Monday, September 30, 2019

ဂုဏ်ယူပါ၏ ဂုဏ်ယူ၏ ( မအလ လိုးစစ်ခေါင်းဆောင်တစ်စု)

ဂုဏ်ယူပါဘိ။ယူပါ၏။ ။

တိုင်းပြည်ကို မွဲတေပြာကျအောင် လုပ်ခဲ့ရုံတင်မက တရုတ်လက်ထဲကိုပါ ထိုးအပ်ခဲ့တဲ့ စစ်တပ်။

ဗိုလ်ချုပ်ကြီးတွေအားလုံး ထားစရာမရှိအောင် ချမ်းသာနေတဲ့စစ်တပ်။

အကြီးမားဆုံး စီးပွားရေးလုပ်ငန်းကြီးတွေကို မောင်ပိုင်စီးထားတဲ့စစ်တပ်။

တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေတွေကို ဇွတ်အတင်းအဓမ္မသိမ်း ယူတဲ့အပြင် မြို့ကြီးတိုင်းလိုလိုမှာရှိတဲ့ နေရာကောင်းမှန်သမျှ တပ်ပိုင်မြေဆိုပြီး လောဘတကြီး သိမ်း ထားတဲ့စစ်တပ်။

ပြည်ပကျူးကျော်စစ်မဆိုထားနဲ့ ပြည်တွင်းကလက်နက်ကိုင်အဖွဲ့တွေကိုတောင် နိုင်အောင် မတိုက်နိုင်တဲ့စစ်တပ်။

သူတို့ကိုဆန့်ကျင်လာတဲ့ လက်နက်မဲ့ပြည်သူလူထုကို အချိန်မရွေး၊နေရာမရွေး ရက်ရက် စက်စက်ပစ်သတ်ရဲတဲ့စစ်တပ်။

လူထုခေါင်းဆောင်ကို အကြိမ်ကြိမ်လုပ်ကြံခဲ့တဲ့စစ်တပ်။

ဘယ်သောအခါကမှ ပြည်သူ့ဘက်ကနေ မရပ်တည်တဲ့စစ်တပ်။

တိုင်းပြည်ကယ်တင်ရှင်ကြီးဆိုပြီး ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းဇမ်းတင်
ဂုဏ်ယူနေတတ်တဲ့ စစ်တပ်။

လွှတ်တော်ထဲမှာအမတ်နေရာ၂၅%ကို မျက်နှာပြောင်တိုက်ပြီး ဝင်ထိုင်နေတဲ့စစ်တပ်။

လူထုကရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရကိုအမြဲတမ်းကပ်ဖဲ့တိုက်ဆန့်ကျင်နေ တဲ့စစ်တပ်။

လျှပ်စစ်မီတာခအပါအဝင် အခွန်မှန်သမျှ မပေးဘဲနေတဲ့စစ်တပ်။

အမြဲတမ်း ဖင်တစ်ခွန်းခေါင်းတစ်ခွန်းပြောတတ်ပြီး ဘယ်တော့မှစကား
မတည်တဲ့စစ်တပ်။

စစ်အသုံးစားရိတ်ကိုစိတ်ကြိုက်တင်တောင်းနိုင်ပြီးစာရင်းစစ်ခွင့်မရှိတဲ့စစ်တပ်။

အနှီစစ်တပ် ထိုစစ်တပ် ဤစစ်တပ်၏ခေါင်းဆောင်များကို နိုင်ငံတကာမှအရေးယူရန်ဖိအားပေးလာခဲ့
လျှင် ပြည်သူလူထုအနေဖြင့်၊အကာအကွယ်ပေးရန် တာဝန်ရှိသည် တဲ့။

အို။ ဘာတဲ့။ ငါဟဲ့။ပြည်သူ၊ဂုဏ်ယူပါဘိ။ယူပါ၏။

(စာဖတ်ပြီး အူကြောင်ကြောင်လုပ်မနေကြနဲ့။အချိန်ရှိတုန်းဂုဏ်ယူလိုက်
ကြလေ။နာသွားချင်လို့လား။ ။)
Credits:#မင်းဒင်

No comments:

Post a Comment