Thursday, October 3, 2019

ပြည်သူပိုင်သိမ်းပွဲကြီး"
-------------------------
ကြေးမုံဦးသောင်း)

သမိုင်း အစစ်တွေကို သိရှိကြစေဖို့ ဆရာ့
ဆောင်းပါး အချို့ကို ဖော်ပြခြင်း ဖြစ်ပါသည်။

မြန်မာ့လမ်းစဉ် ဆိုရှယ်လစ်စနစ်မှာ စက်မှုလက်မှု
စီးပွားရေးလုပ်ငန်းများကို တည်ထောင်သည်မဟုတ်
ဘဲ တည်ရှိပြီး အရပ်သားပိုင်လုပ်ငန်းများကိုသိမ်းယူ
သော စနစ်ဖြစ်သည်။

၁၉၆၃ ခု၊ ဇန်နဝါရီလတွင် ဘီအိုစီ ရေနံကုမ္ပဏီနှင့်
အိုင်ဘီပီ ရေနံလုပ်ငန်းကို သိမ်းပြီး မြန်မာ့ရေနံ ကော်
ပိုရေးရှင်းကို ဖွဲ့စည်းလိုက်သည်။ ဖေဖော်ဝါရီလထဲတွင်
ဘဏ်တိုက် (၃၁) တိုက်ကို သိမ်းပြီး လုပ်ငန်းကြီးများ
စတင်သိမ်းတော့သည်။ အင်္ဂလို - ဘားမား သတ္တုတွင်း
ကုမ္ပဏီနှင့် ပုလဲလုပ်ငန်းတို့ ပါသွားကြသည်။

စစ်တပ်မှ စစ်ဗိုလ်ကြီးများ လုပ်ကိုင်နေကြသည့်
တပ်မတော် သက်သာချောင်ချိရေး တဖြစ်လည်း
မြန်မာနိုင်ငံ စီးပွားတိုးတက်မှု ကော်ပိုရေးရှင်း
(BEDC) နှင့် စစ်ဖက်ကုန်စည် ဖြန့်ချီရေး (DSI)
တို့ကိုလည်း သိမ်းလေသည်။

စီးကရက် ကုမ္ပဏီများ၊ သတ္တုတွင်းလုပ်ငန်းများ၊
ဆပ်ပြာချက်လုပ်ငန်း၊ ထီးစက်လုပ်ငန်း စသည့်
စက်မှုလက်မှုလုပ်ငန်းများ၊ ပုံနှိပ်စက်များ၊ အရပ်
သားပိုင် ကျောင်း (၈၁၄) ကျောင်း၊ သာသနာပြု
ဆေးရုံ (၉) ရုံ၊ ရုပ်ရှင်ရုံ (၁၈၂) ရုံ စသည်ဖြင့်
အားလုံးကို ပြည်သူပိုင် ပြုလုပ်သည်။

အကြီၤးဆုံး ပြည်သူပိုင်သိမ်းပွဲကြီးကို ရန်ကုန်မြို့
နှင့်တကွ နယ်များတွင်ပါ ၁၉၆၄ ခု၊ ဧပြီလ (၉)
ရက်နေ့တွင် ကျင်းပသည်။

အသိမ်းခံရသည့်သူများ မသိကြစေရန် လျှို့ဝှက်
စီစဉ်သည်။ ထောင်သောင်းချီသော ပါတီ မိတ်ဆွေ
ဆိုသူများနှင့် စစ်ဗိုလ်စစ်သားများကို သန်းခေါင်တိ
တိတွင် အောင်ဆန်းအားကစားကွင်းကြီး၌ စုထား
သည်။ မိုးမလင်းမီတွင် လူစုခွဲကြပြီး ရန်ကုန်မြို့အနှံ့
အပြား သွားရောက်ကာ ပွဲရုံများ၊ လက်လီ လက်ကား
ဆိုင်များ၊ သမဝါယမဆိုင်များ၊ စီးပွားရေးလုပ်ငန်းမှန်
သမျှကို ပြည်သူပိုင် သိမ်းလိုက်လေတော့သည်။

