Sunday, September 15, 2019

ဂုဏ်ယူစရာ US Navy မှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာအမျိုးသမ္မီးလေး Ma Aung

Congratulations! ချစ်ညီမလတ်ဆုရည်အောင်(Ma Aung)
US Navy က စစ်သင်္ဘော John P Murtha
သင်္ဘောပေါ်မှာPetty Officer First Class (E 6) ရာထူးကနေ (E 7) promotion ရလို့
 Chief Petty Officer ဖြစ်သွားပါပြီ။

Chief Petty Officer ရာထူး
တက်ကြတဲ့(၆)ယောက်မှာ ဆုရည်လေး
တယောက်တည်းသာမိန်းခလေးဖြစ်ပြီး၊ကျန်တဲ့
(၅) ယောက်ကယောင်္ကျားလေးတွေဖြစ်ပါတယ်။

အဖေ့လိုသင်္ဘောသားဘဝကိုမြတ်နိုးလို့ US Navy
မှာတာဝန်ထမ်းဆောင်ခဲ့တာ (၁၀)နှစ်နဲ့၈လရှိပါပြီ။
အလုပ်တွေဘယ်လိုပင်ပန်းပေမဲ့လည်း၊မခိုမကပ်၊
တာဝန်ယူစိတ်အပြည့်နဲ့လုပ်နိုင်ခဲ့လို့ (၁၀)နှစ်တာ
ကာလအတွင်းမှာ ရေတပ်ကချီးမြှင့်တဲ့

Sailor Of The Year
Sailor Of The Quarter ဆိုတဲ့Award တွေ
ရခဲ့တာလည်း
(၅) ကြိမ်ရှိခဲ့ပါပြီ။

ဝမ်းသာဂုဏ်ယူမှူတွေကိုအဖေနဲ့အမေ သာမက မြန်မာလူမျိုးတွေအနေနဲ့လည်းဝမ်းသာ ဂုဏ်ယူရ
အောင်မျှဝေပေးလိုက်တာပါ😁😁😁






No comments:

Post a Comment