတွေဟာ အောင်သပြေပန်းကမ်းလို့ ကြိူကြပါလိမ့်မယ် ။


ဒီလိုမှမဟုတ်ပဲ စစ်ကောင်စီကျွေးတဲ့ ဂျင်းကို အမှန်ထင်နေမယ်ဆိုရင်တော့ မကြာသောရက်ပိုင်းအတွင်းမှာ ပြည်သူတွေရဲ့ ဒဏ်ခတ်မှု့ကို မရှု့မလှ ခံကြရပါလိမ့်မယ် ။


ဒီနေ့ နိုင်ငံတကာ သတင်းတွေမှာတော့ MAH ကို ရုရှားက အစည်းအဝေး တက်ခွင့်ပေးတဲ့အတွက် ၁၁၉ နိုင်ငံက ကုလကို သူတို့ပေးထားတဲ့ ထောက်ခံမှု့ ၊ အသိအမှတ်ပြုရာမရောက်တဲ့အတွက် မေးခွန်းထုတ်နေကြပါပြီ ။


စစ်သင်္ဘောကြီး ရော်နယ်ရေဂင်ကတော့ မလေးရှားနိုင်ငံက ပေါ့ကလန်းနဲ့နီးတဲ့ မလက္ကာရေလက်ကြားမှာ အသင့်ရပ်ထားပါတယ် ။ နိုင်ငံတကာလေဆိပ်ရဲ့ အနောက်ဘက်နားမှာပါ ။ ကော့သောင်းမြို့နဲ့ သိပ်မဝေးပါဘူး ။ 


ပြည်သူတွေဘက်က သတင်းက နည်းပညာကို အခြေခံတဲ့အတွက် ဂျင်း မပါပါဘူး ။ နိုင်ငံတကာ သတင်းဝက်ဘ်ဆိုက်တွေမှာ တရားဝင် ကြည့်လို့ရပါတယ် ။ စစ်ကောင်စီရဲ့ ဂျင်း သတင်းတွေကတော့ Date လွန် သတင်းနဲ့ ဓာတ်ပုံတွေ ။ ဖြတ် ။ ကပ် ၊ ညှပ်တွေသာ များပါတယ် ။ 


ဆိုရရင် ...၊ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေနဲ့ မိသားစုဝင်တွေဟာ ၊ မိမိဘဝ ၊ မိသားစုဘဝတွေ ဂျင်းထည့်ပြီး ချနင်းခံနေရတာတွေကို သဘောပေါက်သင့်ပါပြီ ။ ဘာ့ကြောင့်လဲဆိုတော့ NUG က ကြေငြာမယ့် PDF ရဲ့ Action ဟာ သိပ်ကို နီးကပ်နပါပြီ ။ ဂျင်း ကို ဂျင်းမှန်း ခွဲခြား


သိမြင်နိုင်ကြပါစေ ။


ဘကြီးအောင် LA

အကြမ်းဖက်စစ်ကောင်စီ စစ်ကားသုံးစီးမိုင်းထ်


 အကြမ်းဖက်စစ်ကောင်စီယာဉ် ၃ စီးမိုင်းမိ အကျအဆုံးရှိ

============================


ဝေယံမိုး - မဇ္စျိမ


ပုလဲမြို့နယ်အနောက်ဘက်က နဂါးမတောင်မှာ စစ်‌ကောင်စီတပ် စစ်ကားသုံးစီး မိုင်းမိ‌ကာ အကျအဆုံးရှိတယ်လို့ သိရပါတယ်။ 


ဒီကနေ့ဇွန်က ၂၅ ရက်၊ မနက်ပိုင်း ၉ နာရီဝန်းကျင်မှာ မုံရွာနယ်ဘက်ကနေ ပုလဲနယ်ဘက်ကို တက်လာတဲ့ စစ်ကားယာဉ်တန်း ၅၆ စီး ထဲက သုံးစီးမိုင်းထိခဲ့တာဖြစ်တယ်လို့ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံတစ်ဦးက မဇ္စျိမကိုပြောပါတယ်။ 


“မနက်က စစ်ကောင်စီကားတွေတက်တဲ့လာအချိန်မှာ၊ ကျွန်တော်တို့ခရိုင်ညီအစ်ကိုတပ်တွေထောင်ထားတဲ့မိုင်းမိတာပါဗျ၊ မြေပြင်က သတင်းပို့လာလို့ အတည်ပြုလို့ရပါတယ်” လို့သူကဆိုပါတယ်။ 


အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ယင်းမပင်နယ်၊ပုလဲနယ်ဘက်တွေမှာ မကြာခနဆိုသလို ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာပါ။ 


ဘန့်ဘွေးရွာအနောက်ဘက်နဲ့ တရော်ကျင်းကျေးရွားကြားမှာ တစ်ကြိမ်၊ တရော်ကျင်းကျေးရွာထဲမှာတစ်ကြိမ် စုစုပေါင်း တိုက်ပွဲနှစ်ကြိမ်အတွင်းမှာ စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် ၃၀ ယောက်လောက်ကျပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က နှစ်ဦး ကျဆုံးခဲ့တယ်လို့ PDF ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ 


ဇွန်လ ၂၂ ရက် မုံရွာမြို့ရဲ့ ၁၆ မိုင်အကွာ မုံရွာ-ကလေးဝ-ယာကြီး လမ်းပေါ်က တရော်ကျင်းကျေးရွာကို စစ်ကောင်စီတပ်သားအင်အား ၃၀ ခန့် ဝင်ရောက်ပြီး ဖျက်ဆီးနေချိန် မုံရွာဘက်က စစ်ကူတက်လာတဲ့ စစ်ကားတွေကို PDF က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ ဘန့်ဘွေးရွာရဲ့ အနောက်ဘက်တစ်မိုင်ခန့်အကွာ ဖန်းခါးချောင်းနားအရောက်မှာ စစ်ကူတက်လာတဲ့ စစ်ကားမိုင်းမိပြီး စစ်သား ၂၀ ခန့်သေဆုံးခဲ့တယ်လို့လဲ ဆိုပါတယ်။ 


"ထိတွေ့တိုက်ပွဲဖြစ်တုန်းကတော့ အင်အား ၄၅ ဝန်းကျင်လောက်နဲ့သူတို့ဘက်က တက်လာတယ်၊ စစ်ကားအကြီးတွေနဲ့ တကယ်ရှေ့တန်းထွက်တဲ့အတိုင်းပဲဗျာ၊ ပြောရမယ်ဆိုရင် ကားကို နောက်ချန်ပြီး ခြေလျင်ဆင်းရှောက်လာကြတာဗျ။” လို့ ဆိုပါတယ်။  


သုံးနာရီကြာ အပြန်အလှန်ပစ်ခတ်ခဲ့တဲ့တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်သားတွေဟာ ဘန့်ဘွေးအုပ်စု၊ ထန်းဇင်တောပြင်က နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 


အေးအေးချမ်းချမ်းနေထိုင်ကြတဲ့ ကျေးရွာတွေကို ခုလို ဝင်ရောက်ပစ်ခတ်၊ ဖျက်ဆီးမှုတွေအတွက် စစ်ကောင်စီတပ်တွေကို ရှိတဲ့လက်နက်နဲ့ တိုက်ထုတ်သွားမယ်လို့ ဒေသခံ PDF အဖွဲ့ဝင် တစ်ဦးကပြောပါတယ်။ 


“သူတို့တက်လာရင် တက်လာသလို ကျွန်တော်တို့ကရှင်းမှာပဲ၊ ကျွန်တော်တို့က မတရားမှုကို မလိုချင်တဲ့သူတွေဗျာ၊ ဒီထဲမှာ ကျောင်းသားတွေလဲပါတယ်၊ ပြည်သူလူထုတွေလဲပါတယ်၊ မတရားမှုလာလုပ်တာကိုတော့ ခေါင်းငုံ့မခံနိုင်ဘူး၊ ရတဲ့နည်းနဲ့ဖီဆန်တော်လှန်နေမှာပါ” လို့ဆိုပါတယ်။ 


ဒေသခံပြည်သူတွေအနေနဲ့လဲ ယင်းမပင်ခရိုင်နဲ့ ပုလဲမြို့နယ်အတွင်းက မုံရွာ-ကလေးဝ-ယာကြီး ကုန်းလမ်းကြောင်းနဲ့ ချင်းတွင်းမြစ်ထဲက ရေလမ်းကြောင်းတွေကို မလိုအပ်ပဲ မသွားကြဖို့ တောင်းဆိုထားပါတယ်။

Thursday, June 24, 2021

အကြမ်းဖက်စစ်ကောင်စီကြားအကြမ်းဖက်စစ်ကောင်စီကြားမှ မန္တလေး

Crd: Myanmar now

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် မြို့ခံ ပြည်သူ့ကာကွယ်ရေးတပ် (MPDF) တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ယမန်နေ့ နံနက်ပိုင်းတွင် ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းနေပြည်တော်စိုက်ရာ မန္တလေးမြို့၏ နံနက်ခင်းသည် တိတ်ဆိတ်နေသည်။



မြို့၏ နေရာအနှံ့အပြားတွင် တပ်စွဲထားပြီး မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ လမ်းသွားလမ်းလာများကို လိုက်လံစစ်ဆေးနေသည်။


စဉ့်ကိုင်၊ မတ္တရာ စသည့်မြို့များဘက်သို့ သွားသည့်လမ်းများတွင် စစ်ကောင်စီ၏ လက်နက်ကိုင်တို့ရှိနေသကဲ့သို့ မုံရွာဘက်သို့သွားရာ စစ်ကိုင်းတံတားပေါ်တွင်လည်း တင်းတင်းကြပ်ကြပ် စစ်ဆေးနေသည်။


စစ်အာဏာရှင်ဆန့်ကျင်သည့် နွေဦးတော်လှန်ရေးကာလ ဆန္ဒပြပွဲများတွင် အဓိကပါဝင်ခဲ့ကြသည့် မြို့အရှေ့ဘက်ရှိ အောင်ပင်လယ်၊ အောင်သာယာရပ်ကွက်တို့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များက မည်းမည်းမြင်ရာ ခြောက်လှန့်ပစ်ခတ်နေကြသည်။ 


မြို့အနောက်ဘက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းအနီးရှိ စိန်ပန်းရပ်ကွက်ကိုလည်း စစ်ကောင်စီ၏ တပ်များက ဝင်ရောက်စီးနင်းကာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးသွားကြပြီး သားသတ်ရုံတစ်ခုထဲတွင် ရိုက်နှက်စစ်ဆေးနေသည်ဟု မျက်မြင်တွေ့ရသူများက Myanmar Now ကို ပြောသည်။


“လက်နက်ရှာတယ်လို့ ကြားတာပဲ၊ ဝက်သတ်ရုံထဲမှာ လက်နောက်ပြန်ထား၊ ဒူးထောက်ထိုင်ခိုင်းထားပြီး ရိုက်စစ်နေတာ” ဟု ၎င်းက ပြောသည်။


ထိုသို့ ဖိနှိပ်မှုများ ဆိုးဆိုးရွားရွား ပြင်းထန်လာခြင်းမှာ ဇွန် ၂၂ က ဖြစ်ပွားခဲ့သည့် မြို့တွင်းတိုက်ပွဲတွင် စီမံအုပ်ချုပ်ရေးအရာရှိ (A1) အဆင့်ရှိသည့် ဒုဗိုလ်မှူးကြီးအောင်မျိုးကျော်နှင့် ဗိုလ်ကြီးတစ်ဦးတို့ သေဆုံးခဲ့ရခြင်းကြောင့်ဖြစ်သည်ဟု မန္တလေးမြို့ခံများက ယူဆကြသည်။ 


ထိုအပြန်အလှန်ပစ်ခတ်မှုတွင် PDF တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၈ ဦး ဖမ်းဆီးရမိကြောင်း၊ မော်တော်ယာဉ်တစ်စီးကို ပိတ်ဆို့ဖမ်းဆီးရာ ထရန်စဖော်မာကို ဝင်တိုက်ပြီး ယာဉ်ပေါ်တွင် ပါဝင်သူ ၄ ဦးသေဆုံးခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့သော်လည်း ၎င်းတို့ဘက်မှ အသေအပျောက်စာရင်းကိုမူ ဖုံးကွယ်ထားသည်။


မန္တလေး PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထွန်းတောက်နိုင်ကမူ “ကျွန်တော်တို့ဘက်က ကျဆုံးတာ ၂ ယောက်ရှိတယ်။ အဖမ်းခံရတာက ၆ ယောက်ပါ။ DRPA (အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်) က ၃ ယောက်ကျပါတယ်” ဟု Myanmar Now ကို ထိုတိုက်ခိုက်မှုများအပြီးတွင် ပြောသည်။


ပါဂျဲရိုးမော်တော်ယာဉ်တစ်စီးကို စစ်တပ်က လိုက်လံပစ်ခတ်စဉ် ကားပေါ် သေဆုံးခဲ့သည့် လူငယ် ၄ ဦးမှာ သာမန်အရပ်သားများသာဖြစ်ကြောင်း ၎င်းတို့မိသားစုဝင်များနှင့် မန္တလေး PDF က ပြောထားသည်။ 


