Friday, October 18, 2019

စောက်တလွဲ မအလတွေကိုဖယ်ရှားမှ့ရမယ်

#လေးစားလျှက်ပါခေတ်သစ်မီဒီယာရဲ့အယ်ဒီတာသာလွန်စောင်းထက်...
အယ်ဒီတာ့အာဘော်
==============
စစ်အရာရှိဟောင်း တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ရှေ့နေချုပ်ဦးထွန်းထွန်းဦးကိုရာထူးမှ ဖယ်ရှားပါ 
---------------------------------------------မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင် အောင်မြင်မှု အနည်းဆုံးနှင့် ခေတ်နောက်ပြန် အဆွဲဆုံးသော ကဏ္ဍကို ပြသပါဆိုလျှင် တရားစီရင်ရေးကဏ္ဍကိုသာ အားလုံးက လက်ညှိုးထိုးပြကြမည်ဖြစ်သည်။ စစ်အစိုးရခေတ် ဆက်ဆက်မှစ၍ ယနေ့အချိန်အထိ တရားစီရင်ရေးကဏ္ဍသည် အကျင့်ပျက်ခြစားမှုများ၊ မလျှော်သြဇာသုံးစွဲမှုများ၊ ဥပဒေကို လက်တစ်လုံးခြားပြု၍ ရေများ ရေနိုင်၊ မီးများ မီးနိုင်ဆိုသကဲ့သို့ ငွေကြေး၊ အာဏာ ရှိသူများ အလိုကျ ကပြ အသုံးတော်ခံနေရသော ယန္တရား အဖြစ် တည်ရှိနေသည်။

တရားစီရင်ရေးကဏ္ဍ ပျက်စီးယိုယွင်းနေမှုများကို ထောက်ပြနိုင်သော နာမည်ကျော် အမှုအခင်းများစွာ ရှိနေပြီး ယင်းအမှုအခင်းများကို တစ်ခုချင်း ချရေးပြရမည်ဆိုလျှင် ကုန်နိုင်ဖွယ်မရှိပေ။ နိုင်ငံတစ်၀န်းလုံးတွင် ပြည်သူများသည် တရားရုံး သွားရန် ကြောက်ရွံ့နေကြရသည်။ တရားရုံးများဆိုလျှင် အကောင်းမြင်မှု လူထုကြား နည်းပါး လွန်းလှသည်ဟုဆိုရပေမည်။ 

တရားစီရင်ရေးကဏ္ဍ ကျဆုံးမှုများက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အကြီးအကျယ် ထိခိုက်လာနေပြီး အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို ပါ ထိခိုက်လာနေသည်။ တရားစီရင်ရေးကဏ္ဍသည် စစ်တပ်အလိုကျ လိုက်ပါ ကပြနေသည့် သာဓကများရှိနေသည်။ 

စစ်တပ်နှင့် အာဏာရှိသူများ၏ အလိုကျ လိုက်ပါ ကပြနေရသော တရားစီရင်ရေးကြောင့်  ဒေါင်းတို့ မျိုးဆက် အဖွဲ့မှ လူငယ်များသည် အကျဉ်းထောင်များတွင် အချုပ်ခံနေရရင်း အမှုရင်ဆိုင်နေရသည်။ ပရဟိတသမား ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်သည် ထောင်ကျခံနေရသည်။ ဆရာတော်ဦးသောဘိတ အပါအ၀င် ဆရာတော်၊ သံဃာတော်များမှာလည်း စစ်တပ်က စွဲဆိုသော အမှုများအတွက် တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။