ပြည်သူပိုင်သိမ်းရာတွင် လုပ်ငန်းကြီးပါက ဗိုလ်မှူးက
ကွပ်ကဲသည်။ အလတ်စားလုပ်ငန်းကို ဗိုလ်ကြီး၊
အငယ်စားလုပ်ငန်းကို တပ်ကြပ်ကြီးတို့က ကွပ်ကဲပြီး
သိမ်းယူသည်။ လက်နက်ကိုင်စစ်သားများက စောင့်
ကြပ်ပေးရသည်။

ပါတီမိတ်ဆွေများက မူလပိုင်ရှင်များ၏ နေရာတွင်
အစားထိုးပြီး အရောင်းအဝယ်လုပ် ငန်းကို ဆက်
လက်လုပ်ကိုင်ကြသည်။

ဆိုင်ကြီးများမှ လက်လီဆိုင်ကလေးများအထိ
ဆိုင်ပိုင်တို့အဖို့ နံနက်စောစော ဆိုင်ဖွင့်ရန်
သွားကြသော အခါတွင် မိမိတို့ ဆိုင်ရှေ့များတွင်
စစ်အရာရှိနှင့် ပါတီမိတ်ဆွေဆိုသူများကို တွေ့ကြ
ရသည်။

ပြည်သူပိုင် အမိန့်ကို ဖတ်ပြပြီး လုပ်ငန်းကို
သိမ်းယူသောအခါတွင် ဆိုင် (သို့မဟုတ်) လုပ်ငန်း၏
သော့နှင့် ငွေများကို အပ်ကြရသည်။ အရေးတကြီး
တောင်းကြသည်မှာ လုပ်ငန်းပိုင် မော်တော်ယာဉ်များ
နှင့် ကားသော့များ ဖြစ်၏။ ထိုနေ့ နံနက်က စတင်ပြီး
ထိုဆိုင်၊ ထိုလုပ်ငန်းမှ မော်တော်ယာဉ်သည် ဗိုလ်ကြီး
သို့မဟုတ် တပ်ကြပ် ကြီးပိုင် အဖြစ်သို့ ပြောင်းလဲသွား
လေတော့သည်။

တင်မောင်က နေ့စဉ်နေ့တိုင်း သမီးများကို ကျောင်းပို့၊
ကျောင်းကြိုတာဝန်ယူထားရသည်။ ပြည်သူပိုင်မသိမ်း
မီက ကားပြာလေးတစီးနှင့် ကျောင်းလာလေ့ရှိသော
မောင်နှစ်မသုံးယောက်တို့ ခြေလျင်လာကြတာကို မြင်
ရပြီး ခါတိုင်း ခြေလျင်ကျောင်းတက်လေ့ရှိသူ ကလေး
တဦးက ထိုကားပြာကလေးနှင့် ကျောင်းတက်လာ
သည်ကို မြင်တွေ့ရသည်။ ကားအထဲမှ ကလေးက
အမူအရာ မထူးခြားစေကာမူ စစ်ဗိုလ်ကတော်နှင့်
တူသော ကားမောင်းလာသူ အမျိုးသမီးကို ခေါင်း
တမော့မော့ ရှိနေသည်ကို မြင်ရသည်။

ဆိုရှယ်လစ် သင်္ခါရတရားကို ရှုမိပါတော့၏။

ပြည်သူပိုင်သိမ်းပွဲတွင် စစ်ဗိုလ်များအား
ကားမအပ်သူများကို ကြီးလေးသော အပြစ်ကို
ပေးလေ့ရှိသည်။ အင်္ဂလိပ်စာရေးဆရာကြီး
ဂျော့အိုဝဲလ်၏ `မြန်မာပြည်မှ နေ့များ´ ဝတ္ထုမှာ
ပါရှိခဲ့သည့် စမတ်နဲ မုကာရမ်ဒမ် စာအုပ်ဆိုင်
ဆူးလေဘုရားလမ်းတွင် ရှိသည်။

စာအုပ်ဆိုင်ကို စစ်ဗိုလ်က လာရောက်သိမ်းစဉ်က
ပိုင်ရှင်အဖိုးကြီးတွင် ကားပျက်ကြီးတစီးရှိပါလျက်
ကားမအပ်သော အမှုအတွက် ထောင် (၄) နှစ်
အပြစ်ပေးခဲ့သည်။ အဖိုးကြီးခမျာ အသက် (၇၂)
နှစ် ရှိရှာပါပြီ။

