Monday, May 16, 2022

မအလ တပ် မီးတင်ရှို့ခဲ့တဲ့ ဖယ်ခုံမြိုနယ်၊ဆောင်းနန်ခဲရွာ

 ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲရွာကို စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များက မီးတင်ရှို့လို့ ရွာလုံးကျွတ်နီးပါးမီးလောင်ပျက်ဆီး


ဧရာဝတီတိုင်းမ်

မေလ ၁၇ ရက်


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဖယ်ခုံမြို့နယ် မိုးဗြဲဆည်အနီးရှိ ဆောင်နန်းခဲကျေးရွာကို ယမန်နေ့ မေလ ၁၆ ရက်ညနေပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပအိုဝ့်ပြည်သူ့စစ်-PNO ပူးပေါင်းအဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ ကြောင်းဒေသခံများကပြောသည်။


ယခင်ရက်ပိုင်းတွင် အဆိုပါကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ယမန်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့ခဲ့ခြင်းဖြစ်ကာ ရွာတစ်ရွာလုံးနီးပါး မီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။


'' မနေ့က ဆောင်နန်းခဲမှာ တိုက်ပွဲလည်းဖြစ်တာမရှိဘူး။ မနေ့ မနက်ပိုင်းက ဆီမီးလော့ရွာဘက်မှာတော့ တိုက်ပွဲဖြစ်တာရှိတယ်။ ဒီအတိုင်းဝင်ရှို့တာ စကစနဲ့ ပအိုဝ့်ပြည်သူ့စစ်တွေလည်းပါတယ်။ တရွာလုံးနီး ပါးအကုန်လောင်သွားတယ်။ဘာမှမကျန်ဘူး '' ဟု ဖယ်ခုံမြို့ နယ်ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။


နေအိမ်များမီးလောင်ဆုံးရှုံးခဲ့ရသည့် ဒေသခံများအနေဖြင့် နီးစပ်ရာတောတောင်များတွင် ခိုလှုံနေ ထိုင်နေကြရကြောင်း ၄င်းကဆက်လက်ပြောဆိုသည်။


ယနေ့ မေလ ၁၇ ရက်မနက်ပိုင်းတွင် အဆိုပါ မီး လောင်ပျက်ဆီးနေသည့် ဆောင်နန်းခဲရွာအနီး ဒေသကာ ကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်၊PNO ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။


#Ay



eyarwaddyTimes

No comments:

Post a Comment