Wednesday, September 25, 2019

မြန်မာ့လွတ်လပ်ရေးသမိုင်းထဲက သူရဲကောင်းအမျိုးသမီး မာရီလှတော





၁၉၄၀-၄၁လွတ်လပ်ရေးမရခင်မှာဒို့ဗမာအစည်းရုံး
ဖွဲ့ပြီးသခင်တွေလွတ်လပ်ရေးရဖို့ကြိုးစားနေတဲ့အချိန်။ လွတ်လပ်ရေးရဖို့တွက်တရားဟောတဲ့သခင်နု နဲ့ သခင်သန်းထွန်းရန်ကုန်မှာအဖမ်းခံရတယ်။
တစ်ချိန်တည်းမှာ သခင်အောင်ဆန်း နဲ့(ကျုံမငေး)သခင်တင်မောင်ကဟင်္သာတမှာ တရားသွားဟောနေတယ်။
တရားဟောနေတဲ့အချိန်မှာလည်း…  သခင်အောင်ဆန်းကိုဆုငွေထုတ်ပြီးတရားပွဲက
ဆင်းတာနဲ့ ဝင်ဖမ်းမှာဖြစ်တယ်။
ဒါ့ကြောင့်ဗြိတိသျှပုလိပ်တွေ တရားပွဲကိုလာဝိုင်းတယ်။ ဝိုင်းတာလဲသိရော… တရားပွဲထဲကနေ
သခင်အောင်ဆန်းနဲ့ (ကျုံမငေး)သခင်တင်မောင် က အဲ့ဒီလူအုပ်ထဲကနေထွက်ပြီးလမ်းမပေါ်
ရောက်သွားတယ်။
လမ်းမပေါ်ရောက်ပြီးထွက်ပြေးမယ်လုပ်တော့
လမ်းမတိုင်းလမ်းမတိုင်းမှာဗြိတိသျှပုလိပ်တွေ
ရှိနေတော့ဘယ်မှပြေးမလွတ်တောဘူး။
ပြေးမလွတ်တဲ့အချိန်ကျတော့မှသခင်တင်မောင်
ကအကြံပေးတယ်။

"ကျွန်တော်တို့လူမျိုးခြားအဖမ်းတော့မခံဘူး။ ကျွန်တော်တို့ဗမာအချင်းချင်းဖမ်းချင်ဖမ်းပါစေ"  ဆိုတယ်။………

အဲ့ဒီအချိန်မှာဟင်္သတရဲ့ရာဇဝတ်ဝန်ထောက်က မစ္စတာဇေးဗီးယား……
ဒုတိယရာဇဝတ်ဝန်ထောက်ကဦးလှတော(ဗမာလူမျိုး)
ဦးလှတောကICSတကယ့်ဗြိတိသျှအစိုးရကလူယုံ
အနေနဲ့ခန့်ထားတဲ့ဒုတိယအကြီးဆုံး
ရာဇဝတ်ဝန်ထောက်။

ဦးလှတောရဲ့မိန်းကလေးက… ဇနီးသည်
လေးက…… "အင်မတန်ချော… အင်မတန်လှ… အင်မတန်အသက်ငယ်ပြီးတော့ဗမာတွေ
မျက်စေ့ထဲမှာကြည့်မရထောင့်မကျိုး…
 ဗိုလ်ဆန်တဲ့ကလေးမလေး "…
နာမည်ကိုက ယောက်ျားရပြီးတာနဲ့
"မာရီလှတော" ဆိုပြီး တော့
နာမည်ပြောင်းထားတဲ့ကလေးမလေး။

အဲ့ဒီအိမ်က သခင် အောင်ဆန်း နဲ့ (ကျုံမငေး)သခင်တင်မောင် ရောက်နေတဲ့နေရာနဲ့ နီးတယ်။
နီးတော့အဲဒီခြံဝန်းထဲကို ဝင်သွားတယ်။
ဝင်သွားတဲ့အချိန်မှာတိုက်ရဲ့ဆင်ဝင်အာက်မှာ ကားတစ်စီးရပ်ထားတယ်။ ကားဘေးမှာလင်မယားနှစ်ယောက်စကားပြောနေတယ်။
ယောက်ျားကရုံးသွားကာနီးအချိန်မှာ သခင်နှစ်ယောက်ကရောက်သွားပြီးသခင်တင်မောင်
ကစကားစလိုက်တယ်...
 "ကျွန်တော်တို့လာတာကတော့…" ပြောစရှိသေး
"မာရီလှတော" က သူ့ယောက်ျားကို……
"အစ်ကို အလုပ်ကို သွားစရာရှိတာသွားတော့…… ကျွန်မကြည့်ရှင်းလိုက်
မယ်ဆိုပြီးတော့……
သူ့ယောက်ျားကို ကားပေါ်တင်ပေးလိုက်တယ်။