တရားစီရင်ရေး၏ မမျှတသော ၊ အဂတိလိုက်စားသော ဆုံးဖြတ်ချက်များကြောင့် နိုင်ငံတစ်၀န်းရှိ ပြည်သူများမှာ များပြားလှစွာသော ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့နေရသည်မှာ အသေအချာပင်ဖြစ်သည်။ ထင်သာမြင်သာရှိသော အမှုများကို ကြည့်မည်ဆိုလျှင် ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရသည့် အမှု၊ ရှေ့နေကြီး ဦးဇော်၀င်းအမှု ၊ ကလေးစစ်သား အောင်ရဲထွေးအမှု၊ မန္တလေး Alpha စက်ရုံပဋိပက္ခတွင် အောင်သပြေရွာသားများ အဖမ်းခံရမှုနှင့် လူသေဆုံးစေမှု အပါအ၀င် ယင်းကဲ့သို့သော တရားစီရင်ရေး၏ မတရား မမျှတသည့်အမှုများစွာကိုလည်း ရှိသည်။

ရိုက်တာသတင်းထောက် ၂ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ခြင်းကလည်း တရားစီရင်ရေး၏ မှားယွင်းသော၊ အာဏာရှိသူ အလိုကျ လိုက်လံ လုပ်ဆောင်ရသည့် အခြေအနေများကို မီးမောင်းထိုးပြနေသည်။ 

ကချင်စစ်ဘေးဒုက္ခသည်များ အရေး ဆန္ဒပြသူများ၊ ကရင်နီလူငယ် ၆ ဦး၊ နော်အုန်းလှအပါအ၀င် တိုင်းရင်းသားများသည်  မတရားသော ဥပဒေပုဒ်မများဖြင့် ပြစ်ဒဏ်များချမှတ် နေသော တရားစီရင်ရေးကြောင့် တန်းတူ အခွင့်အရေး ပျက်သုန်းနေသော ပကတိ တိုင်းရင်းသားများ၏ အခြေအနေကို ပေါ်လွင်လာစေသည်။ တရားစီရင်ရေး၏ အလွဲအမှားများကြောင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးမှာ အလှမ်းဝေးနေဦးမည်ဖြစ်သည်။ 

NLD အစိုးရ တာ၀န်ယူသည့် ၄  နှစ်နီးပါးကာလအတွင်း တရားစီရင်ရေးသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် ပါမလာဘဲ ယခင် နည်းဟောင်း လမ်းဟောင်း အတိုင်း ဆက်လက်ကျင့်သုံးနေဆဲပင်။ NLD အစိုးရအနေဖြင့် မှန်ကန်သော တရားစီရင်ရေးဖြစ်ရန်အတွက် တရားစီရင်၏ အထွတ်အထိပ်  ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ရှေ့နေချုပ်တို့ကို မဖြစ်မနေ အစားထိုး ပြောင်းလဲရန် လိုအပ်နေသည်။ 

လက်ရှိ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးအပါအ၀င် တရားသူကြီးများသည် ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က ခန့်ထားသူများဖြစ်ပြီး တရားသူကြီးချုပ်မှ စ၍ တရားသူကြီးများအားလုံးကို  ဖြုတ်ပယ်ပြီး အစားထိုးရန် အရေးတကြီး လိုအပ်နေသည်။ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် စစ်အရာရှိဟောင်းတစ်ဦးဖြစ်ခြင်းကလည်း တရားစီရင်ရေးကဏ္ဍ အပြောင်းအလဲ အတွက် ကြီးမားသော အဟန့်အတားကြီးပင်ဖြစ်သည်။ 

တရားသူကြီးချုပ်နှင့် တရားသူကြီးများကို ဖြုတ်ပယ်ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အကန့်အသတ်များရှိသော်လည်း ယင်းအကန့်အသတ်များမှာ လွှတ်တော်တွင် အများဆုံး စိုးမိုးထားနိုင်သော NLD အနေဖြင့် အလွယ်တကူပင် ဖြုတ်ပယ် အသစ်အစားထိုး ခန့်အပ်နိုင်ပါသည်။ 

လက်ရှိ တရားစီရင်ရေးကဏ္ဍ ခေတ်နောက်ပြန်ဆွဲ၍ လူထုကို ဖိနှိပ်နေခြင်းက ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တရားသူကြီးများသည် ဥပဒေအရ ပေးအပ်ထားသော တာ၀န်များကို မကျေပွန်ခြင်းဖြစ်သည်။ 

 ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၃၀၂၊ (က) ၊ ပုဒ်မခွဲ (၅) အရ တရားသူကြီးချုပ်နှင့် တရားသူကြီးများသည် ဥပဒေအရ ပေးအပ်ထားသော တာ၀န်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းဖြစ်သဖြင့် လွှတ်တော်တွင် စွပ်စွဲ ပြစ်တင်ခြင်း (သို့မဟုတ်) မိမိသဘောဆန္ဒအရ နုတ်ထွက်စေခြင်း အလွယ်တကူပင် ဖယ်ရှားရှင်းလင်းနိုင်မည်ဖြစ်သည်။ 

တရားသူကြီးချုပ်နှင့် တရားသူကြီးများကို ဖယ်ရှားရန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်၏ သုံးပုံ နှစ်ပုံ ၆၆ ရာခိုင်နှုန်းကျော်က ထောက်ခံလျှင် ဖယ်ရှားနိုင်သည်ဟု ပြဋ္ဌာန်းထားရာ ၆၆ ရာခိုင်နှုန်းကျော် အနိုင်ရရှိသော NLD လွှတ်တော်အမတ်များကသော်လည်းကောင်း၊ နိုင်ငံတော်သမ္မတကသော်လည်းကောင်း အလွယ်တကူပင် လုပ်ဆောင်သည့် အခြေအနေဖြစ်သည်။ 

အလားတူ တရားစီရင်ရေးကဲ့သို့ပင် အရေးကြီးသော ပြည်ထောင်စုရှေ့နေချုပ်ကိုလည်း ဖယ်ရှားရန် လိုအပ်သည်။ တရားရုံးများတွင် အစိုးရ ဥပဒေအရာရှိက ပုဒ်မ တပ်၍ တရားသူကြီးများက ဆင်ခြင်ဆုံးဖြတ် အမိန့်ချမှတ်ရသည်ဖြစ်ရာ အစိုးရ၏ ဥပဒေအရာရှိချုပ်ဖြစ်သော ရှေ့နေချုပ်၏ကဏ္ဍကလည်း ဖြောင့်မတ်တည်ကြည်သော တရားစီရင်ရေး ဖြစ်လာရန် အလွန်အရေးကြီးလှသည်။  

လက်ရှိ ပြည်ထောင်စု ရှေ့နေချုပ်သည် ဦးထွန်းထွန်းဦးဖြစ်ပြီး ယခင် စစ်တပ်မှ ဆင်းသက်လာသော စစ်အရာရှိဟောင်း ဖြစ်နေရာ ပြုပြင်ပြောင်းလဲမှု အောင်မြင်ရန် ၎င်းကိုလည်း မဖြစ်နေ ဖယ်ရှားရန်လိုအပ်သည်။ 

စစ်တပ်မှ ဆင်းသက်လာသော ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု ရှေ့နေချုပ်များကဲ့သို့ တရားစီရင်ရေးမဏ္ဍိုင်၏ အခရာများကို စတင်ဖယ်ရှားပြီး တရားစီရင်ရေး ပြုပြင်ပြောင်းလဲရေးကို အားစိုက် လုပ်ဆောင်မှသာ လူထု ယုံကြည်ကိုးစားသော တရားစီရင်ရေး စနစ် ပေါ်ထွန်းလာမည်ဖြစ်သည်။ 

လူထုကိုးစားယုံကြည်သော တရားစီရင်ရေး၊ မှန်ကန်ဖြောင့်မတ်သော တရားစီရင်ရေး၊ သမာသမတ်ကျသော တရားစီရင်ရေး၊ အဂတိကင်းသော တရားစီရင်ရေး ဖြစ်ပေါ်ရန်မှာ နောက်ပြန်ဆွဲနေသော ဦးဆောင်သူများကို ဖယ်ရှားရှင်းလင်းပြီး  ပြုပြင်ပြောင်းလဲရေး လိုလားသော ဦးဆောင်သူများ အစားထိုးခန့်အပ်ခြင်းဖြင့်သာ လုပ်ဆောင်နိုင်မည်ပါကြောင်း ရန်ကုန်ခေတ်သစ်က မီးမောင်းထိုးပြလိုက်ပါသည်။ 

www.khitthitnews.com

Unicode Version 

အယ်ဒီတာ့အာဘော်

စစ်အရာရှိဟောင်း တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ရှေ့နေချုပ် ဦးထွန်းထွန်းဦးကို ရာထူးမှ ဖယ်ရှားပါ 

