Monday, September 9, 2019

ကျနော်တို့ ရည်းစားဖြစ်လာတဲ့
သက်တမ်းတလျှောက်မှာ သူမအတွက်ဆိုပြီး
ကျနော့်ဖက်ကနေ ဘာမှကြီးကြီးမားမား
လက်ဆောင်မပေးခဲ့ဖူးဘူး
Suprise ဆိုတာလည်း မရှိခဲ့ဘူး

ဒါပေမယ့်သူမကျနော့်အပေါ်နားလည်တယ်
ကျနော်ချမ်းသာတဲ့လူမဟုတ်မှန်းသိသိနဲ့
အချစ်တစ်ခုတည်းကြောင့်ပဲ လက်တွဲခဲ့တယ်

တခုခုသွားစားရအောင်လေ လို့ပြောတိုင်း
အမြဲတမ်းငြင်းဆန်ခဲ့တဲ့သူ
တခုခုဝယ်ရအောင်လို့ ပြောတိုင်းလည်း
ကိုကို ပိုက်ဆံကုန်မှာပေါ့ဆိုပြီး
ဖြောင်းဖြပေးခဲ့တဲ့သူ

💚💚💚 အမှတ်တရနေ့လေး 💚💚💚
အဲဒီနေ့က သူကျောင်းမဆင်းခင်
ကျနော်ကျောင်းရှေ့မှာ အရင်ဆုံး
သွားစောင့်နေခဲ့တယ်

ကျောင်းဆင်းလာတော့ သူမက ကျနော့်ကို

" ဘယ်သွားမလို့လည်း " တဲ့

" လာပါတက်ပါ .. ဟိုရောက်ရင်သိရမယ် "

ဆိုပြီး ကျနော့်ဆိုင်ကယ်နဲ့ပဲအတင်းခေါ်လာခဲ့တယ်
ဖုန်းဆိုင်ရှေ့ရောက်တော့

"လာလေ ချစ် "

" ဟင် .. ဖုန်းဘေဝယ်ရုံပဲမဟုတ်ဘူးလား "

" လာပါဆို "

အဲဒါနဲ့သူလည်း ဖုန်းဆိုင်ထဲလိုက်ဝင်လာတယ်
ဖုန်းဆိုင်ဆိုတော့ သိတဲ့အတိုင်း
ဖုန်း model အမျိုးအစားအလိုက်
လှလှပပ စီရီထားကြတာပေါ့လေ
အဲ့ဒီနောက်
ဆိုင်ရှင်အမျိုးသမီးက ကျနော်တို့ကို ကြိုဆိုတယ်

" မင်္ဂလာပါရှင့် "

" ဟုတ် အစ်မရေ အခုနောက်ဆုံးထွက်ထားတဲ့
i phone ရောက်ပြီလား မသိဘူး "

" အင်း ရပြီမောင်လေး
မနေ့ကပဲ ရောက်တာ " ဆိုပြီး

အဖြူရောင် i phone လေးတစ်လုံးထုတ်လာပေးတယ်

" ဪ.. ဒါလား အစ်မ "

" ဟုတ်ကဲ့ "

ကျနော်လည်း ဖုန်းကို ကောက်ကိုင်လိုက်ပြီး

" ကဲ .. ချစ်
ဒါပဲလေ.. အခုနောက်ဆုံးထွက်ထားတဲ့ iphone "

" omm "

" ဒါဆို ကိုတို့
နောက်အသစ်ထွက်မှပဲ ထပ်လာကြည့်ကြတာပေါ့ "

" ဟုတ် "

အခုတော့ ကျနော့်ဆန္ဒပြည့်ဝသွားခဲ့ပါပြီ
သူမအရမ်းမြင်ချင်ခဲ့တဲ့ နောက်ဆုံးပေါ် i phone ကို
ကျနော် ဆိုင်ခေါ်ပြနိုင်ခဲ့ပါပြီ
နောက်လည်း ကြုံရင်ကြုံသလို suprise လုပ်ပြီး
ခေါ်ပြပါအုံးမယ်

#စိန်သောင်း

No comments:

Post a Comment