ပထမဆုံးပုံက
၁၉၆၄ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်လို့ ပဲခူးရိုးမတောတွင်းကိုပြန်သွားကြတဲ့ သခင်သန်းထွန်းရဲ့ဗမာပြည်ကွန်မြူနစ်အဖွဲ့ဝင်တွေ..
ရိုးရိုးရှင်းရှင်း.
အဲ့ဒီအချိန်က တောတွင်းလက်နက်ကိုင်အဖွဲ့တွေဟာ
အများစုက သစ်လဲခုတ်မရောင်ဘူး.
သံယံဇာတလဲခိုးမရောင်းဘူး.ဘိန်းမှောင်ခိုလဲမလုပ်ဘူး.
ကိုယ်ကျိုးစီးပွားဆိုတာ နတ္ထိဗလာ..
နိုင်ငံရေးယုံကြည်ချက်အတွက် ပဲခူးရိုးမတောတွင်း မိုးမလုံတဲ့သက္ကယ်တဲမှာ ငှက်ပျောအူစားပြီး
လက်နက်ကိုင်တော်လှန်ရေးကိုလုပ်ခဲ့ကြတာ..
ဒါကြောင့် သူတို့ရဲ့နိုင်ငံရေးအယူအဆကိုသဘောမတူတောင်
သူတို့ရဲ့တော်လှန်ရေးစိတ်ဓာတ်နဲ့ကိုယ်ကျိုးစွန့်နိုင်မှုကို
လေးစားတယ်.ယုံကြည်ချက်ကို ကိုယ်ကျိုးစီးပွားနဲ့မလဲပဲ
အသက်နဲ့လဲခဲ့တဲ့သူတွေ..
နောက်ပုံတွေကိုကြည့်..
ခုခေတ်လက်နက်ကိုင်တွေ..
ပြည်နယ်လွတ်မြောက်ရေး ဘာညာကြွေးကြော်နေပြီး
တိုင်းရင်သားပြည်သူတွေကို မျှော်လင့်ချက်တွေပေး
လိမ်ညာနေကြတာ..
သူတို့ခေါင်းဆောင်တွေကိုယ်တိုင်က အိမ်နီးချင်းနိုင်ငံတွေမှာ မိသားစုကို ချမ်းချမ်းသာသာထားပြီး လက်နက်ကိုင်စီးပွားရှာနေကြတာ..
သူတို့မှီခိုနေရတဲ့နိုင်ငံဘက်ကို ကိုယ့်တိုင်းပြည်နာချင်နာပစေ. အောက်စျေးနဲ့သစ်ခိုးထုတ်တယ်.သယံဇာတတူးရောင်းတယ်.မူးယစ်ဆေးဝါးမှောင်ခိုတယ်..ပိုက်ဆံရရင် ဘာမဆိုလုပ်တယ်..
သူတို့တွေရဲ့ငြိမ်းချမ်းရေးစကားကို အယုံကြည်မရှိတော့ဘူး..သူတို့အတွက် လက်ရှိအခြေအနေက အကောင်းဆုံးပဲ..
စီးပွားကို ဥပဒေမဲ့ရှာချင်တိုင်းရှာလို့ရတယ်..
သူတို့နယ်မှာ သူတို့က စစ်အာဏာရှင်ပဲ..
ဥပဒေဆိုတာ သူ့တို့ပါးစပ်.သူတို့လက်ထဲကသေနတ်..
စစ်ဘုရင်တွေ.နယ်စားပယ်စား အာဏာရှင်တွေ..
အိမ်နီးချင်းနိုင်ငံကို သူတုိ့ရပ်တည်မှုအတွက်မှီခိုနေကြတယ်..
အိမ်နီးချင်းနိုင်ငံကလဲ သူတို့ကိုမွေးထားပြီး မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေးအမြတ်ထုတ်တယ်.
နိုင်ငံရေးကစားတယ်...
လက်နက်ကိုင်တွေကလဲ သူတို့သခင်အလိုကျ တသွေမတိမ်းနေတယ်.သူတို့ကိုယ်ကျိုးအတွက်
ကိုယ့်တိုင်းပြည်ကို သစ္စာဖောက်ပြီး သခင်အလိုကျ
ဘာမဆိုလုပ်တယ်..ကိုယ့်လူမျိုးလွတ်လပ်ရေးဆိုတာ
ကြားကောင်းအောင်အော်ပြီး လိမ်နေကြတာ..
လက်နက်ကိုင်အားလုံးကို ခြုံကြည့်ရင်
၁၉၈၈ မတိုင်မီက မဆလခေတ်မှာ တပ်မတော်ဘက်မှာလဲ
စစ်တိုက်ချင်လို့.ဝါသနာပါလို့ စစ်သားဘဝကိုနှစ်ခြိုက်လို့ ရိုးရိုးသားသား စစ်ထဲဝင်ခဲ့ကြတယ်..အများအားဖြင့်က
ကိုယ်ကျိုးစီးပွားကို ရှေ့တန်းမတင်ကြပါဘူး..
