Thursday, October 31, 2019

2015 ခုနစ်က အမျိုးသားဒီမိုကရေစီဥဏ္ကထဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့သုဝဏ္ဏကွင်းတွင်တရားဟောနေစဉ်

ရန်ကုန်မြို့ သုဝဏ္ဏမြို့ဦးစေတီကွင်းတွင် ဟောပြောနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
ဓာတ်ပုံ - National League for Democrac







y

Wednesday, October 30, 2019

မြန်မာပြည်က သူခိုးအကြီးစားများ

 ဘပြောင် က လူရိုးပါ ...

"' ဝန်ကြီးများရုံးကဲ့သို့ အပိုင်သိမ်းထားသော နေရာတစ်ခု "'
             °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
'လူရိုးကြီး' သိန်းစိန်ကသူ့လက်ထက်မှာ
ခေတ်အဆက်ဆက် က ဝန်ကြီးများရုံးကို
လက်သိပ်ထိုးငှားရမ်းခဲ့တဲ့ အပြင် ရန်ကုန်
အင်းယားကန်ဘေးက စိမ်းလဲ့ကန် သာ
နိုင်ငံတော်ဧည့်ဂေဟာအဝင်ဝက တိုက် နဲ့
မြေကွက်ကို သူ့ကိုယ်ပိုင်အဖြစ် ပိုင်းယူခဲ့ သတဲ့
K.tw

ZN.H 🇦🇺
ZN.H 🇦🇺

စိုးထွန်းရှိန်နောက်ကြောင်း Myanmar Now လိုက်ပြီ ..

ဦးစိုးထွန်းရှိန် DVB အား သိန်း ၁၀၀၀ ချေးဖူးပြီး ကမ္ဘောဇဘဏ်အား ဘီလျံချီအကြွေးတင်
==========================
ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း မြန်မာအစိုးရအရာရှိများက အတည်ပြုထားသည့် တရားခံပြေး ရွှေသူဌေး ဦးစိုးထွန်းရှိန်၏ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် လွန်ခဲ့သည့် သုံးနှစ်အတွင်း ပြည်တွင်း DVB သတင်းဌာနအား ကျပ်သိန်းထောင်ချီ ချေးငွေအပါအဝင် ငွေကြေးအကူအညီများ ပေးခဲ့ပြီး ကမ္ဘောဇဘဏ်နှင့်လည်း ကြွေးမြီပြဿနာများ ရှိနေသည်။

ဒီမိုကရက်တစ်မြန်မာ့အသံ (Democratic Voice of Burma/DVB) ကို အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက ၂၀၁၆ ဒီဇင်ဘာ ၁၂ ရက်တွင် ဘဏ်တိုးနှုန်းအတိုင်း တစ်နှစ် ၁၃ ရာခိုင်နှုန်းဖြင့် ကျပ်သိန်း ၁၀၀၀ကို စာချုပ်ချုပ်ဆို ငွေချေးခဲ့ခြင်းဖြစ်သည်။

Myanmar Now က DVB သတင်းဌာနထံမှ ရရှိခဲ့သည့် အမျိုးသားကြီးပွားတိုးတက်ရေး နှင့် DVB တို့၏ နှစ်မျက်နှာပါ စာချုပ်တွင် DVB Multimedia Company Ltd က “ ၎င်း၏လုပ်ငန်းတွင် ငွေကြေးများ လိုအပ်နေသည့်အတွက် ” ဘဏ်တိုးနှုန်းရယူပြီး ကျပ်သိန်း ၁,၀၀၀ တိတိ ခေတ္တခဏ ထုတ်ပေးရန် အကူအညီတောင်းခံရာ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီလီမိတက်ကလည်း “ မိမိတို့ကုမ္ပဏီ နှင့် လုပ်ငန်းဆက်စပ် လုပ်ကိုင်ဖူးသူ ဖြစ်သည့်အတွက် ကူညီရန် သဘောတူပါသည် ” ဟု ရေးသားထားသည်။

ငွေချေးတာ ခေါင်းဆောင်ပိုင်းမသိ

DVB ထိပ်ပိုင်းခေါင်းဆောင်များက ယင်းငွေကြေးချေးငှားမှုသည် ယခု အလုပ်ထွက်သွားပြီးဖြစ်သည့် DVB ကြော်ငြာအရောင်းဌာနကို ဦးဆောင်သည့် ဦးခင်မောင်ဝင်းက ချေးယူခဲ့ခြင်းဖြစ်ပြီး ငွေထုတ်ချေးသူမှာ ဦးစိုးထွန်းရှိန်၏ အမျိုးသားကြီးပွားတိုးတက်ရေး ဖြစ်ကြောင်း အချိန်လွန်မှ သိခဲ့ရသည်ဟု ဆိုသည်။

ငွေးချေးယူသည့် အချိန်သည် ယခု တရားမဝင်ကြေညာခံထားရသည့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) နှင့် ဦးစိုးထွန်းရှိန်တို့အကြား ဆက်နွှယ်မှုအကြောင်းကို လူသိထင်ရှားဖြစ်နေသည့် အချိန်ဖြစ်ပြီး ဦးစိုးထွန်းရှိန်ကဲ့သို့သောသူထံမှ ငွေချေးယူခဲ့ခြင်းသည် DVB ကဲ့သို့သော သတင်းဌာနအတွက် ရုပ်ဆိုးစရာကောင်းသည့် ဖြစ်ရပ်ဟုတ်မဟုတ် Myanmar Now က မေးသည့်အခါ

“စိုးထွန်းရှိန်ဆီက ယူမယ်လို့ ကြိုသိရင် ကျွန်တော်တို့လည်းတားမှာ။ ဒါပေမဲ့ သိတဲ့အချိန်မှာ ယူလည်းယူပြီးပြီ။ ကျွန်တော်တို့က တစ်လလောက်ကြာမှ သိတာ” ဟု

DVB ၏ အမှုဆောင်ဒါရိုက်တာ နှင့် အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က ရန်ကုန် DVB ရုံး၌ Myanmar Now နှင့် ဩဂုတ်လ ၃၀ ရက်က တွေ့ဆုံမေးမြန်းမှုအတွင်း ဖြေကြားခဲ့သည်။

အဆိုပါချေးငွေကို ရန်ကုန်မြို့လယ် အနော်ရထာလမ်း၊ ၃၉ နှင့် လမ်း ၄၀ ကြားရှိ ကွန်ဒိုအခန်းတစ်ခန်းတွင် DVB က ကြော်ငြာရုံးခန်းဖွင့်ရန် အခန်းငှားခအဖြစ် အသုံးပြုခဲ့ကြောင်း ၎င်းက ဆိုသည်။ အဆိုပါချေးငွေ ရယူခဲ့သည့် ၂၀၁၆ ဒီဇင်ဘာ ကာလများသည် DVB အနေဖြင့် ၎င်းကို ငွေကြေးထောက်ပံ့နေသည့် အဖွဲ့အစည်းများထံမှ ထောက်ပံ့ငွေအချို့ ထပ်မံမရသေးခင်စပ်ကြား ဘဏ္ဍာရေးအခက်အခဲရှိသည့် ကာလဖြစ်ကြောင်း၊ DVB ထိပ်ပိုင်းခေါင်းဆောင်များက ဆိုသည်။

ချေးငွေကြောင့် DVB ၏ဘက်မလိုက်ဘဲ မျှတစွာ သတင်းဖော်ပြမည်ဆိုသည့် စံနှုန်း ပြောင်းလဲခဲ့ခြင်း မရှိဟုလည်း ၎င်းတို့က ဆိုသည်။ သို့သော် ယင်းချေးငွေ ရယူခဲ့ပြီးနောက် DVB က ဦးစိုးထွန်းရှိန်နှင့် အနည်းဆုံးနှစ်ကြိမ် အထူးသီးသန့် တွေ့ဆုံမေးမြန်းများကို DVB သတင်းဌာနရုံးနှင့် လှည်းကူးမြို့ရှိ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဌာနချုပ်တို့တွင် ပြုလုပ်ခဲ့သည်။

ယင်းတွေ့ဆုံမေးမြန်းမှုတစ်ခုအတွင်း ဦးစိုးထွန်းရှိန်ဘက်က ၎င်းတို့မေးစေလိုသော မေးခွန်းများကို ကြိုပေးခဲ့သော်လည်း ပယ်ချခဲ့ပြီး မိမိတို့မေးလိုသည့် မေးခွန်းများကိုသာ မေးမြန်းခဲ့သည်ဟု ၎င်းမေးမြန်းခန်းကို ပြုလုပ်ခဲ့သူ DVB သတင်းဌာနမှ ကိုနေသွင်ညိဏ်းက ဆိုသည်။

DVB သည် ချေးငွေ အရင်းနှင့်အတိုး အားလုံးကို ပြန်လည်ပေးဆပ်ခဲ့ပြီး ယနေ့အချိန်တွင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီထံမှပင် ကျပ်သိန်း ၃၂၀ ရရန် ရှိသေးသည်ဟု DVB တာဝန်ရှိသူများက ဆိုသည်။ ယင်းငွေကြေးသည် DVB နှင့် အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီတို့အကြား ပြီးခဲ့သည့်နှစ် ဧပြီလက ချုပ်ဆိုထားသည့် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ သဘောတူစာချုပ်တစ်ခုမှ စခဲ့ခြင်းဟု DVB ဘက်က ဆိုသည်။

DVB ကထုတ်လွှင့်မည့် ‘တစ်ယောက်တစ်လက် (FIX IT)’ အမည်ရှိ ရုပ်သံအစီအစဉ်အတွက် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ထောက်ပံ့ရန် နှစ်ဖက်သဘောတူခဲ့ကြခြင်း ဖြစ်သည်။ Myanmar Now က DVB သတင်းဌာနထံမှ ရရှိခဲ့သည့် အဆိုပါ စပွန်ဆာသဘောတူညီချက်တွင် ခြောက်လကြာ ထုတ်လွှင့်မည့် ရုပ်သံအပိုင်း ၂၄ ပိုင်းအတွက် တစ်ပိုင်းလျှင် ကျပ်သိန်း ၂၀ နှုန်းဖြင့် သိန်း ၄၈၀ ထောက်ပံ့ရန် သဘောတူထားကြသည်။

သို့သော်လည်း ငွေကြေးအပြည့်အဝ မရရှိသေးဘဲ အမျိုးသားကြီးပွားတိုးတက်ရေးထံမှ ကျပ်သိန်း ၃၂၀ ရရန် ရှိသေးသည်ဟု DVB ဘက်က ဆိုသည်။ ၂၀၁၉ ဧပြီလတွင် ငွေပေးသွင်းရန် အမျိုးသားကြီးပွားတိုးတက်ရေးထံ စာပို့အကြောင်းကြားခဲ့ရာ “မိုးထိမိုးမိလုပ်ငန်းကြီး ပြန်လည်ဖွင့်သည့်အချိန်တွင် ပေးအပ်သွားမည်” ဟု ကြောင်းပြန်ခဲ့သည်ဟု ပြန်စာကို ကိုးကားပြီး DVB ဘက်က ဆိုသည်။

၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် DVB သတင်းဌာနသည် စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း အလေးပေး ဖော်ပြလေ့ရှိသည်။ မြန်မာနိုင်ငံအတွင်း တရားဝင်ရုံး မဖွင့်လှစ်နိုင်သည့် ကာလများတွင် နော်ဝေနိုင်ငံ အော်စလိုမြို့ နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့မှတစ်ဆင့် ရုပ်သံနှင့်ရေဒီယိုအစီအစဉ်များ ထုတ်လွှင့်ခဲ့သည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ နာဂစ်မုန်တိုင်းနှင့် မြန်မာ-မြောက်ကိုရီးယား စစ်ရေးဆက်နွယ်မှု စသည့် လျှို့ဝှက်စုံစမ်းဖော်ထုတ်သည့် သတင်းများကြောင့် DVB သည် စစ်အစိုးရလက်ထက်တွင် မြန်မာနှင့် နိုင်ငံတကာ ပရိတ်သတ်များအကြား ဩဇာကြီးမားသော သတင်းဌာနတစ်ခု ဖြစ်လာခဲ့သည်။

DVB သတင်းဌာနသည် ဝန်ထမ်း ရာနှင့်ချီ ရှိပြီး နှစ်စဉ် လည်ပတ်သုံးစွဲမှု ပမာဏမှာ ဒေါ်လာသန်းနှင့်ချီ ရှိသည်ဟု သိရှိရသည်။

ကမ္ဘောဇဘဏ်နှင့်ဖြစ်သည့်အမှု

တစ်ချိန်က မိုးထိမိုးမိတောင်ပေါ်တွင် အသေးစားဘဏ်ခွဲ ဖွင့်ရန်အထိ အမျိုးသားကြီးပွားတိုးတက်ရေးနှင့် ကမ္ဘောဇဘဏ်တို့အကြား ဆက်ဆံရေး ကောင်းမွန်ခဲ့သော်လည်း နှစ်ဖက်အကြား ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တွင် တရားမကြောင်းအရ တရားရင်ဆိုင်ရန် ရှိနေသည်။

