Tuesday, October 15, 2019

တပ်က နိုင်ငံတော်ကို အုပ်ချုပ်လိုက်တော့
နိုင်ငံတော်ဟာ မွဲသွားတယ်…

ပညာရေးကို ဝင်စွတ်ဖက်တော့
ပညာရေးမြောင်းထဲရောက်သွားတယ်…

တရားရေးထဲ ဝင်စွတ်ဖက်တော့
တရားရေး ကမောက်ကမတွေဖြစ်
မြောင်းထဲရောက်သွားပြန်တယ်…

ဘာသာရေးထဲ ဝင်ပူးပြန်တယ်
နှစ်ခြမ်းကွဲ လာတယ်…

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
ကြွေးကျော်ပြီး လုပ်တယ် စည်းလုံးရေး
ပြိုကွဲသွားတယ်…

စီးပွားရေးထဲ ဝင်ပါတယ် အဘနဲ့ ခရိုနီတွေ အကျိုးဖြစ်ပီး ပြည်သူတွေ လုပ်ပိုင်ခွင့်မရ လက်ဝေခံ ခွဲယူရတဲ့အဆင့်
လူနဲစုဘဲကောင်းစားတယ်…

နိုင်ငံတော် လမ်းတံတား ခြံစည်းရိုးတွေ ဆောက်တယ်အရေအသွေးမမှီဘဲ
ပြည်သူ့ဘဏ္ဍာ ပြုံးတီးပြီး
ကုန်သွားတယ်…

နိုင်ငံတော်ကို ကာကွယ်မယ် လုပ်ပီး တိုင်းရင်းသားတွေကို
တိုက်ခိုက်ခြေမုန်းတယ်…

ကုလားနဲ့တရုတ် ကို (အမှန်အကန်) ခေါ်သွင်းတယ် မျက်နှာချိုသွေးလက်ဝါးးဖြန့်တယ် လက်သိပ်ထိုး လာဘ်ငွေယူပီး
လုပ်ပိုင်ခွင့်တွေချပေးတယ်
နိုင်ငံရေးထဲ ဝင်ပါတယ် အထက်အမိန့်အရဘဲ လုပ်တတ်တယ် မိမိခေါင်း သုံးခွင့်မရှိဘူး…

ဒါကြောင့် တပ်မတော်ကို အများကြီး ပြုပြင်ပေးဘို့ လိုနေပီ သင်ရိုးညွန်းတမ်း အသစ်ပြဌာန်းပီး ပြုပြင်သင့်ဆုံးက ကျောင်းသားတွေမဟုတ်ဘဲ
တပ်ပိုင်းဆိုင်ရာတွေ ဖြစ်နေတယ်..
မြင်အောင်ကြည့် ကြပါ ။

ဒေါင်း ဇာနည်
.
Credit : ဒေါင်းဇာနည်
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျှက်
Martin Swe
16-10-2019ါတယ်
လေးစားလျှက်
Martin Swe
16-10-2019



No comments:

Post a Comment