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင် အောင်မြင်မှု အနည်းဆုံးနှင့် ခေတ်နောက်ပြန် အဆွဲဆုံးသော ကဏ္ဍကို ပြသပါဆိုလျှင် တရားစီရင်ရေးကဏ္ဍကိုသာ အားလုံးက လက်ညှိုးထိုးပြကြမည်ဖြစ်သည်။ စစ်အစိုးရခေတ် ဆက်ဆက်မှစ၍ ယနေ့အချိန်အထိ တရားစီရင်ရေးကဏ္ဍသည် အကျင့်ပျက်ခြစားမှုများ၊ မလျှော်သြဇာသုံးစွဲမှုများ၊ ဥပဒေကို လက်တစ်လုံးခြားပြု၍ ရေများ ရေနိုင်၊ မီးများ မီးနိုင်ဆိုသကဲ့သို့ ငွေကြေး၊ အာဏာ ရှိသူများ အလိုကျ ကပြ အသုံးတော်ခံနေရသော ယန္တရား အဖြစ် တည်ရှိနေသည်။

တရားစီရင်ရေးကဏ္ဍ ပျက်စီးယိုယွင်းနေမှုများကို ထောက်ပြနိုင်သော နာမည်ကျော် အမှုအခင်းများစွာ ရှိနေပြီး ယင်းအမှုအခင်းများကို တစ်ခုချင်း ချရေးပြရမည်ဆိုလျှင် ကုန်နိုင်ဖွယ်မရှိပေ။ နိုင်ငံတစ်ဝန်းလုံးတွင် ပြည်သူများသည် တရားရုံး သွားရန် ကြောက်ရွံ့နေကြရသည်။ တရားရုံးများဆိုလျှင် အကောင်းမြင်မှု လူထုကြား နည်းပါး လွန်းလှသည်ဟုဆိုရပေမည်။ 

တရားစီရင်ရေးကဏ္ဍ ကျဆုံးမှုများက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အကြီးအကျယ် ထိခိုက်လာနေပြီး အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို ပါ ထိခိုက်လာနေသည်။ တရားစီရင်ရေးကဏ္ဍသည် စစ်တပ်အလိုကျ လိုက်ပါ ကပြနေသည့် သာဓကများရှိနေသည်။ 

စစ်တပ်နှင့် အာဏာရှိသူများ၏ အလိုကျ လိုက်ပါ ကပြနေရသော တရားစီရင်ရေးကြောင့်  ဒေါင်းတို့ မျိုးဆက် အဖွဲ့မှ လူငယ်များသည် အကျဉ်းထောင်များတွင် အချုပ်ခံနေရရင်း အမှုရင်ဆိုင်နေရသည်။ ပရဟိတသမား ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်သည် ထောင်ကျခံနေရသည်။ ဆရာတော်ဦးသောဘိတ ႏွင်႕ဆရာတော်၊ သံဃာေတာ်တို့မှာ လည်း စစ်တပ်က စွဲဆိုသော အမှုများအတွက် တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။

တရားစီရင်ရေး၏ မမျှတသော ၊ အဂတိလိုက်စားသော ဆုံးဖြတ်ချက်များကြောင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများမှာ များပြားလှစွာသော ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့နေရသည်မှာ အသေအချာပင်ဖြစ်သည်။ ထင်သာမြင်သာရှိသော အမှုများကို ကြည့်မည်ဆိုလျှင် ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရသည့် အမှု၊ ရှေ့နေကြီး ဦးဇော်ဝင်းအမှု ၊ ကလေးစစ်သား အောင်ရဲထွေးအမှု၊ မန္တလေး Alpha စက်ရုံပဋိပက္ခတွင် အောင်သပြေရွာသားများ အဖမ်းခံရမှုနှင့် လူသေဆုံးစေမှု အပါအဝင် ယင်းကဲ့သို့သော တရားစီရင်ရေး၏ မတရား မမျှတသည့်အမှုများစွာကိုလည်း ရှိသည်။