သူ့ယောက်ျားကားမောင်းထွက်သွာပြီးတော့မှ
"ရှင်တို့ဘာကိစ္စရှိလဲ"လို့မေးတော့မှ…… သခင်တင်မောင်က ပြောပြသည်။

"ခင်ဗျားယောက်ျားဆီမှာ အဖမ်းခံဖို့လာတာ… ကျွန်တော်တို့ဘယ်လိုမှပြေး
မလွတ်တော့ဘူး… အဲ့ဒီဗြိတိသျှပုလိပ်တွေလက်ထဲမှာ အဖမ်း မခံချင်လို့…
ဗမာအချင်းချင်း အဖမ်းခံချင်လို့… ခင်ဗျားယောက်ျားဖမ်းမလား ဆိုပြီးလာ
အပ်တာ…… ခုခင်ဗျားယောက်ျားထွက်သွားပြီ…   ခင်ဗျားတယ်လီဖုန်းဆက်...
နီးစပ်ရာ ဂတ်ကို ဒါမှမဟုတ် ခင်ဗျားယောက်ျားကို  ဖုန်းဆက်ပြီးတော့အကြောင်းကြား…

ကျွန်တော်တို့ အဖမ်းခံဖို့အဆင်သင့်ပဲ"
လို့ပြောချိန်မှာ
"မာရီလှတော" က ခဏလေးနေဦး…… ဆိုပြီးတော့ အိမ်ထဲဝင်သွာတယ်။
အဲ့ဒီအချိန်မှာ သခင်နှစ်ယောက်က သူတို့့ကို ဖုန်းဆက်အကြောင်းကြားမယ်လို့ထင်နေတဲ့အချိန်မှာခဏလေးကြာတော့… မာရီလှတောပြန်ထွက်လာတယ်။ လက်ထဲမှာကားသော့လေးတစ်ချောင်းပါလာတယ်။ ပြီးတော့မှဂိုထောင်ထဲကကားတစ်စီးထုတ်လာကာ…

 "ရှင်တို့နှစ်ယောက်နောက်ခန်းကတက်။ဝပ်ပြီးလိုက်ခဲ့… "

ဆိုပြီး..မာရီလှတောကအဲဒီသခင်နှစ်ယောက်ကို
ခြံဝန်းထဲကထွက်ပြီးတော့ဟင်္သာတမြို့ထဲကို
ဖြတ်မောင်းတယ် ၊ပတ်မောင်းတဲ့အချိန်မှာ စစ်ပုလိပ်တွေက  ဒါ… ရာဇဝတ်ဝန်ထောက်ရဲ့ကားဆိုတာသိတော့ မရှာပါဘူး။ မရှာတော့ဘယ်ကို ရောက်သွားလဲဆိုတော့
ဟင်္သာတနဲ့တော်တော်လေးလှမ်းတဲ့ "ယုန်တလင်း" ဆိုတဲ့ရွာကို ရောက်သွား သည်။
"ယုန်တလင်း"ဆိုတဲ့ရွာမှာ ဘယ်သူရှိလဲဆိုတော့ နောင်တစ်ချိန်မှာ"အာဇာနည်ခေါင်းဆောင်" ဖြစ်လာမဲ့ "မန်းဘခိုင်" ရှိတယ်။မန်းဘခိုင်ရဲ့ငှက်ပျောတောကြီးထဲမှာ သခင်နှစ်ယောက်ကို ဖွက်ပေးထားတယ်။
ဖွက်ပေးထားထားပြီး နောက်တစ်နေ့မှာ မန်းဘခိုင်က
သူ့ငှက်ပျောလှေတွေထဲမှာငှက်ပျောခိုင်တွေနဲ့ဖိဖိ
ပြီးတော့မှသခင်နှစ်ယောက်ကိုရန်ကုန်သို့ပို့လိုက်တယ်။ နောက်တစ်နေ့မှာ သခင်အောင်ဆန်းဟာ
"အမွိုင်"ကို လွတ်လပ်ရေးအတွက် ခရီးထွက်သွားခဲ့တယ်။
ကောင်းပြီ...ဘာပြောချင်လဲဆိုတော့……
"မာရီလှတော"ကို လူတွေသိသလား။
အဲဒီ မာရီလှတောရဲ့လုပ်ရပ်က ဘယ်လောက်အရေးကြီးလဲ……
မာရီလှတောကသာ အဖမ်းခိုင်းလိုက်ရင် ဘာပြောပြော ကျွန်တော်တို့လွတ်လတ်ရေး  ဒီလောက်မြန်မြန်ရပါ့မလား ?စဉ်းစားစရာတွေများကြီးရှိပါတယ်။
အဲဒီတော့မာရီလှတောဟာကောင်းကင်မရှိတဲ့
ကြယ်မဟုတ်ဘူးလား?