မြို့၏ တောင်ဘက် ချမ်းမြသာစည်မြို့နယ်၊ ၅၄ လမ်းနှင့် ၁၁၁ လမ်းထောင့်ရှိ နေအိမ်သို့ စစ်ကောင်စီတပ်များက လာရောက်ဖမ်းဆီးစဉ် နေအိမ်အတွင်းရှိ PDF အဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ PDF ရဲဘော်တစ်ဦးက Myanmar Now ကို အတည်ပြုသည်။


“သူ ( အောင်မျိုးကျော်) ကျတာက အတွင်းထဲက ၈ ယောက်ထဲက ပစ်လိုက်တာဗျ။ သူ အရင်ဆုံးကျတာ။ သူပြီးတော့ သူ့ဘေးက ဗိုလ်။ ကျန်တာတော့ မသိဘူး အဲ့ဒီနှစ်ယောက်ကို Confirm (အတည်ပြု) ပေးပါတယ်” ဟု ၎င်းက ပြောသည်။


စီးနင်းသည့် သတင်းကို ကြားသိ၍ သွားရောက်ပစ်ခတ်ခဲ့သော်လည်း စစ်တပ်ဘက်မှ တပ်ကူများ ထပ်ရောက်လာ၍ ထိုစခန်းကို အဆုံးရှုံးခံလိုက်ရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။


“ကျွန်တော်တို့ကကျတော့ အပြင်ဘက်က ပြန်ဝိုင်းတဲ့အဖွဲ့ကဆိုတော့ အတွင်း၈ ယောက်ထဲက ဘယ်သူပစ်လိုက်တာလဲ မသိဘူး။ သူပစ်ကိုယ်ပစ်အနေအထားလား၊ ကင်းစောင့်က ပစ်လိုက်လားဆိုတာ၊ ဘာဒဏ်ရာနဲ့ ကျသွားသလဲဆိုတာ မသိရပါဘူး၊ အတွင်းထဲက ကျွန်တော်တို့လူ ၈ ယောက်လုံးကလည်း အသက်ရှင်ဖို့ အခွင့်အလမ်းနည်းတယ်” ဟု ၎င်းက ပြောသည်။


မန္တလေးမြို့ပေါ်တိုက်ပွဲတွင် PDF လက်ချက်ဖြင့် သေဆုံးသွားသည့် စစ်ကောင်စီအရာရှိမှာ စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်း ဒုတိယဗိုလ်မှူးကြီးအောင်မျိုးကျော်ဖြစ်သည်။


ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာတွင် မွေးဖွားခဲ့သူ ဒုဗိုလ်မှူးကြီးအောင်မျိုးကျော်တွင် မွေးချင်း ၆ ဦး ရှိသည်။ ၎င်း၏ မိသားစုဝင်များမှာလည်း စစ်ကောင်စီထောက်ခံသူများဖြစ်သည်ဟု ဒါးကဒေသခံများက Myanmar Now ကို အတည်ပြုသည်။


“ အဲ့ဒီကောင်(အောင်မျိုးကျော်) အရှိန်ကြောင့် တစ်မိသားစုလုံးက မဘသပဲ။ ကြံ့ခိုင်ရေးပါတီဝင်ရယ်လို့တော့ မဟုတ်ပေမယ့် အဲ့ဒီလို စစ်တပ်အားပေးတွေပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒါးကကျေးရွာတွင် နေထိုင်သူတစ်ဦးကပြောသည်။


ဒါးကရှိ သူ၏ မိသားစုဝင်အားလုံး မန္တလေးမြို့ရှိ နာရေးသို့ ယမန်နေ့က ထွက်ခွာသွားကြပြီး တစ်လပြည့် အစီအစဉ်ကို ဒါးကရှိ နေအိမ်တွင် ပြုလုပ်မည်ဟု သိရကြောင်း ဒေသခံများက ဆိုသည်။


ယမန်နေ့က ဖြစ်ပွားခဲ့သည့် မန္တလေးမြို့ပေါ်ရှိ PDF စခန်းကို ဝင်ရောက်စီးနင်းရာတွင် A 1 အဆင့်ရှိသည့် ဒုတိယဗိုလ်မှူးကြီးက ဦးဆောင်ခဲ့သည်မှာ ထူးခြားသည့် ဖြစ်စဉ်ဖြစ်ပြီး နေပြည်တော်မှ တိုက်ရိုက်ညွှန်ကြားခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သည် ဗိုလ်ကြီးထွန်းမြတ်အောင်က သုံးသပ်သည်။


အွန်လိုင်းသို့ရောက်လာသော ဒေသခံတို့၏ ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းတို့တွင် စစ်ကောင်စီတပ်များ အင်အားအလွန်အကျွံသုံးစွဲခြင်းကို တွေ့နိုင်ကြောင်း၊ စစ်တပ်အတွင်း မည်မျှစိုးရိမ်နေကြသည်ကို ထိုအခြေအနေများက ပြသနေကြောင်း ဗိုလ်ကြီးထွန်းမြတ်အောင်က ပြောသည်။


“မလုံမခြုံခံစားနေရတာပေါ့ အကုန်လုံးက။ တပ်မိသားစုတွေရော၊ စစ်သည်တွေကိုယ်တိုင်ရော၊ လူကြီးတွေကိုယ်တိုင်ကရောပေါ့။ တော်တော်ကို ကြောက်နေကြတာပေါ့။ ဆန္ဒပြပွဲတွေမှာ အော်နေကြတဲ့ “တပ်ပျက်နေပြီ” ဆိုတာ အခုမှ တကယ်မှန်နေတာ” ဟု ၎င်းက ပြောသည်။


စစ်သည်တစ်ဦးက စစ်မြေပြင်သုံးပခုံးထမ်းလောင်ချာဖြင့် မန္တလေးမြို့တွင်းရှိ နှစ်ထပ်အိမ်တစ်လုံးကို ပစ်ခတ်နေသည့် မြင်ကွင်းနှင့် စက်သေနတ်များတပ်ဆင်ထားသည့် သံချပ်ကာကားများ မန္တလေးမြို့အနှံ့ လှည့်ပတ်နေမှုကို ဝေဖန်မှုမြင့်တက်ခဲ့သည်။


စစ်ကားနှင့် ရဲကား အစီးရေ ၂၀ ခန့်ပါဝင်သည့် အင်အားအလုံးအရင်းဖြင့် ဝိုင်းဝန်းပိတ်ဆို့ကာ ဝင်ရောက်စီးနင်းစဉ် PDF တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်သည့်နည်းတူ စစ်ကောင်စီတပ်ဖွဲ့ကလည်း လက်နက်ကြီးဖြင့်ပါ ပစ်ခတ်သည်ကို ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။


နေပြည်တော်မှ တိုက်ရိုက်ညွှန်ကြားသူမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးအဆင့်ရှိ၍သာ တင့်ကားများ၊ ရဟတ်ယာဉ်များကို အသုံးပြုပြီး ယခုကဲ့သို့ အဆင့်မြင့်အရာရှိကြီးတစ်ဦးကို စစ်ဆင်ရေးတွင် ဦးဆောင်ခိုင်းခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။


“ဒါကတော့ နောက်ဆုံး အဆုံးသတ်မဟုတ်ရင်တောင်မှ ပြည်သူလူထုထောက်ခံမှုရှိတဲ့ဘက်ကပဲ နိုင်မှာပဲ။ မနေ့ကအခြေအနေကို ပြောရမယ်ဆိုရင်တော့ နိုင်တယ်လို့ပဲ ပြောရမှာပဲလေ” ဟု ၎င်းက ဇွန် ၂၃ တွင် ပြောသည်။


မန္တလေးမြို့ခံတစ်ဦးဖြစ်သူ စာရေးဆရာသင့်နော်က ယမန်နေ့က ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲတွင် ထိခိုက်ဆုံးရှုံးမှုများရှိခဲ့သော်လည်း မန္တလေးမြို့ခံလူငယ်များအတွက် ဂုဏ်ယူကြောင်းပြောသည်။


“ပြည်သူအားလုံးဟာ ဘုံရည်မှန်းချက်က တူတူပဲ။ တစ်ချို့က စာရေးပြီးတော်လှန်ကြတယ်။ တစ်ချို့က ဟောပြောဆန္ဒပြကြတယ်။ တစ်ချို့က အသက်ပေးတော်လှန်ကြတယ်။ မနေ့ကကိစ္စနဲ့ ပတ်သက်လို့ အထိအခိုက်ရှိခဲ့ပေမယ့် ဒါဟာ လက်နက်ကို လက်နက်ချင်း ပြန်အံတုတဲ့ ပြည်သူ့ရဲ့အောင်ပွဲပဲ။ လူငယ်တွေအတွက် ဂုဏ်ယူပါတယ်” ဟု စာရေးဆရာသင့်နော်က ပြောလိုက်သည်။ 

Wednesday, June 23, 2021

လူပုဂ္ဂိုရှစ်ယောက်နှင်းစီးပွားရေးလုပ်ငန်းကြီးရှစ်ခုး


 စစ်အာဏာသိမ်းမှုအပြင် ဆန္ဒပြပြည်သူတွေကို ဖိနှိပ်နှိမ်နင်းမှုတွေနဲ့ ဆက်စပ်ပြီး နောက်ထပ် လူပုဂ္ဂိုလ် ရှစ်ယောက် အပါအဝင် စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေး လုပ်ငန်းကြီး သုံးခုနဲ့ စစ်မှုထမ်းဟောင်းများအဖွဲ့ (the War Veterans Organisation)ကို ဒဏ်ခတ်ပိတ်ဆို့တဲ့ စာရင်းထဲ ထပ်မံထည့်သွင်းလိုက်တယ်လို့ အီးယူ ဥရောပသမဂ္ဂက မနေ့က ကြေညာလိုက်ပါတယ်။ ဒါဟာ စစ်တပ်က အာဏာသိမ်းအပြီး အီးယူအနေနဲ့ စစ်တပ်နဲ့ ဆက်စပ်နေသူတွေကို တတိယအကြိမ်မြောက် အရေးယူတာလည်း ဖြစ်ပါတယ်။


ဒီတခေါက် အရေးယူဒဏ်ခတ်ခံရတဲ့ စာရင်းထဲပါဝင်သူတွေကတော့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးဝင်းရှိန်၊ ဦးခင်မောင်ရီ၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ရှေ့နေချုပ် ဒေါ်သီတာဦး၊ ဗိုလ်ချုပ် အောင်လင်းထွန်း၊ ဗိုလ်ချုပ် ဇော်မင်းထွန်း တို့ ဖြစ်ပါတယ်။ ဒီလူပုဂ္ဂိုလ်တွေဟာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေပြီး နိုင်ငံတွင်း လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေ ဖြစ်တယ်လို့လည်း ကြေညာချက်မှာဖော်ပြထားပါတယ်။


ပိတ်ဆို့ဒဏ်ခတ်ခံရတဲ့အထဲမှာ ထပ်မံပါဝင်တဲ့ လုပ်ငန်းကြီးသုံးခုကတော့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (Myanma Gems Enterprise)၊ မြန်မာ့သစ်လုပ်ငန်း (Myanma Timber Enterprise) နဲ့ သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်း လီမိတက် Forest Products Joint Venture Corporation Limited တို့ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ တပ်မတော်ရဲ့ ဝင်ငွေ သို့မဟုတ် လှုပ်ရှားမှုတွေမှာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ ပံ့ပိုးနေတဲ့ လုပ်ငန်းတွေဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။


ကျောက်မျက်နဲ့သစ်လုပ်ငန်းကို ပစ်မှတ်ထားပိတ်ဆို့ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတတွေကနေ စစ်ကောင်စီရရှိမယ့် အကျိုးအမြတ်တွေကို ကန့်သတ်နိုင်ပြီး မြန်မာပြည်သူတွေ နစ်နာမှုတွေကို ရှောင်ရှားနိုင်စေဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။


အခုဆိုရင် ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူထားတဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၄၃ ဦးနဲ့ လုပ်ငန်း ခြောက်ခု ရှိသွားပြီဖြစ်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ခရီးသွားလာခွင့်တွေကိုပါ ထိန်းချုပ်လိုက်တာပါ။ ဒါ့အပြင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံသားတွေနဲ့ စီးပွားရေး ကုမ္ပဏီကြီးတွေအနေနဲ့ ဒီအရေးယူခံထားရသူတွေနဲ့ ငွေကြေးဆက်စပ် စီးဆင်းခွင့်ကိုပါ ပိတ်ပင်လိုက်ပါတယ်။


ခုလို ထပ်မံဒဏ်ခတ်အရေးယူတာအပြင် အရင်ကရှိပြီးသား ဥရောပသမဂ္ဂရဲ့ဒဏ်ခတ်မှုတွေကိုလည်း ဆက်လက်ထားရှိမှာ ဖြစ်ပြီး အဲဒီအထဲမှာ နိုင်ငံတွင်းဖိနှိပ်ဖြိုခွင်းမှုတွေအတွက် အသုံးပြုတဲ့ လက်နက်နဲ့ ပစ္စည်း ကိရိယာတွေ၊ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေ အသုံးပြုရမယ့် ပစ္စည်းကိရိယာတွေ၊ နိုင်ငံတွင်း ဖိနှိပ်မှုအတွက် ဆက်သွယ်ရေးတွေကို စောင့်ကြည့်ထိန်းချုပ်တဲ့ ပစ္စည်းကိရိယာတွေ အားလုံး တင်သွင်းရောင်းဝယ်မှု တွေကို ပိတ်ပင်တာ စတာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်နဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်ရေးလေ့ကျင့်မှု ပူးပေါင်း ဆောင်ရွက်တာတွေကိုပါ တားမြစ်ထားပါတယ်။


