Thursday, September 19, 2019

မြန်မာစစ်တပ်လောက်ယုတ်မာတဲ့စစ်တပ် ကမ္ဘမှာမရှိပါ

မြင်ကြပြီလာ*ရခိုင်စစ်ပွဲ*စုံစမ်းစစ်ဆေးရေးအဖွဲဖွဲဖို အဆိုတင်သွင်း *စစ်တပ်*ကန့်ကွက်တယ်
အားအားရှိ အမေစုကို ဆဲးဆိုနေတဲလူတွေမြင်ပြီလာ 
သတ်တာလည်စစ်တပ် ကန့်ကွက်တာလည် စသ်တပ်ပဲ

 ဧရာဝတီ၊ စက်တင်ဘာ ၁၈၊ ၂၀၁၉

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲကာလအတွင်း တိုက်ပွဲနဲ့ လုံးဝ သက်ဆိုင်ခြင်း မရှိဘဲ လက်နက်ကြီး ၊ လက်နက်ငယ် ကျည်ထိမှန်ပြီး အရပ်သား ပြည်သူတွေ သေဆုံးမှု ၊ ထိခိုက်ဒဏ်ရာ ရရှိမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းလေ့လာရေးအဖွဲ့ ဖွဲ့စည်းဖို့ ရခိုင်ပြည်နယ် လွှတ်တော်မှာ အဆိုတင်သွင်းလိုက်ပါတယ်။

မြောက်ဦးမဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဒီကနေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဦးဆောင်ကာ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာ၊ လူမှုအဖွဲ့က ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ စုံစမ်းလေ့လာရေးအဖွဲ့ ဖွဲ့စည်းပြီး လေ့လာစုံစမ်းမှုတွေ ပြုလုပ်ဖို့ ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်း အဆို ဖြစ်ပါတယ်။

အဆိုနဲ့ ပတ်သက်ပြီး လက်ခံဆွေးနွေးရန် သင့်မသင့် လွှတ်တော် သဘောထားကို ရယူခဲ့ရာ တပ်မတော်သား လွတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့တာကြောင့် လွှတ်တော်မှာ မတ်တပ်ရပ် စနစ်နဲ့ မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံသူများတဲ့အတွက် လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ယင်းအဆိုကို ဆက်လက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ရိုက်ကူး - မင်းအောင်ခိုင်

တည်းဖြတ် - ဝေယံမိုးမြင့်

No comments:

Post a Comment