ကမ္ဘောဇဘဏ်က အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီကို ရန်ကုန်တိုင်းတရားလွှတ်တော်တွင် တရားမကြောင်းအရ တရားစွဲရန် ကြိုးစားလျက်ရှိကြောင်း ယင်းအမှုအတွက် အမျိုးသားကြီးပွားတိုးတက်ရေးဘက်မှ ရှေ့နေလိုက်ရန် ပြင်ဆင်နေသည့် ဦးသိန်းသန်းဦးက မေလအတွင်းက ပြောသည်။

အမှုသည် ဘဏ်ချေးငွေနှင့် ပတ်သက်ဖွယ်ရှိသော်လည်း အမှုအသေးစိတ်နှင့် ငွေကြေးပမာဏကိုတော့ သီးခြား အတည်မပြုနိုင်ပါ။

Myanmar Now က ရရှိထားသော အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖော်ရေးအုပ်စုလီမိတက်၏ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် ကမ္ဘောဇဘဏ်ထံမှ ကျပ် ၁၀ ဘီလျံ (ကျပ်သန်းတစ်သောင်း) ချေးယူထားကြောင်း ဖော်ပြထားသည်။

ကမ္ဘောဇဘဏ်ဘက်ကတော့ အဆိုပါအမှုအတွက် ထင်မြင်ချက်မပေးဘဲ တရားစွဲရန် ကြိုးစားနေခြင်း ဟုတ်မဟုတ်ကိုပင် ထုတ်ပြောရန် ငြင်းဆန်သည်။

Myanmar Now က မိုးထိမိုးမိရွှေတွင်းနှင့်ပတ်သက်ပြီး အမျိုးသားကြီးပွားတိုးတက်ရေးထံ ပြီးခဲ့သည့် လများအတွင်းက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါ။

ဦးစိုးထွန်းရှိန်၏ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ဧက ၆၀၀၀ ကျော်ရှိသော မိုးထိမိုးမိရွှေလုပ်ကွက်ကြီးတွင် နိုင်ငံတော်နှင့် စာချုပ်ချုပ်ပြီး လုပ်ကိုင်ခဲ့ရာ နိုင်ငံတော်အား သတ်မှတ်ရွှေပိဿာများ မပေးဆောင်မှု၊ တရားမဝင် ဆက်လက်ရွှေတူးဖော်မှု စသည့် စွပ်စွဲချက်များဖြင့် အစိုးရက ၎င်းနှင့် ၎င်း၏ကုမ္ပဏီ တာဝန်ရှိသူအချို့အား ရာဇဝတ်ပုဒ်မများဖြင့် အမှုဖွင့်ထားသည်။

ထောင်ဒဏ် ၁၀ နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်ထိုက်သော သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (က)အပြင် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆(၁) တို့ဖြင့် အမှုဖွင့်ခံထားရသော ဦးစိုးထွန်းရှိန်သည် ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ၎င်းကို တရားခံပြေးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယခုနှစ်ဆန်းပိုင်းတွင် ကြေညာခဲ့သည်။

ထိုင်းနိုင်ငံတွင်နေထိုင်သည့် Myanmar Now ၏ သတင်းရင်းမြစ်တစ်ဦးက ဦးစိုးထွန်းရှိန်အား အောက်တိုဘာ ၁၄ နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။

ထိုသတင်း ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ဦးစိုးထွန်းရှိန်သည် မြန်မာ -ထိုင်း နယ်စပ် တာချီလိတ်မှတဆင့် ထိုင်းဘက်ခြမ်းသို့ ကားလမ်းဖြင့် ထွက်ပြေးသွားပြီဟု သမ္မတရုံး ပြောခွင့်ရအရာရှိက အောက်တိုဘာ ၂၅ တွင် အတည်ပြုခဲ့သည်။ ၎င်းအား ရှာဖွေရန် မြန်မာရဲအရာရှိများ ထိုင်းသို့ သွားမည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

ဦးစိုးထွန်းရှိန်ကို ရှာဖွေဖမ်းဆီးမှု နောက်ဆုံးအခြေအနေများကို သိရှိရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးအား ဖုန်းဖြင့်ဆက်သွယ်သော်လည်း ၎င်း၏ဖုန်းမှာ စက်ပိတ်ထားသည်

Source: Myanmar Now

ZN.H 🇦🇺၎င်း၏ဖုန်းမှာ စက်ပိတ်ထားသည်

Source: Myanmar Now

ZN.H 🇦🇺

Sunday, October 27, 2019

==============ငါသာဆိုရင်
=================
အမေရိကန်နိုင်ငံ အခြေစိုက် CBS သတင်းဌာနက သတင်းတင်ဆက်သူ Bill Whitaker မြန်မာနိုင်ငံကိုလာရောက်ပြီး မြန်မာ့အရေး သိရှိနိုင်ဘို့အတွက် ထင်ရှားသူများကို မေးမြန်းသွားခဲတာ 60 Minutes အစီစဉ်မှာ ကြည့်ရူခဲ့ရပါတယ်။ သူတွေ့ဆုံးမေးမြန်သူတွေထဲမှာ ဘာသာရေးဘက်ကပုဂ္ဂိုလ် တစ်ချို့ကိုလဲ မေးမြန်းသွားခဲ့လို့ ကြည့်လိုက် သိလိုက်ရပါတယ်။ ဆရာတော် ဦးဝီရသူ နှင့် မေးမြန်ခဲ့တာပါ။ ၂ ခါလောက်ကြည့်ဖြစ်ပါတယ်။ ဆရာတော် ဦးဝီရသူ ၏ ဖြေကြားချက်များ ဖြေကြားပုံများကို မိမိ သဘောမကျနိုင်ပါ။ လက်မခံနိုင်ပါ။ ဒါကြောင့် စဉ်းစားမိပါတယ် အကယ်၍ အမေးခံရသူဟာ မိမိသာ ဆိုလျှင်

………
Bill Whitaker: ဆရာတော်ရဲ့ ဗုဒ္ဓဝါဒပုံစံကို အစွန်းရောက်တယ်လို့ ဒလိုင်းလားမား က ဝေဖန် ထားပါတယ်။
ဦးဝီရသူ - အစွန်းရောက်ဆိုတဲ့ စကားလုံးကို ဂုဏ်ယူစွာ လက်ခံပါတယ်။ ဘုန်းကြီးက ဒလိုင်းလားမားကို မလေးစားပါဘူး။ သူက နိုင်ငံရေးအာဏာ ပွဲစားပါ။ ကျုပ်တို့ ဒလိုင်းလားမားက လေးစားစရာ မရှိပါဘူး။

==
(တကယ်လို့ မိမိသာ ဒီနေရာမှာ ဆိုရင် …… ကျနုပ်ဟာ အစွန်းရောက်မဟုတ်ပါဘူး လို့ ငြင်းရင် ငြင်းမယ်။ ဒါမှ မဟုတ် လူတိုင်းဟာ တနည်းမဟုတ် တနည်းနည်းနဲ့တော့ အစွန်းရောက်နေကြတာပါပဲ လို့ ဖြေရင် ဖြေမယ်။ ပြီးမှ……. ကျနုပ်လုပ်ဆောင်တာတွေဟာ ကျုပ်တို့ နိုင်ငံသူ နိုင်ငံသားတွေအတွက် ကောင်းမယ် ထင်တဲ့အရာ၊ အကျိုးရှိမယ် ထင်တာကို လုပ်နေတာသာဖြစ်ပါတယ် လို့ ဖြေမိမယ် ထင်တယ်။
ပြီးမှ………. ဒလိုင်းလားမားနဲ့ ပတ်သက်လို့ကတော့ ဒလိုင်းလားမားကို ဗုဒ္ဓဘာသာ ရဟန်းတပါးအနေနဲ့ရော၊ တိဘက် ဘာသာရေး ခေါင်းဆောင်တစ်ဦးအနေနဲ့ရော၊ လူသားတစ်ဦးအနေနဲ့ပါ လေးစားပါတယ်။ သူ့အနေနဲ့ ဦးဇင်းတို့ မြန်မာ ရဟန်းတော်တွေကို ဝေဘန်ပြစ်တင်တယ် ဆိုတာ မဖြစ်သင့်တာ မဖြစ်အောင် စေနာနှင့် ပြောတယ် လို့ပဲ ယူဆပါတယ်။

အဲဒီလို စေတနာနဲ့ ပြောဆိုတဲ့သူတွေကို လေးစားပါတယ်၊ ဒါပေမယ့် ပြဿနာ တစ်ခုကို စေတနာ တစ်ခုတည်းနဲ့တော့ ဖြေရှင်းနိုင်မယ်လို့ မထင်မိပါဘူး၊ မိမိ သိထားတာကတော့၊ ခင်ဗျားလဲ သိပါတယ် အဲဒါက ဒလိုင်းလားမားဟာ မိမိတို့ မြန်မာပြည်ကို တစ်ခါမှ အလည် မရောက်ဘူးပါဘူး။ အလည်ရောက်ဘူးတယ် လို့ မကြားမိပါဘူး။ ခင်ဗျားများ ကြားမိလား လို့သတင်းထောက်ကို ပြန်မေးလိုက်အုံးမယ်။

အဲဒီတော့ မြန်မာပြည်အကြောင်း ဘယ်လောက် သူသိထားသလဲ ဆိုတာကတော့ သူပဲ သိမှာပါ။ မြန်မာပြည် တစ်ခါမှ မရောက်ဘူးပဲနဲ့ မြန်မာပြည်က အကြောင်းတွေကို ဝေဘန်မယ် ပြောဆိုမယ် ဆိုရင် …..ဘာညာ ဘာညာပေါ ……ဒီလိုပြောဖြစ်မယ် ထင်တယ်။ ဖြေနည်းတွေ အများကြီးရှိမှာပါလေ။)

ခုတော့ ကမ္ဘာကျော် ဒလိုင်းလားမားကို မလေးစားဘူး ဆိုတော့ ဆရာတော် ဦးဝီရသူ အနေနဲ့ ပညာရှိများ ပီသလွန်းနေသလားလို့ စဉ်းစားနေမိပါတယ်။ ပညာရှင် ဆန်လိုက်ထာလို့ လူရယ်စရာ။)

………………………………
ပြီးတော့ ဒုတိယ မေးခွန်းက
BW - မွတ်ဆလင်တွေအတွက် မြန်မာနိုင်ငံမှာ နေရာရှိပါသလား။
ထိုမေးခွန်းအား ဦးဝီရသူ၏ အမှန်တကယ် တုံ့ပြန်ပုံမှာ လွန်စွာကြမ်းတမ်း သဖြင့် CBS သတင်းဌာနအနေဖြင့် ပြန်လည်ဖော်ပြခြင်း မပြုကြောင်း Bill Whitaker က ရေးသား ထားသည်။
သူက မွတ်ဆလင်များမှာ မြန်မာနိုင်ငံကို ညစ်ညမ်းစေသည်ဟု ဆိုပြီး ပြောကြား မှုကို အထင်အရှား တွေ့မြင် ရသည်။
ဦးဝီရသူ - ဘုန်းကြီးက သူတို့ကို လက်မခံပါဘူး။
====

(တကယ်လို့ မိမိသာ ဆရာတော် ဦးဝီရသူ နေရာမှာနေပြီး ဖြေခွင့်ရခဲ့မယ်ဆိုရင်…. ခင်ဗျားဘာကြောင့် အဲဒီ မေးခွန်း ကျုပ်ကို မေးတယ် ဆိုတာ ကျုပ်နားမလည်ဘူး လို့ ပြောမိမယ်။ တကယ်တော့ မြန်မာနိုင်ငံ ဟာ မြန်မာပြည်သူ/သားတွေ ပိုင်တာပေါ၊ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် မြန်မာနိုင်ငံမှာ နေရာတွေ အများကြီး ရှိပါတယ် အကျယ်ကြီးပါ လို့ ဖြေမိမယ်။ မြန်မာနိုင်ငံဟာ ဘာသာပေါင်းစုံ နေထိုင်နေတဲ့ တိုင်းပြည်ဖြစ်တယ်ဆိုတာ ခင်ဗျားသိလောက်ပါတယ် လို့ ပြောမိမယ်။ ခင်ဗျား မူစလင်အတွက် မစိုးရိမ်နဲ့ ခရစ်ယာန်အတွက်လဲ မစိုးရိမ်နဲ့ ဗုဒ္ဓဘာသာအတွက်လဲ မစိုးရိမ်နဲ့ အားလုံးအတွက် နေရာ အလုံအလောက်ရှိပါတယ် လို့ ဖြေမိမယ် ထင်တယ်။
ကျုပ်တို့ မြန်မာနိုင်ငံက လူဦးရေ သန်း ၅၀ လောက်ပဲ ရှိတယ်။