တချိန်တည်းမှာပဲ ဗြိတိန်နိုင်ငံကလည်း ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူလိုက်တဲ့ လုပ်ငန်းသုံးခုကို မနေ့က ဒဏ်ခတ် ပိတ်ဆို့လိုက်တယ်လို့ CNA သတင်းမှာ ဖော်


ပြထားပါတယ်။

Tuesday, June 22, 2021

အငယ်ကောင် (သို့) Generation Z



အငယ်ကောင် (သို့) Generation Z



ဖုန်းထဲကို မျက်နှာကြီးအပ်လို့

ကမ္ဘာကြီးကို နေ့တိုင်းပတ်နေတဲ့ကောင်

တစ်ခါတစ်ရံ

တက်တူးတွေ ထိုးတယ်

ဆံပင်တွေလည်း ရောင်စုံဆိုးတယ်။


ခေါက်ဆွဲခွက်ထဲကို အစာအိမ်ထည့်လို့

သမုဒ္ဒရာ၀မ်းတစ်ထွာကို လက်ပစ်ကူး

ရှူးရှဲနှပ်နဲ့လည်း ကျေနပ်တဲ့ကောင်

ငါးပိထောင်းနဲ့လည်း နေတတ်တဲ့ကောင်။


ဘယ်သူ့ကိုမှ ဂရုမစိုက်သလို

နားကြပ်တပ်ပြီး သီချင်းတွေလိုက်ဆိုလို့

နားကပ်လည်း ပန်တဲ့ကောင်

ဖက်ရှင်လည်း ဆန်တဲ့ကောင်။


ဖုန်းထဲမှာ ဘောပွဲကြည့်

ဖုန်းထဲမှာ ဘောပွဲလောင်း

ဖုန်းထဲမှာ ဖဲရိုက်

ဖုန်းထဲမှာ ဂိမ်းတိုက်နေလို့

အိမ်ကလူကြီးတွေ သိပ်မကြိုက်

ဒီကောင်လေးအတွက်

ရင်လေးလိုက်တာလို့ ပြောခံရတဲ့ကောင် ။


အဖေ့ကို အဖိုးကြီး

အမေ့ကို အဖွားကြီး

အစ်ကိုဖြစ်တဲ့ကျွန်တော့်ကို ကွီးနဲ့

ခေတ်ရဲ့ဗန်းစကားတွေသုံးပြီး 

ယဉ်ကျေးမှုမသိသလို ရင့်သီးတဲ့ကောင်

တစ်ခါ ---- တစ်ခါ

အဖေ၊အမေနဲ့ ကျွန်တော်တို့ကြား

ဂျင်းစကားတွေနဲ့  

ဂျင်းထည့်တတ်တဲ့ကောင်။


ရွာဖြစ်သွားတဲ့ ကမ္ဘာကြီးမှာ

အိပ်မက်တွေကို အိပ်ကပ်ထဲထည့်လို့

ညခင်းဘက်တွေ အအိပ်နောက်ကျပြီး

မနက်စာတွေ လွတ်နေတတ်တဲ့ကောင် ။


အဖေ့မွေးနေ့ကို မသိပေမယ့်

သူ့ကောင်မလေးမွေးနေ့ကို မှတ်မိတဲ့ကောင်

အမေ့မွေးနေ့ကို မသိပေမယ့်

သူတို့Aniကို သတိရတဲ့ကောင်

ကျွန်တော့်ဖုန်းနံပါတ်ကို မမှတ်မိပေမယ့်

သူ့ကောင်မလေးဖုန်းနံပါတ်ကိုတော့

ပရိတ်ရွတ်သလို ရွတ်တတ်တဲ့ကောင်။


သူလိုချင်တဲ့အကြောင်းအရာအတွက်

ကွန်ပျူတာကို အင်းတားခေါက်လို့

အသပြာငွေအတွက်တော့

အဖေ့ရုံးလွယ်အိတ်ကို နှိုက်

အမေ့သေတ္တာကို ဖွင့်လိုက်ပိတ်လိုက်

ကျွန်တော့်ရှေ့မှာ 

ခေါင်းလေးငိုက်ပြီး လက်ဖြန့်တဲ့ကောင်။


ဆိုင်ကယ်ကို အိတ်ဇောဖြုတ်

ဦးထုတ်ကို နောက်ပြန်ဆောင်း

အကျိုးနဲ့အကြောင်းကို ခေါင်းခဲအောင်စဉ်းစား

သူမှားတဲ့အခါ ခပ်ပြုံးပြုံးနဲ့

ဆောရီးဆိုပြီး တောင်းပန်တတ်တဲ့ကောင်။


ဒီကောင်

အငယ်ကောင်

အိမ်ကကောင် 

ဘွဲ့ရအလုပ်လက်မဲ့နဲ့ 

ပတ်၀န်းကျင်ကိုရွဲ့တတ်တဲ့

အသက် (၂၃)နှစ်ပဲရှိသေးတဲ့ကောင်

မြန်မာပြည်ကြီး အမှောင်ကျတဲ့နေ့ကစလို့

ယောင်ခြောက်ဆယ်ဂုဏ်ကို ဆွဲဖြုတ်

အာဏာရှင်ကို တိုက်ထုတ်မယ်ဆိုပြီ

လှေကားရင်းက ရှူးဖိနပ်ကိုလျှို

ကျောပိုးအိတ်ထဲကို ရေဘူးထည့်

ဖုန်းတစ်လုံးနဲ့ ပါဝါဘဏ့်အပိုဆောင်

လမ်းမတွေပေါ်ကို 

ကြွေးကြော်သံတွေနဲ့ 

လက်သုံးချောင်းထောင်ပြီး ထွက်သွားလိုက်တာ။


အခုတော့

အခု့တော့ 

အဲဒီကောင် 

အငယ်ကောင်

အိမ်ကကောင် 

ပြောခက်ဆိုခက် 

အနေမတတ်တဲ့ကောင်

အများပြောတဲ့ ဂျီဇက်ဆိုတဲ့အကောင်

ဟိုးတောင်ကြားမှာ 

သေနတ်ကြီးထမ်း

ဓားကြီးရမ်းရင်း

မိသားစုကို ဖုန်းလှမ်းဆက်တယ်

အားလုံးကို လွမ်းပေမယ့်

ဒီမိုကရေစီပန်းနဲ့မှ ပြန်ခဲ့မယ်တဲ့။


ဒီကောင်

ဒီကောင်

အိမ်က အငယ်ကောင်

အဖေပြောရခက်ပေမယ့် 

အဖေချစ်တဲ့ကောင်

အမေဆုံးမရခက်ပေမယ့် 

အမေချစ်တဲ့ကောင်

ကျွန်တော်နဲ့အသွင်မတူပေမယ့် 

ကျွန်တော်ချစ်ရတဲ့ကောင်

တိုင်းပြည်အတွက်တော့ 

ပြည်သူ့သားကောင်း ဇာနည်မောင်။


-နောင်ရိုး(ကန့်ဘလူ)-


#အရေးတော်ပုံအောင်ရမည်

#PDF_G_Zရဲဘော်အပေါင်းအားအလေးပြုလျက်

ဂန့်ဂေါ် PDF အဖွဲ့ခေါင်းဆောင် ကိုကျော်ဆန်းဦး အနီးကပ်ပြစ်သတ်ခံရ


 ဒဏ်ရာရ PDF ခေါင်းဆောင် အနီးကပ်ပစ်သတ်ခံရ


ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဦးဆောင်သူ ကိုကျော်ဆန်းဦးကို စစ်ကောင်စီတပ်များက အနီးကပ်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်က Myanmar Now ကို အတည်ပြုသည်။


"သူ့ကို ရည်ရွယ်ချက်ရှိရှိ သတ်သွားတယ်လို့ သိရတယ်။ ပေါင်ကို တစ်ချက်မှန်ပြီး မပြေးနိုင်တော့တဲ့အချိန်မှာ အနားနားကပ်ပြီး နားထင်ကို တေ့ပစ်သွားတယ်လို့ သိရတယ်"ဟု ကိုကျော်ဆန်းဦး၏ မိသားစုဝင်က ပြောသည်။


ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)ဝင်တစ်ဦးလည်းဖြစ်သည့် ကိုကျော်ဆန်းဦးမှာ ဇွန် ၂၀၊ နံနက် ၁၁ နာရီခွဲခန့်တွင် ဂန့်ဂေါမြို့နယ်၊ ဘော်ပြင်းရွာနှင့် ၅ဖာလုံခန့်အကွာတွင် စစ်ကောင်စီတပ်များနှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သေဆုံးခဲ့ရသူဖြစ်သည်။


“လက်နက်ချင်းရော အင်အားချင်းရော မမျှဘူး။ တိုက်ပွဲဖြစ်တာကတော့ ဂန့်ဂေါကရဲတွေနဲ့ ဖြစ်တာ”ဟု အထက်ပါ မိသားစုဝင်က ပြောသည်။


ဂန့်ဂေါ PDF ရှိရာနေရာကို ဒလန်များ၏ သတင်းပေးမှုကြောင့် သိရှိသွားသည့် စစ်ကောင်စီတပ်က လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း အနီးကပ်ပစ်သတ်ခံရသည်ဆိုသော ကိုကျော်ဆန်းဦးနှင့်အတူ အခြား PDF တစ်ဦး၊ ရဲနှစ်ဦး သေဆုံးကြောင်း ဒေသခံတို့က ပြောသည်။


ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။


ကိုကျော်ဆန်းဦး၏ အလောင်းကို စစ်ကောင်စီက ယူဆောင်သွားခဲ့ပြီးနောက် ယမန်နေ့(ဇွန် ၂၁) နေ့လည် ၂ နာရီတွင် ဂန့်ဂေါဆေးရုံ၌ အလောင်းလာရောက်ထုတ်ယူရန် မိသားစုထံသို့ အကြောင်းကြားခဲ့သည်ဟု ၎င်း၏ မိသားစုထံမှ သိရသည်။


“ချက်ချင်း အလောင်းသွားထုတ်ခဲ့ပြီး သဂြိုလ်ခဲ့ရတယ်။ မနေ့က ညနေ ၄ နာရီလောက်မှာ ကံရွာသင်္ချိုင်းမှာ သဂြိုလ်ခဲ့တယ်”ဟု အထက်ပါမိသားစုဝင်က ပြောသည်။


အသက် ၂၄ နှစ်အရွယ် ကိုကျော်ဆန်းဦးသည် ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ)နှင့် ဗကသလှုပ်ရှားမှုများတွင် ၂၀၁၂မှ ၂၀၁၉အထိ တက်ကြွစွာ ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ကြောင်း မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ကိုမင်းထက်မြတ်က အတည်ပြုသည်။


“တကယ်ကို တစိုက်စိုက်မတ်မတ်နဲ့ ဦးဆောင်ခဲ့သူပါပဲ။ ကျောင်းပြီးတော့လဲ ဂန့်ဂေါဒေသအတွက် ကြိုးစားဆောင်ရွက်တာတွေ တွေ့ရတယ်။...... နှမျောစရာကောင်းတဲ့ ရဲဘော်ဟောင်း မိတ်ဆွေကောင်းတစ်ယောက်ပါဗျာ။ သူ ဒီထက် အများကြီးလုပ်နိုင်ရဲ့သားနဲ့ လမ်းခုလတ်မှာ ကျဆုံးသွားတာတော့ စိတ်မကောင်းဘူး"ဟု ၎င်းက ပြောသည်။


ကျောင်းသားဘဝမှစ၍ နိုင်ငံရေးခံယူချက်၊ ယုံကြည်ချက် ခိုင်ခိုင်မြဲမြဲ စွဲကိုင်လုပ်ဆောင်ခဲ့သည့် ကိုကျော်ဆန်းဦးအတွက် ဂုဏ်ယူကြောင်း ၎င်း၏ မိသားစုဝင်ကလည်း ပြောသည်။


"သူ ကျဆုံးသွားပေမယ့် တစ်ယောက်ကျရင် ဆယ်ယောက်မက ထွက်ပေါ်နိုင်ပါစေ” ဟု ၎င်းက ပြောသည်။


ဒဏ်ရာရထားသည့် ကိုကျော်ဆန်းဦးကို အနီးကပ်ပစ်သတ်သည့် လုပ်ရပ်မှာ စစ်သည်တော်ကျင့်ဝတ်ကို ဖောက်ဖျက်မှုပင်ဖြစ်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသည့် ဗိုလ်ကြီးထွန်းမြတ်အောင်က မှတ်ချက်ပြုသည်။


“သုံ့ပန်းတွေ ဖမ်းဆီးရမိသူတွေဆိုရင် စစ်သည်တော်ကျင့်ဝတ်အရ မသတ်ရဘူး။ ရန်သူအပေါ်ပြုကျင့်ရမယ့် ကျင့်ဝတ်ငါးပါးထဲ နံပါတ်သုံးအချက်ဖြစ်တယ်” ဟု ၎င်းက ပြောသည်။


