Wednesday, October 23, 2019

ယုပ်မာမိုက်ရိုင်းသောမြန်မာ့တပ်တော်

ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ #တပ်မတော်ရဲ့ယုတ်မာမှုကို နိုင်ငံတကာက သိအောင် ဖြေကြားခဲ့ပါပြီ ....
တပ်မတော်က ဗီဒိုအာဏာ ကိုင်ထားပြီး အကယ်၍ 
ခြေဥ မပြင်နိုင်ရင် တပ်ကပူးပေါင်းဆောင်ရွက်မှု မရှိလို့သာဖြစ်တယ်ဆိုတာ တကမ္ဘာလုံးက နားလည်သွားပါပြီ

ရွေးကောက်ပွဲမတိုင်မီ ခြေဥပြင်ဆင်ရန်ဖြစ်နိုင်ဖွယ်မရှိဟု ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြောပြီ .....
=======================

 ပြီးပြည့်စုံသော ဒီမိုကရေစီအသွင် ကူးပြောင်းရေးတွင် မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လို အပ်ပြီး လာမည့်ရွေးကောက်ပွဲမတိုင်မီ ခြေဥပြင်ဆင်ရန် ဖြစ်နိုင်ဖွယ်မရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က တိုကျိုမြို့၌ Nikkei Asian Review သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုတွင်ယင်းသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေသောကြောင့် အရေးပါသော အာဏာကိုတပ်မတော်က ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ယင်းအချက်က ဖွဲ့စည်းပုံပြင်ဆင်ရေး၌ တပ်မတော်ကို ဗီတိုအာဏာ ပေးထားခြင်းဖြစ်သည်ဟု Nikkei Asian Review က ဖော်ပြသည်။

ယင်းအချက်အပါအဝင် အ ခြေခံဥပဒေ၏ ကျန်အစိတ်အပိုင်း များကို ပြင်ဆင်မှသာ ပြီးပြည့်စုံ  သည့် ဒီမိုကရေစီဖြစ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က Nikkei Asian Review အား ပြော သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအ တွက် လက်ရှိလွှတ်တော်က ပူး ပေါင်းကော်မတီဖြင့် ဆောင်ရွက် နေသော်လည်း တပ်မတော်က စိတ်ပါဝင်စားမှု သိပ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။ 

Source : 7 Day 

ZN.H 🇦🇺 
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျှက်
Martin Swe
24-10-2019Martin Swe
24-10-2019

No comments:

Post a Comment