ခင်ဗျားသိမလားတော့ မပြောတတ်ဘူးဗျာ ကျုပ်တို့နိုင်ငံ့လူဦးရေထက် ၃ ဆကျော်ကျော် ၄ ဆ လောက်များတဲ့ ရခိုင်ပြည်နဲ့ကပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ အဲဒီက လူဦးရေ သန်း ၁၆၀ ဝန်းကျင် ရှိတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထက် မြန်မာနိုင်ငံက အကျယ်အဝန်းအားဖြင့် ၅ ဆလောက် ပိုကြီးတယ်ဗျ။ အဲဒီတော့ နေရာတွေ အများကြီးပါဗျာ လို့ ဖြေမိမယ်ထင်တယ်။ အဲဒီထက်မက ခနဲတဲ့တဲ့လေး ပြောချင်သေးတယ် ဆိုရင်တောင် ခင်ဗျား အမေရိကမှာ နေရာမရှိရင် မြန်မာပြည်လာနေလို့ရပါတယ် လို့ ဒါပေမယ့် ဟိုတိုင်းရင်းသားအဖြစ်ပေးပါ ဒီတိုင်းရင်းအဖြစ်ပေးပါလို့တော့ မတောင်းနဲ့ပေါဗျာ နေရာ ရရင်တော်ပေါဗျာလို့ ပြောကောင်းပြောမိမယ် ထင်တယ်)
ဒါပေမယ့် ဆရာတော် ဦးဝီရသူက ပညာရှင် ဆန်းလွန်းသွားတယ် ပညာသားပါပါပြောထဲလိုက်တယ် ထင်တယ် ။ ပညာရှင်တွေ လက်ခံနိုင်တဲ့အဖြေထင်လို့ နေမှာပေါလေ။
………………………………
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ မေးခွန်းတဲ့
BW - ဒေါ်အောင်ဆန်းစုကြည်ပေါ် ဘယ်လို မြင်ပါသလဲ။
ဦးဝီရသူ - အမျိုးသားရေးနဲ့ နိုင်ငံ လုံခြုံရေးအရဆိုရင် သူက လုံး၀ အသုံးမကျ ပါဘူး။

======

( မိမိကတော့ ထင်ထားတာ ဆရာတော်က ဒေါ်အောင်ဆန်းစုကြည်ကို သိပ်ချစ်တာ ၊ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တဲနေရာမှာ သူလောက်ချစ်တဲ့သူ ဘယ်သူရှိမလဲဗျာ လို့ မေးခွန်တွေ ထုပ်ထားတော့။ သြော် ဆရာတော်လဲ ပြည်သူတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တာပေါ ချစ်မှာပေါ လို့ ထင်ခဲ့တာ။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးဘက်မှာ သုံးစားမရဘူး အသုံးမကျဘူး useless လို့တောင် သုံးလိုက်တယ် ဆိုတော့ ….ဘယ်သူက useless ဖြစ်တာလဲ။ ဦးဝီရသူက useless ဖြစ်တာလား ဒေါ်အောင်ဆန်းစုကြည်လား။

Useless ဖြစ်တာ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘူး ဆိုတာတော့ လူတိုင်းသိနေလို့ သေချာတယ်) ဦးဝီရသူက ပညာရှင် ဆန်းလွန်းသွားပြန်ပြီနဲ့တူတယ် ခ်ခ်ခ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အတော် မေတ္တာဓာတ် သို့မဟတ်ု အမုန်းဓာတ် ဘယ်လောက်ရှိလဲ ဆိုတာ ထင်ရှားသွာတယ်။
ဒီလောက်ပညာရှင် ပီသတဲ့ ဆရာတော့် နောက်လိုက်တွေကလဲနော် ပညာရှင်တွေမို့ နေမှာပေါလေ ဟားဟား။)

https://www.facebook.com/News.The

Ladies/posts/485653228276318?pnref=story

Saturday, October 26, 2019

Wednesday, October 23, 2019

စစ်အာဏာရှင်များ အမြန်ဆုံးကျဆုံးပါစေ။

ပါးပါးလေးပုတ်တယ်လို့လဲမထင်ပါနဲ့ ..
ထူထူကြီးပစ်တယ်လို့လဲမမြင်ပါနဲ့ ....

ပီးခဲ့တဲ့အပတ်ကပဲ ကိုယ်တွေဆီမှာစစ်ပွဲတွေကြောင့်ရော၊ တပ်နဲ့ပြည်သူကွဲနေတာကြောင့်ရော၊ အာဏာရူးတွေကြောင့်ရောတိုင်းပြည်နောက်ကျကျန်နေခဲ့ပီဆိုတာရယ်၊ သူများတိုင်းပြည်တွေရှေ့ရောက်နေကြပြီး မြန်မာတွေအတော်များများ ပြည်ပတွေထွက်ဆေးကုတာ၊ စျေးဝယ်တာ၊ အပန်းဖြေတာတွေလုပ်နေကြလို့ ကိုယ်တွေတိုင်းပြည်ရဲ့ငွေတွေ သူများတိုင်းပြည်ထဲအများကြီးစိမ့်ဝင်နေတယ်ဆိုတာရေးခဲ့တယ် ....

ကိုယ်လဲ အခု အမျိုးသမီးရဲ့အမေ operation လေးတခုရှိလို့ ထိုင်းက Bumrumgrat ဆေးရုံရောက်နေတယ် ... Operation လုပ်ရမှာဆိုတော့ အနည်းဆုံးဒေါ်လာ ၃၀၀၀၀ လောက်ကုန်ကျမယ်လို့ဆိုတယ် ... ရောဂါထပ်တွေ့လို့ကုရရင်ပိုမယ်ပေါ့ ...
ဟိုအရင်တနှစ်တခါကိုယ်တိုင်ဆေးလာလာစစ်တုန်းကထဲက ဒီဆေးရုံရောက်တိုင်း မြန်မာလူနာတွေပိုပိုများလာတာတွေ့ရတော့ သူများဆီရောက်သွားတဲ့ ဒို့တိုင်းပြည်ပိုက်ဆံတွေကိုနှမြောမိတယ် ...
ဒီတခေါက်လဲ ကိုယ့်ဟာကို စိတ်ထဲမှာထင်သလို တရက်ကိုလူနာ ၁၀၀ လောက်လာပြရင်ဆိုတာနဲ့စိတ်ထဲမှာတွက်နေခဲ့မိတယ် ....

ဘယ်ဟုတ်မလဲ သေချာပြန်မေးကြည့်မှ တရက်ပျမ်းမျှ Outpatient လာကုတာ ၃၀၀ လောက်ရှိပြီး အတွင်းလူနာ ၁၅-၂၀ လောက်ရှိကြောင်းသိရတော့အံ့သြမိတယ် ...
တချို့ဆိုရင် ရောဂါပေါ်မူတည်ပြီးလချီကြာတာရှိသလို တနှစ်ကျော်တာတောင်ရှိတယ်ဆိုပါလား ...
မြန်မာဘာသာပြန်တွေ ၂၅ ယောက်လောက်ရှိတာမှာ တရက် ၂၀ လောက်အလုပ်ဆင်းပေမဲ့အခုမလောက်လို့ထပ်ခေါ်ရမယ်လို့သိရတယ်.,,
တနှစ်ထက်တနှစ်တိုးပြီးလာပြကြတယ်လို့ဆိုတယ် ..
အခုဆို မန္တလေး-ဘန်ကောက်လဲတိုက်ရိုက်ဖလိုက်တွေရှိတော့ မန္တလေးဘက်ကလဲသွားကုဖို့လွယ်နေပြီ ..

လက်ရှိဟာကိုပဲအကြမ်းဖျင်းပဲတွက်ကြည့်ရအောင် ..
Outpatient ၃၀၀ မှာ ဘာစစ် ညာစစ်ဆရာဝန်ပြဆိုတော့ အနည်းဆုံး ဘတ် ၈၀၀၀ လောက်ကနေ ၂-၃၀၀၀၀ ထိကုန်ကျတယ်.,,
ပျမ်းမျှ တယောက် ဘတ် ၁၀၀၀၀ ပဲကုန်တယ်လို့တွက်ကြည့်ရင် အယောက် ၃၀၀
၁၀၀၀၀ * ၃၀၀ = ၃၀၀၀၀၀၀ ဘတ်
၁ ဒေါ်လာ ကို ၃၀ ဘတ်နဲ့အကြမ်းဖျဉ်းလိုက်ရင် တရက်ကို $ ၁ သိန်း
တလဆိုတော့ ၃ မီလျံ
တနှစ် ၃၆ မီလျံ
အဲဒါ ဆေးရုံတက်အတွင်းလူနာဖိုးတွေမပါ.,
 နှစ်ရှည်ကုတဲ့လူနာတွေမပါသေးဘူး ...

လူနာလာပြတဲ့အချိန်တည်းတာကလဲ တရက် $ ၅၀ - ၁၀၀ ရှိတယ်ဆိုတော့ပျမ်းမျှ $ ၇၀ နဲ့ပဲတွက်
တရက္ကို $ ၇၀ * ၃၀၀ = ၂၁,၀၀၀ $
တလဆိုတော့ ၆ သိန်းကျော်
တနှစ်ကို 7.2 million USd

ဒါဟာကျန်းမာရေးဝန်ဆောင်တာလေးပဲတွက်ပြတာပါ ..
စျေးဝယ်ထွက်၊ အပန်းဖြေသွားတာတွေဆိုလဲတနှစ်ထက်တနှစ်တိုးလာကြတာဆိုတော့ တိုင်းပြည်ပိုက်ဆံတွေဘယ်လောက်တောင်ထွက်နေပြီလဲဆိုတာ စဉ်းစားကြစေလိုပါတယ် ...
ဒါဆိုဘာလို့သွားကုကြလဲလို့ဆိုရင်တော့ ကိုယ့်မိဘမောင်ဘွားတွေ ကျန်းမာရေးပြဿနာတွေရှိတဲ့အချိန်သိပါလိမ့်မယ် ...
သွားကုသူတွေမှာအပြစ်မရှိ ..
လက်ရှိကျန်းမာရေးဝန်ဆောင်နေကြတဲ့ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်စတဲ့သူတွေလဲ အပြစ်မရှိ ..
ခေတ်စနစ်ဆိုးကြီးတခုအောက်မှာ အရာရာပျက်ယွင်းလာကြတာပါ ...
တကယ့်ပြဿနာရဲ့ရင်းမြစ်ဘာလဲဆိုတာ အမှောင်မဖုံးပဲမြင်အောင်ကြည့်စေချင်ပါတယ်..,

ဦးနုလက်ထက် ၁၉၆၂ အထိအရှေ့တောင်အာရှမှာ အကောင်းဆုံးလေဆိပ်၊ ရေဆိပ်ရှိတာ၊ ရန်ကုန်ကတက္ကသိုလ်လာတက်ရတာ၊ ရန်ကုန်ဆေးရုံကြီးဆေးလာကုရတာ၊ Shopping လာလုပ်ရတာတွေဟာ ကျွန်တော်တို့ခေတ်နဲ့ဒီခေတ်ကလေးတွေအတွက်ပုံပြင်အလား ..

တပ်မတော်သိမ်းပီးနောက်ပိုင်းကျွန်တော်တို့နိုင်ငံကရပ်တန့်သွားပီး ပညာရေး၊ ကျန်းမာရေး၊ စီးပွါးရေးတွေဟာပိုလို့ဆုတ်ယုတ်လာပေမဲ့ အခြားအရှေ့တောင်အာရှတွေကတိုးတက်လာတဲ့အခါ အခုဘိတ်ဆုံးအခြေအနေရောက်ရှိလို့နေလေရဲ့ ...

ဒါတောင်အခုအချိန်ထိ အမှန်မြင်ပီးပြင်မယ်မရှိကြ၊ တိုင်းပြည်ကနေမသမာတဲ့ပိုက်ဆံတွေနဲ့ ချမ်းသာနေကြပြီး အာဏာရှင်အစိုးရကိုပြန်တည်ဆောက်ချင်နေသူတွေ၊ အားပေးနေသူတွေကိုတခုလောက်ပဲပြောချင်တယ်..,
ကိုယ့်မိဘ၊ သားသမီးမောင်ဖွါးတွေ ကျန်းမာရေးတခုခုဖြစ်ရင် ကျွန်တော်တို့လိုပဲအခြားတိုင်းပြည်ပြေးကြရတာပဲမဟုတ်ပါလား ?

အဲ့ဒီအချိန်မှာကော ငါတို့တိုင်းပြည်စုတ်ပြတ်သွားလို့ ငါတို့သူများဆီလာကုရတယ် .. ငါတို့ပိုက်ဆံဟာတိုင်းပြည်ပိုက်ဆံပဲ .,, ဒို့တိုင်းပြည်ရဲ့ငွေတွေသူတို့တိုင်းပြည်တွေရောက်ကုန်ပါလားလို့ တစက်ကလေးတောင်တွေးမိကြရဲ့လား ??
အဲ့လောက်လေးမှမတွေးမိရင်တော့ တိုင်းပြည်ချစ်တယ်၊ အမျိုးချစ်တယ်လို့မအော်စေချင်ပါ ...