"တချို့လူကြီးတွေကတော့ ပစ်သတ်ခိုင်းတာရှိတယ်။ မျက်နှာရ၏၊ မရ၏အပေါ် မူတည်တယ်။ ဒီလို တစ်ယောက်အရှင်မိတယ်ဆို လူကြီးကို မျက်နှာလုပ်လို့ရရင် တမျိုးပေါ့။ သူ့ကို ပို့ရ စောင့်ရှောက်ရ အလုပ်ရှုပ်မှာစိုးရင် သတ်ပစ်ကြတာပဲ။ကျွန်တော့်အတွေ့အကြုံနဲ့ဆို နှစ်ခါရှိပြီ။ အဲဒါ သတင်းတွေမှာ ပါလာရင် မဆိုင်တဲ့ အောက်ကကောင်တွေ(အောက်ခြေတပ်သားတွေ) ကိုပဲ ‌ထိုးကျွေးကြတာ” 


ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ခြောက်လနီးပါးအတွင်း စစ်ကောင်စီလက်ချက်ဖြင့် အရပ်သား ၉၀၀ နီးပါး သေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများက ဆိုသည်။ သို့သော်လည်း စစ်ကောင်စီက ၃၀၀ ခန့်သာ သေသည်ဟု ဆိုထားသည်။


စစ်ကောင်စီတပ်များ၏ ပစ်ခတ်၊ ရိုက်နှက်၊ ဖမ်းဆီးမှု အန္တရာယ်မှ ကာကွယ်ရန် ကာကွယ်ရေးတပ်ဖွဲ့များကို ပြည်သူတို့က နိုင်ငံအနှံ့တွင် ဖွဲ့စည်းထူထောင်ထားကြပြီး ယခုအခါတွင် မြို့ပေါ်ပြောက်ကျားတိုက်ပွဲများ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာနေသည်။

Monday, June 21, 2021

ကလေးမြို့မှာ မိသားစုဝင် လေးဦးသေနပ်ပစ်သတ်ခံရ


 စစ်ကိုင်းတိုင်း ကလေးမြို့ ညောင်ပင်သာရပ်ကွက်မှာ ဇွန် ၁၉ ရက် ညက သေနတ်သမားတွေက အိမ်ထဲအထိ ဝင်ရောက်ပစ်ခတ်လို့ မိသားစုဝင် လေးဦး သေဆုံးသွားပါတယ်။


သေဆုံးသူတွေဟာ အသက် ၅၀ အရွယ် ဦးဝင်းဇော်ဦး၊ သူ့ရဲ့ဇနီးဖြစ်သူ အသက် ၄၈ နှစ်အရွယ် ဒေါ်စန်း စန်းမော်၊ သားဖြစ်သူ အသက် ၂၃ နှစ်အရွယ် ကိုသီဟအောင်၊ ယောက်ဖဖြစ်သူ အသက် ၃၅ နှစ်အရွယ် ကိုဇော်ဇော် တို့ ဖြစ်ပါတယ်။


အခင်းဖြစ်နေရာအနီးမှာရှိနေခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်သက်သေတစ်ဦးက သေနတ် သမားတွေဟာ လမ်းကြို၊ လမ်းကြားတွေကနေတစ်ဆင့် ဝင်ရောက်လာပြီးနောက် အိမ်ထဲကိုဝင်ပြီး ပစ်ခတ် ခဲ့ကြတာလို့ ပြောပါတယ်။


"ရှစ်နာရီခွဲလောက်မှာဝင်တော့ ပထမ သေနတ်ပစ်တယ်။ ဒါပေမဲ့ ကျနော်တို့ ကြားနေကြ သေနတ်သံ အကျယ်ကြီး မဟုတ်ဘူး။ နည်းနည်းတိုးတယ်။ အသံတိုးတယ်။ အဲဒါကြောင့် တခြားရပ်ကွက်တွေက သိပ်မကြားလိုက်ရတာလေ။ အဲဒီမှာ တံခါးဖွင့်၊ တံခါးဖွင့်၊ ထွက်ခဲ့ ထွက်ခဲ့၊ မင်းတို့မပြေးနဲ့တဲ့၊ အပြင် ထွက်ခဲ့တဲ့။ အဲဒီအချိန်မှာ သေနတ်ပစ်လိုက်ပြီ။ ပစ်လိုက်တဲ့အချိန်မှာ ဘာဖြစ်လဲဆိုတော့ အခု ကိုဝင်း ဇော်ဦး နဲ့ သူသားနဲ့က လက်ဆွဲပြီး တော့မှ သူတို့အိမ်နဲ့ မျက်နှာချင်းဆိုင် အိမ်ကိုပြေးသွားတာ။ ချင်း အမျိုးသားအိမ်ကို ပြေးသွားတဲ့အချိန်မှာ သေနတ်နဲ့ပစ်တာ အဲဒီမှာ ပွဲချင်းပြီးသေတာ နှစ်ယောက်လုံး"


ကျန်နှစ်ဦးကလည်း နေအိမ်မှာပဲ သေဆုံးသွားတယ်လို့ သူက ပြောပါတယ်။


သေနတ်သမားတွေဟာ စစ်ကောင်စီရဲ့ ယူနီဖောင်းတွေနဲ့ စစ်ဖိနပ်တွေကို ဝတ်ဆင်ထားသလို လည်မှာလည်း အနီရောင် ပိတ်စကို ဝတ်ဆင်ထားကြတယ်လို့ ဆိုပါတယ်။ ညအချိန်ဖြစ်တာကြောင့် သေနတ်အမျိုးအစားနဲ့ ပတ်သက်လို့ သဲသဲကွဲကွဲ မမြင်လိုက်ရဘူးလို့လည်း ပြောပါတယ်။


အဲဒီပစ်ခတ်မှုဖြစ်စဉ်မှာ သမီးဖြစ်သူ အသက် ၂၅ နှစ်အရွယ် မစန်းရွှေဦးနဲ့ အခြားဧည့်သည်တစ်ဦးပါ ကျည် ထိမှန် ဒဏ်ရာရပြီး နောက်ထပ် ဧည့်သည်တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သူက ဆိုပါတယ်။

မော်လမြိုင်မြို့မှာအရပ်သားနှစ်ဦးသေနပ်ထိမှန်သေဆုံး


 မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဇွန်၂၀ ရက်နေ့ မနေ့ညက အရပ်သားနှစ်ဦးဟာ စစ်ကောင်စီရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်ခတ်လိုက်တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။


စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စစ်တာကိုမရပ်ဘဲ မောင်းပြေးရာကနေ ပစ်ခတ်ခံရတာလို့ မော်လမြိုင် လူမှုကယ်ဆယ်ရေးအသင်းက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါ တယ်။


“ကျွန်တော်တို့က ဒီဖြစ်စဉ်ဖြစ်ပြီးမှ အလောင်းသွားသယ်ရတာ။ ကျွန်တော်တို့ ကြားတာကတော့ ဆိုင်ကယ် စစ်တာပေါ့။ ဆိုင်ကယ်စစ်တဲ့အချိန်မှာ တားမြစ်တာကို မရပ်တန့်ဘဲ မောင်းပြေးလို့ ပစ်တာလို့ ပြင်ပကလူတွေဆီက ကြားရတယ်။ သူတို့ (ရဲတပ်ဖွဲ့)ဆီက ကြားရတာကတော့ ဆိုင်ကယ်စစ်တာကို ပြန်ပြီးခုခံတဲ့အတွက် ပစ်တာလို့ကြားရတယ်”


ပစ်ခတ်ခံရသူ နှစ်ဦးဟာ ချောင်းဆုံမြို့နယ် ဘီလူးကျွန်း အဘစ်ကျေးရွာက ကိုမိုးဇော်ဦးနဲ့ ကိုဇော်မင်းဦးတို့ ဖြစ်ပြီး ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်းက မော်လမြိုင်မြို့ကို ဘောလုံးကန်ဖို့ဆိုပြီး သွားခဲ့ကြတာလို့ အဘစ် ကျေးရွာ ဒေသခံတွေက ပြောပါတယ်။


မနေ့ညကတော့ သူတို့နှစ်ဦးဟာ မော်လမြိုင်မြို့ကနေပြန်အလာ ချောင်းဆုံတံတားကို ဖြတ်မကူးခင် ကျောက်မီးသွေးစက်ရုံ မီးပွိုင့်အနီး ည ၈ နာရီခွဲဝန်းကျင်မှာ ပစ်သတ်ခံလိုက်ရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။


သေဆုံးသွားတဲ့ ကိုမိုးဇော်ဦးရဲ့ ခန္ဓာကိုယ်မှာ သေနတ်ဒဏ်ရာ ၄ ချက်တွေ့ရှိခဲ့ပြီး ကိုဇော်မင်းဦးရဲ့ ခန္ဓာ ကိုယ်မှာတော့ သေနတ်ဒဏ်ရာ ၃ ချက်တွေ့ရှိခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။


သူတို့နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက်နဲ့ မနေ့ညက မော်လမြိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ချိန်မှာ သူတို့နှစ်ဦးရဲ့ ရင်ဘက်မှာ သေနတ်ဒဏ်ရာတွေ တွေ့ခဲ့ရတယ်လို့ သူက ပြောပါတယ်။


သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက ရုပ်အလောင်းတွေကို အိမ်ကိုပြန်ပို့ပေးဖို့ အကူအညီ တောင်းခံလာ တာကြောင့် ဇွန် ၂၁ ရက် ဒီနေ့မှာ မိသားစုတွေထံ ပို့ဆောင်ပို့ဆောင်ပေးခဲ့တယ်လို့လည်း သူက ဆက်ပြော ပါတယ်။


ကိုမိုးဇော်ဦး နဲ့ ကိုဇော်မင်းဦးတို့ဟာ မော်လမြိုင်မြို့မှာ ဘောလုံးကန်ဖို့ ဇွန် ၂၀ ရက်နေ့ မနက်ပိုင်းက သွားရောက်ခဲ့တာလို့ အဘစ်ကျေးရွာ ဒေသခံတွေရဲ့ပြေကြားချက်အရ သိရပါတယ်။

ဖိတ်စာသွားဝေတဲ့ သတို့သား သေနပ်ထိမှန်သေဆူံ


 မန္တလေးတိုင်းဒေသကြီး၊စဥ့်ကူးမြို့နယ်မှာ ဇွန်လ ၂၀ ရက် ည ၉နာရီဝန်းကျင်က လက်ပန်လှကျေးရွာအုပ်စုနေထိုင်သူ အသက်၂၀ ဝန်းကျင် ကိုကျော်ကျော်မျိုးဆိုသူ အမျိုးသားတစ်ဦး သေနတ်ကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။


ကိုကျော်ကျော်မျိုးနဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ စစ်ကောင်စီတပ်စွဲထားရာ လက်ပန်လှ အထက ကျောင်းအနီး ဖြတ်သွားစဉ် သေနတ်နဲ့ လှမ်းပစ်ခတ်ခံရပြီး ကျည်ထိမှန် သေဆုံးခဲ့ရတာလို့ မျက်မြင်တွေ့သူအချို့က ပြောပါတယ်။


" ဖြစ်တာက ည ၈နာရီ ၅၀ လောက်မှာ။ ကျွန်မအကိုက အဲနားကအဆောက်အအုံတစ်ခုရဲ့ အပေါ်ထပ်ကနေ ချောင်းကြည့်ပြီး မြင်လိုက်ရတာ။ ဆိုင်ကယ်ဖြတ်သွားတာကို ဒီတိုင်းပစ်လိုက်တာ။ သေနတ်သံလေးချက်လို့ ပြောတယ်။ တစ်ယောက်ကတော့ ဖြစ်ဖြစ်ချင်း သေသွားတာဖြစ်မယ်၊ ဆွဲသွားတယ်၊ သွေးတွေကိုတော့ သဲနဲ့ဖုံးသွားတယ် " လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြန်ပြောပြပါတယ် ။


သူတို့ဟာ မင်္ဂလာဆောင်ဖိတ်စာ ဝေအပြီး အပြန်မှာ အခုလို အပစ်ခံရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

တော်လှန်ရေးအောင်ဖို့ ဗမာလူငယ်တွေဘာလုပ်ကြမလဲ။



၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် နယ်ပယ်အသီးသီး၊ အလွှာအသီးသီးမှ လူမျိုး၊ လူတန်းစားပေါင်းစုံတို့သည် နည်းလမ်းပေါင်းစုံဖြင့် အာဏာသိမ်းမှုကို တော်လှန်လာခဲ့ကြသည်။


အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြရာတွင် ပိုမိုဆန်းသစ်သော အတွေးအခေါ်နှင့် လှုပ်ရှားမှုများ ပြုလုပ်နိုင်ခဲ့ကြသည်။


ပြီးခဲ့သော လူထုအုံကြွမှုများထက် ပေါက်ကွဲအား ပြင်းထန်သည့် သန်းနှင့်ချီသော အစုအဝေးများ နေရာဒေသအနှံ့ ပေါ်ထွက်လာခဲ့သည်။ ထို့ပြင် ပြည်သူများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)သည်လည်း စစ်ကောင်စီ၏ အစိုးရယန္တရားကို လည်ပတ်ရန် ယနေ့အချိန်ထိ ခက်ခဲနေဆဲဖြစ်သည်။


အခြားတဖက်တွင်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် CRPH နှင့် ၎င်းမှ ထပ်မံပေါက်ဖွားလာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေ နိုင်ငံတော်အာဏာကို ပြန်လည်ရယူနိုင်လိမ့်မည်ဟု ပြည်သူအများစုက ယုံကြည်မျှော်လင့်နေကြသည်။