ပြည်သူပိုင် သိမ်းပွဲအပြီး၌ ဆိုင်အသိမ်းခံရသူ
မိတ်ဆွေတဦးထံသွားပြီး အားပေးစကား ပြော
မိသည်။ `ကျနော် အမြတ်ကြီးစား မဟုတ်ပါဘူး။
ကောင်းရောင်းကောင်းဝယ် လုပ်ကိုင် စားသောက်
သူပါဗျာ´ ဟု ညည်းလေ သောကြောင့် `ဝိပါကဝဋ်
ပေါ့ဗျာ´ ဟု တရားပြနေခိုက်တွင် လူတယောက်ဝင်
လာသည်။ ပိုးလုံချည်၊ ပိုးအင်္ကျီနှင့် ပွဲထိုင်သွားမည့်
သူကဲ့သို့ ဝတ်ဆင်ထားသော်လည်း သူ၏မျက်နှာက
ဒေါသထွက်နေဟန် နီမြန်းနေသောကြောင့်မည်သို့မျှ
ဝင်မပြောဘဲ ကြည့်နေမိ၏။

`လာပါဗိုလ်ကြီး ထိုင်ပါ၊ ထိုင်ပါ´ ဟု မိတ်ဆွေက
ဖိတ်သည်ကို မထိုင်ဘဲ ဆူပူစကားပြောလေတော့
သည်။

`တနေ့က ဆိုင်ကို သိမ်းတုန်းက ခင်ဗျားအပ်တဲ့
ကားမှာ အပိုဘီးမပါဘူး။ ခင်ဗျား ထိန်ချန်ထားခဲ့
တယ်။ အခု လမ်းမှာ ဘီးပေါက်နေတယ်။ ခင်ဗျား
ခိုးထားတဲ့ ဘီးကို အခုအပ်ပါ´ ဟု ဒေါသနှင့် ပြော
သည်။ မိတ်ဆွေက `ကားမှာ အပိုဘီးပါပါတယ်။
ဘီးငါးဘီး အပ်ခဲ့ပါတယ်။ ဒီကားမျိုးက အပိုဘီးကို
နောက်ခန်းမှာ မထားဘဲ ကားရဲ့ ဖလိန်အောက်မှာ
ဘီးအိမ်နဲ့ ထည့်ထားလို့ မမြင်ရတာပါ´ ဟု ရှင်းပြ
သည်။`ကားကို သိမ်းတုန်းက ဘာလို့ မရှင်းပြတာ
လဲ´ ဟု ဆူပူငေါက်ငမ်းပြီး ထွက်သွားသည်။

လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များထံမှ လုယူထားသည့်
ကားကို ကိုယ်ရေးကိုယ်တာကိစ္စများအတွက်သုံးကြ
သည်ကို မြင်ရသည်။

ကုန်စည်များကိုလည်း ခိုးဝှက်ကြသည်။ အဖိုးတန်
သော ကုန်ဆိုင်များကို သိမ်းရန် တာဝန်ကျသူ စစ်
ဗိုလ်များ သည် ချက်ချင်းချမ်းသာကြတော့သည်။

ကားများ၊ ကုန်များကိုသာမက ဆိုင်ခန်းများကိုပါ
စစ်ဗိုလ်များက ခိုးကြသည်။ ရန်ကုန်တွင်ရော၊ နယ်
တို့တွင်ပါ လက်လီလက်ကားဆိုင် (၁၂၇၆၄) ဆိုင်ကို
သိမ်းပြီးသည့် နောက်တွင် အမျိုးတူ ကုန်များ ပူးပေါင်း
ရောင်းချ မည်ဟု မူချမှတ်ကာ ကုန်များကို ဆိုင်ကြီးများ
ရှိရာသို့ ပြောင်းသောအခါတွင် ရန်ကုန်၌ ဆိုင်နေရာ
တသောင်းခန့် လစ်လပ်သွားသည်။ အောက်ထပ်
လမ်းဘေးများမှ ဆိုင်ခန်းများအပြင် အိန္ဒိယသို့ အပြီး
ပြန်သွားသူ ကုလားများ၏ အိမ်ခန်းတွေပါ အစုစုအိမ်
ခန်း တသိန်းခန့်ကို စစ်ဗိုလ်မြူမင်းကြီးက ကွပ်ကဲပြီး
စစ်ဗိုလ်များနှင့် ပါတီဝင် လက်နက်ချ ကွန်မြူနစ်များ
ကို နေရာချပေးလေသည်။