ဒါဟာကျန်းမာရေးတခုပဲပြောတာပါ ...
တိုင်းပြည်သာဖွံ့ဖြိုးတိုးတက်ရင် ဟိုအရင်လိုသူများတိုင်းပြည်တွေက ကျောင်းလာမတက်၊ ဆေးလာမကု၊ စျေးလာမဝယ်ရင်တောင် ကိုယ့်ပြည်သူတွေအပြင်ထွက်စရာမလိုတော့ တိုင်းပြည်ပိုက်ဆံ တိုင်းပြည်တွင်းမှာပဲလည်ပတ်တာပေါ့ ..

ဦးနုခေတ်ကတိုးတက်မှု့ဟာ စစ်အာဏာရှင်လက်ထက်မှာသေခဲ့တယ် ....
စစ်အာဏာရှင်လက်ထက်ကဆုတ်ယုတ်ခဲ့မှု့ကို ကျွန်တော်တို့ကစစ်အာဏာရှင်ပြန်လည်အုပ်ချုပ်ခွင့်မရအောင်ပြုလုပ်ခြင်းအားဖြင့် ဆယ်ယူကြရမယ်...
စစ်အာဏာရှင်ခေတ်မှာ အောက်ခြေစစ်သား၊ စစ်ဗိုလ်တွေချမ်းသာသွားကြတာမရှိပါဘူး .. နီးစပ်ရာသာအဆင်ပြေကြတာပါ .....
စစ်အာဏာရှင်ရှည်လျားစွာအုပ်ချုပ်ခဲ့ပေမဲ့ စစ်လက်နက်ပစ္စည်းတွေ၊ စစ်ရေယာဉ်၊ စစ်လေယာဉ်တွေ အရမ်းကောင်းမွန်သာလွန်ပြီးတောင့်တင်းတဲ့ စစ်တပ်ကြီးရယ်လို့ဖြစ်မလာခဲ့ပဲ ထိပ်ပိုင်းအာဏာရှိသူတွေနဲ့အပေါင်းအပါတွေသာချမ်းသာခဲ့ကြတယ် ..

နိုင်ငံရေးအကြောင်းရေးချင်လို့တော့မဟုတ်ပါဘူး ..
ဒါပေမဲ့ လက်တကမ်းလေးပဲကြည့်တတ်ကြသူတွေ အမြင်လေးများတည့်လာမလားလို့ ဒီဘန်ကောက်ကဆေးရုံမှာထိုင်နေရင်းမြင်တာ သိတာလေးကိုအခြေခံပြီးရေးမိလိုက်တာပါ ..

ပါးပါးလေးပုတ်တယ်လို့လဲမထင်ပါနဲ့ ..
ထူ
ထူကြီးပစ်တယ်လို့လဲမမြင်ပါနဲ့ ....

ထွန်းထွန်းဝင်း
18.5.2018
ပုံတပုံမှာ သိန်းပေါင်းသိန်းချီပြီး
ဘဏ်မှအပ်ထားသော
ရွှေတိဂုံစေတီကြီးဖြစ်ပြီး
နောက်ထပ်ပုံတပုံမှာမူ
အလှူရှင်မရှိလို့ပဲပြုတ်နဲ့ထမင်း
နပ်မမှန်သော မိဘမဲ့သားသမီးများပုံဖြစ်သည်။

အလှူအတန်းရက်ရောမှု၌
ထိပ်ဆုံးကရှိနေသော်လည်း
လှူရာမယ့်နေရာ ၊လှူသင့်သောနေရာ
ခွဲခြားသိမြင်နိုင်ခြင်းမရှိ၍
အဆင်းရဲဆုံး ၁၀နိုင်ငံထဲတွင်
မှတ်တမ်းတင်နေသော မြန်မာ

ပြည်ဖြစ်သည်။

ယနေ့ထိနိုင်းစရာမမြင်သေး




.... နယူးယောက်မှာ ထိုင်း၀န်ကြီးချုပ် ဒေါ်ရင်လတ်
အင်္ဂလိပ်လို ပြောတော့့ တစ်နာရီမပြည့်ခင်
အချိန်တွင်း အင်္ဂလိပ်စာ အလုံး ၄၀ မှားလို့ ဆိုပြီး
FB မှာ ဝေဖန်ပြီး ပြောကြ ဆိုကြ....
ဒေါ်စုနဲ့ နှိုင်းယှဉ် ကဲ့ရဲ့ကြတယ်ဗျ။
တချို့ကလည်း ဒေါ်စုကို ချီးကျူးပါ..
သူများကိုတော့ မကဲ့ရဲ့ပါနဲ့
စသဖြင့့် ပြောကြပါတယ်။ ကျနော် စဉ်းစားမိတယ်။
ဒေါ်စုကို မနှစ်သက်တဲ့သူ ဘက်က
စိတ်ကူးယဉ်ပြီးတော့ပေါ့လေ။

