Friday, October 11, 2019

၅၉(စ)ပြုတ်ရင် ဘာနိင်ငံဖြစ်သွားမလဲ

မအေလိုးတွေမှတ်ထား ဘာနိင်ငံမှ့မြဖစ်ဘူး

ယနေ့ ၂၀၀၈ အခြေခံဥပဒေရဲ့ ပုဒ်မ ၅၉ (စ)အရ သမ္မတလောင်း ရွေးချယ်ခံချင်သူရဲ့ ချွေးမဟာတိုင်းတစ်ပါးသား ဖြစ်နေမယ်ဆိုရင် အဲ့သည်သူ အရွေးချယ်ခံပိုင်ခွင့် ဆုံးရှုံးသွား တယ်လို့ပြပါတယ်။ တကယ်တော့ သားသမီး ကိုတောင်မှ အဲ့သလိုချုပ်ချယ်ချင်လို့ မဖြစ်ပါ ဘူး။ ငါသမ္မတဖြစ်ချင်လို့ ငါ့သားနင်လည်း နိုင်ငံခြားသားမလုပ်နဲ့ နိုင်ငံခြားသား မိန်းမ ကိုလည်း မယူနဲ့လို့ ပိတ်ထားရမယ့် အဖြစ် မျိုးပါ။ လူဆိုတာက အသက် ၂၁ ဆိုရင် သူ့လမ်းသူရွေးပြီပဲ။

အခြေခံဥပဒေမှာဖော် ပြထားတဲ့ ပြဋ္ဌာန်းချက် ပုဒ်မ ၃၄၇ နိုင်ငံ တော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေး ရရှိစေရမည် အရ နိုင်ငံသားတိုင်းဟာ အမှန်တကယ်ပဲ နိုင်ငံ ရေးမှာ ပါ၀င်နိုင်ရပါလိမ့်မယ်။
ဒါ့အပြင်ပုဒ်မ ၃၄၈ ပြဋ္ဌာန်းချက်အရ နိုင်ငံတော်သည် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည် သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ် ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်း ရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိ စေရ။ ဆိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် မို့ဆိုပြီး ခွဲခြားထားလို့ မရပါဘူး။ ဒါဟာ အခြေခံဥပဒေက ပေးပြီးသား နိုင်ငံသားအခွင့် အရေး ဖြစ်ပါတယ်။

ပုဒ်မ ၃၄၈ နှင့် ၃၄၇ ကို ပုဒ်မ ၅၉(စ)က ပြန်ပြီး ကန့်သတ်လိုက်တာ ဖြစ်တဲ့အတွက် ပြင်ကိုပြင်ရပါလိမ့်မယ်။ မပြင် ရင် ကျွန်တော်တို့ ဖွဲ့စည်းပုံဟာ ရှေ့နောက် မညီလို့ ရှက်စရာကြီးပါ။ ဒါကြောင့် နိုင်ငံတ ကာက ဥပဒေပညာရှင်တွေက အမှိုက်ပုံးဆိုပြီး တင်စားခေါ်ရအောင် စွမ်းတဲ့ ဖွဲ့စည်းပုံဖြစ် နေလို့ပါ။

၅၉(စ) မပြင်ရင် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်နိုင်ပြီလား၊ မဟုတ်ပါ ဘူး။ ၅၉(စ)ကို မပြင်လည်း ဝှိုက်ကတ်ရတဲ့သူ တောင်မှ ပါတီထောင်ခွင့်ပေးထားလို့ ဘယ် အမျိုးဘာသာသာသနာ စောင့်ရှောက်တဲ့ ဥပ ဒေထုတ်ထုတ် ဘာသာခြားအပြင်ကို နိုင်ငံ သားမဟုတ်သူပါ လွှတ်တော်ထဲ ရောက်လာ နိုင်တဲ့ အခွင့်အရေး ပေးထားပါတယ်။ ဒါ ကြောင့် ထူးပြီးခြားမလားနိုင်ပါဘူး။

၅၉(စ) ကိုပြင်ရင် ဘာဖြစ်မလဲ၊

ဘာမှမဖြစ်ပါဘူး။ နိုင် ငံခြားက ဘယ်လိုလူမျိုးကမှလည်း တက်ပြီး သမ္မတလာဖြစ်လို့ မရပါဘူး။ အတော် များများက ၅၉(စ)ကို မဲနေတာ။ သူ့ထက် ကောင်းတဲ့ ၅၉(ခ) နဲ့ ချုပ်ထားပြီးသားဖြစ်ပါ တယ်။ ၅၉(က) နဲ့ (ခ) နဲ့တင် အားလုံးပွဲသိမ်း ပါတယ်။

