Wednesday, May 25, 2022

ဗိုလ်သံမဏိခေါ် အရှင် သောပါက (ရုပ်/သံ)



နိုင်ငံတကာက သီတင်းဌာန တွေမှာ လေးစာဂုဏ်ပြုခြင်းခံရတဲ့ ရွှေဝါရောင် သံဃာတော်တစ်ပါး🙏🙏🙏🙏🙏 


ဗိုလ်သံမဏိဆိုတာ ရိုးသား ကြိုးစား 

နှလုံးသား လှတဲ့ ပရဟိတ သံဃာ တော် တစ်ပါးကနေ ဆင်းသက်လာတဲ့ လူတော်လူကောင်း တစ်ဦးပါ...


2007 ရွှေဝါရောင် တော်လှန်ရေး ကာလမှာလဲ ဦးဆောင်

သံဃာတော်တပါး အဖြစ်နှင့် 

 မြန်မာ့အရေးကို ကမ္ဘာကသိအောင် ဆွေးနွေးကာ

ထိထိမိမိ ချပြနိုင်ခဲ့သူ..


ပထမ နိုင်ငံရေးအေးဆေး ဖြစ်တဲ့အချိန်မှာ ဂျာမဏီက

ပြန်လာခဲ့တယ်...


ဘယ်အစိုးရ ဘယ်အဖွဲ့ စည်းကမှ

 ကြည့်ရှု့ စောင်မ ခြင်းမရှိလို့ အစစရာရာ နိမ့်ကြ နေတဲ့ 

အညာ ဒေသက ကျေးရွာ တွေကို အလင်းရောင်ပေးဖို့ 

ပြန်လာ သူ....


သုတ ရသ..


စာကြည့်တိုက် ထူထောင်ပေးတယ် နာမည်ကြီး စာရေးဆရာ တွေကို ဖိတ်ကြားပြီး စာပေ ဟောပြော 

ပွဲတွေ ပြုလုပ်ကာ အသိပညာ မြှင့်တင်ပေးခဲ့ တယ်..


ပညာရေး...


ကျွန်တော်တို့အညာဒေသမှာ ကျူရှင် တက်ဖို့ အခက်ခဲဖြစ်နေတဲ့

ကျောင်းသား ကျောင်းသူတွေ အများကြီးရှိတယ် 


ကျူရှင်တက်ဖို့ အခက်ခဲဖြစ်နေတဲ့ ကျောင်းသား 

လူငယ်လေးတွေအတွက် အခမဲ့ ပရဟိတ စာသင်ကျောင်း ဖွင့်ကာ ပညာရေးအတွက် အလင်းရောင်

ပေးခဲ့ပြန်တယ်...


နောက်တစ်ဆင့်

ရခိုင်ပြည်နယ်က စစ်ဘေးရှောင် ကလေးများ အပါဝင် 

တိုင်းရင်သား လူမျိုးအစုံ မိဘမဲ့ ကလေးတွေကို ပြုစု ပျိုးထောင် ပေးခဲ့ပြန်တယ်


သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေမှာလဲ

သူကိုယ်တိုင် ကိုယ်ကျ ပါဝင်ခဲ့တယ်....

သူ့ရဲ့ကျောင်းသားတွေနှင့် သူရဲ့ ပရဟိတအလုပ်တွေနှင့်


 ပျော်ရွှင်နေသော ဆရာတော် အရှင်သောပါက...


အာဏာသိမ်းလိုက်တဲ့အချိန်မှာ တော့ 

စာသင်တဖက် ပရဟိတ တဖက် နှင့် လူများရှေ့ထွက် ကာ


ဆန္ဒ ပြခဲ့ ရပြန်တယ်....

ရွှေဝါရောင်ခေတ် မှာ အထင်ကရ ဖြစ်ခဲ့တဲ့ဆရာတော် 

အခုတစ်ချိန်မှာလဲ ငြိမ်နေမှာ မဟုတ်ဘူးဆိုတာသိတဲ့

 စကစဟာ ဆရာတော်ကို ဖမ်းဖို့ အမျိုးမျိုး ကြိုးစားခဲ့တယ်...