ဘာဖြစ်လို့များ ဒေါ်စုကို လူတွေက
 (မြန်မာသာ မက တစ်ကမ္ဘာလုံး) သည်လောက်တောင် သဲသဲလှုပ် ချစ်ကြ လေးစားကြ ချီးကျူးကြ တသသ တရွရွ တမမ တဖွဖွ ဖြစ်နေရသလဲ။
ကဲကို ကဲလွန်းတယ်.။
ဒေါ်စုကို အောက်တန်းကျ မိုက်ရိုင်းစွာ
အပုပ်ချ ရေးသားနေတဲ့ ၀က်ဆိုက် တခုမှာလည်း
ဒေါ်စုရဲ့ မကောင်းကွက်တွေကို ရှာကြံပြီး လုပ်ကြံ
အပုပ်ချကြတယ် ။
သန်းပေါင်း ၆၀ လူဦးရေမှာ သူဦးဆောင်မှပဲ
တိုင်းပြည် တိုးတက် ပြောင်းလဲ တော့မှာလား..
သူတယောက်ပဲ ရှိသလားလို့ ။
ဒီလို ပြောင်းပြန် တမင် စဉ်းစားကြည့်ကာမှ
အဖြေတွေက ပေါ်လာပါတယ်။
~~~~
.
၁။ ဘာသာစကား
-------------------------
မြန်မာလူဦးရေ သန်း ၆၀ စလုံး အင်္ဂလိပ်စာ
ကျွမ်းကျင်နေဖို့ မလိုပါဘူး။
ဂျပန် ထိုင်း တရုတ် တို့မှာလည်း ပြည်သူတိုင်း
အင်္ဂလိပ်စာ မကျွမ်းကြပါဘူး ။
သို့သော် နိုင်ငံအုပ်ချုပ်သူ ခေါင်းဆောင်များ
လူကြီးများ ကတော့ vocabulary, pronunciation, intonation, tone, grammar, usage, က အစ
ကျွမ်းကျင်နေရမှာပါ။ ဒါမှ နိုင်ငံတကာနဲ့
ဆက်ဆံလို့ အဆင်ပြေမှာပါ။
ဒီအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။
.
၂။ ဗသုသုတ
---------------------
 .... something special, everything normal ဆိုတဲ့ စကားလို အရာရာသော ရှုတ်ထွေး ကျယ်၀န်းလှသော ပြသနာ ကိစ္စကြီးငယ်တွေကို အကြမ်းဖျဉ်း (မှန်ကန်စွာ) ခြုံငုံ ဆင်ခြင်နိုင်သော အထွေထွေ ဗဟုသုတနဲ့ အရေးကြီးသော အကြောင်းအရာတွေကို အဂတိတရား မပါ အမြင် ကြည်လင် မတိမ်း မစောင်း စေ့ငုသေချာ ဂဃနဏ သိဖို့လိုပါတယ်။ ဒီအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။
.
၃။ ရုပ်ရည်
-----------------
....လူတိုင်းဟာ ရုပ်ရှင်မင်းသား မင်းသမီးလို ချောမော လှပ နေစရာ မလိုပါဘူး။ သို့သော် နိုင်ငံခေါင်းဆောင် ဆိုတာ လူဘုံအလယ်မှာ တင့်တယ် ခန့်ငြား ကျက်သရေ ရှိသော မျက်နှာမြင် ချစ်ခင် လေးစား
လောက်သော (ဒီခေါင်းဆောင်ဟာ အတွင်းစိတ် ကောင်းပါ့မလား..ဟု သံသယ လုံး၀ မရှိနိုင်လောက်သော) မျက်လုံး နှုတ်ခမ်း နဲ့ မျက်နှာ သွင်ပြင်ရှိရပါမယ်။ အ၀တ်အစား အရောင် ဒီဇိုင်း ရွေးချယ်မှု ကိုယ်နေ လှုပ်ရှားဟန်များ ကလည်း ခန့်ငြား တည်ငြိမ် မ ဟော့ရမ်း မ ကလက်ပဲ အဆင့်အတန်း ရှိ နန်းဆန်ရပါမယ်။ ဒီအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။ ဒါတောင် အသက်ကြီးသွား လို့။
ခုနေများ ၅၀ ကျော်လောက်ဆို ကောင်းလေစွ။
.
၄။ ပညာ
--------------
......တက္ကသိုလ်က ရတဲ့ဘွဲ့မှ ပညာလို့မပြောနိုင်ပါဘူး။ လူမှာ အတတ်ပညာ အသိပညာ နှစ်မျိုး မျှတစွာ ရောစပ်နေဖို့လိုအပ်တဲ့ နေရာမှာ နာမည်ကျော် ကမ္ဘာ့တက္ကသိုလ်ကြီးက နိုင်ငံေ၇း ဆိုင်ရာ ဘာသာရပ်မှာ ရခဲ့တဲ့ ဘွဲ့အပြင် နိုင်ငံတကာမှာ လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံများနဲ့ ရေးသားခဲ့တဲ့ စာအုပ်များစွာ၊ ရောက်လေရာမှာ လေ့လာ ဆည်းပူးတတ်တဲ့ အကျင့်၊ အိမ်မှာ အကျဉ်းကျနေစဉ် ဖတ်ရှုခဲ့တဲ စာအုပ်များစွာကြောင့် ဒီ အရည်အချင်းလည်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။
.
၅။ သီလ သမာဓိ
--------------------------
.နိုင့်ငံခေါင်းဆောင် ဆိုတာ သာမန်ပြည်သူလို သီလ မလုံ တရား မရှိ နေချင်သလို နေ မရပါ။ ကြံဖန်ပြောရရင် ဒေါ်စုဟာ လူမျိုးခြားကို လက်ထပ်ခဲ့ခြင်းက လွဲလို့ ဘာမှ အပြစ်ပြောစရာ မရှိအောင် ဘ၀တလျှောက်လုံး နေထိုင်ခဲ့သူ ဖြစ်ခြင်း ၊ (လူမျိုးခြား ဆိုပေမဲ့ ဒေါ်စုအား ချစ်ခင်လေးစား တန်ဘိုးထား နားလည်ပေးတတ်တဲ့ ပညာရှိတဲ့ မိမိနှင့် သားများ ကိုပါ ဗုဒဘာသာသို့ ပြောင်းလဲခဲ့နိုင်တဲ့ ခင်ပွန်းကောင်း ဖြစ်ပါတယ်။) အိမ်တွင်း အကျဉ်းကျစဉ် ဝိပသနာ တရားအားထုတ်မှုကို မပြတ် လေ့ကျင့်ပွားများခဲ့ခြင်း ဆရာတော်ကြီးများရဲ့ အဆုံးအမကို မပြတ်ခံယူခြင်း တို့ကြောင့် ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။
.

၆။ သတိ
---------------
...သာမန်လူတိုင်းဟာ မနော ၀စီ ကာယကံများကို
အချိန်နဲ့အမျှ ပြုနေကြရာမှာ အမှတ်တမဲ့
သတိ ကင်းမဲ့လျက်နဲ့ အမှားများစွာ ပြုပြော
တွေးနေမိတတ် ပါတယ်။
ဒေါ်စုရဲ့ အမူအရာ စကားလုံး ကိုယ်နေ ဟန်ပန် တို့ကို ကြည့်ပါ။
ထိုင်နေလျှင် ခါးစန့် ခါးမတ် ၊ ဦးခေါင်းကို မတ် ၊
ပျင်းပျင်း ရိရိ ကျောကို မမှီ ၊ ဒူးကို ဘယ်တော့မှ
မချိတ် ၊ မိန့်ခွန်းများ ပြောရာမှာ မည်သည့် ဘာသာစကားကို ပြော ပြော လေသံ
အတက်အကျက မမြင့်လွန်း မနိမ့်လွန်း မနှေးလွန်း မမြန်လွန်း ၊ ပျာယာမခတ် ။ ရှူးရှူး ရှဲရှဲ မရှိ ။
မှားလို့ပြန်ပြောရသည် ဆိုသည် မရှိသလောက်ရှား ။ ဒါက သတိကပ်နေခြင်းရဲ့ သက်သေ ။
အသံကလည်း ပီသ ၊ မျက်နှာ အမူအရာက
တည်သင့်လျှင် တည် ရီသင့်လျှင် ရီ ပြုံးတန်ပြုး
ထုံပေပေ ပေါတောတော စပ်ဖြဲဖြဲ ဘယ်ခါမှ မရှိ ။
သည်လောက် မအားသည့်ကြားက အ၀တ်အစား
ဘိုသီ ဘတ်သီ မရှိ။ ဒါကြောင့် သတိ ဟူသော...
ထိုအရည်အချင်း ဒေါ်စုမှာ
၁၀၀% ရှိပြန်ပါတယ်။
.
၇။ အသံ
-----------------
..... အဆိုတော်များ တမျိုးစီ အသံကောင်းကြပါတယ်။ သီချင်း မဆိုလည်း အသံကောင်းသူ များစွာ ရှိပါတယ်။ ဒါပေမဲ့ လူတိုင်းရဲ့ အသံများမှာ အရောင်လေးတွေ ပါကြပါတယ် ။ အားငယ်သံ မောက်မာသံ အထက်စီးသံ မာနသံ ကြွားဝါသံ ပညာရှိသံ ပညာမဲ့သံ ရိုးသားသံ မြို့ပြသံ ကျေးလက်သံ ဟန်ဆောင်သံ တရားသံ ဆရာကြီးသံ...ပွဲစားသံ ..ထုံထိုင်းသံ..ပျင်းရိသံ...စသဖြင့်။ နိုင်ငံခေါင်းဆောင်၏ အသံကတော့ ပညာရှိသံ ပြတ်သား တိကျသံ ရိုးသားဖြူစင်သံနဲ့ တိုင်းသားပြည်သူများ အပေါ် မေတ္တာ စေတနာငွေ့ လွှမ်းခြုံနေတဲ့ အသံဖြစ်ရပါမယ်။ ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။
.
၈။ မျိုးရိုး.
-------------
...ဘယ်လောကမှာမဆို အောင်မြင်လာမဲ့သူဟာ ရှေ့က မျိုးရိုးရှိချင်မှ ရှိမှာပါ။ မျိုးရိုးရှိတိုင်းလည်း ဆက်ခံတဲ့ သား သမီး မြေး မြစ် က အဖြစ် ရှိချင်မှ
ရှိမှာပါ။ ဗိုလ်မင်းရောင် ဗိုလ်ချုပ်အောင်ဆန်း စတဲ့ သတ္တိပြောင်တဲ့ မျိုးရိုးကို ထိန်းသိမ်းနိုင်တဲ့ သွေးနဲ့ မျိုးရိုး အရည်အချင်းမျိုး အကိုမှာတောင် မရှိဘဲ
ဒေါ်စုမှာသာလျှင် ၁၀၀% ရှိပြန်ပါတယ်။ အင်မတန် မြန်မာဆန်ပြီး အနေအထိုင် လိမ်မာ ကျစ်လျစ်တဲ့မိခင် ဒေါ်ခင်ကြည့်ရဲ့ သွန်သင် ဆုံးမမှု ဟာလည်း မြန်မာဆန်တဲ့ သတ္တိရှိ ရဲရင့်တဲ့ သမီးကောင်းလေးကို ပေါ်ထွန်းစေခဲ့တာဟာ ငြင်းမရပါဘူး။
.
၉။ စွန့်လွှတ်အနစ်နာခံသော စိတ်
------------------------------------------------
နေက္ခမ္မ ပါရမီ လို့ပြောရင် လွန်မလား မသိ။ တိုင်းပြည်ကို ခေါင်းဆောင်မဲ့သူဟာ ပုဂ္ဂိုလ်ရေးရာ family / personal ခံစားချက်တွေကို အတတ်နိုင်ဆုံး လျစ်လှူရှုနိုင်ရပါမယ်။ မိမိဘ၀နဲ့ အချိန်တွေ စိတ်အာရုံတွေကို နိုင်ငံနဲ့ ပြည်သူအတွက် ပေးဆပ်နိုင်ရပါမယ် ။ ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိကြောင်းကတော့ မိန်းမ တစ်သန်းမှာ တယောက် တွေ့ရနိုင်ခဲ့တဲ့ ခင်ပွန်းနဲ့ သားတွေရဲ့ ဘ၀ အဆင်ပြေမှုတွေကို လုံးလုံးလျားလျား လျစ်လျူရှုခဲ့တဲ့ ဒေါ်စုရဲ့ စိတ်ထားမျိုးကတော့ အထူးပြောစရာ မလိုတော့ပါဘူး။
.
၁၀။ မတ်တော
-----------------
..... သတ္တလောကကြီးကို ထိန်းချုပ်ပြောင်းလဲနိုင်စွမ်း ရှိသော အရာဟာ စစ်မှန်တဲ့ မေတ္တာပါပဲ။ မိမိ မိသားစု၀င် သုံးယောက် သန်းပေါင်း ၆၀ သော လူသားတွေ အတွက် မေတ္တာကြီးစွာ ထားခဲ့သူပါ။
မေတ္တာတရားနဲ့ ပြည့်၀လွှမ်းခြုံနေတဲ့ မျက်နှာမျိုး လူတိုင်းမှာ မတွေ့နိုင်ပါဘူး။ ထို အရည်အချင်း မေတ္တာဓါတ်မျိုး ဒေါ်စုမှာသာ ၁၀၀% ရှိကြောင်း ဦးနှောက်မှန်တဲ့ လူတိုင်းရဲ့နှလုံးသားက ခံစားလို့ရပါတယ်။

ပြောခဲ့တဲ့ အချက် (၁၀) ချက်အပြင်
အခြားများစွာသော ထူးခြား အရည်အချင်းများနဲ့
ပြည့်စုံတဲ့ ဒေါ်စုနဲ့ တူညီပြည့်မှီတဲ့
အခြား မြန်မာအမျိုးသမီး တဦးဦး မရှိနိုင်ပါဘူး။
တခုတူရင် တခု လိုနေမှာပါ။
.
ဒါ့ ေ ကြာင့်.....
မြန်မာနိုင်ငံ ရှေ့ရေးအတွက် ဦးဆောင်ရမဲ့
နှစ်တစ်ရာကိုတစ်ခါ ပေါ်ပေါက်ခဲတဲ့ ....
မရှိမဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်
သည်လောက်တောင်
သဲသဲလှုပ် ချစ်ကြ လေးစားကြ ချီးကျူးကြ
တသသ တရွရွ တမမ တဖွဖွ ဖြစ်နေကြတဲ့
လူတွေမှာ လုံးဝ (လုံး၀) မလွန်ပါဘူး ။
ကျနော်အခုလို ထင်မြင်ရေးသားမိတာလည်း
မလွန်ပါဘူး...
အမေစုကို ချစ်ရင် လေးစားရင်
ချစ်နေယုံနဲ့ မပြီးပဲ မိမိတို့ရောက်ရာနေရာတိုင်းမှာ
ပြတ်သားရဲရင့် ထက်မြတ် တည်ငြိမ်စွာ
မြန်မာလူမျိုး သိက္ခာ ထိန်းကြပါ လို့
ရဲရဲကြီးပြောရင်း..
News from : Wai Soe

ယုပ်မာမိုက်ရိုင်းသောမြန်မာ့တပ်တော်

ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ #တပ်မတော်ရဲ့ယုတ်မာမှုကို နိုင်ငံတကာက သိအောင် ဖြေကြားခဲ့ပါပြီ ....
တပ်မတော်က ဗီဒိုအာဏာ ကိုင်ထားပြီး အကယ်၍ 
ခြေဥ မပြင်နိုင်ရင် တပ်ကပူးပေါင်းဆောင်ရွက်မှု မရှိလို့သာဖြစ်တယ်ဆိုတာ တကမ္ဘာလုံးက နားလည်သွားပါပြီ

ရွေးကောက်ပွဲမတိုင်မီ ခြေဥပြင်ဆင်ရန်ဖြစ်နိုင်ဖွယ်မရှိဟု ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြောပြီ .....
=======================