ရိုက်တာသတင်းထောက် ၂ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ခြင်းကလည်း တရားစီရင်ရေး၏ မှားယွင်းသော၊ အာဏာရှိသူ အလိုကျ လိုက်လံ လုပ်ဆောင်ရသည့် အခြေအနေများကို မီးမောင်းထိုးပြနေသည်။ 

ကချင်စစ်ဘေးဒုက္ခသည်များ အရေး ဆန္ဒပြသူများ၊ ကရင်နီလူငယ် ၆ ဦး၊ နော်အုန်းလှအပါအဝင် တိုင်းရင်းသားများသည်  မတရားသော ဥပဒေပုဒ်မများဖြင့် ပြစ်ဒဏ်များချမှတ် နေသော တရားစီရင်ရေးကြောင့် တန်းတူ အခွင့်အရေး ပျက်သုန်းနေသော ပကတိ တိုင်းရင်းသားများ၏ အခြေအနေကို ပေါ်လွင်လာစေသည်။ တရားစီရင်ရေး၏ အလွဲအမှားများကြောင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးမှာ အလှမ်းဝေးနေဦးမည်ဖြစ်သည်။ 

NLD အစိုးရ တာဝန်ယူသည့် ၄  နှစ်နီးပါးကာလအတွင်း တရားစီရင်ရေးသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် ပါမလာဘဲ ယခင် နည်းဟောင်း လမ်းဟောင်း အတိုင်း ဆက်လက်ကျင့်သုံးနေဆဲပင်။ NLD အစိုးရအနေဖြင့် မှန်ကန်သော တရားစီရင်ရေးဖြစ်ရန်အတွက် တရားစီရင်၏ အထွတ်အထိပ်  ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ရှေ့နေချုပ်တို့ကို မဖြစ်မနေ အစားထိုး ပြောင်းလဲရန် လိုအပ်နေသည်။ 

လက်ရှိ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးအပါအဝင် တရားသူကြီးများသည် ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က ခန့်ထားသူများဖြစ်ပြီး တရားသူကြီးချုပ်မှ စ၍ တရားသူကြီးများအားလုံးကို  ဖြုတ်ပယ်ပြီး အစားထိုးရန် အရေးတကြီး လိုအပ်နေသည်။ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် စစ်အရာရှိဟောင်းတစ်ဦးဖြစ်ခြင်းကလည်း တရားစီရင်ရေးကဏ္ဍ အပြောင်းအလဲ အတွက် ကြီးမားသော အဟန့်အတားကြီးပင်ဖြစ်သည်။ 

တရားသူကြီးချုပ်နှင့် တရားသူကြီးများကို ဖြုတ်ပယ်ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အကန့်အသတ်များရှိသော်လည်း ယင်းအကန့်အသတ်များမှာ လွှတ်တော်တွင် အများဆုံး စိုးမိုးထားနိုင်သော NLD အနေဖြင့် အလွယ်တကူပင် ဖြုတ်ပယ် အသစ်အစားထိုး ခန့်အပ်နိုင်ပါသည်။ 

လက်ရှိ တရားစီရင်ရေးကဏ္ဍ ခေတ်နောက်ပြန်ဆွဲ၍ လူထုကို ဖိနှိပ်နေခြင်းက ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တရားသူကြီးများသည် ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို မကျေပွန်ခြင်းဖြစ်သည်။ 

 ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၃၀၂၊ (က) ၊ ပုဒ်မခွဲ (၅) အရ တရားသူကြီးချုပ်နှင့် တရားသူကြီးများသည် ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းဖြစ်သဖြင့် လွှတ်တော်တွင် စွပ်စွဲ ပြစ်တင်ခြင်း (သို့မဟုတ်) မိမိသဘောဆန္ဒအရ နုတ်ထွက်စေခြင်း အလွယ်တကူပင် ဖယ်ရှားရှင်းလင်းနိုင်မည်ဖြစ်သည်။ 

