Wednesday, October 16, 2019

မအလ ဂျပန်ဦးအောင်သွားလိုက်၊တရုပ်ဦအောင်သွားလိုက်စောက်ရှက်ကိုမတော့တာ

ဒီနိုင်ငံမှာမှားနေတယ်ဆိုတာ အဲ့ဒါတွေပေါ့ ။
ကိုယ့်အဆင့်ကဘာ ၊ ကိုယ့်အလုပ်ကဘာ ၊
ကိုယ်အဓိကရပ်တည်တာဝန်ယူထားရတာက
ဘာ ၊ ကိုယ့်တာဝန်ကိုကျေပွန်အောင်ဘယ်လို
ထမ်းဆောင်ရမယ်ဆိုတာဘာ ၊ ဘာဘာ ဘာ
မှမသိဘဲ အဘဆရာသခင်ရဲ့ခြေဥအရလုပ်
ပိုင်ခွင့်ကြီးကိုင်ပြီး နိုင်ငံရေးလိုလို ကာကွယ်
ရေးလိုလို ဟိုလိုလိုဒီလိုလိုယောင်‌ခြောက်
ဆယ်ဖြစ်နေတဲ့ တပ်ချုပ် မအလက ရဲ့
ဘဝ အတော်ဆိုးလှတယ် ။

ကိုယ့်အခြေအနေနဲ့ ကိုယ့်ရပ်တည်မူ့ကဘာလဲ
ဆိုတာ သူ့ကိုယ်သူမှ သိပါလေစ ။ ကြည့်ဗျာ ...

ဂျပန်ကိုမုန်တိုင်းမဝင်ခင် တိတ်တိတ်လေး
အတင်းပြေးသွားပြီး ဟိုလူနဲ့တွေ့ပါရစေ ဒီလူ
နဲ့ဆုံပရစေသွားလုပ်တယ် ။ ဟိုကလဲ ကိုယ်မ
ဖိတ်ပေမဲ့ ကိုယ့်အိမ်ထဲသူ့စရိတ်နဲ့သူ အတင်း
ဝင်ပြီး ၊ တွေ့ခွင့်ရပါရစေနဲ့တငင်ငင်ပူဆာနေ
တာကို လက်မခံရင်လဲရိုင်းရာကျတော့မယ် ။

နိုင်ငံရေးအရကြည့်မယ်ဆိုပြန်ရင်လဲ တရုတ်
လက်ထဲကနေပြန်ဆွဲထုတ်နေချိန် ခြေဥအရ
အခွင့်ထူးခံဖြစ်နေသူကို Ignore လုပ်လို့လဲ
မကောင်း ။ တစ်ဖက်မှာလဲ ဒီနိုင်ငံကိုအဖက်
ဖက်ကကူညီဖေးမပြီးထူထောင်ပေးနေပေမဲ့
ဒင်းတို့ဆီကအကူအညီမရရင်သာနေမယ်
အဖျက်အမှောက်တွေတော့လုပ်ပိုင်ခွင့်ရှိနေ
တာ ဂျပန်ကသဘောပေါက်ထားတယ် ။

ဒါကြောင့်အခြေအနေအရ ခေါင်းပုတ် 
ကြောသပ် တဲ့အနေနဲ့ ၁၀ မိနစ် ၁၅ မိနစ်လောက်
တွေ့ခွင့်ပေးလိုက်တယ် ။ အာ့မှာဒင်းတအားကြီး
တွေပျော်သွားပါလေရော ။ ဟင်း ဟင်း တွေ့
လား ငါ့ကိုဂျပန်ဝန်ကြီးချုပ်တောင်လက်ခံတွေ့
ရတယ်ဘာညာနဲ့သွေးကြီးတွေဝင်ပါလေရော ။
ပြသနာကအဲ့ဒါဘဲ ။ 

ပြောရမယ်ဆိုရင်ဗျာ ...
ဂျပန်ဝန်ကြီးချုပ်အနေနဲ့ နားပူနားစာလာလုပ်
နေတဲ့ကလေးတစ်ယောက်ကို အ‌ခြေအနေအရ
ပျော်ပါစေသဘောလဲပါသလို  ၊ ဟိုဘက်ကတ
ရုတ်ကြီးကိုလဲသိစေချင်တဲ့သဘောသော်လည်
ကောင်း  ။ နိုင်ငံရေးနည်းနဲ့အချိုသပ်တဲ့သဘော
မျိုးလဲပါသလို အကြောင်းအမျိုးမျိုးကိုထောက်
ပြီးတွေ့ခွင့်ပေးလိုက်ပေမဲ့ အသာလေးကြော
သပ်ပြီး ဘင်္ဂလီပြသနာခေါင်းခံဖြေရှင်းလိုက်
ပါလို့ထည့်လွှတ်လိုက်တာ ။ 

သေချာတဲ့နောက်တစ်ခုကိုပြောရရင်
သူရဲ့တကယ့်မိန်းမဟာမိတ် ယန်းကီးကြီးရဲ့
အငြိုအငြင် သူမခံဘူး ။ ယန်းကီးကြီးက
လက်ရှိတပ်မတော်စစ်ခေါင်းဆောင်တွေကို
ဘယ်လိုသဘောထားရှိလဲ သူသိနေတယ်လေ ။

ဒါကြောင့်အိမ်ရှင် ဝတ္ထရားလဲမပျက်အောင်
တွေ့ခွင့်ပေးပေမဲ့ မိမိတို့နိုင်ငံမူဝါဒအရ မင်းတို့
မြန်မာ့တပ်မတော်ခေါင်းဆောင်တွေကိုဘယ်လို
သဘောထားပြီး ဘာလဲသိစေချင်တာရယ် ...