 ပြီးပြည့်စုံသော ဒီမိုကရေစီအသွင် ကူးပြောင်းရေးတွင် မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လို အပ်ပြီး လာမည့်ရွေးကောက်ပွဲမတိုင်မီ ခြေဥပြင်ဆင်ရန် ဖြစ်နိုင်ဖွယ်မရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က တိုကျိုမြို့၌ Nikkei Asian Review သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုတွင်ယင်းသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေသောကြောင့် အရေးပါသော အာဏာကိုတပ်မတော်က ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ယင်းအချက်က ဖွဲ့စည်းပုံပြင်ဆင်ရေး၌ တပ်မတော်ကို ဗီတိုအာဏာ ပေးထားခြင်းဖြစ်သည်ဟု Nikkei Asian Review က ဖော်ပြသည်။

ယင်းအချက်အပါအဝင် အ ခြေခံဥပဒေ၏ ကျန်အစိတ်အပိုင်း များကို ပြင်ဆင်မှသာ ပြီးပြည့်စုံ  သည့် ဒီမိုကရေစီဖြစ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က Nikkei Asian Review အား ပြော သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအ တွက် လက်ရှိလွှတ်တော်က ပူး ပေါင်းကော်မတီဖြင့် ဆောင်ရွက် နေသော်လည်း တပ်မတော်က စိတ်ပါဝင်စားမှု သိပ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။ 

Source : 7 Day 

ZN.H 🇦🇺 
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျှက်
Martin Swe
24-10-2019Martin Swe
24-10-2019

မအလ သူခိုးစစ်ခေါင်းဆောင်များ

The most valuable jade in the world is found in the Kachin hills of northern Myanmar.

This 12 month investigation reveals it is worth far more than previously thought - up to US$31 billion in 2014 alone. That is equivalent to nearly half the GDP of the whole country, which badly needs it. But hardly any of the money is reaching ordinary people or state coffers.

Instead, the trade is controlled by the military elites, US sanctioned drug lords and crony companies that the country's rebranded government says it is consigning to the past. These networks cream off vast profits while local people suffer terrible abuses and see their natural inheritance ripped out from beneath their feet. These injustices are stoking unrest in an already unstable and volatile region.

As an historic election approaches, it is hard to overstate the significance of these findings to Myanmar’s future. Our investigations show that the elites who between them have most to lose from an open and fair future also have access to a vast slush fund in the shape of the jade sector. This raises real questions for the government of Myanmar and its international partners, especially the US.

Jade is the Myanmar government's big state secret

Jade businessman, Kachin State

Tuesday, October 22, 2019

Drtinshwe: The ladies who do not want the sex

Drtinshwe: The ladies who do not want the sex: 1. Type   Among the sex problems, no willing to make sexx and no feeling during sex is the most occurrence problem. These problems occur ...

Saturday, October 19, 2019

ပေါင်မုန့်ဖုတ်သမားလေးကိုတောင်းပန်သော #လူထုခေါင်းဆောင်တစ်ယောက်အကြောင်



လူတိုင်းနီးပါး ကွတ်ကီးလေးတွေတော့ စားဖူးကြမှာပေါ့နော်
ကျွန်တော်လဲ တော်တော်များများ စားဖူးခဲ့ပါတယ်
ဒါပေမယ့် ..စားနေကျ အရသာ မဟုတ်တဲ့ ကွတ်ကီးလေးတချပ်ကို ကျွန်တော်စားခဲ့ရဖူးတယ်ဗျာ...
ကျွန်တော့်စာလေး ဆုံးအောင် ဖတ်ကြည့်ပါ
ကျွန်တော်စားခဲ့ဖူးတဲ့ ကွတ်ကီးက ဘယ်လိုကွတ်ကီးလဲ ဆိုတာ သိပါလိမ့်မယ်

လွန်ခဲ့တဲ့ ၂၀၀၉. ၂၀၁၀ ခုနှစ်လောက်ကပါ

အဲ့ဒီ အချိန်တုံးက ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့ Hotel ကြီးတခုမှာပေါ့ဗျာ

ကျွန်တော်တို့ duty က မနက်လင်းအားကြီး ၂း၀၀နာရီမှ မနက်၁၀း၀၀ထိဖြစ်ပါတယ်

တနေ့...
ကျွန်တော်တို့ ပုံမှန် တာဝန်ထမ်းဆောင်ပြီး ပြန်ခါနီး၉း၃၀နာရီလောက်မှာ မုန့်ရောင်းတဲ့ ကောင်တာကနေ ဖုန်းဆက်လာပါတယ်

Bread side က တာဝန်အရှိဆုံးလူတယောက်နဲ့ တွေ့ချင်ပါတယ်တဲ့
ကျွန်တော်သိလိုက်ပါပြီ...
ဧည့်သည် complain ဆိုတာ..
ဒါနဲ့...ကျွန်တော်လဲ မုန့်ရောင်းတဲ့ ကောင်တာလေးဆီ ပြေးဆင်းသွားပါတယ်..

Counter ရောက်တော့....
ဆံပင်ကျောလည်လောက်ထိရှည်တဲ့ အသက်၅၀အရွယ် ယောကျာ်းတစ်ယောက်ရှိနေပါတယ်

မုန့်ရောင်းတဲ့ ဝန်ထမ်းကောင်မလေး(မသန္တာလို့ထင်ပါတယ်)က ... ဒီမှာbakery chef ရောက်လာပါပြီ လို့ ဧည့်သည်ကိုပြောလိုက်ပါတယ်...
အဲ့ဒီ ဆံပင်ရှည်နဲ့လူက ကျွန်တော့ဘက်လှည့်ကြည့်ပြီး....
ဒီလိုကွာ ညီလေး...ကိုမနေ့က bread ၂မျိုးဝယ်သွားတယ်...ကိုလဲသတိမထားမိလိုက်ဘူး
အိမ်ပေါက်ရောက်လို့ လုံခြုံရေးတွေကစစ်ဆေးတော့ ဒီ bread ၂မျိုးလုံးအောက်ခြေမှာ မှိုတက်နေတာသိတာ....
ဒီလို 5star hotel ကြီးက မှိုတက်တွေ ရောင်းသလားလို့မေးကြတယ်
အဲ့ဒီ အချိန်မှာ ခြံထဲမှာလမ်းလျှောက်လာတဲ့ အစ်မက ဘာဖြစ်တာလဲဆိုပြီးရောက်လာပါတယ်တဲ့

အကြောင်းစုံရှင်းပြလိုက်တော့...

အေးလေ..သူတို့5star hotel ဖြစ်ပြီးတော့ မှိုတက်တွေရောင်းနေတာ သွားပြန်လဲ လို့ပြောလို့ အကိုပြန်လာတာလို့ကျွန်တော့်ကို ပြောပါတယ်

ကျွန်တော် ဘာမှန်းမသိဘူး ကြောင်နေပါတယ်
သူတို့ပြောတာ ဘယ်သူမှန်းလဲမသိဘူး...
ဒီအချိန်မှာ ..မုန့်ရောင်းတဲ့ကောင်မလေးက

ဒီအကိုက..ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဝယ်တော်ပါတဲ့..သူအကျယ်ချူပ်ကျနေချိန်မှာ ဒီအကိုတယောက်ပဲ နေ့စဉ် ဈေးဝယ် ဝင်ထွက်ခွင့်ရတာ လို့ပြောတော့..

ကျွန်တော် အကိုဝယ်သွားတဲ့ bread တွေကိုကြည့်ပါရစေလို့ပြောပြီး bread တွေကိုကြည့်တဲ့အခါ...
သူတို့ယူဆနေသလို မှိုဆိုသောအရာမှာ မှိုမဟုတ်ပဲ ဂျုံမှုန့်များဖြစ်နေတာတွေ့လိုက်ရပါတယ်

ကျွန်တော်လဲ အဲ့ဒီအကိုကို...
အကိုရေ..ဒါမှိုတွေမဟုတ်ပါဘူး ဂျုံတွေပါ
ကျွန်တော်တို့ breadတွေ ဖိုထဲထည့်တဲ့အခါ သစ်သားယောင်းမ အကြီးကြီးပေါ်တင်ပြီးမှ ဖိုထဲကို ထည့်ကြပါတယ်

Breadနဲ့ သစ်သားယောင်းမ မကပ်နေအောင် ကြားခံအနေနဲ့ ဂျုံဖြူးပြီးထည့်မှ အဆင်ပြေတာပါ ..အဲ့ဒီ ကြားခံဖြူးထားတဲ့ ဂျုံမှုန့်လေးတွေက bread တိုင်းမှာကပ်နေတတ်ပါတယ်

ကျွန်တော်တို့ hotel မှာရောင်းတဲ့ပစ္စည်းမှန်သမျှ နေ့စဉ်လုပ်ထားတဲ့ up date တွေပါ...
ရက်လွန်တွေ ရောင်းခွင့်မရှိပါဘူး
ဒီနေ့ရောင်းလို့မကုန်ရင် စွန့်ပစ်ရပါတယ်
နောက်နေ့ဆက်ရောင်းခွင့်မရှိပါဘူး

အန်တီစုအတွက် အကိုဝယ်သွားခဲ့တဲ့ breadတွေက မှိုတက်တွေမဟုတ်ပါဘူး
ယုံယုံကြည်ကြည်စားသုံးပါ
ဘာတခုမှမဖြစ်ပါဘူးဆိုတာ ကျွန်တော် တာဝန်ယူပါတယ် လို့ပြောလိုက်ပါတယ်

အဲ့ဒီအခါမှာ..သူ့မျက်နှာကြည်လင်လာပြီး

Sorry ညီလေးရာ..အကိုလည်း လုံခြုံရေးတွေပြောတာနဲ့..ထင်သွားတာပါ
ဒီအကြောင်းကို..အစ်မကိုလည်းသေသေခြာခြာရှင်းပြလိုက်ပါ့မယ်
အစ်မက သူကိုယ်တိုင်လည်းမုန့်လုပ်တတ်တယ်လေ...
ညီလေးတို့ဆီက breadတွေ သူအရမ်းကြိုက်လို့ တပါတ် ၂ကြိမ်လောက် အပါတ်တိုင်းဝယ်ခိုင်းနေကျပါ...
စိတ်ချညီလေး...အကိုသေချာရှင်းပြလိုက်ပါ့မယ်လို့ပြောပါတယ်....

ဒီအချိန်မှာ....ကျွန်တော်က..
အကို..ညီလေးတခုလောက်တောင်းဆိုချင်ပါတယ်လို့ပြောတော့..
ပြောပါညီလေး...
အကို အန်တီစုအတွက်ဝယ်သွားတဲ့ bread တွေကို ဒီနေ့မှစတင်ရောင်းချမယ့်
ကျွန်တော်အသစ်လုပ်ထားတဲ့ cheddar cheese breadလေးနဲ့ လဲလှယ်သွားပါလားခင်ဗျာလို့ပြောတော့...

ဟုတ်ပြီ..ညီလေး..
ဝယ်ထားတဲ့ breadတွေလဲယူမယ်
အသစ်ရောင်းမယ့် ဒီ bread လေးလဲယူသွားမယ်..
အစ်မက မင်းတို့breadတွေ တစ်လတစ်မျိုး မရိုးအောင် ထုတ်လုပ်နေတာကိုစိတ်ဝင်စားတာလို့ပြောပြီး ကျွန်တော်ပေးတဲ့ cheddar cheese bread လေးကိုပါ ဝယ်သွားပါတယ်.....

ဒီလိုနဲ့...တရက်နှစ်ရက်လောက်ကြာတော့
ကျွန်တော်တို့ duty ဝင်ဝင်ချင်း စားပွဲပေါ်မှာ for bakery ဆိုပြီးပုဂံပြားတခုထဲမှာထည့်ထားတာ တခုကိုတွေ့လိုက်ရပါတယ်...
ကျွန်တော်လဲ ဘာ complainလာပြန်ပြီလဲဆိုပြီး ဖွင့်ကြည့်တော့....
Butter cookie လေး တချပ်....

ဒီကွတ်ကီးက ကျွန်တော်တို့နဲ့မဆိုင်ဘူး
ကျွန်တော်တို့sideကလုပ်တာ မဟုတ်ဘူး

ဘာကြောင့် for bakery ဆိုပြီးတပ်ထားရတာလဲ ? နောက်ပြီး တစ်ခုထဲ ?

ကျွန်တော်ပြန်အုပ်ပြီးသိမ်းထားလိုက်တယ်
မနက်ပိုင်းလူတွေ လာမှမေးမယ်ပေါ့

ဒါနဲ့ ...ကျွန်တော်လဲ ကိုယ့်အလုပ် ကိုယ်လုပ်ရင်းမေ့သွားပါတယ်

မနက် ၆း၃၀နာရီလောက်မှာ မုန့်ရောင်းဖို့ နေ့စဉ်လာယူနေတဲ့ ကောင်မလေးက...
အကို ..မနေ့ကပို့ပေးလိုက်တဲ့ ကွတ်ကီးတွေစားပြီးပြီလား တဲ့
ကျွန်တော်သတိပြန်ရသွားပြီး...အေး..အဲ့ဒါမေးမလို့..ဘာအတွက်လဲဟ..
ဟာ...အကိုကလဲ..အဲ့ဒါ အန်တီစုကိုယ်တိုင်လုပ်ပြီး အကိုတို့အတွက်ပို့ပေးရင်း တောင်းပန်စကား မှာလိုက်တာလေ တဲ့
ဟင်...ဒီတခုပဲကျန်တော့တယ်
မနေ့ကပို့ပေးတာ အများကြီး
ဘယ်သူတွေစားလိုက်ကြလဲ ..အကိုတို့မစားရဘူးလားတဲ့..