စစ်ကောင်စီက ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ အကြမ်းဖက် ဖမ်းဆီးခြင်း၊ လူမဆန်သည့် နည်းလမ်းများဖြင့် နှိပ်စက်ညှဉ်ပန်းခြင်းများကြောင့် မြို့ကြီးပြကြီးမှ တော်လှန်သောလူငယ်များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထိန်းချုပ်ထားသည့် လွတ်မြောက်နယ်မြေများသို့ အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့ကြသည်။


တချို့လူငယ်များမှာ NUG မှ ကမကထပြုလုပ်သည့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ထဲသို့ဝင်ရောက်ပြီး စစ်ပညာသင်ယူကာ စစ်ကောင်စီကို တိုက်ထုတ်ရန် ကြိုးစားလာကြသည်။


လက်တွေ့ကျကျ စဉ်းစားကြည့်မည်ဆိုလျှင် ပြည်သူ့ဘဏ္ဍာများဖြင့် နှစ်ရှည်လများအထိုင်ကျနေပြီး အသာစီးကရှိနေသည့် စစ်ကောင်စီတပ်ကို အမြစ်ပြုတ်တိုက်ထုတ်နိုင်ရေးသည် လတ်တလောအခြေအနေအရ လက်နက်ငယ်ပင် အလုံအလောက် တပ်ဆင်ပေးနိုင်ခြင်းမရှိသေးသည့် PDF တစ်ခုတည်းနှင့် လုံးဝ မဖြစ်နိုင်ပေ။


ထို့ပြင် မြန်မာပြည်သူများကိုကူညီရန် နိုင်ငံတကာနှင့် UN တပ်ဖွဲ့များဝင်ရောက်လာနိုင်သည်ဆိုသည့် ပြောဆိုချက်များမှာလည်း မျှော်လင့်ချက်အမှားကြီးတခုသာ ဖြစ်ကြောင်း လူတိုင်းနားလည်သဘောပေါက်နေကြပြီး ဖြစ်သည်။


NUG နှင့် အပေါင်းအပါများ ပြောဆိုနေသည့် ဖက်ဒရယ်တပ်မတော်ဆိုသည်မှာလည်း နောက်ခံသမိုင်းအခြေအနေနှင့် နိုင်ငံရေးအယူအဆများ ကွဲပြားကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံးကို စုပေါင်းပြီး အမိန့်တခုတည်းအောက်တွင် အလုပ်လုပ်ရမည့် သဘောဖြစ်သည့်အတွက် လက်တွေ့တွင် ဖြစ်နိုင်ရန် မလွယ်ကူပေ။


ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံရေးအယူအဆ၊ ရည်မှန်းချက်များမတူညီခြင်း(ဥပမာ – ဖက်ဒရယ်၊ ကွန်ဖက်ဒရယ်) နှင့် တချို့မှာ လူမျိုးတမျိုးတွင် လက်နက်ကိုင်တဖွဲ့စီထက် ပိုရှိနေခြင်းတို့သည် ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေးအတွက် အဟန့်အတားဖြစ်နေသည်။


စစ်ကောင်စီကို တိုက်ရမည်ဟူသော ဘုံတူညီမှုတခုကြောင့် အလွန်ဆုံး စစ်ရေးအရ မဟာမိတ်ပြုလုပ်ခြင်းဖြင့်သာ လက်တွဲဆောင်ရွက်နိုင်လိမ့်မည်။


တော်လှန်ရေးအောင်နိုင်သည့်အခါ ဒေါ်အောင်ဆန်းစုကြည် အမြဲပြောဆိုနေသည့် ဖေဖေတည်ထောင်ခဲ့သော တပ်မတော်ကြီးကို ဖြုတ်သင့်တာဖြုတ်၊ ပေါင်းထည့်သင့်တာတွေပေါင်းထည့်ပြီး ပြုပြင်တည်ဆောက်ယူရမည်ဟု ပြောဆိုသံတချို့ကြားရသည်။


သို့သော် လက်ရှိ စစ်ကောင်စီတပ်သည် နိုင်ငံတော်အဆင့် လူမျိုးကြီးစစ်တပ်တခုဖြစ်သည့်အပြင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ကို ဆန့်ကျင်သော ပြစ်မှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှု အစရှိသော ကမ္ဘာ့ထိပ်တန်းပြစ်မှုများကို ကျုးလွန်ထားသည့်အတွက် ၎င်းကိုအခြေခံထား တည်ဆောက်မည်ဆိုလျှင် အချိန်မရွေးဖောက်ပြန်လာနိုင်သည်။


ထို့ကြောင့် စစ်ကောင်စီတပ်ကို အပြီးတိုင် ဖြိုဖျက်ပစ်ရန် လိုအပ်ပြီး ဖွဲ့စည်းတည်ဆောက်ပုံအသစ်တခုနှင့် တပ်မတော် သမိုင်းအသစ်တခုကို ပြန်လည်စတင်နိုင်ရန် လိုအပ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုး ရောက်မှသာ ကျနော်တို့နိုင်ငံအနာဂတ်အတွက် စိတ်ချနိုင်လိမ့်မည်။


ထို့ကြောင့် အမှန်တကယ် ကျနော်တို့လိုအပ်နေသည်မှာ အာဏာရှင်စနစ်နှင့် ဗမာလူမျိုးကြီးဝါဒကို တိုက်ထုတ်မည့် ဗမာလူမျိုးစုကိုယ်စားပြုသည့် လက်နက်ကိုင်စစ်တပ်တခုသာဖြစ်သည်။


ဗမာလူမျိုးကြီးဝါဒကို ဗမာတွေကိုယ်တိုင် တိုက်ဖျက်မှ ရနိုင်မည်။


တခုသတိထားရမည်မှာ စစ်တပ်တခုတည်ထောင်ရေးသည် ရေရှည်လမ်းစဉ်ဖြစ်သည့်အတွက် ယုံကြည်ချက်ပြတ်သားမှု၊ စွန့်လွှတ်အနစ်နာခံနိုင်မှု၊ စိတ်ရှည်သည်းခံမှု နှင့် စိတ်ဓာတ်ခိုင်မာမှုတို့ လိုအပ်သည်။


လက်ရှိမြင်တွေ့နေရသည့် လူငယ်များသည် စစ်တပ်တခုတည်ထောင်ရေးကို သဘောတူလက်ခံသော်လည်း အမိန့်နာခံမှုနှင့် အဆင့်ဆင့်ကွပ်ကဲမှုအပေါ် မေးခွန်းထုတ်ကြသည်။ အစိုးရအဆက်ဆက် အမိန့်ကို အလွဲသုံးစားပြုလုပ်ခဲ့ကြသည့်အတွက် အမိန့်ဟူသော အသုံးအနှုန်းကအစ လူငယ်များအကြား နားခါးနေကြသည်။ မတရားသော အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ ဆိုသည့် ဟံသာဝတီဦးဝင်းတင်၏ စကားကို ကျနော်တို့သေချာနားလည်ရန်လိုသည်။ မတရားသော အမိန့်မဟုတ်ဘဲ အားလုံးသဘောတူထားသည့် ရည်မှန်းချက်များဖြစ်မြောက်ရေးအတွက် တရားနည်းလမ်းကျသော အမိန့်များဖြစ်ပါက အမိန့်ကို ကျနော်တို့ ငြင်းဆန်စရာ မလိုပေ။


မြန်မာနိုင်ငံတွင် စစ်တပ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မတရားသောနည်းများဖြင့် နိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်လာခဲ့ပြီး ၁၉၆၂ မှ ယနေ့အထိ အာဏာကို ၃ ကြိမ်တိတိ အဓမ္မသိမ်းယူခဲ့သည်။ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်အတွင်း အရပ်သားပြည်သူများအပေါ် ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် အမျိုးသမီးများအပေါ် မုဒိန်းကျင့် အလောင်းဖျောက်မှုပေါင်း မြောက်မြားစွာ ကျုးလွန်ခဲ့သည်။


လက်ရှိစစ်အာဏာသိမ်းမှုတွင်လည်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်လျှက်ရှိသော ပြည်သူများကို စစ်လက်နက်များဖြင့် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ရာ အပြစ်မဲ့ပြည်သူ ၉၀၀ နီးပါးသေဆုံးခဲ့ရပြီး မတရားဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ ၅၀၀၀ နီးပါး ရှိနေပြီဖြစ်သည်။


ထိုကဲ့သို့ ပြည်သူများအပေါ် နှစ်ပေါင်းများစွာကတည်းက လူမဆန်စွာ အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်းရန် ကြိုးစားသူတိုင်းကို သစ္စာဖောက်အဖြစ်သတ်မှတ်ရမည်။


နိုင်ငံတော် တည်ငြိမ်ရေးအစား နိုင်ငံတော်လွတ်မြောက်ရေးကိုသာ ကျနော်တို့ ကြိုးစားရန် လိုအပ်သည်။


ယခုတကြိမ်တွင်မှ စစ်ကောင်စီကို မနိုင်နိုင်လျှင် ဘယ်တော့မှ အနိုင်ရတော့မည်မဟုတ်ပေ။ ကျနော်တို့ သားစဉ်မြေးဆက်၊ နိုင်ငံ့အနာဂတ်သည်လည်း အာဏာရှင်စနစ်အောက်တွင် တစ်သက်လုံး ခေါင်းငုံ့နေကြရတော့မည်။ ထိုကဲ့သို့ အာဏာရှင်စနစ်ဆိုးကြီးအောက် ပြန်ရောက်ရမည်ကို သေမှာထက် ပိုကြောက်သည်ဆိုလျှင် ကိုယ့်အသက်ကို ပဓာန မထားဘဲ လက်နက်ကိုင် တိုက်ပွဲဝင်ရန်သာ ရှိတော့သည်။


အနှစ်ချုပ်ရသော် လက်ရှိအနေအထားအရ စစ်ကောင်စီကို တိုက်စစ်ဖွင့်နိုင်ရန်အတွက် အမိန့်နာခံမှုကောင်းသော၊ စနစ်တကျလေ့ကျင့်ပြင်ဆင်ထားသော၊ လက်နက်အင်အားမယှဉ်ပြိုင်နိုင်လျှင်တောင် စိတ်ဓာတ်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု သာလွန်သော စစ်တပ်တခု လိုအပ်သည်။


တိုင်းရင်းသားဒေသအသီးသီးတွင် လူမျိုးစုအခြေခံ လက်နက်ကိုင်တပ်ဖွဲ့များ ရှိနေကြပြီးဖြစ်သည့်အတွက် ဗမာလူမျိုးစုကို အခြေခံသော၊ ဖက်ဒရယ်/ကွန်ဖက်ဒရယ်ကို နားလည်လက်ခံနိုင်သော၊ အာဏာရှင်စနစ်နှင့် ဗမာလူမျိုးကြီးဝါဒကို အမြစ်ပြတ်တိုက်ထုတ်မည့် စစ်တပ်တခုပေါ်ပေါက်ရေးသည် ဗမာလူငယ်တိုင်း၊ ဗမာမဟုတ်သော်လည်း ပြည်မတွင်နေထိုင်သော လူမျိုးစုတိုင်း မဖြစ်မနေအကောင်အထည်ဖော်ရမည့် တာဝန်တစ်ခုဖြစ်သည်။

London Mozart Players Refugee Appeal.


 

တပ်တွင်းမှ့ကူညီမူများရခဲ့သည်ဟု ဖေါက်ခွဲရေးလူငယ်များပြောကြား။

 ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် လမ်းပေါ်ထွက်ဆန္ဒပြသူတို့ ရရှိခဲ့ကြသည်မှာ အကြမ်းဖက်ဖမ်းဆီးမှု၊ နှိပ်စက်ညှဉ်းပန်းမှုများဖြစ်သည်။


ထိုအခြေအနေတွင် ဆန္ဒပြသူများထဲမှ တချို့၏ ရွေးချယ်မှုမှာ စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်ပြီး အံတုရင်ဆိုင် တိုက်ခိုက်ကြခြင်းပင်။


မကြာသေးခင်က ရန်ကုန်တွင် စစ်ကားနှစ်စီး၊ ပြည်ထဲရေးရုံး စသည့် စစ်ရေးပစ်မှတ်တချို့ကို တိုက်ခိုက်စဉ် ထင်မှတ်မထားသည့်နေရာမှ အကူအညီများရရှိခဲ့သည်ဟု ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ထုတ်ဖော်ပြောကြားသည်။


“ဒီလိုနေရာမျိုးတွေဆိုတာ ကျွန်တော်တို့အပြင်လူတွေ ဝင်လို့ထွက်လို့ရတဲ့နေရာတွေ မဟုတ်ဘူး။ စစ်ကားနားဆိုတာက စစ်ယူနီဖောင်းမပါဘဲနဲ့ ကပ်လို့ရတဲ့ နေရာတွေမှ မဟုတ်တာ” ဟု ၎င်းက ပြောသည်။


စစ်ဘက်ဆိုင်ရာမော်တော်ယာဉ်၊ ရုံးအဆောက်အအုံတို့ကို တိုက်ခိုက်ရာတွင် တပ်ထဲမှ စွန့်စားပြီး လျှို့ဝှက်ကူညီသူတချိရှိလာကြောင်း အမည်မဖော်လိုသည့် အဆိုပါ ပြောက်ကျားအဖွဲ့ဝင်က ပြောသည်။