တစ်ဖက်က မိမိနိုင်ငံရဲ့အဓိက မဟာမိတ်
အမေရီကန်ယန်းကီးကြီးလဲအမြင်ကြည်အောင်
ကိုယ်မွှေထားတာကိုယ်တာဝန်ဖြေရှင်းပါကွာ
ဟိုအမျိုးသမီးကြီးကိုကာဗာသွားသွားမယူပါ
နဲ့ဆိုတဲ့သဘောဗျင်းလိုက်တာ ။ အဲ့ဒိမှာ ငတိ
တွန့်ကနဲဖြစ်သွားတော့မှ နှစ်နိုင်ငံတပ်မတော်
ပူးပေါင်းဆောင်ရွက်ဘို့ရှေ့ဆက်သွားမှာပါ
ဆိုပြီးတရုတ်ဘက်မျက်စပစ်လို့အထာလေး
နဲ့ပြန်လဲချုပ်လိုက်ရော ကိုယ့်တပ်ချုပ် မအလ
လဲ သွားကြီးဖြီးသွားပြန်ရော ။ 

ပြောရမယ်ဆိုသူက DASSK ကိုနိုင်ငံရေးအရ
လက်ရှိခြေဥကိုကိုင်ပြီးလိုက်ယှဉ်နေတာ ။ သ
ဘောက လူရာဝင်ချင်တာ ။ ဒါပေမဲ့ သူကိုင်ထား
တဲ့ခြေဥမှာကိုက သူကတရားဝင်တပ်မတော်
ကာကွယ်ရေးဦးစီးချုပ်မဟုတ်တော့ဘူး ။ 

ယခင် ဦးသိန်းစိန်လက်ထက်တရားဝင် ခြေဥ
အရအတည်ပြုထားပေမဲ့ သူ့ဘာသာသူ အိတ်စ်
စတန်းရှင်းထက်တိုးထားတဲ့ နောက်ထက် ၅ နှစ်
ကြီးက နိုင်ငံတော် သမ္မတရဲ့အတည်ပြုချက်ရ
ထားတာမဟုတ်ဘူး ။ ဆိုတော့အဲ့ဒိမှာ အရူးချီး
ပန်းဖြစ်ကရော ။ ဟိုနိုင်ငံ ဟို သမ္မတက ဒီနိုင်ငံ
ဒီ ဝန်ကြီးချုပ်က သူ့ကိုတပ်ချုပ်အဖြစ်လက်ခံ
ပါတယ် အတည်ပြုပါတယ်ဆိုတာ အသဲအသန်
ခမျာလေးလိုချင်နေရှာတာ ။ ဒါကြောင့် အရှက်
တွေဘာညာဘေးဖယ်ပြီး အတင်းခေါင်းထိုး
လိုက်ရောနေရရှာတာ ၊ သနားစရာ ...

ထားပါတော့ ဒါတွေ ။ သူမြန်မာပြည်ရဲ့ကာချုပ်
အစစ်ကြီးပါလို့ သူ့ဘာသာအတင်းလိုက်လူရာ
ဝင်ချင်နေတာမပြောလိုတော့ဘူး ။ ဒါပေမဲ့ 
ကိုယ်နဲ့နိုင်ငံရေးအရလက်တန်းမတူသူ တနည်း
အားဖြစ် နိုင်ငံရေးအရတစ်ဖက်လူရဲ့ခြေဖျား
မမှီဘဲ အတင်းပုခုံးချင်းလိုက်ယှဉ်နေတာကြီးက
တော်တော်မှတော်တော်လေး ဆိုးလှတယ် ။ 

ပြောချင်တာက လာမဲ့ ၂၄ ရက်မှာ ဂျပန်ဘုရင်
နန်းတတ်ပွဲရှိတယ် ။ နိုင်ငံအသီးသီးက ထိပ်ထိပ်
ကျဲတွေဖိတ်ထားတယ် ။ အဲ့ဒိအထဲမှာ မြန်မာ
ပြည်ကလုထုအသဲနှလုံး မေစု ပါတယ် ။ ဒင်းက
အဲ့ဒိအရင်ကြိုသွားပြီးဂျပန်ဝန်ကြီးချုပ်ကိုတွေ့
ခွင့်အတင်းတောင်းလို့ကျနော်အထက်မှာပြော
သလိုအခြေအနေအရ မကောင်းတတ်လို့ ခဏ
တာတွေ့ခွင့်ပေးလိုက်ပေမဲ့ ဒင်းမျှော်လင့်သလို
အမေစုနည်းတူဂျပန်ဘုရင်နန်းတတ်ပွဲ သူ့ပါ
အားနာပါးနာလေးနဲ့များဖိတ်မလားဆိုတာ
ကြီးက ဖြစ်မလာဘူး ။