ပြီးတော့..အန်တီစုက သူ သူများပြောတဲ့စကားနဲ့ ကိုယ်တိုင်မကြည့်ရူ့ပဲ
မဆင်မခြင် အပြစ်တင်လိုက်မိတဲ့အတွက် သူကိုယ်တိုင်လုပ်ထားတဲ့ ကွတ်ကီးလေးတွေနဲ့ တောင်းပန်တာပါတဲ့ အမှန်က သူ လူကိုယ်တိုင်တောင်းပန်သင့်တာပါတဲ့
တောင်းပန်လို့မရနိုင်တဲ့ အကျယ်ချူပ်အခြေ အနေမို့ ဒီကွတ်ကီးလေးတွေနဲ့ပဲတောင်းပန်လိုက်တာပါတဲ့ သူ့ရဲ့အဝယ်တော်ကို သေချာမှာလိုက်ပါတယ်.....

ကျွန်တော် ဘာပြောရမှန်းမသိတော့...

မမျော်လင့်ထားသော....
မမျှော်လင့်ရဲသော.....
ဘဝမှာ မကြုံဘူးသော ခံစားမှုတခု....
ဝမ်းနည်းသလိုလို..ဝမ်းသာသလို...
အမည်ဖော်ပြနိုင်စွမ်းမရှိသော ခံစားချက်မျိုး ကျွန်တော် ရလိုက်ပါတယ်.....

ကျွန်တော်လို..အညတြရ မုန်ဖုတ်သမားလေး....
ကမ္ဘာပေါ်မှာရှိတဲ့ baker တွေနဲ့နှိုင်းယှဉ်ရင်...မြူမှုန်လောက်သာ ရှိသော ကျွန်တော်လိုလူကို.......

ဖြူသလား...မည်းသလားတောင်မမြင်ရပဲ

စကားတစ်ခွန်းအတွက်
တာဝန်ယူရဲတဲ့စိတ်
အတ္တ မာန ကင်းစင်ပြီး...မှားတယ်လို့ယူဆပါက..မည်သူ့ကိုမဆို တောင်းပန်ရဲသော...သူရဲကောင်းစိတ်
လူလူချင်း လေးစား အခွင့်အရေးတန်းတူထားသောစိတ်

အဲဒီအရသာတွေ အပြည့်အဝပါဝင်နေသော
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လုပ်ထားပြီး...ကျွန်တော်တို့အတွက်ပေးပို့ ခဲ့တဲ့
တစ်ခုထဲသာကျန်တော့တဲ့ ကွတ်ကီးလေးကို
အရသာရှာဖွေ တစိမ့်စိမ့်ခံစားရင်း.......

ထွဋ်တေဇဖြိုး

*ဖြစ်ရပ်မှန်ကို ပြန်လည်ရေးဖွဲ့ပါသည်*

May Thet Lwin

ZN.H 🇦🇺
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျှက်
Martin Swe
19-10-2019ဇဖြိုး

*ဖြစ်ရပ်မှန်ကို ပြန်လည်ရေးဖွဲ့ပါသည်*

May Thet Lwin

ZN.H 🇦🇺
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျှက်
Martin Swe
19-10-2019

Friday, October 18, 2019

စောက်တလွဲ မအလတွေကိုဖယ်ရှားမှ့ရမယ်

#လေးစားလျှက်ပါခေတ်သစ်မီဒီယာရဲ့အယ်ဒီတာသာလွန်စောင်းထက်...
အယ်ဒီတာ့အာဘော်
==============
စစ်အရာရှိဟောင်း တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ရှေ့နေချုပ်ဦးထွန်းထွန်းဦးကိုရာထူးမှ ဖယ်ရှားပါ 
---------------------------------------------မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင် အောင်မြင်မှု အနည်းဆုံးနှင့် ခေတ်နောက်ပြန် အဆွဲဆုံးသော ကဏ္ဍကို ပြသပါဆိုလျှင် တရားစီရင်ရေးကဏ္ဍကိုသာ အားလုံးက လက်ညှိုးထိုးပြကြမည်ဖြစ်သည်။ စစ်အစိုးရခေတ် ဆက်ဆက်မှစ၍ ယနေ့အချိန်အထိ တရားစီရင်ရေးကဏ္ဍသည် အကျင့်ပျက်ခြစားမှုများ၊ မလျှော်သြဇာသုံးစွဲမှုများ၊ ဥပဒေကို လက်တစ်လုံးခြားပြု၍ ရေများ ရေနိုင်၊ မီးများ မီးနိုင်ဆိုသကဲ့သို့ ငွေကြေး၊ အာဏာ ရှိသူများ အလိုကျ ကပြ အသုံးတော်ခံနေရသော ယန္တရား အဖြစ် တည်ရှိနေသည်။

တရားစီရင်ရေးကဏ္ဍ ပျက်စီးယိုယွင်းနေမှုများကို ထောက်ပြနိုင်သော နာမည်ကျော် အမှုအခင်းများစွာ ရှိနေပြီး ယင်းအမှုအခင်းများကို တစ်ခုချင်း ချရေးပြရမည်ဆိုလျှင် ကုန်နိုင်ဖွယ်မရှိပေ။ နိုင်ငံတစ်၀န်းလုံးတွင် ပြည်သူများသည် တရားရုံး သွားရန် ကြောက်ရွံ့နေကြရသည်။ တရားရုံးများဆိုလျှင် အကောင်းမြင်မှု လူထုကြား နည်းပါး လွန်းလှသည်ဟုဆိုရပေမည်။ 

တရားစီရင်ရေးကဏ္ဍ ကျဆုံးမှုများက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အကြီးအကျယ် ထိခိုက်လာနေပြီး အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို ပါ ထိခိုက်လာနေသည်။ တရားစီရင်ရေးကဏ္ဍသည် စစ်တပ်အလိုကျ လိုက်ပါ ကပြနေသည့် သာဓကများရှိနေသည်။ 

စစ်တပ်နှင့် အာဏာရှိသူများ၏ အလိုကျ လိုက်ပါ ကပြနေရသော တရားစီရင်ရေးကြောင့်  ဒေါင်းတို့ မျိုးဆက် အဖွဲ့မှ လူငယ်များသည် အကျဉ်းထောင်များတွင် အချုပ်ခံနေရရင်း အမှုရင်ဆိုင်နေရသည်။ ပရဟိတသမား ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်သည် ထောင်ကျခံနေရသည်။ ဆရာတော်ဦးသောဘိတ အပါအ၀င် ဆရာတော်၊ သံဃာတော်များမှာလည်း စစ်တပ်က စွဲဆိုသော အမှုများအတွက် တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။

တရားစီရင်ရေး၏ မမျှတသော ၊ အဂတိလိုက်စားသော ဆုံးဖြတ်ချက်များကြောင့် နိုင်ငံတစ်၀န်းရှိ ပြည်သူများမှာ များပြားလှစွာသော ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့နေရသည်မှာ အသေအချာပင်ဖြစ်သည်။ ထင်သာမြင်သာရှိသော အမှုများကို ကြည့်မည်ဆိုလျှင် ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရသည့် အမှု၊ ရှေ့နေကြီး ဦးဇော်၀င်းအမှု ၊ ကလေးစစ်သား အောင်ရဲထွေးအမှု၊ မန္တလေး Alpha စက်ရုံပဋိပက္ခတွင် အောင်သပြေရွာသားများ အဖမ်းခံရမှုနှင့် လူသေဆုံးစေမှု အပါအ၀င် ယင်းကဲ့သို့သော တရားစီရင်ရေး၏ မတရား မမျှတသည့်အမှုများစွာကိုလည်း ရှိသည်။

ရိုက်တာသတင်းထောက် ၂ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ခြင်းကလည်း တရားစီရင်ရေး၏ မှားယွင်းသော၊ အာဏာရှိသူ အလိုကျ လိုက်လံ လုပ်ဆောင်ရသည့် အခြေအနေများကို မီးမောင်းထိုးပြနေသည်။ 

ကချင်စစ်ဘေးဒုက္ခသည်များ အရေး ဆန္ဒပြသူများ၊ ကရင်နီလူငယ် ၆ ဦး၊ နော်အုန်းလှအပါအ၀င် တိုင်းရင်းသားများသည်  မတရားသော ဥပဒေပုဒ်မများဖြင့် ပြစ်ဒဏ်များချမှတ် နေသော တရားစီရင်ရေးကြောင့် တန်းတူ အခွင့်အရေး ပျက်သုန်းနေသော ပကတိ တိုင်းရင်းသားများ၏ အခြေအနေကို ပေါ်လွင်လာစေသည်။ တရားစီရင်ရေး၏ အလွဲအမှားများကြောင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးမှာ အလှမ်းဝေးနေဦးမည်ဖြစ်သည်။ 

NLD အစိုးရ တာ၀န်ယူသည့် ၄  နှစ်နီးပါးကာလအတွင်း တရားစီရင်ရေးသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် ပါမလာဘဲ ယခင် နည်းဟောင်း လမ်းဟောင်း အတိုင်း ဆက်လက်ကျင့်သုံးနေဆဲပင်။ NLD အစိုးရအနေဖြင့် မှန်ကန်သော တရားစီရင်ရေးဖြစ်ရန်အတွက် တရားစီရင်၏ အထွတ်အထိပ်  ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ရှေ့နေချုပ်တို့ကို မဖြစ်မနေ အစားထိုး ပြောင်းလဲရန် လိုအပ်နေသည်။ 

လက်ရှိ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးအပါအ၀င် တရားသူကြီးများသည် ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က ခန့်ထားသူများဖြစ်ပြီး တရားသူကြီးချုပ်မှ စ၍ တရားသူကြီးများအားလုံးကို  ဖြုတ်ပယ်ပြီး အစားထိုးရန် အရေးတကြီး လိုအပ်နေသည်။ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် စစ်အရာရှိဟောင်းတစ်ဦးဖြစ်ခြင်းကလည်း တရားစီရင်ရေးကဏ္ဍ အပြောင်းအလဲ အတွက် ကြီးမားသော အဟန့်အတားကြီးပင်ဖြစ်သည်။ 

တရားသူကြီးချုပ်နှင့် တရားသူကြီးများကို ဖြုတ်ပယ်ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အကန့်အသတ်များရှိသော်လည်း ယင်းအကန့်အသတ်များမှာ လွှတ်တော်တွင် အများဆုံး စိုးမိုးထားနိုင်သော NLD အနေဖြင့် အလွယ်တကူပင် ဖြုတ်ပယ် အသစ်အစားထိုး ခန့်အပ်နိုင်ပါသည်။ 

လက်ရှိ တရားစီရင်ရေးကဏ္ဍ ခေတ်နောက်ပြန်ဆွဲ၍ လူထုကို ဖိနှိပ်နေခြင်းက ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တရားသူကြီးများသည် ဥပဒေအရ ပေးအပ်ထားသော တာ၀န်များကို မကျေပွန်ခြင်းဖြစ်သည်။ 

 ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၃၀၂၊ (က) ၊ ပုဒ်မခွဲ (၅) အရ တရားသူကြီးချုပ်နှင့် တရားသူကြီးများသည် ဥပဒေအရ ပေးအပ်ထားသော တာ၀န်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းဖြစ်သဖြင့် လွှတ်တော်တွင် စွပ်စွဲ ပြစ်တင်ခြင်း (သို့မဟုတ်) မိမိသဘောဆန္ဒအရ နုတ်ထွက်စေခြင်း အလွယ်တကူပင် ဖယ်ရှားရှင်းလင်းနိုင်မည်ဖြစ်သည်။ 

တရားသူကြီးချုပ်နှင့် တရားသူကြီးများကို ဖယ်ရှားရန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်၏ သုံးပုံ နှစ်ပုံ ၆၆ ရာခိုင်နှုန်းကျော်က ထောက်ခံလျှင် ဖယ်ရှားနိုင်သည်ဟု ပြဋ္ဌာန်းထားရာ ၆၆ ရာခိုင်နှုန်းကျော် အနိုင်ရရှိသော NLD လွှတ်တော်အမတ်များကသော်လည်းကောင်း၊ နိုင်ငံတော်သမ္မတကသော်လည်းကောင်း အလွယ်တကူပင် လုပ်ဆောင်သည့် အခြေအနေဖြစ်သည်။ 

အလားတူ တရားစီရင်ရေးကဲ့သို့ပင် အရေးကြီးသော ပြည်ထောင်စုရှေ့နေချုပ်ကိုလည်း ဖယ်ရှားရန် လိုအပ်သည်။ တရားရုံးများတွင် အစိုးရ ဥပဒေအရာရှိက ပုဒ်မ တပ်၍ တရားသူကြီးများက ဆင်ခြင်ဆုံးဖြတ် အမိန့်ချမှတ်ရသည်ဖြစ်ရာ အစိုးရ၏ ဥပဒေအရာရှိချုပ်ဖြစ်သော ရှေ့နေချုပ်၏ကဏ္ဍကလည်း ဖြောင့်မတ်တည်ကြည်သော တရားစီရင်ရေး ဖြစ်လာရန် အလွန်အရေးကြီးလှသည်။  

လက်ရှိ ပြည်ထောင်စု ရှေ့နေချုပ်သည် ဦးထွန်းထွန်းဦးဖြစ်ပြီး ယခင် စစ်တပ်မှ ဆင်းသက်လာသော စစ်အရာရှိဟောင်း ဖြစ်နေရာ ပြုပြင်ပြောင်းလဲမှု အောင်မြင်ရန် ၎င်းကိုလည်း မဖြစ်နေ ဖယ်ရှားရန်လိုအပ်သည်။ 

စစ်တပ်မှ ဆင်းသက်လာသော ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု ရှေ့နေချုပ်များကဲ့သို့ တရားစီရင်ရေးမဏ္ဍိုင်၏ အခရာများကို စတင်ဖယ်ရှားပြီး တရားစီရင်ရေး ပြုပြင်ပြောင်းလဲရေးကို အားစိုက် လုပ်ဆောင်မှသာ လူထု ယုံကြည်ကိုးစားသော တရားစီရင်ရေး စနစ် ပေါ်ထွန်းလာမည်ဖြစ်သည်။ 