 အညာဒေသရဲ့ လမင်းတစ်ဆူ ဖြစ်ခဲ့သူ ဆရာတော်

ဟာ အညာသူ အညာသား တွေက အသက်ပေးကာကွယ်ထား တော့ လာဖမ်းတဲ့ စကစပဲ ပြန်ပြေးခဲ့ရတဲ့ ဖြစ်စဥ်တွေကလဲ အထင်ကရ ပါ...


နိုင်ငံတကာက ဒကာ ဒကာမ တွေ နိုင်ငံခြားပြန်လာဖို့ 

အမျိုးမျိုး ပင့်ဖိတ်ကြတယ်...

ဒါပေမဲ့ ဆရာတော်ဟာ ဘယ်လို ပင့်ဖိတ်မှုမျိုး ကိုမှ

လက်မခံ တော့ပဲ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အတွက် 

ကိုယ့်နိုင်ငံထဲ မှာပဲ နေပြီး ကျရာ နေရာ ကနေ 

အများပြည်သူ ပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ဆုံးဖြတ်ချက်ချကာ 


တစ်ကိုယ်ရေ ကောင်းစားရေးမတွေးပဲ အနစ်နာ ခံခဲ့သူ


နောက်တော့ ဆန္ဒ ပြနေလို့ တော့ ဒို့ပြည်သူတွေ လိုချင်တာ ရမှာမဟုတ် ဘူး ဆိုတာ သိလိုက်တဲ့ အချိန်မှာ 


မေတ္တာရှင်ပရဟိတ သမားကြီး အရှင်သောပါကဟာ

လူဝတ်လဲကာ သူ့နှလုံးသားနှင့် ဆန့်ကျင်ဘက် ဖြစ်တဲ့ လက်နက်ကို ကိုင်ကာ 


လက်နက်ကိုင် တော်လှန်‌ေရးသမား ဘဝကို

 ပြည်သူ့အလိုကြ ရွေးချယ် ကာ ဗိုလ်သံမဏိ ရယ်လို့

ဖြစ်လာခဲ့ရပြန်တယ်... 


မေတ္တာသြဇာကြီးမားသူအရှင်လူထွက်..ဗိုလ်သံဏိအတွက်

အဖက်ဖက်မှ ကူညီပံ့ပိုးသူတွေများလာတဲ့အခါ... 

လက်အောက်ခိုဝင် တော်လှန်ချင်သူတွေရဲ့ အကြီးမှူး

ဖြစ်ရပြန်တယ်...


အဖွဲ့ပေါင်းများစွာ တည်ရာအရပ်ရပ်ကို လှည့်လည်ဆုံးမသြဝါဒ ချနေရသူ .....


ဘယ်အဖွဲ့ ဆီမှာမှ ကြာကြာနေ ဖို့ မလွယ် 

လှည့်လည် အားပေးနေရသော ခေါင်းဆောင်...

တစ်ဦး.....တစ်ခြားသော အဖွဲ့ တစ်ခုကို အားပေး ဆုံးမသြဝါဒချ သင်တန်းပေးနေစဥ်...


တစ်ခြားသော လက်အောက်ခံ အဖွဲ့တစ်ခုက 

နာကျည်းချက်များစွာကြောင့် စိတ်မထိန်းနိုင်ပဲ 

ဖြစ်သွား တဲ့ အကြောင်းတခုကို အချိန်တန် ကြာမှ 

သိခွင့် ရခဲ့ သူ.....


သူမသိလိုက်ပဲ ဖြစ်သွားတဲ့ အမှား ဆိုပေမဲ့ သူကိုယ်တိုင်

တာဝန်ခံခဲ့သူ တာဝန်ယူ မည့်သူ...


မင်းသားနောင်နောင် အကယ်ဒမီ ရခဲ့တဲ့ရုပ်ရှင်ကားထဲက ကျောင်းဆရာလို..ခေါင်းဆောင်မျိုး...ပါ....


အနှစ်ချုပ် ဆိုရလျှင် ပရဟိတ ဆရာတော်တစ်ပါးက


ဆင်းသက်လာတဲ့ ဗိုလ်သံမဏိဟာ သူ့နှလုံးသားကို 


ကြည့်ခြင်းအားဖြင့် သူအမှား မလုပ်နိုင်ဘူးဆိုတာ ယုံကြည်ပါတယ်

No comments:

Post a Comment