မိသားစုဝင်များက တပ်ထဲမှ ဝန်ထမ်းအိမ်ရာတွင် နေထိုင်နေကြဆဲဖြစ်သောကြောင့် ထိုစစ်သားများ၊ အရာရှိများသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် လူသိရှင်ကြား ပူးပေါင်းပါဝင်နိုင်ခြင်း မရှိကြဟု သူက ထောက်ပြသည်၊ CDM စစ်အရာရှိတချို့ကလည်း တပ်ထဲတွင် ထိုသို့ ပူးပေါင်းလုပ်ကိုင်လိုသူများ ရှိနေသည်ဟု ပြောကြသည်။


တပ်တွင်းအကူအညီ


မြန်မာပြည်အနှံ့အပြား ဆန္ဒပြသူများထဲ လူငယ်အများအပြားသည် စစ်ကောင်စီ၏ ရက်ရက်စက်စက် ဖြိုခွင်းပစ်ခတ်မှုများဖြင့် ရင်ဆိုင်ခဲ့ရပြီးနောက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံသို့ သွားရောက်ပြီး စစ်ပညာနှင့် ဖောက်ခွဲရေး ပညာရပ်များကို သွားရောက်သင်ယူနေကြသည်။


ထိုလူငယ်များက ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်ပြီး စစ်ကောင်စီလက်နက်ကိုင်တပ်သားများ၊ အုပ်ချုပ်ရေးယန္တရား၊ ဒလန်သတင်းပေးများကို ပစ်မှတ်ထားတိုက်ခိုက်လာသည်။ 


ဇွန် ၁၈ တာမွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့ စစ်ကားတစ်စီးပေါက်ကွဲမှု၊ ဇွန် ၁ မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ရင်းအမှတ် (၃၂၃)ရှိ တပ်မတော်ထောက်ပို့ကားပေါက်ကွဲမှု၊ မတ် ၂၇ ပြည်ထဲရေးရုံးဖောက်ခွဲမှုတို့မှာ ရန်ကုန်တွင် ပေါ်ပေါက်လာသော ပြင်းထန်သည့် တိုက်ခိုက်မှုများဖြစ်သည်။


လုံခြုံရေးတင်းကျပ်ပြီး စစ်ကောင်စီ၏ လက်နက်ကိုင်အစောင့်အကြပ်များစွာရှိနေသည့်ကြားမှ ဖြစ်ပွားခဲ့သည့် ထိုပေါက်ကွဲမှုများမှာ စစ်ကောင်စီ၏ တန်ပြန်ဖောက်ခွဲမှုများသာဖြစ်မည်ဟု တချို့က ယူဆနေကြသည်။


ထိုဖောက်ခွဲမှုများမှာ ၎င်းတို့အဖွဲ့က ပြုလုပ်ခြင်းဖြစ်ပြီး တပ်ထဲမှ အကူအညီရရှိ၍သာ ထိုကြီးမားသည့် ဖောက်ခွဲမှုများမှာ အောင်မြင်ခဲ့သည်ဟု ရန်ကုန်မှ မြို့ပြပြောက်ကျားအဖွဲ့ဝင်လူငယ်က ဆိုသည်။


“စစ်ကောင်စီရဲ့ လက်အောက်မှာရှိနေပေမယ့် သူတို့ရဲ့စိတ်ထဲမှာတော့ CDM ဝင်ချင်နေတယ်။ မိသားစုက လိုင်းခန်းထဲမှာရှိနေတာကြောင့် မိသားစုရဲ့ လုံခြုံရေးကို စိုးရိမ်နေပေမယ့် ကျွန်တော်တို့ကို တစ်ဖက်တစ်လမ်းကနေပြီး ကူညီနေတဲ့ ကျွန်တော်တို့သူငယ်ချင်း တပ်မတော်သားတွေရဲ့အကူအညီ အများကြီးရခဲ့ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။


အာဏာသိမ်းပြီးနောက်ပိုင်းတွင် တပ်မတော်အတွင်း ဖိနှိပ်မှု၊ မညီမျှမှု၊ ဆန္ဒပြပြည်သူများကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်မှုများကို မနှစ်မြို့သည့် အရာရှိပိုင်းနှင့် အောက်ခြေတပ်သားများလည်း CDM တွင် ပါဝင်လာကြသည်။


CDM ဗိုလ်မှူးဟိန်းသော်ဦးကလည်း တပ်မတော်အတွင်းတွင် ခွဲခြားဆက်ဆံမှုများ၊ အကျင့်ပျက်ချစားမှုများဖြင့် ပြည့်နှက်နေသည်ကို သဘောပေါက်သော၊ အမှန်တရားကိုလိုလားသော တပ်မတော်သားများစွာရှိနေသော်လည်း ရုန်းထွက်ရန် ခက်ခဲနေသည်ဟု Myanmar Now ကို ပြောသည်။


စစ်အာဏာသိမ်းမှုကို သဘောမကျသည့် တပ်မတော်သားများက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တည်ထောင်သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ အခြေအနေကို စောင့်ကြည့်နေကြသည်ဟု ဆိုသည်။


“ဒါကတော့ ဒီဘက်က (NUG) အခြေအနေပေါ်ကို မူတည်တယ်၊ ကျွန်တော်တို့နဲ့ ပူးပေါင်းမယ်၊ မပူးပေါင်းဘူးဆိုတာက။ ဒါပေမယ့် ကြာသွားလို့မရဘူး၊ ကြာသွားရင်တော့ သွေးအေးတဲ့အပြင် ကြောက်စိတ်တွေပေါ်သွားလိမ့်မယ်” CDM ဗိုလ်မှူးဟိန်းသော်ဦးက ပြောသည်။


CDM ဗိုလ်ကြီးထွန်းမြတ်အောင်ကလည်း အာဏာဖီဆန်လိုသူ တပ်မတော်သားများစွာရှိနေကြောင်း၊ ထိုတပ်မတော်သားများအနေဖြင့် မြို့ပြပြောက်ကျားအဖွဲ့များကို အကူအညီပေးသင့်ကြောင်း မှတ်ချက်ပြုသည်။


“(စစ်အာဏာရှင်တော်လှန်ရေး) ပြီးသွားလို့ အောင်မြင်သွားမယ်ဆိုရင် ပြည်သူတွေလဲ အကျိုးခံစားရမှာပဲလေ။ အထဲကလူတွေကလည်း အကျိုးခံစားရမှာပဲ” ဟု ၎င်းက ပြောသည်။ 


စစ်တပ်သည် လက်နက်အားကိုးပြီး လူထုကို အနိုင်ကျင့်နေသော်လည်း ၎င်းတို့၏ အင်အားစုများကို အကာအကွယ်ပေးရန် အဆင်သင့်မဖြစ်သေးပေ။


ဒလန်ဟု စွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တပ်မတော်ထောက်ခံသူ ၁၇၀ ဦးအထိ ရှိနေပြီဖြစ်ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။


“ကျွန်တော်တို့ ဝန်ခံပါတယ်။ ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်ပေးနိုင်တာသည် လူတစ်ဦးချင်း၊ တစ်ဦးချင်းကိုတော့ ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်း မရှိပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။


သို့သော်လည်း ပေါက်ကွဲမှုများကြောင့် သေဆုံးခဲ့ရသည့် တပ်ဖွဲ့ဝင်အရေအတွက်ကိုမူ စစ်ကောင်စီက လျှို့ဝှက်ထားသည်။


ရန်ကုန်မှ ပေါက်ကွဲမှုကြီးများ


ရန်ကုန်၊ တာမွေမြို့နယ် သီတာလမ်းဖြစ်စဉ်မှာ လူမြင်ကွင်းတွင် ဖြစ်ပွားခဲ့သည့်အတွက်ကြောင့် ကြီးမားသည့်ပေါက်ကွဲမှုဟု အများက သတ်မှတ်ထားကြသည်။ သို့သော်လည်း ထောက်ပို့တပ်နှင့် ပြည်ထဲရေးရုံးပေါက်ကွဲမှုတို့မှာ ပိုမိုပြင်းထန်သည်ဟု ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဝင်လူငယ်က ဆက်ပြောသည်။


သီတာလမ်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စစ်တပ်ပိုင်သတင်းစာများတွင် ထုတ်ပြန်ထားခြင်းမရှိသော်လည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စစ်ကား၏ နောက်ခန်းတွင် လက်နက်ကိုင် ၁၂ ဦး၊ ရှေ့ခန်းတွင် ၂ ဦးရှိနေသည်ကို ၎င်းကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး လက်နက်ကိုင် ၁၂ ဦးထက်မနည်း သေဆုံးမည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။


“မင်္ဂလာဒုံထောက်ပို့ဝင်းထဲမှာဆိုရင် ကျွန်တော်တို့ ၂ လုံးတွဲတောင်မှ တင်ပေးလိုက်တာ။ ပိုတောင်မှ အခု သီတာလမ်းကကိစ္စထက်တောင်မှ ၂ ဆ ပြင်းထန်တဲ့ကိစ္စတွေ ဖြစ်ပွားခဲ့တယ်။ အဲ့ဒါတွေမှာလည်း သူတို့ သတင်းအမှောင်ချထားလိုက်တာကြောင့် မသိရဘူးပေါ့” ဟု ၎င်းက ပြောသည်။


စစ်ကောင်စီယန္တရားကို လည်ပတ်ပေးနေသူများ လူထုဘက် အမြန်ဆုံးမရပ်တည်ပါက ၎င်းတို့၏ အသက်အန္တရာယ်ကို အာမခံချက်မပေးနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။


“သူတို့တွေ မဆင်မခြင်လုပ်လေ ကြီးမားတဲ့ဖောက်ခွဲမှုတွေ၊ ပိုပြီးတော့ ပြင်းထန်တဲ့ဖောက်ခွဲမှုတွေ၊ အာဏာသိမ်းစစ်ကောင်စီကို ပိုပြီးတော့ ထိခိုက်မှုကြီးမားနိုင်တဲ့ ဖောက်ခွဲမှုတွေ ဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။


ပြည်သူလူထုအနေဖြင့်လည်း စစ်ဘက်ဆိုင်ရာအဆောက်အအုံများ၊ စစ်ကောင်စီသတင်းပေးများပိုင်ဆိုင်သည့် အဆောက်အအုံများ၊ စားသောက်ဆိုင်များကို ရှောင်ကြဉ်ကြရန်လိုအပ်သည်ဟု ၎င်းက ပြောသည်။


အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို စစ်ကောင်စီတပ်က နိုင်ငံအနှံ့တွင် အကြမ်းဖက်တိုက်ခိုက်၊ ဖမ်းဆီးနေသည်။


စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ မှ ဇွန် ၂၀ ထိ စစ်ကောင်စီတပ်သားများလက်ချက်ကြောင့် သေဆုံးရသူ ၈၇၂ ဦး၊ ဖမ်းဆီးခံထားရသူ ၅၀၃၃ ဦးထိရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့ ဇွန် ၂၀ တွင် ထုတ်ပြန်ထားသည်။


စစ်ကောင်စီက ဖမ်းဆီးမှုအရေအတွက်ကို ငြင်းဆိုခြင်းမရှိသော်လည်း သေဆုံးမှုမှာ ၃၀၀ ခန့်သာ ရှိမည်ဟု ပြောဆိုတတ်သည်။ 


စစ်ကြောရေးတွင် သေဆုံးခဲ့သူ ၂၂ ဦးရှိပြီး ထက်ဝက်ကျော်မှာ ဖမ်းဆီးခံရချိန်မှ ၂၄ နာရီအတွင်း သေဆုံးခဲ့ကြောင်း AAPP က ဇွန် ၁ တွင် ထုတ်ပြန်ထားသည်။


ဇွန် ၁၀ ပဲခူးတိုင်း၊ ကညွတ်ကွင်းမြို့နယ် ရန်ကုန်-မန္တလေးမီးရထားသံလမ်း ဗုံးပေါက်ကွဲမှုအပြီးတွင် လူငယ် ၁၀ ဦးထက်မနည်းကို ရိုက်နှက်ဖမ်းဆီးခဲ့သည်။


ဇွန် ၁၅ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲခဲ့ပြီးနောက် ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။


ဇွန် ၁၈ ရန်ကုန်၊ တာမွေမြို့နယ် သီတာလမ်းပေါက်ကွဲမှုအပြီး ဆက်တိုက်ပေါ်ပေါက်ခဲ့သော တာမွေစျေးအနီးရှိ အငှားယာဉ်တစ်စီးအတွင်းပေါက်ကွဲမှုတွင် ခရီးသည်တစ်ဦးသေဆုံးကာ အငှားယာဉ်မောင်းသူမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်သားများက ထိုအငှားယာဉ်မောင်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 


ပေါက်ကွဲမှုများဖြစ်ပွားသည့် မြို့နယ်များတွင် ၎င်းတို့သံသယဖြစ်သည့် လူငယ်များကို ဖမ်းဆီးနှိပ်စက် စစ်ဆေးတတ်သည်ဟု မြို့ပြပြောက်ကျားအဖွဲ့ဝင် အဆိုပါလူငယ်က ဆက်ပြောသည်။


