Wednesday, May 25, 2022

AA စ တိုက်ပြီ

 ပလက်ဝမှာ အေအေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေ


ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အစပ် ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ ဒီနေ့ မေလ ၂၆ ရက် မနက် ၁၀ နာရီကစလို့ တိုက်ပွဲ စဖြစ်နေတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။


တိုက်ပွဲဟာ ပလက်ဝမြို့နယ်ထဲက အပေါင်စကျေးရွာအနီးမှာ ဖြစ်နေတာလို့လည်း ပလက်ဝဒေသခံတွေက ပြောပါတယ်။


''တိုက်ပွဲက အခုထိ ဆက်ဖြစ်နေတုန်းပဲ။ ပလက်ဝမှာရှိတဲ့ စစ်တပ်ရဲ့ ၂၈၇ တပ်ကနေ လက်နက်ကြီးတွေ ပစ်သေးတယ်။ တိုက်ပွဲဖြစ်တဲ့နေရာက ပလက်ဝကနေ သွားရင် တစ်နာရီလောက်သွားရတယ်''လို့ ပလက်ဝ ဒေသခံတစ်ဦးက ပြောပါတယ်။


ပလက်ဝမြို့ပေါ်ကနေ လက်နက်ကြီး ပစ်ခတ်သံကြားရာကနေ အပေါင်စကျေးရွာဘက်ကို ဆက်သွယ်မေးမြန်းချိန်မှာ အဲဒီရွာအနီး တိုက်ပွဲဖြစ်နေတာကိုသိရှိခဲ့ရတာလို့လည်း သူက ဆက်ပြောပါတယ်။


ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေဟာ ၂၀၂၀ နို၀င်ဘာမတိုင်ခင် နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့တဲ့ကာလက စစ်ကြောင်းလှုပ်ရှားမှုတွေထက် ပိုဆိုးရွားနေတယ်ဆိုပြီး အေအေဘက်က ပြောဆိုတာ၊ နောက် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်ဆိုပြီး အေအေဘက်က ဒေသခံတွေကို သတိပေးတာတွေ ရှိခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အေအေကရခိုင်မှာတိုက်ပွဲခေါ်နေတာဖြစ်ပြီး တပ်ကိုအဆိုးမဆိုနဲ့လို့ ပြောကြားလာအပြီးမှာ အခုတိုက်ပွဲပေါ်ပေါက်လာတာဖြစ်ပါတယ်။


ဘီဘီစီမြန်မာပိုင်းရဲ့နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု

https://www.bbc.com/burmese/live/burma-61580209

#ဘီဘီစီမြန်မာပိုင်း #မြန်မာ #ရက္ခိုင့်တပ်တော် #စစ်တပ် #ပလက်


ဝ #တိုက်ပွဲ

No comments:

Post a Comment