သူတို့ကိုယ်ကျိုးစီးပွားက
မိမိရလာတဲ့ခံစားခွင့်လေးတွေကို စုမယ်ဆောင်းမယ်..
အငြိမ်းစားယူရင် သင့်တင့်လျှောက်ပတ် ကိုယ်ပိုင်အိမ်ကလေးနဲ့နေချင်တယ်..ဆေးဖိုးဝါးခ အိုစာမင်းစားလေးစုချင်တယ်..ဒီလောက်ပဲ.
တချို့ဆို စစ်သားဘဝနဲ့ပျော်နေလိုက်တာ အငြိမ်းစားယူခံနီးမှ နေစရာအိမ်ကမရှိသေး.စုပြီးဆောင်းပြီးလဲမရှိ.
အဲ့အချိန်ကြမှ သတိရ.အငြိမ်းစားယူတော့ လက်ဗလာ..
တခါက ဦးသန်းရွှေတို့ထက်တောင် စီနီယာကျတဲ့ ရခိုင်လူမျိုးစီနီယာဗိုလ်မှူးကြီးတစ်ယောက်.
အငြိမ်းစားယူခါနီးမှ နေစရာအတွက်အသည်းသန်လုပ်ရတယ်..
မင်္ဂလာဒုံအစွန်အဖျားမှာ မြေလေးတစ်ကွက်ဝယ်တယ်.
သူ့နေရာက အဲ့အချိန်က ညနေစောင်းရင် လူသွားလူလာတောင်မရှိ..မြေတန်ဘိုးကလဲ ထောင်ဂဏန်းပါ..ဒါလေးဝယ်ပြီး အိမ်လေးတစ်လုံးကို
တို့တိတို့တိနဲ့ ပိုက်ဆံပြတ်ရင်ရပ်ထား. ဖြေးဖြေးချင်းဆောက်.ဒါလေးကိုပဲ အပေါင်းသင်းတွေ
တပည့်တပန်းတွေကြားဆို ဝံ့ကြွားစရာ..
အငြိမ်းစားယူပြီးတော့ ကိုယ်ပိုင်ကားမရှိ..လစဉ် ပင်စင်လေး ရာဂဏန်းကို လွယ်အိပ်တစ်လုံးလွယ်ပြီး
လိုင်းကားနဲ့မြို့ထဲသွားထုတ်..ဒီလိုရိုးဂုဏ်ကို ဂုဏ်ယူကြတာ...တကယ့် ဝေလဲမွှေး ကြွေလဲမွှေးတွေ..
၁၉၈၈ နောက်ပိုင်းတော့ အားလုံးသိကြတဲ့အတိုင်း
အထွေအထူးမပြောလိုတော့ပါဘူး..ဘီလ်ဂိတ်ကိုတောင်
အမှီလိုက်ချင်နေကြသလားမသိအောင်.ရသ၍ရှာ.
ခေါင်းထဲမှာ သူဌေးကြီးဖြစ်ရေးပဲ..
ဒါတွေက တပ်မတော်ဘက်ရော လက်နက်ကိုင်ဘက်ရော
ပြောင်းလဲလာတဲ့ပုံပဲ..ဘယ်သူက ဘယ်သူ့ကို အတုယူကြတယ်တော့ မပြောတတ်တော့ဘူး.
လက်နက်ကိုင်အားလုံးပဲ..လက်နက်ကိုင်စီးပွားရေး
အာဏာစီးပွားရေးခေတ်ကြီးကို ထူထောင်လာလိုက်ကြတာ..
ဒီတော့ ဒီလူတွေရဲ့ငြိမ်းချမ်းရေးကို မယုံကြည်တော့.
ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ သူတို့ အနေအစားမပျက်.
စီးပွားမလျော့.အာဏာတည်မြဲဖြစ်ဖို့ ဘယ်လိုလုပ်ကြမလဲ
ညှိနေကြတဲ့သဘောပဲ..တစ်နည်းပြောရရင်
စားကျက်ညှိနှိုင်းတဲ့ပွဲပဲ..ဘယ်တိုင်းရင်းသားပြည်သူအတွက်မှမပါဘူး..
ဒီအခြေနေကိုပြောင်းလဲဖို့ဆိုရင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက မင်းတို့ခြေလှမ်း
သိပါတယ်ဆိုပြီး ဝိုင်းဝန်းဆန့်ကျင်ဖိအားပေးနိုင်မှပဲ
ရနိုင်လိမ့်မယ်ထင်တယ်ဆိုတာကို ပြောပြချင်တာပါ..
Thetdwe Aungဖိအားပေးနိုင်မှပဲ
ရနိုင်လိမ့်မယ်ထင်တယ်ဆိုတာကို ပြောပြချင်တာပါ..
No comments:
Post a Comment