(ဗိုလ်ချုပ်တို့က ကောင်းကင်ရှိတဲ့ကြယ် )
ဘာလို့ကျွန်တော်တို့မတွေ့ကြရတာလဲ? အဲဒီလိုကောင်းကင်မရှိတဲ့ကြယ်တွေ
အများကြီးရှိပါတယ်။
အဲဒီမှာမှားမှန်ခွဲနိုင်တဲ့ပညာဆိုတာကိုဘာတွေလဲဆိုတော့…
မာရီလှတောကသူဘာလုပ်ရမလဲလို့စဉ်းစားတဲ့အချိန်မှာ မှန်လား မှာလားဆိုတာ နှစ်ချက်ကိုစစဉ်းစားမယ်……… ဖမ်းလိုက်တာမှန်လား ...
လွှတ်လိုက်တာမှန်လား ဆိုတာကိုပေါ့။
"ဘယ်လောက်ခေတ်ဆန်ဆန် ဘယ်လောက်ဗိုလ်ဆန်ဆန်နှလုံးသားက……
ဗမာ ဗျ…… ဗမာလိုတွေးမှာပဲ ဗမာ့လွတ်လပ်ရေးကိုကြိုက်မှာပဲ။
ယောက်ျားက ဘယ်လောက်ပဲ ဗြိတိသျှ ဝန်ထမ်းဖြစ်ဖြစ် ဗမာပြည်ကိုချစ်မှာပဲ။ အဲဒီအတွက်လွှတ်လိုက်တာမှန်တယ်လို့ သူသိတယ်။
ဒါပေမဲ့ သူ့နေရာမှာ ကျွန်တော်တို့ဝင်စဉ်းစားကြည့်လိုက်။
လွှတ်တာမှန်မှန်းသိရင်လွှတ်ရဲမလား………
 လွှတ်လိုက်ရင် ငါ့ယောက်ျားပြုတ်သွားမလား……
ငါတို့တိုက်ကြီးကို လာပိတ်သွားမလား… ငါ့တို့လင်မယားနှစ်ယောက်ကိုဖမ်းမလား… သူတွေးမှာပဲ။ သူမတွေးပဲမနေဘူး……
အဲဒါတွေ တွေးပြီးတော့မှ… အဲဒါတွေဖြစ်ချင်ဖြစ် လုပ်ရဲတယ်ဆိုပြီး မာရီလှတော လုပ်သွားတာ……အဲဒါအမှန်ကိုချစ်တာပဲ။ အဲဒါသူရဲကောင်းပဲ။
 အများကြီး။ကျွန်တော်တို့ကမာရီလှတောလိုမလုပ်ရဲလို့မလုပ်
ခဲ့ရတာတွေဒါဆိုရင်မာရီလှတောဟာလည်းသူရဲကောင်းအမျိုးသမီးတစ်ယောက်ပါလို့ဆိုချင်ပါတယ်...

ကိုးကား.... မြန်မာ့လွတ်လတ်ရေးသမိုင်းစာအုပ်များ...

( အောင်ဆန်းရုပ်ရှင်တွင် မိုးဟေကိုမှ မာရီလှတောအဖြစ်သရုပ်ဆောင်ပါမည်...
မာရီလှတောအကြောင်းမသိသေးသူများအတွက်
သိရှိစေရန်အတွက်တင်ပြအပ်ပါသည်)

Ko Nay Win

ZN.H 🇦🇺

No comments:

Post a Comment