Thursday, September 12, 2019

ခလေးစစ်သားအဖြစ် ၁၄ နှစ်နေခဲ့ရပြီးလူသတ်မူဖြင့်သေဒဏ်အပြစ်ပေးခံရသူ ကိုအောင်ကိုထွေးပြောကြားချက်

လက်နက်ကိုင်တဲ့ တပ်ဖွဲ့တိုင်းမှာ ကလေးစစ်သားတွေ ရှိနေသေးတယ် (ရုပ်/သံ)

ဧရာဝတီ၊ စက်တင်ဘာ ၁၀၊ ၂၀၁၉

ကိုအောင်ကိုထွေးဟာ အသက် ၁၄ နှစ်အရွယ်ထဲက ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရပြီး တပ်မတော်က ထွက်ပြေးစဉ် လူသတ်မှုတခုဖြင့် သေဒဏ်အပြစ်ပေးခံခဲ့ရသူဖြစ်ပါတယ်။ အဲ့ဒီနောက် ၂ဝ၁၀ ခုနှစ်မှ ထောင် ၁ဝ နှစ် ဆိုပြီး ပြစ်ဒဏ် လျော့ပေါ့ပေးတာကြောင့် ၂ဝ၁၇ ခုနှစ်မှာ ထောင်ကနေ လွတ်မြောက်လာခဲ့တယ်။ လွတ်မြောက်လာပြီး မကြာခင်မှာပဲ သူဟာ စစ်တပ်နဲ့ ပက်သက်ပြီး သူဘဝအကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် ဒုတိယအကြိမ် ထပ်မံထောင်ကျခဲ့ရတဲ့အတွက် ထောင်ထဲမှာ သူဟာ ၁၀ စုနှစ်ကျော်မျှ နေခဲ့ရတဲ့သူ ဖြစ်ပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့က ဒုတိယအကြိမ်မြောက် အင်းစိန်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

အင်တာဗျူး - ထက်ခေါင်လင်း
ရိုက်ကူး/တည်းဖြတ် - ငြိမ်းဇော်

No comments:

Post a Comment