၅၉(ခ) မိမိနှင့် မိမိ၏ မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေး ဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာ နိုင်ငံသားဖြစ်ရမည်။ သေသေချာချာပြန်ဖတ် ကြည့်ပါဦး။ သမ္မတလောင်းတစ်ဦးဟာ မိမိ ရော၊ မိမိရဲ့ မိဘနှစ်ပါးစလုံးဟာ မြန်မာနိုင်ငံ မှာပဲ မွေးဖွားကြီးပြင်းသူဖြစ်ရမယ်၊ တိုင်းရင်း သားတွေ ဖြစ်ရမယ်၊ မြန်မာနိုင်ငံသားဖြစ်ရ မယ် ဆိုတဲ့ အချက်နဲ့တင် ဘယ်မှာလာပြီး ဘယ်နိုင်ငံက ကုလားတွေ၊ တရုတ်တွေလာပြီး မြန်မာနိုင်ငံရဲ့ သမ္မတလာဖြစ်တော့မလဲ။ သူ တို့ဟာ နိုင်ငံသားဖြစ်ခဲ့တယ်ထားဦးတော့ တိုင်း ရင်းသားမှ မဟုတ်ကြပဲ။ သည်တော့ အမျိုး ဘာသာ၊ သာသနာစောင့်ရှောက်ဖို့ ၅၉(စ) မလိုပါ။။ ၅၉(ခ)နဲ့တင် ပွဲသိမ်းနေပါပြီ။

၅၉(စ) ကတော့ ထဘီ၀တ်မိန်းမသားတစ်ဦးကို ဘောင်း ဘီ၀တ်စစ်သားကြီးများက ကြောက်ပြီး ရေး ထားတဲ့ ဖွဲ့စည်းပုံပြဋ္ဌာန်းချက်ပါ။ ဘုမသိ ဘ မသိ အမျိုးစောင့်သူများဟာ မလေ့လာဘဲ ကုန်းမအော်ကြပါနဲ့။ ၅၉(စ)ဖြုတ်လို့ ဘာသာခြား နိုင်ငံဖြစ်စရာအကြောင်း မရှိပါဘူး။ ဖြစ်စရာရှိ ကိုယ့်နိုင်ငံကို အကောင်းဆုံးမြှင့်တင်ပေးနိုင် မည့်သူကို ဆုံးရှုံးသွားမှာကိုပဲ စိုးရိမ်ကြပါ။ ၅၉(စ) မပြင်လို့ နစ်နာစရာရှိရင် ပြည်သူပဲနစ် နာမှာပါ။ ရေးခဲ့တဲ့ စစ်သားဘောင်းဘီကျွတ် တွေကတော့ နစ်နာစရာမရှိပါဘူး။

အမျိုးဘာ သာသာသနာ စောင့်ရှောက်မယ် အော်တဲ့ သူတွေ စိတ်ဆိုးထိုက်တာက ၅၉(စ) မဟုတ် ဘူး။ နိုင်ငံသားမဟုတ်ဘဲ ဝှိုက်ကတ်ကိုင် တဲ့သူတွေ ပါတီထောင်ခွင့်ပေးတာကိုပါ။ အဲ့ ဒါကိုကော ဘယ်လို သဘောရလဲ။ ၅၉(စ)ကို ပဲ မြင်မြင်နိုင်လွန်းလို့ ပြောတာပါ။

သမ္မတ ရာထူး အရည်အချင်းအတွက် မြန်မာနိုင်ငံရဲ့ ဘယ်ဖွဲ့စည်းပုံမှာမှ ပြီးတော့ ဘယ်နိုင်ငံမှာမှ သားသမီး၊ ချွေးမ၊ သမက်တွေကို ကြည့်ပြီး ရွေးချယ်ခံပိုင်ခွင့်မရှိလို့ ပါတာ မတွေ့ဖူးပါဘူး။

၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်က နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းကို ပြပါဦးမယ်။ ၁၉၄၇ ဗိုလ် ချုပ်အောင်ဆန်းတို့ရေးခဲ့သော ဖွဲ့စည်းပုံပုဒ်မ ၄၉(က) မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘနှစ်ပါးသော်လည်းကောင်း ပြည် ထောင်စုနိုင်ငံ၏ ပိုင်နက်အတွင်း၌ မွေးဖွား ခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်းဖြစ်သော၊ ထို့အပြင် (ခ) ပါလီမန်အမတ်အဖြစ် ရွေး ကောက်တင်မြှောက်ခံနိုင်သည့် အရည်အ ချင်းနှင့်လည်း ပြည့်စုံသော ပုဂ္ဂိုလ်မျိုးမဟုတ် လျှင် မည်သူမျှ နိုင်ငံတော် သမ္မတရာထူးအ တွက် ရွေးကောက်ခံနိုင်ခွင့်မရှိစေရ။ ကဲ ရှင်း ပလား။

ဒါကြောင့်မို့ ၅၉(စ) ဆိုတာ အမျိုး ဘာသာစောင့်ရှောက်ဖို့ ထည့်ဆွဲထားတာ မ ဟုတ်ဘူးဆိုတာ သိရမယ်။

၅၉(စ) ဆိုတာ ဒေါ်စု သမ္မတဖြစ်လို့မရအောင် ညစ်ပတ်ပြီး ရေးထားတဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်။ လူသား အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးကို ပိတ် ထားတဲ့ ၅၉(စ) ပြုတ်အောင်ကို ပြည်သူ့ အင်အားနဲ့ ဖြုတ်ချကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဆောင်းပါးကဏ္ဍ
အမှတ်စဉ် ၉၈၊ သည်လေဒီးစ်နယူးစ်ဂျာနယ်

ချစ်သမီးပိုစ့်အားထပ်ဆင့်ဖြန့်ဝေပါသည် ။

No comments:

Post a Comment