Tuesday, May 17, 2022

စောက်တလွဲလောဂျစ်



 စောက်တလွဲ လောဂျစ်

….

ဘာသာရေးနဲ့ ထိရှတယ်

မကြိုက်ရင်

ကြိုရှောင်သွားကြဗျ။


ဒီဖက်ခေတ်မှာ ဘုန်းကြီး

အများစုတွေက

ဟောလိုက်ရင်လည်း 

အလှူပေးတရားကြီး‌တွေချည်းပဲ။ 

ဓမ္မအမှန်တရား

အလုပ်ပေးတရားဟောတဲ့ဘုန်းကြီး 

လက် ၁၀ ချောင်း

မပြည့်ဘူး။ 


တရားက လွှဲလို့ 

တာ့တာ ဘိုင့်ဘိုင်ပဲ။

လှူရင်လည်း တကယ့်ကို

လိုအပ်တဲ့ လူအချင်းချင်းကို 

လှူ‌တာပဲစိတ်ဝင်စား‌တော့တယ်။


ကျနော်တို့ လူ့အသိုင်းအဝိုင်းမှာ

အမြဲကြားနေပြီး

စိတ်ထဲဘဝင်မကျနေတာလေးတစ်ခုက...“ 

မြန်မာပြည်မှာ

လူဖြစ်ရတာ ဗုဒ္ဓဘာသာ

ကိုးကွယ်ရတာတစ်ခုထဲနဲ့တင်

ကျေနပ်စရာကောင်းနေပါပြီ”

ဆိုတဲ့စကား...


ဘယ်သူကဘယ်လိုစထွင်

လိုက်တဲ့ မှိုင်းလည်းမသိ

ရုတ်တရက်တွေးကြည့်ရင်တော့ 

မှန်သလိုလိုရှိသား

ဒါပေမယ့်သေချာတွေးကြည့်တော့

အုပ်ချုပ်သူတွေဘာပဲလုပ်လုပ်

ဘုရားတွေတည်ပေးရင် 

ဘုန်းကြီးတွေကို ဆုတံဆိပ်

ကပ်ရင်

သာသနာတော်ကြီးကို

ချီးမြှောက်နေရင်

ငါတို့ကျေနပ်ရမယ် 

ငါတို့ငြိမ်ခံနေရမယ်

ငါတို့ပြန်မေးခွန်းထုတ်ခွင့်

မရှိ ဆိုတဲ့

ဂျင်းအကြီးစားအတွေးအခေါ်...


ဒီကြားထဲ နိုင်ငံခြားကလို

တိုးတက်သွားရင်

ဗုဒ္ဓဘာသာကြီးပျောက်ကွယ်

သွားလိမ့်မယ်

တိုင်းတပါးယဉ်ကျေးမှုတွေ

ဝင်လာရင်

မြန်မာ့ယဉ်ကျေးမှုတွေ

ပျောက်ကွယ်သွားမယ်ဆိုတဲ့

စောက်တလွှဲ logic...


အဲဒီတော့

ငါတို့တွေ ဘုရားတရား

လုပ်ပေးမယ်

နင်တို့တွေ ငြိမ်နေကြဆိုတဲ့သဘော...


တကယ်လုပ်သလား

ဆိုတော့လည်း

ဒင်းတို့ကြည့်လိုက်ရင် 

အလှူခံဘုန်းကြီး

ဗေဒင်ဘုန်းကြီး 

ယတြာဘိုးတော်

အောက်လမ်းဘွားတော်နဲ့ 

ပေါက်ကရရှစ်သောင်းရုပ်ထုတွေ 

ဘုရားပေါ်တင်ပြီး 

အရည်းကြီးသာသနာပြုနေကြတာ...


ယဉ်ကျေးမှုထိန်းသိမ်း

ပါတယ်ဆိုပြီး

ဘယ်သူမှမကြည့်တဲ့ 

ဆိုကရေးတီးပြိုင်ပွဲ

တွေလုပ် ဆုတွေချပြီး 

မြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းခဲ့ကြတာ

ထမီအတိုဝတ်ရင် ဆင်ဆာဖြတ် 

စကတ် ခွဲရင်ဆင်ဆာဖြတ်ပြီး

ယဉ်ကျေးမှုကိုကာကွယ်ခဲ့ကြတာတွေ 

အလုပ်တစက်မှမဖြစ်တဲ့သက်သေအခိုင်လုံရှိပါတယ်...


ထိုင်းတွေ ဂျပန်တွေ 

သူတို့ယဉ်ကျေးမှုကို

ဘယ်လိုကာကွယ်ကြသလဲ

ကိုရီးယားတွေအနုပညာကို

ဘယ်လိုမြေတောင်မြှောက်

ပေးကြသလဲ

ဒင်းတို့ စိတ်မဝင်စားဘူး 

မလေ့လာကြဘူး

ဉာဏ်လည်း မမီဘူး....


နှစ်ပေါင်းများစွာ ရိုက်ထည့်ခဲ့တဲ့မှိုင်းက


"စစ်တပ်ရှိမှ ဗုဒ္ဓဘာသာ

တည်မြဲမယ်"


"အမျိုးဘာသာ သာသနာကို

စစ်တပ်ကလွှဲရင် တခြား

ဘယ်သူမှ မကာကွယ်နိုင်ဘူး"


"ဘုရားစင်မပျောက်ချင်ရင် 

စစ်တပ်ဘာလုပ်လုပ်ငြိမ်ခံ"


"အနောက်နိုင်ငံတွေလိုတိုးတက်သွားရင်  

ဗုဒ္ဓဘာသာ

ကွယ်ပျောက်သွားမယ်"


