Sunday, September 15, 2019

အလွဲများနဲ့မြန်မာပြည်


ဒေါ်အောင်ဆန်းစုကြည်နဲ့ မွန်ပြည်နယ်က လူငယ်တွေ ဆွေးနေတဲ့ Live ကို အလုပ်ထဲကနေ နားထောင်ရတယ်။ အဲဒိမှာ လူငယ်တစ်ယောက်က မွန်ပြည်နယ်တစ်ခုလုံးမှာ အကြီးဆုံးဆေးရုံဖြစ်တဲ့ မော်လမြိုင်ဆေးရုံကြီးမှာ ဓာတ်မှန်စက် တစ်ခုပဲရှိတယ်လို့ပြောတယ်။

ရှိတဲ့စက်တောင် ပျက်နေတယ်။ ဒါနဲ့ပက်သက်ပြီး ဘာကိုပြေးမြင်မိလဲဆိုတော့ ၀င်းစိန်တောရ ဆရာတော်ကြီးရဲ ့ ကမ္ဘာ့အကြီးဆုံး လောင်းတော်မှုဘုရား။ တည်ခ ဒေါ်လာသန်းချီကုန်တယ်။

ကိုရင်လေးကျောင်းရဲ ့ကြီးမားခန့်ညားလှသော ကျောင်းတော်ကြီး။ ဘင်လှိုင်ကျောင်းရဲ ့ကြေးသွန်းရုပ်ပွားတော်ကြီး။ ဖားအောက်တောရထဲမှာရှိတဲ့ နိုင်ငံတကာအဆင့်မှီကျောင်းတော်ကြီး။ စတဲ့ ကျောင်း၊ စေတီနဲ့ သာသနိက အဆောက်အဦးတွေကို ပြေးမြင်မိတယ်။ ကျနော်တို့မြန်မာလူမျိုးတွေ လွဲပုံများ အံ့မခန်းပဲ။

မော်လမြိုင်ဆေးရုံကြီးမှာ ဓာတ်မှန်စက်တစ်ခုပဲရှိတာနဲသေးတာပေါ့။ ဘုရားနဲ့စေတီတွေကို အသားကုန်တည်ကြတာကိုး။

အာဖဂန်နစ်စတန်၊ မလေးရှား၊ အင်ဒိုနီးရှားမှာ ဘာ့ကြောင့် ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားလဲဆိုတော့ လူတွေအတွက် လိုအပ်တဲ့ အရေးကြီးအချက်တွေကို မလုပ်ပဲ၊ ဘုရားရုပ်ပွားတော်တွေကို ဘုရင်တွေက စွတ်ပြီးတည်ကြတယ်။

 လူတွေက ငတ်ကြတယ်။ ဘာသာခြားက အဲဒိအခွင့်အကောင်းကိုယူပြီး ငွေပေး၊ ပစ္စည်းပေးစည်းရုံးပြီး သူတို့ဘာသာထဲကို သွတ်သွင်းရင်းနဲ့ဗုဒ္ဓဘာသာဟာ တဖြည်းဖြည်းနဲ့ ကြုံ့၀င် (Squeeze) ဖြစ်လာတယ်။ နောက်ဆုံး အင်အားများတဲ့ ဘာသာခြားတွေဖြစ်လာပြီး အဲဒိနိုင်ငံတွေမှာ ဘာသာပျောက်ကုန်တယ်။

ကျနော်တို့မြတ်စွာဘုရားက စေတီတည်၊ ရုပ်ပွားတော်တည်လို့ဆိုပြီး မဟောခဲ့ဘူး။ လူတွေက သူ့ရဲ ့ ဆံပင်၊ အရိုး၊ သွားတော်တို့ကို ပူဇော်ချင်လို့ စေတီထဲ ထဲ့ပြီး ပူဇော်ကြတယ်။ နောက်ပိုင်း လူတွေက တဖြည်းဖြည်းနဲ့ တန်ဘိုးရှိတဲ့ ပစ္စည်းတွေကို လူတွေအတွက်အသုံးမချပဲ စေတီထဲကို ထည့်ပြစ်လိုက်ကြတယ်။ Waste ဖြစ်ကုန်တယ်။

