Monday, May 30, 2022

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ရှေ့တန်းစစ်စခန်းများသွားရောက်။

 NUG ယာယီ သမ္မတ PDF ရှေ့တန်းစခန်းများကို ကွင်းဆင်း စစ်ဆေး


ဧရာဝတီ ၊ မေ ၃၀၊ ၂၀၂၂


အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ ယာယီ သမ္မတ ဒူဝါလရှီးလသည် မေလ ၂၄ ရက်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရှေ့တန်း စခန်းတနေရာသို့ သွားရောက်ပြီး အားပေး ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြောင်း သိရသည်။


ထိုသို့ သွားရောက်ခဲ့ရာတွင် ဒူဝါလရှီးလက PDF စစ် သည်၊ ရဲဘော်များသည် တိုင်းပြည်၏ သူရဲကောင်းများဖြစ်သလို တိုင်းပြည်၏ မျှော်လင့်ချက်လည်းဖြစ်သဖြင့် အထူးလေးစား ဂုဏ်ယူကြောင်း၊ PDF ရဲဘော်များ အပါ အဝင် ခုခံတွန်းလှန်စစ်တွင် ပါဝင်နေသူများ အားလုံးသည် မိမိတို့ အသက်အန္တရာယ်ကို စတေး ထည့်ဝင်နေကြသူများ ဖြစ်သည့်အတွက် သမိုင်းက ကောင်းစွာ မော်ကွန်း ကဗ္ဗည်းတင်ပြီး ဖြစ်သလို အရင်းအနှီးများ သည် လုံးဝ အဟောသိကံ ဖြစ်မည် မဟုတ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက်စာ မျက်နှာ Facebook တွင် ရေးသားထားသည်။


ပြည်သူနှင့် PDF ရဲဘော်တို့သည် ရေနှင့် ငါးကဲ့သို့ပင် ကျင့်ကြံရမည် ဖြစ်ကာ Professional စံပြတပ်မတော် တရပ်အဖြစ် ရပ်တည်နိုင်ရေးအတွက် ပြည်သူနှင့် တသားတည်း ရှိမှု၊ စည်းကမ်းကောင်းမွန်မှု၊ အမိန့်နာခံမှု၊ စွမ်းရည် ပြည့်ဝမှုတို့သည် အရေးကြီးကြောင်း စသည် ဖြင့် မှာကြားခဲ့ကြောင်းလည်း သိရသည်။


ယခုအခါ တနိုင်ငံလုံးတွင် PDF တပ်မတော်၏ တပ်ရင်း၊ တပ်ဖွဲ့ပေါင်းများစွာ စနစ်တကျ စုဖွဲ့လာနိုင်ပြီ ဖြစ်၍ လူထုက များစွာ အားတက်လျက်ရှိကြောင်း၊ PDF သည် နွေဦးတော်လှန်ရေး၏ အသက်ပမာ အရေးကြီးသည်ဖြစ်ရာ လူထု မျှော်လင့်ချက် ပန်းတိုင်ရောက်သည်အထိ ဉာဏ်ပညာ၊ ဇွဲ၊ သတ္တိ၊ လုံ့ဝ၊ ဝိရိယအပြည့်ဖြင့် ဦးဆောင်ပါဝင်သွားကြရန် လိုအပ်ကြောင်း စသည်ဖြင့် ဆွေးနွေး မှာကြားခဲ့ကြောင်းလည်း ပြည်သူသို့ အသိပေး ထုတ်ပြန်ထားသည်။


ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်ကလည်း NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်သည် PDF ရှေ့တန်းစခန်းများသို့ သွားရောက်၍ တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သေးသည်။


ဓာတ်ပုံ - Acting president duwa lashi la


#WhatsHappeningInMyanmar

#R




ejectMilitaryCoup

No comments:

Post a Comment