Monday, May 9, 2022

ကင်စာဖ်ြသူကို ဘာမီတွန်တိုက်

 ကင်ဆာကို ဘာမီတွန် တိုက်သူများ.


ကာချူပ်က ဆင်းရင် အစိုးရရာထူး တခုခုရဖို့ စဉ်းစားခဲ့တဲ့ မအလ ဟာ NLD ခံနေခဲ့တဲ့အတွက် ရွေးကောက်ပွဲ အထိ ပင်ဆင်မယူဘဲ စောင့်ပြီး ကြံခိုင်ရေးပါတီကတဆင့် သမ္မတ ရာထူးယူပြီး ကူးပြောင်းဖို့ စီစဉ်ခဲ့တယ်.. အဲဒါကြောင့် တပ်တွင်းစည်းရုံးရေးဆင်းပြီး ကြံဖွံ့မဲနေရာတချို့ရအောင် စီစဉ်ခဲ့တယ်.. အဲဒီအချိန် NLD ကိုလည်း ဝေဖန်မှု့တွေ မြင့်တက်နေချိန်ပေါ့. 


တကယ့်တကယ် အဖြေထွက်လာချိန်မှာ တပ်မိသားစုတွေအများအပြားရှိတဲ့ နယ်မြေတွေကအစ NLD က သောင်ပြိုကမ်းပြို အနိုင်ရတာတွေ့လို့ သူမကျေမနပ်ဖြစ်ခဲ့တယ် သူ့သမ္မတ အိမ်မက် ပျက်ရုံမက တပ်တွင်းမိသားစုကပါ သူ့စကားနားမထောင်တာတွေ့လို့ ဒေါသထွက်ခဲ့တယ်.. တပ်တွင်း မိသားစု မဲပေးတဲ့စာရင်းကို အတင်းယူစစ်ဖို့ စီစဉ်တော့တယ် တကယ်တော့ ဉီးဝင်းမြင့်တို့ ဒေါ်စုတို့က မဲစာရင်း ပြန်စစ်မှာကို စစ်စရာ မလိုဘူးလို့ပြောခဲ့တာဟာ တပ်မိသားစုတွေကို ကယ်တင်နေတာပါဘဲ.. သူတို့ပြန်စစ်လို့ ဘယ်အရာရှိ ဘယ်အကြပ်တပ်သားက NLD ကိုမဲပေးခဲ့တာပါဆို သူတို့ဘဝတွေ ဘယ်လိုဖြစ်မယ်ဆိုတာတွေးကြည့်မိလား…အဲဒါကို တပ်တွင်းက သူငယ်ချင်းတွေ သိစေချင်တယ်..


နောက်ဆုံး ဆင်ထားတဲ့ အကွက်ထဲ မရောက်တော့ သမ္မတနေရာ ပေါ်တင်တောင်းတယ်.ထုံးစံမဟုတ်တော့ မပေးခဲ့ဘူး (အဲဒါကိုဘဲ နိုင်ငံရေး ဂုရုဆိုသူတွေက ပါးပါးနပ်နပ် မလုပ်လို့ တတိုင်းပြည်လုံး ဒုက္ခရောက်တာလို့ အပစ်တင်သေးတယ်..) သူတို့စိတ်ထဲမှာ NLD ဟာ သူတို့အာဏာပေးထားလို့ရတာ လို့ အမြဲတမ်းပြောတယ်..ပြည်သူတွေမဲပေးရွေးချယ်တာကို ဂရုကို မစိုက်ခဲ့တာ…1990 တည်းကဘဲ..


အဲဒါကြောင့် အာဏာသိမ်းပါတယ်.. သိမ်းတော့ ဆန္ဒပြကြပါတယ်. ပြတော့ ခေါင်းကိုရွေးပစ်ပြီး နှိမ်နင်ပါတယ်. အဲဒါကြောင့် ရရာ လက်နက်ကိုင်ပြီး ပြန်ဆော်ကုန်ကြပါတောတယ်…နှစ်ပေါင်းများစွာ နှိပ်ကွတ်ခံခဲ့ရတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း အဲဒီတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းလာကြပါတယ်. ပြည်တွင်းပြည်ပ ပြည်သူများရဲ့ အားပေးမှု့ကြောင့် တော်လှန်ရေးအရှိန် တရိပ်ရိပ် တက်လာရာကနေ တိုင်းပြည် မတည်မငြိမ်ဖြစ်တော့တာပါဘဲ… အဲဒါဟာ လက်ရှိပြသနာပါ..


ဒါပေမယ့် စကစ ဟာ အရှိတရားကို မျက်ကွယ်ပြုပြီး အညှိးကြီးစွာ ဆောင်ရွက်တတ်တဲ့ သူ့ဝသီအတိုင်း အရင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေကို တော်လှန်ရေးအဖွဲ့သားများနဲ့ ခွဲထုတ်ချင်လို့ ငြိမ်းချမ်းရေးဆိုတဲ့ စကားကြီးသုံးပြီး ကြီးကြီးကျယ်ကျယ် ဖိတ်ခေါ်ပြတယ်. ဟိုဘက်တက တကယ်မလိုက်လာတော့တဲ့အချိန်မှာ တိုင်းပြည် ပျက်စီးရာ ပျက်စီးကြောင်း လုပ်နေကြတယ်လို့ အသံကောင်းဟစ်တယ်.. အဲဒီလို ယောကျာ်းကြီးတန်မဲ့ မိန်းမလိုမိန်းမရပြောလို့ မိန်းမရှာတွေလို့ နှိုင်းပြန်ရင်လည်း LGBTQ တွေက ခင်ဗျားတို့နဲ့ အနှိုင်းခံရလို့ နာကြအုံးမယ်…


ပြသနာ ပြေလည်ချင်သလား…………..?