“ဘဝင်မကျတာက ကျွန်တော်တို့လုပ်ပြီးသွားရင် မဆိုင်တဲ့သူတွေကို ဖမ်းခံနေရတဲ့ပြဿနာပေါ့။ ရန်ကင်းထွေအုပ်ရုံးကိစ္စဆိုရင် ရန်ကင်းထဲက မိန်းကလေးတွေရော၊ မဆိုင်တဲ့သူတွေကို လျှောက်ဖမ်းနေတယ်။ တစ်နေ့ကတုန်းက လုပ်လိုက်တဲ့ သီတာလမ်းဖောက်ခွဲမှုဆိုရင်လည်း တာမွေကလူတွေကို ဖမ်းမလား၊ ဘယ်သူတွေကို ဖမ်းမလဲမသိဘူး” ဟု ၎င်းက ပြောလိုက်သည်။

စစ်တပ်ပိတ်ဆို့မူကြောင့်အရပ်သားများပိုမိုသေဆုံး


စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ စစ်ဘေးရှောင်များအတွက် ဆေးဝါးနှင့် ရိက္ခာ ထောက်ပံ့ရေးလမ်းကြောင်းကို ပိတ်ဆို့နေခြင်းကြောင့် ၇ လအရွယ်ကလေးတစ်ဦး ဆေးဝါးပြတ်လပ်၍ သေဆုံးသွားရာ ထိုဖြစ်ရပ်ဆိုးမျိုး ပိုမိုများပြားလာဖွယ်ရှိနေသည်ဟု စစ်ရှောင်စခန်းစီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


“သုံးပတ်လောက်စာလောက် ဆန်ကတော့ ရှိတယ်။ ဒါပေမဲ့ ကုန်ခြောက်ရိက္ခာတော့ ကျွန်တော်တို့မှာ လုံးဝ ပြတ်သွားတယ်။ ဒီတိုင်းသာ ဆက်ပိတ်ထားမယ်ဆိုရင် ကျန်းမာရေးထောက်ပံ့မှုတွေလည်း အရမ်းကို လိုအပ်နေတယ်။ စစ်ရှောင်တွေ နာမကျန်းဖြစ်ပြီး သေဆုံးမှုတွေတောင် မကြာခင် အများအပြားရှိလာနိုင်ပါတယ်” ဟု ကော်မတီ၏ပြောရေးဆိုခွင့်ရှိသူ ကိုလောရန့်က ဆိုသည်။


ဇွန် ၁၈ ရက်နေ့က မဲင်းကျေးရွာမှ စစ်ရှောင်မိသားစုဝင် ခွီရှိန်းဘူနိန်အမည်ရှိ ထိုကလေးသည် အအေးမိဖျားနာရာတွင် ကုသရန် ဆေးဝါးပြတ်လပ်သောကြောင့် သေဆုံးရသည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထိုနေ့တွင် သတင်းထုတ်ပြန်သည်။ ယင်းနေ့တွင်ပင် အသက် ၆၀ ဝန်းကျင်ရှိ ဦးလောငိုင်းလည်း အလားတူ သေဆုံးသည်ဟု ဒေသအခြေစိုက် သတင်းဌာနများက ဖော်ပြကြသည်။ 


မေ ၂၁ ရက်နေ့ကလည်း စစ်ရှောင်မိသားစုဝင် ၆ ရက်သားအရွယ် မွေးကင်းစကလေး သေဆုံးသွားရာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိသဖြင့် သေဆုံးခြင်းဖြစ်သည်ဟု သိရသည်။  


လက်ရှိတွင် စစ်ရှောင်သူများမှာ ဆန်ပြုတ်နှင့် ထမင်းတစ်နပ်ခန့်သာ စားရသည့် အခြေအနေရှိပြီး ဆေးဝါးနှင့် ရိက္ခာပို့ဆောင်ရေးကို ဆက်လက်ပိတ်ဆို့ထားပါက မကြာမီရက်ပိုင်းအတွင်း သေကြေပျက်စီးမှုရှိလာနိုင်သည်ဟု ကိုလောရန့်က ပြောသည်။


ယင်းအခြေအနေကို ဖြေရှင်းရန် ချင်းပြည်သူ့တပ်ဖွဲ့ (CDF) က စစ်ကောင်စီတပ်ဖွဲ့နှင့် ညှိနှိုင်းရန်ကြိုးစားနေသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ယတိပြတ် မငြင်းဆိုသကဲ့သို့ ပိတ်ဆို့မှုဖယ်ရှားရန် သဘောတူခြင်းလည်း မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။


IDP ခေါ် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတို့ကို တိုက်ပွဲများနှင့် ဝေးရာတွင် နေရာချပေးရေး၊ ဆေးဝါးနှင့် ရိက္ခာ ကူညီထောက်ပံ့လိုသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကမ်းလှမ်းမှုကို လက်ခံပေးရေးတို့ လိုအပ်နေသည်ဟု ၎င်းက ဆိုသည်။


“IDP တရားဝင်ဖြစ်တဲ့တိုင်အောင် ထောက်ပံ့လာတဲ့ ရိက္ခာတွေကို ထပ်မံဖျက်ဆီးမယ်ဆိုလည်း ကျွန်တော်တို့က ဘာမှတော့ လုပ်လို့ မရဘူး။ တစ်ခုရှိတာက နိုင်ငံတကာအဖွဲ့အစည်းတွေက ရိက္ခာထောက်ပံ့ပေးဖို့ ကြိုးစားပေးမှုတွေ ရှိနေတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က IDP camp ရှိတဲ့နေရာကို ရိက္ခာပို့ဖို့ သဘောမတူသေးဘူးလို့ ကြားသိရပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။


မင်းတပ်တွင် စစ်ရှောင်ဦးရေမှာ ၁၂၀၀၀ ကျော်အထိ တဖြည်းဖြည်း မြင့်တက်နေသည်။ 


စစ်ရှောင်များထဲတွင် ၁၀ နှစ်အောက်အရွယ် ကလေးသူငယ်ဦးရေမှာ ၅၀၀၀ နှင့် ၆၀၀၀ ကြား ရှိပြီး ကလေးများအတွက် လုံခြုံနွေးထွေးစွာ နေထိုင်နိုင်မည့် နေရာလိုအပ်သည်ဟု ကိုလောရန့်က ဆက်လက်ပြောသည်။


မင်းတပ်၏ စပါးထွက်နှုန်းမှာ မြို့လူဦးရေ လေးပုံတစ်ပုံအတွက်သာ ဖူလုံသည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။


မင်းတပ်အခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။


စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းတပ်မြို့ရှိ စစ်ရှောင်စခန်းများအတွက် ထောက်ပံ့ပေးနိုင်မည့် လမ်းကြောင်းများ ဇွန်လဆန်းကတည်းက ဖြတ်တောက်ထားသည်။


ဇွန် ၁၆ တွင် ​ကျောက်ထုမြို့မှ ​​ဆေးဝါးနှင့် စားနပ်ရိက္ခာများ ဝယ်ယူပြီး မင်းတပ်သို့ ပြန်သည့်၂၉ နှစ်အရွယ် ဆလိုင်းလော​ဂေ၊ ၂၆နှစ်အရွယ် ​ဆလိုင်းဂေအွမ်၊ ၂၉ နှစ်အရွယ် ဆလိုင်းမှန်ထွန်းတို့ ၂ ရက်ကြာ ဖမ်းဆီးစစ်ဆေးခံရသည်။


ဇွန် ၁၃ တွင် မြို့ရှိ ရေသန့်စက်ရုံတစ်ရုံကို စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ 


မင်းတပ်မှ အခြား ရေသန့်စက်ရုံတစ်ရုံမှာ ချင်းပြည်နယ်၏ စည်ပင်ဝန်ကြီးဟောင်း ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးက ပိုင်ဆိုင်ပြီး ဖျက်ဆီးခံရခြင်း မရှိဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 


မေ ၁၉ တွင် စစ်ရှောင်သူများအတွက် ကလေးမြို့တွင် အလှူငွေထုတ်ယူသူ ကိုအောင်ထန်းဖေကို စစ်ကောင်စီက ဖမ်းပြီး အလှူငွေ သိန်း ၁၇၀ ကို သိမ်းလိုက်သည်။


စစ်ရှောင်များအကူအညီရရှိရေးအတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်း​များကို ချိတ်ဆက်ပေးနေသည်ဟု မင်းတပ်မြို့စစ်ရှောင်သူများအတွက် အလှူခံနေသည့် Mindat Emergency Respon Team ပေ

ြာသည်။

acebook စာမျက်နှာတွင် ရေးသားထားသည်။ 

အရပ်သားကားဖြင့် စစ်တပ်အတွက် ရိက္ခာ သယ်ယူမှု KNU က သိရှိ၍ မီးရှို့ဖျက်ဆီး




 အရပ်သားကားဖြင့် စစ်တပ်အတွက် ရိက္ခာ သယ်ယူမှု KNU က သိရှိ၍ မီးရှို့ဖျက်ဆီး


ရန်ကုန်၊ ဇွန် ၂၁ 


ကရင်ပြည်နယ်၊ ဖာပွန် ကမမောင်း ကားလမ်းမကြီးကို ဇွန်လ ၁၉ ရက်နေ့တွင် KNU/KNLA က ပြန်လည်ဖွင့်ပေး လိုက်ပြီး​နောက် စစ်ကောင်စီ တပ်က အရပ်သားကားဖြင့် ရိက္ခာ တင်ပို့ခဲ့​ကြောင်း၊ သတင်းအတိအကျရရှိသဖြင့် စစ်ကောင်စီအတွက် ရိက္ခာများကို စစ်ဆေးရေးဂိတ်တွင် KNLA က ဖမ်းဆီး မီးရှို့ဖျက်ဆီး​ကြောင်း သူ​​လေးသတင်းစဥ်က သတင်းထုတ်ပြန်သည်။


Photo Credit- သူ​လေး

မော်လမြိုင်ရဲခွေးများ ပစ်သတ်မူကြောင့် ကွယ်လွန်သူများနားရေး။

 မနေ့က ၂၀-၆-၂၀၂၁ တွင် မော်လမြိုင် ကျောက်မီးသွေးရုံ မီးပွိုင့်မှာ ရဲခွေးများရဲ့ပစ်သက်ခံရတဲ့ အမျိုးသား နှစ် ဦးကို ၂၁-၆-၂၀၂၁ ယနေ့တွင် ၎င်းတို့နေထိုင်ရာ ရွာဖြစ်တဲ့ ဘီလူးကျွန်း ချောင်းဆုံမြို့နယ် အဘစ်ကျေးရွာသို့ ပြန်လည်သယ်ဆောင်သွားပြီး အဘစ်ရွာ သုသ္သာန်တွင် သင်္ဂြိုလ်ခဲ့ကြောင်းသိရပါသည်

၎င်းတို့ရဲ့ နာရေးကို ရွာလုံးကျွတ် လိုက်ပါပို့ဆောင်ကြတယ် လို့သိရပါတယ်

Photo Cj

#MawlmyineAlarmKeyboardT





eam

Sunday, June 20, 2021

တာမွေမြိုနယ်ကဘစစ်ကားဗုံးကွဲသည့် ဗီဒီယို လူမူကွန်ယက်တွင်ပြန်နှံလာ။


 

ကလေးတွင်မိသားစုဝင် လေးဦး အကြမ်းဖက်စစ်တပ်မှ့သတ်ခဲ့သည့်ဟု PDF ပြောကြား။


 ကလေးတွင် မိသားစုဝင် ၄ ဦး အသတ်ခံရခြင်းမှာ စစ်ကောင်စီလက်ချက်ဖြစ်ကြောင်း PDF ထုတ်ပြန်


ကလေး၊ ဇွန် - ၂၀


ယမန်နေ့ ဇွန် ၁၉ ရက်နေ့ ညပိုင်းက ကလေးမြို့ ညောင်ပင်သာရပ်ကွက်ရှိ မိသားစုဝင် ၄ ဦး အသတ်ခံရခြင်းမှာ စစ်ကောင်စီ၏ လက်ချက်ကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ကလေးမြို့ PDF က ယနေ့ညပိုင်းက ထုတ်ပြန်သည်။


အသတ်ခံရသူ ဦးဝင်းဇော်ဦး၏ နေအိမ်သို့ရောက်ရှိလာပြီး မိသားစုဝင် ၄ ဦးကို သေနက်ဖြင့် ပစ်သတ်ရုံတင်မကဘဲ ရွှေ၊ ငွေနှင့် ပစ္စည်းများလည်း ယူဆောင်သွားသည်။


"အဆိုပါရပ်ကွက်အတွင်းနေထိုင်သူ မျက်မြင်သက်သေအများအပြား၏ ပြောဆိုချက်အရ ဦးဝင်းဇော်ဦး၏ နေအိမ်သို့ ည ၈: ၃၀ ဝန်းကျင်အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းခဲ့ခြင်းသာဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဤအကြမ်းဖက်လုပ်ရပ်အတွက် စစ်ကောင်စီအနေဖြင့် တာဝန်ယူရမည်" ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။


စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်သည် စစ်ကောင်စီတပ်များကို ဒေသလုပ် တူမီးသေနတ်များဖြင့်အစောဆုံးခုခံတိုက်ခိုက်ခဲ့သော မြို့နယ်လည်းဖြစ်သည်။ 


ကလေးမြို့နယ်ပြည်သူများသည်လည်း နေ့စဥ်ရက် ဆက်ဆိုသလို စစမအာဏာရှင်အား ဆန့်ကျင်လျက်ရှိသည်။


#MonywaEntertainment

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဗီနိင်းချိတ်ဆွဲထားသော အနီးမှ့ဈေးသည်များအဖမ်းခံရ။


