Monday, September 9, 2019

အချစ်ဆိုတာအတင်းကြပ်လုပ်ယူလို့မရဘူး

ကျနော် ထ ပြန်မယ်လုပ်တော့
သူမက ကျနော့်လက်ကို လှမ်းဆွဲလိုက်တယ်

" ညီမလေး ဒါဘာလုပ်တာလဲ "

" ကိုကြီးလက်ကို ကိုင်တာလေ "

ကျနော့်ဘဝမှာ ဘယ်မိန်းခလေးကိုမှ
ပေးမထိဖူးခဲ့လက်ကို သူမကတင်းကြပ်စွာ
ဆုပ်ထားပြီး

" ကိုကြီးကို ညီမလေးချစ်မိနေပြီ"

" ဘာ "

ကျနော် ဒေါသထွက်မှန်းသိတော့
ကျနော့်လက်ကို ပြန်လွှတ်ပေးပြီး

" ညီမလေးတောင်းပန်ပါတယ်နော် "

" အင်းပါ .. ညီမလေးကို ကိုကြီးလက်
ပေးကိုင်တာပဲ လွန်လှပါပြီ "

" ဟုတ်ပါတယ် ကိုကြီးရယ်
ညီမလေး ဆန္ဒစောသွားလို့ပါ
ခဏလေးပဲ ထိုင်ပေးပါလား "

ဒီလိုနဲ့
ကျနော်ထိုင်မဲ့ ခုံကို သူမနဲ့ခပ်လှမ်းလှမ်းနေရာ
ရွှေ့ပြီး ပြန်ထိုင်နေလိုက်တယ်

" ကိုကြီးစားချင်တာ မှာလေ
ညီမလေး ကိုကြီးစားချင်တာအကုန်
ဝယ်ကျွေးပါ့မယ် "

" ရပါတယ် ညီမ
မုန့်လာကျွေးတိုင်း ပြန်ကြိုက်တတ်တဲ့လူတွေထဲ
ကိုကြီး မပါဘူး "

" ဟာ .. မဟုတ်ဘူး
ကိုကြီး အထင်တွေလွှဲနေပြီ ညီမလေးက
ကိုကြီးတွက်ဆို အရာရာပေးဆပ်ဖို့
ဆုံးဖြတ်ထားပြီးသားပါ "

" တော်ပီ တော်ပီ
ညီမ ဒါတွေပဲဆက်ပြောနေမယ်ဆိုရင်
ကိုကြီး ပြန်ရလိမ့်မယ် "

" ဟာ .. ကိုကြီး "

သူမ ကျနော့်ဆီကို တဖြည်းဖြည်း
ချဉ်းကပ်လာပြန်ပြီး ရုတ်တရက်ဆိုသလို
ကျနော့်ဘေးမှာ ဒူးထချလိုက်တယ်

" ဟင် "

" ကိုကြီးကိုလက်ထပ်ပါရစေ "

အဲဒီချိန်မှာပဲ သူမရဲ့မျက်လုံးထဲမှာ
တဏှာရမ္မက်အခိုးငွေ့တွေ
အလိပ်လိပ်တက်နေတာကို ကျနော်
တွေ့လ်ိုက်ရတယ်

" ညီမလေးကို ကိုကြီးအဖြေတောင်
ပြန်မပေးရသေးဘူးလေကွာ "

" ဟုတ်ပါတယ် .. ဒါပေမယ့်
ကိုကြီးကို ဘယ်နည်းနဲ့မှ သူများထက်ထဲ
အပါမခံနိုင်ဘူး "

" ညီမရယ် .. စိတ်လျှော့ပါအုံး "

အဲဒီမှာတင် သူမဟာ
ပိုအတင့်ရဲလာပြီး ကျနော့်ခြေသလုံးကို
ဖက်လိုက်တယ်

" ဟာ .. ညီ . . ညီမ
လွန် . . လွန်လာပြီနော်
ကိုကြီးရှက်လာပြီ "

" ညီမကို လက်ထပ်ပါ့မယ်လို့ပြောမှ
လွှတ်ပေးမယ် "

" ဟာကွာ "

ကြာလာလေလေ သူမက ပိုဆိုးလာလေလေ
ဖြစ်နေပါပြီ .. ဆိုင်ထဲကလူတွေကလည်း
ကျနော်တို့ကိုဝိုင်းကြည့်နေကြပြီဆိုတော့

" ကိုကြီးပြောမထွက်ဘူး ညီမလေးရယ်
အချစ်ဆိုတာ အတင်းကြပ်လုပ်ယူလို့ရတဲ့
အရာမဟုတ်ပါဘူး "

" ဘာဖြစ်လည်း ကိုကြီးရယ်
အနေနီးပြီး သံယောဇဉ်တွေဖြစ်လာတဲ့အခါ
ကိုကြီး ချစ်ရင်ချစ်သွားမှာပေါ့
အခုတော့ ညီမလေး Propose လုပ်တာကို
လက်ခံပေးပါနော် "

ကျနော့်ရဲ့ လှပလွန်းတဲ့မျက်နှာကို
သူမ စူးစိုက်ကြည့်နေတယ် .. ကျနော်ကတော့
သူမကို တချက်မှမကြည့်ပဲ ခေါင်းညိတ်ပြလိုက်ပါတယ်

" ဒါဆို ကိုကြီးညီမလေးကို
လက်ထပ်မှာပေါ့နော် "

ကျနော် မျက်ရည်ကျနေရုံကလွဲလို့
ဘာမှမပြောနိုင်တော့ပါဘူး ..

______ ဒုတိယပိုင်း ______ မျှော်

#စိန်သောင်း

No comments:

Post a Comment