အဲဒိစေတီကို မသမာတဲ့ ဂေါပကတွေက ကျောက်စိမ်းအတုနဲ့အစစ်လဲထည့်တယ်။ ရွှေအတုနဲ့အစစ်လဲထည့်တယ်။ ပတ္တမြားအစစ်နဲ့အတုလဲထည့်တယ်။ ရွှေခွာရောင်းစားတယ်။ ဂေါပက နာမည်ခံပြီး ဘုရားရဲ ့၀င်ငွေနဲ့ ချဲထိုးတယ်။

ဆရာတော်ကြီးတွေကလည်း ဘုရားတည်၊ လှူဒါန်း၊ စတဲ့ ဘုရားကိုပဲ စွတ်လှူဖို့တရားကိုဟောတယ်။ ဘုရားကို ဘိန်းလိုစွဲနေတဲ့ လူကြီးတွေက ရှိသမျှပိုက်ဆံကို ဘုရားတည်ပြစ်လိုက်တယ်။ ဘုန်းကြီးတွေကို လှူပြစ်လိုက်တယ်။ ကုန်ရောပဲ။

တကယ်လိုအပ်နေတဲ့ ဆေးရုံမှာကြတော့ ထိုင်ခုံတွေစုတ်ပြတ်။ ဆေးက မလောက်။ ဓာတ်မှန်စက်က တစ်ခုပဲရှိတယ်။ ဒါတောင်ပျက်နေတယ်။

ကဲ စဉ်းစာကြည့်။ အခုလို ပြောနေတာက ဘာသာတရားကို မိုးမလင်းသေးပဲ စော်ကားနေတာပဲ မဟုတ်ဘူး။

လွဲနေတယ်။ မြန်မာပြည်မှာ အပေါဆုံးက ဘုရားနဲ့ကျောင်းတွေ။ အရမ်းပေါတယ်။

နိုင်ငံရေးသမားတွေကလည်း အဲဒိ Issue ကို မတင်ပြရဲဘူး။ မဆွေးနွေးရဲဘူး။ ဆွေးနွေးရင် အစွန်းရောက်တွေက ပြဿနာရှာမှာကြောက်တယ်။ သုတေသနပညာရှင်တွေဖြစ်တဲ့ NGO တွေကလည်း Report နဲ့စနစ်တကျ မထောက်ပြကြဘူး။ ဆရာတော်တွေကလည်း မဝေဖန်ရဲဘူး။ လူတွေကလည်း ပြောရင် ငရဲကြီးမှာဆိုပြီး မပြောရဲကြဘူး။ DVB မှာ ဒီဘိတ်လည်း မလုပ်ကြဘူး။

အမှန်မှန်က တိုင်းပြည်ဆင်းရဲရတဲ့ အကြောင်းရင်းထဲမှာ ဘုရားစေတီနဲ့ကျောင်းကန်၊ ဘုန်းကြီးတွေကိုပဲ အရမ်းလှူဒါန်းရတဲ့အကြောင်းလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒါကို ဘယ်သူမှ မငြင်းနိုင်ဘူး။

ကျနော်ဆိုလိုတာက မလှူနဲ့လို့မပြောပါဘူး။ လှူ။ ဒါပေမဲ့ လိုအပ်တာကို ဦးစားပေးကြပါလို့ ပြောချင်တာပါ။

မွန်ပြည်နယ်က ချမ်းသာတယ်။ ဘုရားလှူမဲ့ ပိုက်ဆံနဲ့သာဆိုရင် မော်လမြိုင်ဆေးရုံကြီးမှာ ဓာတ်မှန်စက်ပေါင်း ငါးသောင်းလောက် ထည့်လို့ရတယ်။ အခုတော့ မွန်ပြည်နယ်က လူတွေဟာ ဘုရားပဲ စွတ်လှူပြီး ဓာတ်မှန်ရိုက်ဖို့ စက်မရှိတော့  မြန်မြန်သေကြပါလေသတည်း။

ဘုန်းကျော် (သြစတျေးလျ)

Crd

No comments:

Post a Comment