 မြောက်ဥက္ကလာပမြို့နယ် မေဓာဝီလမ်းဆုံမှာ ဇွန် ၁၉ ရက် မနေ့က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဗီနိုင်းတစ်ခု ချိတ်ဆွဲထားရာ အဲဒီအနားမှာရှိတဲ့ ဆိုင်ကယ်ကယ်ရီဆွဲသူနဲ့ ဈေးသည် ငါးယောက်ဟာ မနေ့က နေ့လယ်ပိုင်းမှာ အဖမ်းခံလိုက်ရပါတယ်။


အဲဒီဗီနိုင်းကို ဘယ်သူကချိတ်သွားတယ်ဆိုတာကို မသိရဘဲ ဗီနိုင်ထောင်တဲ့အနားမှာ ရှိနေတဲ့သူတွေကို စစ်ဆေးဖို့ဆိုပြီး မြောက်ဥက္ကလာ ရဲစခန်းကို စစ်ကောင်စီတပ်တွေက ခေါ်သွားတာဖြစ်ပြီး ဒီနေ့ အဖမ်းခံ ထားရတဲ့သူတွေ အကုန်ပြန်လွတ်လာပြီလို့ လုံခြံရေးအရ အမည်မဖော်ချင်တဲ့ မြို့ခံတစ်ယောက်က ပြောပါတယ်။


မေဓာဝီလမ်းဆုံဟာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ မြို့နယ်ဆေးရုံ၊ အုပ်ချုပ်ရေးမှူးရုံးတွေရှိတဲ့ နေရာဖြစ်ပါတယ်။ အဲလိုနေရာမျိုးကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်း ဗီနိုင်းလာကပ်သူကို မဖမ်းမိဘဲ မသက်ဆိုင်တဲ့သူတွေကို ဖမ်းဆီးတာက မဖြစ်သင့်ဘူးလို့လည်း ပြောပါတယ်။


ဇွန် ၁၉ ရက်မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အနေနဲ့ တစ်ပြည်လုံးအနှံ့ ပန်းသပိတ်ဆင်နွဲခဲ့ကြပြီး အဲဒီထဲက ပန်းပန်တဲ့သူတွေတချို့လည်း အဖမ်းခံရတာတွေ ရှိခဲ့ပါတယ်။

Friday, June 18, 2021

မုရွာမြို့ အလုံတပ်နယ်ဈေးမီးလောင်


 18/6/2021

9:30 PM

မအလ လက်ထက်ရောက်မှုဘုန်းကြီးတွေတောင် ဧည့်စာရင်းတိုင်ရတဲ့ဘဝရောက်တော့တယ်


 

အမေရိကန် rock အဖွဲ့သီဆိုထားသော သီးချင်း

 


မြန်မာနွေဦးတော်လှန်ရေးသီချင်း


 

ကင်းရွာတစ်ရွာလုံးကို ရက်ရက်စက်စက်မီးရှိုခဲ့သော အကြမ်းဖက်စစ်တပ်ကြောင့် အသက်ကြီးသူများ မီးလောင်သေဆုံး


 

ကျိုက်ထိုကရဲဘာကြောင်ြအသတ်ခံရလဲ


 Crd: Myanmar now.

မီးဘယ်သူရှို့လဲဆိုတာမျက်မြင်သက်သေပြော


 မအလိုးစစ်တပ်က ရခိုင်မှာလဲ ဒီလိုဘဲ မီးရှို့ခဲတာ၊ ခုလဲသူတို့မဟုပ်ပါဘူးဆိုပြီးငြင်းနသးတယ်။

Crd: BBC

Wednesday, June 16, 2021

အောက်တန်းစား မြန်မာစစ်တပ် တရွာလုံးကိုမီးရှို့

 ပေါက်မြို့နယ် ကင်းမတစ်ရွာလုံးကို စစ်ကောင်စီလက်နက်ကိုင်များ မီးရှို့

-----------------------------------------------------------

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကင်းမရွာရှိ အိမ်ခြေများကို ယနေ့ (ဇွန် ၁၅ ) တွင် စစ်တပ်၏ လက်နက်ကိုင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပေါက်ဒေသခံတစ်ဦးက ပြောသည်။


ကင်းမရွာမှ ၁၂ မိုင်ကျော်အကွာရှိ ဒီးဒုတ်ကွင်းရွာရှိ အုပ်ချုပ်ရေးမှူးအိမ်ကို ဇွန် ၁၂ တွင် လူအချို့က သေနတ်ဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ ပစ်ခတ်သည့်အဖွဲ့၏ ဆိုင်ကယ်တစ်စီးပျက်၍ ယင်းရွာ၌ ကျန်ခဲ့ကြောင်း၊ အဆိုပါ ဆိုင်ကယ်လိုင်စင်၏ နေရပ်လိပ်စာကို လိုက်ရာ ကင်းမရွာမှ ဆိုင်ကယ်ဖြစ်၍ ယနေ့နေ့လယ်ပိုင်းက ကိုင်းလယ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ကင်းမရွာသို့ လာရောက်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောသည်။


“ကိုင်းလယ်ရဲစခန်းက ရဲအင်အား ၁၅ ယောက် ဆိုင်ကယ် ၁၅ စီးနဲ့ အဲဒီ ကင်းမဘက်ကို သွားရာမှာ မိုင်းအဆွဲခံရတာ ၉ယောက် သို့မဟုတ် ၁၀ယောက်လောက် ကျတယ်။ အဲဒီမှာတင် ရေပြာစခန်းက ဆိုင်ကယ်နဲ့ ၁၂စီး လာတယ်တဲ့။ ပေါက်ဘက်ကရော အရပ်ကုန်တင်ကားနဲ့ရော စစ်ကားရော ရဲကားရော လာတယ်တဲ့။ နောက် ပခုက္ကူဘက်ကလည်း လာတယ်တဲ့” ဟု အဆိုပါ ဒေသခံက ပြောသည်။


စစ်တပ်၏ လက်နက်ကိုင်များလာရောက်သည့် သတင်းကို ကြားသိပြီးနောက် ကင်းမရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေခဲ့ရာ ယင်းလက်နက်ကိုင်များက လူတစ်ဦးမျှ မတွေ့သဖြင့် ရွာကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။


“အခု နောက်ဆုံးသတင်းမှာတော့ သုံးပုံနှစ်ပုံလောက် လောင်နေပြီ” ဟု ပေါက်ဒေသခံက ယနေ့ ညနေ ၅ နာရီခန့်တွင် ပြောကြားသည်။


ကင်းမရွာတွင် လက်လုပ်သေနတ်အသုံးပြုသည့် ဒေသခံပြောက်ကျားခုခံရေးသမားများလည်း ရှိသဖြင့် စစ်တပ်၏ လက်နက်ကိုင်များ လာရောက်သည့်အခါ ရွာအပြင်ဘက်နား၌ ပစ်ခတ်မှုများလည်းဖြစ်ပွားခဲ့ကြောင်း မြေပြင်တွင် တိုက်ခိုက်ခဲ့သူများနှင့် အဆက်အသွယ်ရှိသည့် ပေါက်ဒေသခံ ကိုဘီတူးဆိုသူက Myanmar Now ကို ပြောသည်။


ပစ်ခတ်မှုများမှာ ညနေ ၄ နာရီခန့်တွင် ပြီးဆုံးသွားပြီး စစ်ကောင်စီလက်နက်ကိုင် ၁၅ ဦးခန့် သေဆုံးနိုင်ကြောင်း ၎င်းကဆိုသော်လည်း Myanmar Now က အတည်ပြုနိုင်ခြင်းမရှိပါ။


ဒေသခံပြောက်ကျားတိုက်ခိုက်ရေးသမားတစ်ဦးလည်း သေနတ်ဒဏ်ရာ ထိမှန်ခဲ့သည်ဟု ၎င်းက ဆိုသည်။


ကင်းမရွာသည် ပေါက်မြို့နှင့် ၁၈ မိုင်ခန့်ဝေးကာ အိမ်ခြေ ၂၃၀ ခန့်ရှိသည့် ရွာဖြစ်ပြီး စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ယနေ့ညနေပိုင်းအထိ မီးလောင်ကျွမ်းဆဲဖြစ်ကြောင်း၊ နေအိမ်ငါးလုံးခန့်သာ ကျန်ရှိတော့ကြောင်း အခြားဒေသခံတစ်ဦးကလည်း ပြောသည်။ 


လက်ရှိတွင် သက်ကြီးရွယ်အိုများမှလွဲ၍ ရွာသူရွာသားများ တိမ်းရှောင်နေကြပြီဖြစ်ရာ ရွာအတွင်း စစ်ကောင်စီလက်နက်ကိုင်များ ဆက်လက်တပ်စွဲထားခြင်း ရှိမရှိနှင့် မီးလောင်ကျွမ်းမှု နောက်ဆုံးအခြေအနေကိုမူ မသိနိုင်ကြောင်း ကိုဘီတူးက ဆိုသည်။


“စစ်ကောင်စီဘက်က တောနင်းရှာမယ်ဆိုလို့ ရွာက ပြည်သူတွေက ဝေးတဲ့နေရာကို တိမ်းရှောင်နေကြတော့ အိမ်ခြေဘယ်လောက် မီးလောင်သွားလဲ မသိရဘူး”




ဟု ကိုဘီတူးက ပြောသည်။

Monday, June 14, 2021

မန္တလေးမှ့ဆရာတော် ဦးဇဝန ကို အကြမ်းဖက်စစ်ကောင်စီမှ့ ရိုက်နှက်ဖမ်းဆီး


သံဃာတော် ဦးဇ၀နကို ဒကာဟန်ဆောင် ဖုန်းဆက်ပင့်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များက "အနား ဘယ်သူမှ မကပ်နဲ့" ဟုဆိုကာ ရိုက်နှက်ဖမ်းဆီး

ရန်ကုန်၊ ဇွန် ၁၄ 

မန္တလေး စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွင် ရှေ့တန်းမှ ကြွချီပါဝင်နေသည့် မန္တလေး ဘုရားကြီးတိုက်ဝင်း၊ အာသောကရာမတိုက် ကံသာကျောင်းမှ ဆရာတော် ဦးဇဝနကို ၎င်း၏ ဒကာတစ်ဦးကို ဖုန်းဆက်ပင့်ဆောင်ခိုင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်များက လူမြင်ကွင်းတွင် ရိုက်နှက်ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

ဇွန်လ ၁၄ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက မန္တလေး မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းကို ကားဖြင့်တိုက်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်း စသည့် ရက်စက်သော ဖြိုခွင်းမှုများကို လုပ်ဆောင်ခဲ့ကြောင်း၊ သပိတ်တွင်ပါဝင်သော ဆရာတော် ဦးဇ၀နသည် ဖြိုခွင်းခံရမှုမှ လွတ်မြောက်သွားသော်လည်း ဒကာတစ်ဦးက ဖုန်းဆက်၍ သွားရောက်ရာမှ အကြမ်းဖက်စစ်ကောင်စီတပ်များက ထောင်ချောက်ဆင် ရိုက်နှက်ဖမ်းဆီးသွား သည်ဟု မျက်မြင်တွေ့ရှိရသူများက ဆိုသည်။  

"ဆရာတော်က သပိတ်ဖြိုခွင်းခံလိုက်ရချိန်မှာ လွတ်မြောက်သွားခဲ့ပေမယ့် ဦးဇင်းနဲ့ရင်းနီးတဲ့ အဖမ်းခံလိုက်ရသူဒကာတဦးက ဖုန်းလှမ်းဆက်ခေါ်လို့ လွတ်မြောက်နေရာမှ ပြန်အသွားမှာ

စစ် ကောင်စီတပ်များရောက်လာပြီး ဦးဇင်းကို ဝိုင်းပီးရိုက်တယ်။ အနားကို ဘယ်သူမှမလာနဲ့ပြောပြီး ဆရာတော်ကို ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားတယ်"ဟု မန္တလေးမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးသိန်းအောင်မြင့်ကဆိုသည်။ 

ဗုဒ္ဓဘာသာမှ ဘုရားသားတော် ရဟန်းတစ်ပါးကို အကြမ်းဖက်စစ်ကောင်စီတပ်များက ရိုက်နှက် ဖမ်းဆီးခြင်းသည် ရိုင်းစိုင်းသော လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုသည်။

"သံဃာကို သံဃာလို့မြင်ရင် ရိုက်ပီးဖမ်းစရာမလိုသလို သူတို့ဖမ်းလို့မမိလို့ လွတ်သွားတဲ့ သံဃာတော်တစ်ပါး ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတာ အခုလိုထောင် ဖမ်းစရာလည်း မလိုဘူး" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇွန်လ ၁ ရက်နေ့ကလည်း မန္တလေး မစိုးရိမ်တိုက်သစ်တွင် ပရိတ်ရွတ်ဖတ်သည့် သံဃာတော်များကို ဆဲဆိုခြင်း၊ သေနတ်ဖြင့် ပစ်ခြင်း၊ ရမ်းကားခြင်းများ ပြုလုပ်ခဲ့သေးသည်။

ဓာတ်ပုံ- မန္တလေး မဟာမိတ် တပ်ပေါင်းစု သပိတ်စစ်ကြောင်းမှ ဆရာတော် ဦးဇ၀န။

https://www.facebook.com/khitthitnews/photos/a.386800725090613/1221979858239358/