Saturday, October 12, 2019

ရွှေတိဂုံစေတီတော်နဖူးမှာ သိုက်တူးတဲ့ Mytel ။ ။

ဖူးခက်မှာရှိတဲ့ ကျွန်တော့်အိမ်နဲ့ လေးမိုင်လောက်အကွာမှာ အတော်မြင့်တဲ့တောင်ကုန်း တစ်ခုရှိပါတယ်။အဲဒီတောင်ရဲ့နာမည်က ခေါင်ရန်းတဲ့။ခေါင်ရန်းတောင်ထိပ်မှာတော့ ဖူး ခက်မြို့ကို ဖြန့်ကျက်စိုးမိုးထားတဲ့ ဆက်သွယ်ရေးတာဝါတိုင်ပေါင်းမြောက်များစွာကို တွေ့ မြင်ရပါတယ်။ဒါဟာ ဆက်သွယ်ရေးနည်းပညာအရ တောင်ကုန်းမြင့်မြင့်တွေမှာ စိုက်ထူ ထားတဲ့ တာဝါတိုင်တွေဟာ ချိတ်ဆက်မှုအားပိုကောင်းစေလို့ပါပဲ။အရပ်စကားနဲ့ဆိုရင်
လိုင်းပိုမိတယ်ဆိုပါတော့။

ဒါကြောင့်ဆက်သွယ်ရေးကုမ္ပဏီတွေဟာ သူတို့ရဲ့တာဝါတိုင်တွေကိုတောင်ကုန်း၊တိုက်မြင့် အစရှိတဲ့ အမြင့်ပိုင်းနေရာတွေကို ရွေးချယ်စိုက်ထူကြလေ့ရှိပါတယ်။ဒါဟာသိပ်ဆန်းပြား
လှတဲ့ကိစ္စတော့မဟုတ်ပါဘူး။ဒါပေမယ့် မြန်မာပြည်ရန်ကုန်မြို့မှာတော့ သိပ်ကိုထူးခြား
တယ်လို့ ဆိုရပါမယ်။

ရွှေတိဂုံစေတီအထက်ပစ္စယံမှာရှိတဲ့ ပတ္တမြားမျက်ရှင်စေတီပေါ်ကို တက်ရောက်ဖူးမြှော် ခွင့်နဲ့ပတ်သက်ပြီး အငြင်းပွားကြတဲ့ ပြဿနာကနေချိတ်ဆက်ပြီး ပေါ်ထွက်လာတဲ့ သတင်း စကားတွေ အရ မြန်မာပြည်ရဲ့အထင်ကရဆက်သွယ်ရေးကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ MPT
Telenoor, Ooridoo အစရှိတဲ့ ကုမ္ပဏီကြီးတွေဟာ ရန်ကုန်မြို့ရဲ့အမြင့်ဆုံးနေရာဖြစ်တဲ့
ရွှေတိဂုံစေတီတော်ပေါ်မှာ အားမြှင့်ဆက်သွယ်ရေးစက်တွေ တပ်ဆင်ဖို့ ရွှေတိဂုံစေတီ တော်ဂေါပကအဖွဲ့ထံ ခွင့်ပြုချက်တောင်းခံခဲ့ကြပါသတဲ့။

အဲဒီတောင်းခံမှုကို သြဝါဒစရိယဆရာတော်ကြီးများနဲ့ သာသနာရေးဝန်ကြီးဌာနအနေနဲ့ ခွင့်မပြုခဲ့ကြပါဘူးတဲ့။သို့ပေမယ့်ခင်ဗျာ။ Mytel ဆိုတဲ့ ဆက်သွယ်ရေးကုမ္ပဏီကတော့ ဘယ်ဆက်သွယ်ရေးကုမ္ပဏီမှ ခွင့်ပြုမိန့်မရခဲ့တဲ့ ရွှေတိဂုံစေတီတော်ပေါ်မှာ အားမြှင့်ဆက်
သွယ်ရေးစက်တွေ တပ်ဆင်ထားခဲ့တာ တစ်နှစ်ကျော်တောင် ကြာမြင့်ခဲ့ပါပြီတဲ့ခင်ဗျာ။

တစ်ဘို့တည်းကြည့်တတ်ပြီး သိပ်လောဘကြီးလွန်းတဲ့သူကို မြန်မာစကားမှာ ဘနဖူး သိုက်တူးမယ့်ကောင်လို့ ဆိုရိုးပြုကြပါတယ်။အခုတော့ဖြင့် မိုက်တဲဟာ ဘနဖူးတင်မက ရွှေတိဂုံစေတီတော်ရဲ့ နဖူးမှာပါ သိုက်တူးခဲ့ပါပြီ။

မိုက်တဲကိုဘယ်သူပိုင်သလဲ။မိုက်တဲရဲ့မြန်မာပြည်ရှယ်ယာအများဆုံးပိုင်သူရဲ့အဖေဟာ ဘယ်သူလဲဆိုတာ မြန်မာပြည်သားတိုင်း သိကြပါတယ်။တစ်ဆက်တည်းမှာပဲ ရွှေတိဂုံစေ တီတော် ဂေါပကလူကြီးတွေဟာ ဘယ်အဖွဲ့အစည်းကနေ လာခဲ့ကြတယ်၊ သူတို့ကို ဘယ်သူ ကလမ်းညွှန်အမိန့်ပေးနေတယ်ဆိုတာလည်း လူတိုင်းသိကြပြီးသားပါ။

အဲသလို ဘနဖူးကိုသာမက ရွှေတိဂုံစေတီတော်ကိုတောင် မချန်ဘဲ သိုက်တူးနေတဲ့ မောင်
မင်းကြီးသားလက်အောက်က တပ်မတော်ကြီးဟာ နိုင်ငံတော်ကြီးကို ကယ်တင်ဦးမတဲ့
လား။ဒီလိုလူ့အန္ဓမျိုးကို ဆက်ပြီး ဝန်းရံထောက်ခံနေကြဦးမယ်ဆိုရင်၊ဒင်းသာ သမ္မတဖြစ် လာဦးမယ်ဆိုရင်ဖြင့် ခင်ဗျားတို့ကျုပ်တို့ ခါးမှာလံကွတ်တီသာ ကျန်ခဲ့ရင်တောင် သိပ်ကံ ကောင်းလွန်းတယ်လို့

သာ မှတ်ရတော့မှာပါပဲ။

No comments:

Post a Comment