ဖြစ်မလာတာကို အောင့်သက်သက်‌နဲ့မှိန်းမနေ
ဘဲ မြန်မာသံရုံးကိုအပြေးသွားပြန်တယ် ။ သံ
ရုံးအနေနဲ့ မြန်မာ့ထုတ်ကုန်တွေဂျပန်ပြည်တွင်း
တိုးတတ်တင်ပို့နိုင်ရေးလုပ်ကြပါ ဘာညာနဲ့
သူ့ကိုယ်သူ သမ္မတကြီးလိုလိုစတိုင်ဖမ်းပြီး 
သွားထက်အာချောင်ပြန်ရော ။ ဟားဟားဟား
ဟား  ဒီသတင်းတွေ့တွေ့ခြင်းကိုယ်တွေမှာ
ရီရတာ ဥပါနာတယ် ။ 

တကယ်တော့ မေစု ဂျပန်ရောက်ရင် 
ဂျပန်လုပ်ငန်းရှင် ၇၀၀ ကျော်နဲ့တွေ့ဆုံဘို့ရှိ
တယ် ။ အဓိက ကမြန်မာ့စီးပွားရေးတိုးတတ်
ဘို့နဲ့ ဂျပန်လုပ်ငန်းရှင်တွေမြန်မာပြည်တွင်း
လာရောက်ရင်းနှီးမြုပ်နှံကြဘို့ ။ ဒီအကွက်ကို
တပ်ချုပ် မအလက ကကြိုနင်းတဲ့သဘောနဲ့
သံရုံးမှာ သံရုံးဝန်ထမ်းတွေနဲ့ဘယ်လိုမှမပက်
သက်တဲ့အလုပ်ကို ဖျာခင်းလိုက်တယ် ။ တ
ကယ်လို့ မေစု နဲ့ ဂျပန်လုပ်ငန်းရှင်တွေတွေ့
ပြီးလာရောက်ရင်းနှီးကြ ၊ မြန်မာ့ထွက်ကုန်
တွေဂျပန်ဆီပိုရောက်သွားမယ်ဆို သူကဘဲ
ဦးဆောင်ညွှန်ပြခဲ့လို့ အကျိုးဖြစ်ထွန်း
လာသလိုလို ။ အဟက် ဟက် ...

အမှန်က သူ့အနေနဲ့ အဓိကကိုယ်တာဝန်ယူ
နေတဲ့နေရာကိုသူသိရင် အခုခရီးက ဘာအ
ကြောင်းကြောင့်ရောက်ရောက် အကျိုးမမဲ့
ပါဘူး ။ အထူးသဖြစ် ကာကွယ်ရေးမှာ မြန်မာ့
တပ်မတော်နဲ့ ဂျပန်တပ်မတော်အနာဂါတ်မှာ
ပူးပေါင်းဆောင်ရွက်ပါမယ်လို့ ဂျပန်ဘက်မှ
တာဝန်ရှိသူတွေအသံထွက်လာကတည်းက
ဒီခရီးမှာ အမြတ်ထွက်ပြီ ။ အထူးသဖြစ်
တရုတ်ကြီးကို ပညာပေးလိုက်တာ ။ 

ဒါကို ဒင်းကရှည်ပြီး စီးပွားရေးအတွက်
ဘာညာတွေထက်ကွန့်လိုက်တော့ ဒီမိုတွေနဲ့
ဂျပန်နိုင်ငံသားတွေအဖို့ ဒင်းကသောက်ပေါ
ကြီးလုံးလုံးကုိဖြစ်ကရော ။ အဲ့ဒါဘာဘဲဗျာ ၊

လူရာလဲဝင်ချင် 
လူရာဝင်လောက်တဲ့ high ကလဲမရှိတော့
လုပ်သမျှ ပြောသမျှအရာတွေက သောက်
တလွဲတွေချည်းဖြစ်နေရော ။ ဒါ့အပြင် မတန်
မရာကို အတင်းပုခုံးလိုက်ယှဉ်တော့ ဘေးက
မြင်နေရတဲ့ကိုယ်တွေမှာ ရီရမလို ငိုရမလိုနဲ့
ဖိလ်းကန့်လန့်ကြီးကိုဖြစ်လို့ ။ လခွမ်း ... ။

Sua Sponte .
Sitt Naing Aung

ZN.H 🇦🇺လိုက်ယှဉ်တော့ ဘေးက
မြင်နေရတဲ့ကိုယ်တွေမှာ ရီရမလို ငိုရမလိုနဲ့
ဖိလ်းကန့်လန့်ကြီးကိုဖြစ်လို့ ။ လခွမ်း ... ။

Sua Sponte .
Sitt Naing Aung

ZN.H 🇦🇺


No comments:

Post a Comment