ရွေးကောက်ခံ အစိုးရကို အာဏာပြန်ပေးလိုက် 

တပ်ကို အစိုးရအောက်သွင်း 

ပစ်မှု့ကျူးလွန်ထားသူတွေ ထောင်ထဲဝင်. That is.. 


အခုဟာ ခြေမထိတ်မှာ အနာပေါက်တုန်းက နှဖူးစမ်းနေခဲ့တာ ဟိုက အတွင်းလှိုက်စားပြီး ပေါင်အရင်းရောက်တော့မှ ခြေမထိတ်က အနာကို ဆေးတို့ဖတ်ကြီး သိပ်သလို ဖြစ်နေပြီ.. It’s too late..

ဒီမိုကရေစီတံခါးကို မင်းတို့ဘဲ သော့ခတ်ပြီး ခြံစည်းရိုးကို လှေကားထောင် တက်ခိုက်နေတဲ့သူတွေ တိုင်းရင်းသားတွေက သော့ပြန်တောင်းတော့ တိုင်းပြည်ကို ဖျက်လိုဖျက်စီးလုပ်သူတွေလို့ စွတ်ဆွဲချင်သေးတယ်.. ကင်ဆာဖြစ်နေသူကို ဘာမီတွန် တိုက်သူတွေ 


1988 ကတည်းက တောက်လျှောက် သူတို့လုပ်လာတဲ့ တိုက်ကွက်တွေကို ကျွန်တော်တို့ဘက်က ခံစစ်ဘဲ ကစားခဲ့ကြရတာ.. အခုအခြေအနေကတော့ ပြောင်းပြန်ဖြစ်သွားပြီ. CRPH NUG PDF NUCC တို့ဆိုတာ ကျွန်တော်တို့ရဲ့ တိုက်ကွက်ဖြစ်ပြီး သူတို့က ခံစစ်အနေနဲ့ လိုက်ပိတ်နေရပြီ.. လွတ်တော်ရယ် အစိုးရရယ် ရပြီးတဲ့နောက် နယ်မြေတချိူ့မှာ တရားစီရင်ရေး စတင်ဆောင်ရွက်နေကြပြီ. အဲဒီလို မဏ္ဏိုင်သုံးရပ်လည်းပြည့်ပြီ နယ်မြေစိုမိုးရေးအတွက် တပ်တွေလည်း စီစဉ်နိုင်ပြီဖြစ်တဲ့အတွက် သူတို့ရေးထားတဲ့ အခြေခံ ဉပဒေကို အောက်ကျခံပြီး ပြင်ဖို့ ကြိုးစားနေစရာ မလိုတော့ဘဲ မဏ္ဏိုင်ကြီးသုံးရပ်နဲ့ တိုင်းရင်းသား Stakeholder တွေခေါ်ယူပြီး ဖယ်ဒရယ် ဒီမိုကရေစီကို ဖေါ်ဆောင်မယ့် အခြေခံ ဉပဒေကို ရေးဆွဲကြတော့မယ် အဲဒီအခြေခံ ဉပဒေထွက်လာရင် စကစ ဟာ auto သပုန်ဖြစ်သွားမှာကြောင့် ဘေးဖယ်ပြီးသား ဖြစ်သွားပါပြီ. 

အဲဒါဟာ ကျွန်တော်တို့ ဘက်က ထုတ်သုံးလိုက်တဲ့ အခြေခံ အကျဆုံး ပွဲသိမ်းတိုက်ကွက်ပါဘဲ..

ကျွန်တော်မြင်တာတော့ ကျွန်တော်တို့ဘက်က တဆင့်ဆင့်နဲ့ တက်လာလိုက်တာ စပါးကြီးမြွေ လည်မျိူးပတ်သလိုဖြစ်နေပြီ..


တချိူ့က မေးကြမယ် လူတွေ ဒီလောက်သေနေတာ ဘာလုပ်ကြမလဲ..တဲ့..

လူအသေအပျောက်နဲဖို့က ဒင်းတို့ လက်နက်ချတဲ့ နေ့ စောတာနဲ့ နောက်ကျတာဘဲ ကွာပါမယ်…

ကျွန်တော်တို့ ဘက်ကလူတွေက စစ်တိုက်နေတာမဟုတ်ပါဘူး 

စစ်မိစ္ဆာ လက်နက်ချအောင် လုပ်နေတာပါ..  

အဲဒါကို သိသိကြီးနဲ့ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုပြီး အားလုံးဖျက်ပစ်မယ်ဆိုတဲ့သူသာ တရားခံ အစစ်ပါ.. 

သူ့ကိုသာ သွားမေးတော် မူကြပါ…

သွေးမထွက်တဲ့ နိုင်ငံရေး ဆောင်ရွက်လိုသူများကိုလည်း အသိပေး


လိုက်ပါရဲ့. 


ဝင်းဗိုလ်..

2022

No comments:

Post a Comment