'အဲဒီတော့ ဆင်းရဲလည်းငြိမ်ခံ 

ဖိနှိပ်လည်းငြိမ်ခံ မတရားလည်းခေါင်းငုံ့ခံ

ဗုဒ္ဓဘာသာမပျောက်ဖို့အဓိက"


အဲလိုစောက်တလွဲ 

ချီးအပြည့်နဲ့ခေါင်းကထွက်တဲ့ logic တွေ

ပြည်သူတွေကို ဦးနှောက်ဆေး 

ဝါဒဖြန့်ပေးနေတဲ့ သင်္ကန်းခြုံ

ဘုန်းဆိုးကြီးတွေက

သိန်းထောင်ချီတန်

မာစီးဒီးကားထည်လဲစီးပြီး

သုံးထပ်ကျောင်းဆောင်ကြီး

ဟီးနေအောင် ဆောက်ထားတဲ့ 

သင်္ဃာအယောင်‌ဆောင်တွေပါ။


ထမင်းရည် ဆားလေးခပ်

သောက်ပြီး ဗုဒ္ဓဘာသာ

ကိုးကွယ်နေရတာကို

ကျေနပ်နေရမယ့်ခေတ်မဟုတ်တော့ဘူး

ဆီဦးထောပတ်စားပြီး သာသနာပြုနိုင်အောင် 

ပြောင်းလဲဖို့ကြိုးစား

ရတော့မယ့်ခေတ်


မသိရင် ဗုဒ္ဓဘာသာက

ဆင်းရဲမှ ထာဝရအဓွန့်ရှည်မယ့်

ဘာသာလိုလို

ဗုဒ္ဓဘာသာဝင်တွေက 

ခေတ်မီဖွံ့ဖြိုးတိုးတက်တာနဲ့ မတန်သလိုလို

ဗုဒ္ဓက ငါဘုရားသာသနာတော်ကို 

စစ်တပ်ကိုလွှဲပြောင်းပေးခဲ့သလိုလို

ဘာသာရေးမှိုင်းတွေ ရိုက်သွင်းခဲ့ကြတာ 

ဂျင်းအယူအဆတွေကို ဖြန့်ဝေခဲ့ကြတာ

နလပိန်းတုန်းဗုဒ္ဓဘာသာဝင်တွေကတံခါးပိတ်နိုင်ငံမှာ 

အငတ်ငတ်အပြတ်ပြတ်နဲ့ ရှိတာလေးနဲ့

ဆွမ်းလောင်းရတာကို

မဟာကုသိုလ်ထူးကြီး

လို့ခံယူ‌နေခဲ့ကြတာ


သံယံဇာတတွေကို ဘီလီယံနဲ့

ချီရောင်းစား မတရားစာချုပ်တွေကို 

ဈေးပေါပေါနဲ့နှစ်ရှည်ချုပ်ပြီး

ကိုယ့်အိပ်ထဲ‌ရောက်အောင်လုပ်စား 

ရတဲ့ပိုက်ဆံတွေထဲက အစွန်အဖျားလောက်ကို

ဘုရားတည် ကျောင်းဆောက် 

ဘုန်းကြီးလှူ ထီးတော်တင်ပြပြီး

ဘာသာသာသနာကို

ကာကွယ်ဟန်‌ဆောင်ပြခဲ့တာ

ခေတ်အဆက်ဆက် 

လောဘသား ဗိုလ်ချုပ်တွေ...


တနိုင်ငံလုံးကလူတွေ

စုတ်ပြတ်သပ် 

ငတ်ပြတ်ဆင်းရဲပြီး

တသက်စားမကုန်တဲ့ခရိုနီလူတန်းစားနဲ့ 

အဓမ္မဘက်

ရပ်တည်တဲ့ သင်္ကန်းခြုံ

ဘုန်းကြီးတွေရယ်

ရွှေရောင်တဝင်းဝင်းနဲ့

ဘုရားတွေပဲအဖတ်တင်ကျန်ခဲ့တာ

ဒါကို သာဓုခေါ်နေတဲ့

လူတန်းစားတရပ်ကသပ်သပ်ကိုရှိ‌နေကြတာ...

မြန်မာပြည်မှာနေခွင့်ရတာ 

ဘုန်းကြီးဆွမ်းလောင်းရတာ

ဘုရားစေတီတွေဦးချခွင့်ရတာ

ကိုပဲကြံဖန်ကျေနပ်နေတဲ့ တလွဲ

ဆံပင်ကောင်း လူတွေရှိနေတာ

အင်မတန်ရှက်စရာကောင်း

ပါတယ်။


သိပ်တော်တယ်နော်

brainwash လုပ်ခဲ့တာ


ထမင်းရည်သောက်ပြီး 

ရွှေရောင်တဝင်းဝင်းဘုရားတွေကိုဦးချ 

စည်းစိမ်ချမ်းသာအပြည့်နဲ့

ထီးတော်လာတင်မယ့် 

စစ်အာဏာရူး

ဘဘတွေကိုသာဓုခေါ်

ရှိစုမဲ့စုပိုက်ဆံလေးတွေ

ဘုရားလှူရင်း

လူဖြစ်ရကျိုးနပ်တယ်လို့ 

ပီတိဖြစ်မျက်ရည်ဝဲရတဲ့

တို့ရဲ့ အာဇာနည်ဗုဒ္ဓဘာသာ

အမျိုးသားတိုင်းပြည်ကြီးဟဲ့


သာဓု သာဓု သာဓု


Credit to Kyaung Mae

ရှက်တက်ကြပါစေ….


ဆရာအောင်သင်းကတော့ပြောတယ်

ရှက်စရာကောင်းတာကို 

ရှက်ရကောင်းမှန်းမသိတဲ့လူ့အဖွဲ့အစည်းဟာ

ပျက်စီးမည်သာမှတ််တဲ့……..

No comments:

Post a Comment