အားလုံးလိုလိုပင် ပြန်ရောင်းစားကြသည်။ အချို့
စစ်ဗိုလ်များက အိမ်ခန်းရော ဆိုင်ခန်းပါ လေးငါးလုံး
ရယူပြီး တဆင့် ရောင်းစားသည်။

တရုတ်၊ ကုလား စီးပွားရေးဈေးကွက်ကို ဖျက်သိမ်း
ရန် ရည်ရွယ်ချက်နှင့် ဆိုင်များကို သိမ်းခဲ့စေကာမူ
စစ်ဗိုလ်များက ပြန်လည်ရောင်းစားကြသောကြောင့်
တရုတ်၊ ကုလားများ လက်ထဲသို့ပင် ပြန်ရောက်သွား
ပြန်ပေသည်။

ဘဏ်တိုက်များ၊ ဆိုင်များ၊ လုပ်ငန်းများကို
သိမ်းရာတွင် စာရင်းမရှိ၊ အင်းမရှိ ခိုးယူကြသည်။
အများစု ဖြစ်သော မြန်မာပိုင်လုပ်ငန်းမှန်သမျှကို
လျော်ကြေးမပေးတော့ပေ။ သို့သော် ဘီအိုစီနှင့်
နိုင်ငံခြားသားပိုင် ဘဏ်တိုက်ကြီးတွေကိုမူ နိုင်ငံ
ခြားသုံးငွေနှင့် လျော်ကြေးပေးသည်။

ဆွီဒင်ပြည်မှ လုပ်ငန်းရှင်တဦးပိုင်သည့် မန္တလေး
မီးခြစ်စက်ကိုလည်း နိုင်ငံခြားငွေနှင့် လျော်ကြေး
ပေးသည်။

ဗိုလ်ချုပ်ကြီးနေဝင်းက တနှစ်တွင် ကိုးလတာမျှ
ဥရောပနိုင်ငံများသို့ သွားရောက်ဇိမ်ခံလေ့ရှိသဖြင့်
သူသွားသော နိုင်ငံများတွင် မျက်နှာမငယ်စေ ရန်
နိုင်ငံခြားသုံးငွေနှင့် လျော်ကြေးပေးရသည်ဟု
ဘဏ္ဍာရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

ဗိုလ်ချုပ်ကြီး နေဝင်းက နိုင်ငံခြားသားများကို
ကြောက်တတ်သည့် သူရဲဘောကြောင်သော
စိတ်ဓာတ်နှင့် သူနိုင်သော မြန်မာနိုင်ငံသားများ
ကို ရက်စက်စွာ အနိုင်ကျင့်သည့် စိတ်ဓာတ်များ
သည် စက်ဆုပ်ရွံ့ရှာဖွယ် ကောင်းလှ ပေသည်။

မြန်မာပိုင်ဆိုပါက စာရင်းအင်း ကျကျနနရှိသော
ဘဏ်တိုက်များကိုပင် လျော်ကြေးမပေးစေကာမူ
ဗိုလ်ချုပ်နေဝင်းကတော် ဒေါ်ခင်မေသန်း၏ ဆွေမျိုး
များပိုင်သောလုပ်ငန်းများကို တိတ်တိတ်ပုန်း လျော်
ကြေး ပေးသည်။ အထပ်သားစက်လုပ်ငန်းကို သိမ်း
စဉ်က လုပ်ငန်းတန်ဖိုးအားလုံးကို နိုင်ငံခြားသုံးငွေနှင့်
လျော်ကြေး ပေးရုံမျှမက မိသားစုတခုလုံး အင်္ဂလန်သို့
သွားရောက်နေထိုင်နိုင်ရန် နိုင်ငံကူးလက်မှတ်ပါ ထုတ်
ပေးသည်။ မတရားမှု မှန်သမျှ တခုမကျန် ကျူးလွန်ခဲ့
ပေသည်။