တရားသူကြီးချုပ်နှင့် တရားသူကြီးများကို ဖယ်ရှားရန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်၏ သုံးပုံ နှစ်ပုံ ၆၆ ရာခိုင်နှုန်းကျော်က ထောက်ခံလျှင် ဖယ်ရှားနိုင်သည်ဟု ပြဋ္ဌာန်းထားရာ ၆၆ ရာခိုင်နှုန်းကျော် အနိုင်ရရှိသော NLD လွှတ်တော်အမတ်များကသော်လည်းကောင်း၊ နိုင်ငံတော်သမ္မတကသော်လည်းကောင်း အလွယ်တကူပင် လုပ်ဆောင်သည့် အခြေအနေဖြစ်သည်။ 

အလားတူ တရားစီရင်ရေးကဲ့သို့ပင် အရေးကြီးသော ပြည်ထောင်စုရှေ့နေချုပ်ကိုလည်း ဖယ်ရှားရန် လိုအပ်သည်။ တရားရုံးများတွင် အစိုးရ ဥပဒေအရာရှိက ပုဒ်မ တပ်၍ တရားသူကြီးများက ဆင်ခြင်ဆုံးဖြတ် အမိန့်ချမှတ်ရသည်ဖြစ်ရာ အစိုးရ၏ ဥပဒေအရာရှိချုပ်ဖြစ်သော ရှေ့နေချုပ်၏ကဏ္ဍကလည်း ဖြောင့်မတ်တည်ကြည်သော တရားစီရင်ရေး ဖြစ်လာရန် အလွန်အရေးကြီးလှသည်။  

လက်ရှိ ပြည်ထောင်စု ရှေ့နေချုပ်သည် ဦးထွန်းထွန်းဦးဖြစ်ပြီး ယခင် စစ်တပ်မှ ဆင်းသက်လာသော စစ်အရာရှိဟောင်း ဖြစ်နေရာ ပြုပြင်ပြောင်းလဲမှု အောင်မြင်ရန် ၎င်းကိုလည်း မဖြစ်နေ ဖယ်ရှားရန်လိုအပ်သည်။ 

စစ်တပ်မှ ဆင်းသက်လာသော ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု ရှေ့နေချုပ်များကဲ့သို့ တရားစီရင်ရေးမဏ္ဍိုင်၏ အခရာများကို စတင်ဖယ်ရှားပြီး တရားစီရင်ရေး ပြုပြင်ပြောင်းလဲရေးကို အားစိုက် လုပ်ဆောင်မှသာ လူထု ယုံကြည်ကိုးစားသော တရားစီရင်ရေး စနစ် ပေါ်ထွန်းလာမည်ဖြစ်သည်။ 

လူထုကိုးစားယုံကြည်သော တရားစီရင်ရေး၊ မှန်ကန်ဖြောင့်မတ်သော တရားစီရင်ရေး၊ သမာသမတ်ကျသော တရားစီရင်ရေး၊ အဂတိကင်းသော တရားစီရင်ရေး ဖြစ်ပေါ်ရန်မှာ နောက်ပြန်ဆွဲနေသော ဦးဆောင်သူများကို ဖယ်ရှားရှင်းလင်းပြီး  ပြုပြင်ပြောင်းလဲရေး လိုလားသော ဦးဆောင်သူများ အစားထိုးခန့်အပ်ခြင်းဖြင့်သာ လုပ်ဆောင်နိုင်မည်ပါကြောင်း ရန်ကုန်ခေတ်သစ်က မီးမောင်းထိုးပြလိုက်ပါသည်။ 

www.khitthitnews.comန်ကုန်ခေတ်သစ်က မီးမောင်းထိုးပြလိုက်ပါသည်။ 

www.khitthitnews.com

No comments:

Post a Comment