ကုန်ထုတ်လုပ်ငန်းနှင့် ကုန်သွယ်လုပ်ငန်းများကို
သိမ်းယူခဲ့သည် ဂယက်အဖြစ် ကုန်စည်များ ရှားပါး
သည်ကို ရင်ဆိုင်ကြရသည်။ ရှားပါးသဖြင့် ကုန်ဈေး
နှုန်းများ တက်နေချိန် ၁၉၆၄ ခု၊ မတ်လ (၁၇) ရက်
နေ့တွင် အစိုးရက ထုတ်ဝေသုံးစွဲထားသဖြင့် လူထု
၏ လက်ထဲတွင် လှည့်လည်သုံးစွဲနေသော ကျပ်
(၁၀၀) တန်နှင့် (၅၀) တန် ငွေစက္ကူများကို တရား
မဝင်ဟု ကြေညာလိုက်သဖြင့် လူထုကြီးတရပ်လုံး
မွဲသွားရှာသည်။ လှည့်လည်နေသော ငွေ၏ (၂၂)
ရာခိုင်နှုန်းကို သုံးစွဲခွင့် ပယ်ဖျက်သောကြောင့်
အစိုးရအဖို့ ကျပ် (၉၁၅.၈) သန်း အမြတ်ရသွား
သည်။ လူထုမှာ ကျပ် (၉၁၅.၈) သန်း မွဲရသည်။

လူထု မည်သို့ ခံရစေကာမူ အစိုးရက အနည်းငယ်မှ
လျှော့မပေး၊ ၁၉၆၆ ခု၊ ဇန်နဝါရီလ (၆) ရက်နေ့တွင်
ကုန်သွယ်ရေး အမိန့်သစ်ထုတ်ကာ ချုပ်ကိုင်ပြန်သည်။
ကုန်စည်အမျိုးအစား (၄၆၀) ကို အရပ်သားများ မထိရ
ဘဲ အစိုးရကသာ ရောင်းဝယ်ခွင့် ရှိတော့သည်။ ဖွဲနု၊
ဆန်ကွဲမှ စတင်ပြီး နနွင်းတက်အထိ တော်လှန်ရေး
အစိုးရကသာ သိုလှောင်ခွင့်၊ ရောင်းဝယ်ခွင့် ရှိတော့
သည်။

ထိုကဲ့သို့ ပုဂ္ဂလိက အရပ်သားပိုင် လုပ်ငန်းများကို
စစ်ဗိုလ်များက လုယက်သည့် ဆိုရှယ်လစ်စီးပွားရေး
စနစ်ကို ထူထောင်သောကြောင့် နိုင်ငံ၏ စီးပွားရေး
လုပ်ငန်းကြီးများ ကျဆင်းပျက်ပြားသွားလေတော့
သည်။

၁၉၆၄-၆၅ ခုနှစ်က လယ်ယာကုန်ထုတ်လုပ်မှု
တန်ဖိုး (၂၅၂) ကုဋေရှိခဲ့ရာမှ ၁၉၆၅-၆၆ ခုနှစ်မှာ
(၂၄၁) ကုဋေအထိ ကျဆင်းသွားသည်။

အထူးသဖြင့် ဆန်ရှားသွားသည်။
၁၉၆၇ ခုနှစ်၊ သြဂုတ်လတွင် စပါးခင်းများ
အကြားတွင်ရှိသော ရန်ကုန်မြို့ကြီး၌ ဆန်ပြတ်
သွားသောကြောင့် လူထုကြီး မျက်သလဲဆန်ပျာ
ဖြစ်ကြရသည်။ရန်ကုန်တမြို့လုံးမှလူအများသည်
ဆန်ထွက်ရှာနေကြရသဖြင့် ရုံးများ၊ ဆိုင်များပိတ်
သွားသည်။ ထိုအခါ စစ်စုံထောက်များက တရုတ်
အမျိုးသားများကိုလိုက်လံရိုက်နှက်ကြပြီး တရုတ်
-ဗမာ အဓိကရုဏ်းကို ဖန်တီးကာ လူထုကြီး၏
သွေးဖြင့် ဆန်ပြသာနာကို ဖြေရှင်းသည်။

များစွာ ရက်စက်ယုတ်မာလှသည်။

လူထုကြီ


းမှာ ကျောကော့ပြီး ခံကြရသည်။

Andrew Soe
၈ ဇန်နဝါရီ ၂၀၁၅။

*( ပုံများမှာ ၁၉၆၄ ခုနှစ် ရန်ကုန်မြို့ မြင်ကွင်း
ဓာတ်ပုံ တချို့ ဖြစ်သည်)။
_______________________________
Credit To >Andrew Soe<Thanks
http://www.facebook.com/lwinthandarsoe

No comments:

Post a Comment