လူထုကိုးစားယုံကြည်သော တရားစီရင်ရေး၊ မှန်ကန်ဖြောင့်မတ်သော တရားစီရင်ရေး၊ သမာသမတ်ကျသော တရားစီရင်ရေး၊ အဂတိကင်းသော တရားစီရင်ရေး ဖြစ်ပေါ်ရန်မှာ နောက်ပြန်ဆွဲနေသော ဦးဆောင်သူများကို ဖယ်ရှားရှင်းလင်းပြီး  ပြုပြင်ပြောင်းလဲရေး လိုလားသော ဦးဆောင်သူများ အစားထိုးခန့်အပ်ခြင်းဖြင့်သာ လုပ်ဆောင်နိုင်မည်ပါကြောင်း ရန်ကုန်ခေတ်သစ်က မီးမောင်းထိုးပြလိုက်ပါသည်။ 

www.khitthitnews.com

Unicode Version 

အယ်ဒီတာ့အာဘော်

စစ်အရာရှိဟောင်း တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ရှေ့နေချုပ် ဦးထွန်းထွန်းဦးကို ရာထူးမှ ဖယ်ရှားပါ 

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင် အောင်မြင်မှု အနည်းဆုံးနှင့် ခေတ်နောက်ပြန် အဆွဲဆုံးသော ကဏ္ဍကို ပြသပါဆိုလျှင် တရားစီရင်ရေးကဏ္ဍကိုသာ အားလုံးက လက်ညှိုးထိုးပြကြမည်ဖြစ်သည်။ စစ်အစိုးရခေတ် ဆက်ဆက်မှစ၍ ယနေ့အချိန်အထိ တရားစီရင်ရေးကဏ္ဍသည် အကျင့်ပျက်ခြစားမှုများ၊ မလျှော်သြဇာသုံးစွဲမှုများ၊ ဥပဒေကို လက်တစ်လုံးခြားပြု၍ ရေများ ရေနိုင်၊ မီးများ မီးနိုင်ဆိုသကဲ့သို့ ငွေကြေး၊ အာဏာ ရှိသူများ အလိုကျ ကပြ အသုံးတော်ခံနေရသော ယန္တရား အဖြစ် တည်ရှိနေသည်။

တရားစီရင်ရေးကဏ္ဍ ပျက်စီးယိုယွင်းနေမှုများကို ထောက်ပြနိုင်သော နာမည်ကျော် အမှုအခင်းများစွာ ရှိနေပြီး ယင်းအမှုအခင်းများကို တစ်ခုချင်း ချရေးပြရမည်ဆိုလျှင် ကုန်နိုင်ဖွယ်မရှိပေ။ နိုင်ငံတစ်ဝန်းလုံးတွင် ပြည်သူများသည် တရားရုံး သွားရန် ကြောက်ရွံ့နေကြရသည်။ တရားရုံးများဆိုလျှင် အကောင်းမြင်မှု လူထုကြား နည်းပါး လွန်းလှသည်ဟုဆိုရပေမည်။ 

တရားစီရင်ရေးကဏ္ဍ ကျဆုံးမှုများက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အကြီးအကျယ် ထိခိုက်လာနေပြီး အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို ပါ ထိခိုက်လာနေသည်။ တရားစီရင်ရေးကဏ္ဍသည် စစ်တပ်အလိုကျ လိုက်ပါ ကပြနေသည့် သာဓကများရှိနေသည်။ 

စစ်တပ်နှင့် အာဏာရှိသူများ၏ အလိုကျ လိုက်ပါ ကပြနေရသော တရားစီရင်ရေးကြောင့်  ဒေါင်းတို့ မျိုးဆက် အဖွဲ့မှ လူငယ်များသည် အကျဉ်းထောင်များတွင် အချုပ်ခံနေရရင်း အမှုရင်ဆိုင်နေရသည်။ ပရဟိတသမား ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်သည် ထောင်ကျခံနေရသည်။ ဆရာတော်ဦးသောဘိတ ႏွင်႕ဆရာတော်၊ သံဃာေတာ်တို့မှာ လည်း စစ်တပ်က စွဲဆိုသော အမှုများအတွက် တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။

တရားစီရင်ရေး၏ မမျှတသော ၊ အဂတိလိုက်စားသော ဆုံးဖြတ်ချက်များကြောင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများမှာ များပြားလှစွာသော ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့နေရသည်မှာ အသေအချာပင်ဖြစ်သည်။ ထင်သာမြင်သာရှိသော အမှုများကို ကြည့်မည်ဆိုလျှင် ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရသည့် အမှု၊ ရှေ့နေကြီး ဦးဇော်ဝင်းအမှု ၊ ကလေးစစ်သား အောင်ရဲထွေးအမှု၊ မန္တလေး Alpha စက်ရုံပဋိပက္ခတွင် အောင်သပြေရွာသားများ အဖမ်းခံရမှုနှင့် လူသေဆုံးစေမှု အပါအဝင် ယင်းကဲ့သို့သော တရားစီရင်ရေး၏ မတရား မမျှတသည့်အမှုများစွာကိုလည်း ရှိသည်။

ရိုက်တာသတင်းထောက် ၂ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ခြင်းကလည်း တရားစီရင်ရေး၏ မှားယွင်းသော၊ အာဏာရှိသူ အလိုကျ လိုက်လံ လုပ်ဆောင်ရသည့် အခြေအနေများကို မီးမောင်းထိုးပြနေသည်။ 

ကချင်စစ်ဘေးဒုက္ခသည်များ အရေး ဆန္ဒပြသူများ၊ ကရင်နီလူငယ် ၆ ဦး၊ နော်အုန်းလှအပါအဝင် တိုင်းရင်းသားများသည်  မတရားသော ဥပဒေပုဒ်မများဖြင့် ပြစ်ဒဏ်များချမှတ် နေသော တရားစီရင်ရေးကြောင့် တန်းတူ အခွင့်အရေး ပျက်သုန်းနေသော ပကတိ တိုင်းရင်းသားများ၏ အခြေအနေကို ပေါ်လွင်လာစေသည်။ တရားစီရင်ရေး၏ အလွဲအမှားများကြောင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးမှာ အလှမ်းဝေးနေဦးမည်ဖြစ်သည်။ 

NLD အစိုးရ တာဝန်ယူသည့် ၄  နှစ်နီးပါးကာလအတွင်း တရားစီရင်ရေးသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် ပါမလာဘဲ ယခင် နည်းဟောင်း လမ်းဟောင်း အတိုင်း ဆက်လက်ကျင့်သုံးနေဆဲပင်။ NLD အစိုးရအနေဖြင့် မှန်ကန်သော တရားစီရင်ရေးဖြစ်ရန်အတွက် တရားစီရင်၏ အထွတ်အထိပ်  ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ရှေ့နေချုပ်တို့ကို မဖြစ်မနေ အစားထိုး ပြောင်းလဲရန် လိုအပ်နေသည်။ 

လက်ရှိ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးအပါအဝင် တရားသူကြီးများသည် ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က ခန့်ထားသူများဖြစ်ပြီး တရားသူကြီးချုပ်မှ စ၍ တရားသူကြီးများအားလုံးကို  ဖြုတ်ပယ်ပြီး အစားထိုးရန် အရေးတကြီး လိုအပ်နေသည်။ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် စစ်အရာရှိဟောင်းတစ်ဦးဖြစ်ခြင်းကလည်း တရားစီရင်ရေးကဏ္ဍ အပြောင်းအလဲ အတွက် ကြီးမားသော အဟန့်အတားကြီးပင်ဖြစ်သည်။ 

တရားသူကြီးချုပ်နှင့် တရားသူကြီးများကို ဖြုတ်ပယ်ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အကန့်အသတ်များရှိသော်လည်း ယင်းအကန့်အသတ်များမှာ လွှတ်တော်တွင် အများဆုံး စိုးမိုးထားနိုင်သော NLD အနေဖြင့် အလွယ်တကူပင် ဖြုတ်ပယ် အသစ်အစားထိုး ခန့်အပ်နိုင်ပါသည်။ 

လက်ရှိ တရားစီရင်ရေးကဏ္ဍ ခေတ်နောက်ပြန်ဆွဲ၍ လူထုကို ဖိနှိပ်နေခြင်းက ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တရားသူကြီးများသည် ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို မကျေပွန်ခြင်းဖြစ်သည်။ 

 ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၃၀၂၊ (က) ၊ ပုဒ်မခွဲ (၅) အရ တရားသူကြီးချုပ်နှင့် တရားသူကြီးများသည် ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းဖြစ်သဖြင့် လွှတ်တော်တွင် စွပ်စွဲ ပြစ်တင်ခြင်း (သို့မဟုတ်) မိမိသဘောဆန္ဒအရ နုတ်ထွက်စေခြင်း အလွယ်တကူပင် ဖယ်ရှားရှင်းလင်းနိုင်မည်ဖြစ်သည်။ 

တရားသူကြီးချုပ်နှင့် တရားသူကြီးများကို ဖယ်ရှားရန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်၏ သုံးပုံ နှစ်ပုံ ၆၆ ရာခိုင်နှုန်းကျော်က ထောက်ခံလျှင် ဖယ်ရှားနိုင်သည်ဟု ပြဋ္ဌာန်းထားရာ ၆၆ ရာခိုင်နှုန်းကျော် အနိုင်ရရှိသော NLD လွှတ်တော်အမတ်များကသော်လည်းကောင်း၊ နိုင်ငံတော်သမ္မတကသော်လည်းကောင်း အလွယ်တကူပင် လုပ်ဆောင်သည့် အခြေအနေဖြစ်သည်။ 

အလားတူ တရားစီရင်ရေးကဲ့သို့ပင် အရေးကြီးသော ပြည်ထောင်စုရှေ့နေချုပ်ကိုလည်း ဖယ်ရှားရန် လိုအပ်သည်။ တရားရုံးများတွင် အစိုးရ ဥပဒေအရာရှိက ပုဒ်မ တပ်၍ တရားသူကြီးများက ဆင်ခြင်ဆုံးဖြတ် အမိန့်ချမှတ်ရသည်ဖြစ်ရာ အစိုးရ၏ ဥပဒေအရာရှိချုပ်ဖြစ်သော ရှေ့နေချုပ်၏ကဏ္ဍကလည်း ဖြောင့်မတ်တည်ကြည်သော တရားစီရင်ရေး ဖြစ်လာရန် အလွန်အရေးကြီးလှသည်။  

လက်ရှိ ပြည်ထောင်စု ရှေ့နေချုပ်သည် ဦးထွန်းထွန်းဦးဖြစ်ပြီး ယခင် စစ်တပ်မှ ဆင်းသက်လာသော စစ်အရာရှိဟောင်း ဖြစ်နေရာ ပြုပြင်ပြောင်းလဲမှု အောင်မြင်ရန် ၎င်းကိုလည်း မဖြစ်နေ ဖယ်ရှားရန်လိုအပ်သည်။ 

စစ်တပ်မှ ဆင်းသက်လာသော ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု ရှေ့နေချုပ်များကဲ့သို့ တရားစီရင်ရေးမဏ္ဍိုင်၏ အခရာများကို စတင်ဖယ်ရှားပြီး တရားစီရင်ရေး ပြုပြင်ပြောင်းလဲရေးကို အားစိုက် လုပ်ဆောင်မှသာ လူထု ယုံကြည်ကိုးစားသော တရားစီရင်ရေး စနစ် ပေါ်ထွန်းလာမည်ဖြစ်သည်။ 

လူထုကိုးစားယုံကြည်သော တရားစီရင်ရေး၊ မှန်ကန်ဖြောင့်မတ်သော တရားစီရင်ရေး၊ သမာသမတ်ကျသော တရားစီရင်ရေး၊ အဂတိကင်းသော တရားစီရင်ရေး ဖြစ်ပေါ်ရန်မှာ နောက်ပြန်ဆွဲနေသော ဦးဆောင်သူများကို ဖယ်ရှားရှင်းလင်းပြီး  ပြုပြင်ပြောင်းလဲရေး လိုလားသော ဦးဆောင်သူများ အစားထိုးခန့်အပ်ခြင်းဖြင့်သာ လုပ်ဆောင်နိုင်မည်ပါကြောင်း ရန်ကုန်ခေတ်သစ်က မီးမောင်းထိုးပြလိုက်ပါသည်။ 

www.khitthitnews.comန်ကုန်ခေတ်သစ်က မီးမောင်းထိုးပြလိုက်ပါသည်။ 

www.khitthitnews.com

Wednesday, October 16, 2019

မအလ ဂျပန်ဦးအောင်သွားလိုက်၊တရုပ်ဦအောင်သွားလိုက်စောက်ရှက်ကိုမတော့တာ

ဒီနိုင်ငံမှာမှားနေတယ်ဆိုတာ အဲ့ဒါတွေပေါ့ ။
ကိုယ့်အဆင့်ကဘာ ၊ ကိုယ့်အလုပ်ကဘာ ၊
ကိုယ်အဓိကရပ်တည်တာဝန်ယူထားရတာက
ဘာ ၊ ကိုယ့်တာဝန်ကိုကျေပွန်အောင်ဘယ်လို
ထမ်းဆောင်ရမယ်ဆိုတာဘာ ၊ ဘာဘာ ဘာ
မှမသိဘဲ အဘဆရာသခင်ရဲ့ခြေဥအရလုပ်
ပိုင်ခွင့်ကြီးကိုင်ပြီး နိုင်ငံရေးလိုလို ကာကွယ်
ရေးလိုလို ဟိုလိုလိုဒီလိုလိုယောင်‌ခြောက်
ဆယ်ဖြစ်နေတဲ့ တပ်ချုပ် မအလက ရဲ့
ဘဝ အတော်ဆိုးလှတယ် ။

ကိုယ့်အခြေအနေနဲ့ ကိုယ့်ရပ်တည်မူ့ကဘာလဲ
ဆိုတာ သူ့ကိုယ်သူမှ သိပါလေစ ။ ကြည့်ဗျာ ...

ဂျပန်ကိုမုန်တိုင်းမဝင်ခင် တိတ်တိတ်လေး
အတင်းပြေးသွားပြီး ဟိုလူနဲ့တွေ့ပါရစေ ဒီလူ
နဲ့ဆုံပရစေသွားလုပ်တယ် ။ ဟိုကလဲ ကိုယ်မ
ဖိတ်ပေမဲ့ ကိုယ့်အိမ်ထဲသူ့စရိတ်နဲ့သူ အတင်း
ဝင်ပြီး ၊ တွေ့ခွင့်ရပါရစေနဲ့တငင်ငင်ပူဆာနေ
တာကို လက်မခံရင်လဲရိုင်းရာကျတော့မယ် ။

နိုင်ငံရေးအရကြည့်မယ်ဆိုပြန်ရင်လဲ တရုတ်
လက်ထဲကနေပြန်ဆွဲထုတ်နေချိန် ခြေဥအရ
အခွင့်ထူးခံဖြစ်နေသူကို Ignore လုပ်လို့လဲ
မကောင်း ။ တစ်ဖက်မှာလဲ ဒီနိုင်ငံကိုအဖက်
ဖက်ကကူညီဖေးမပြီးထူထောင်ပေးနေပေမဲ့
ဒင်းတို့ဆီကအကူအညီမရရင်သာနေမယ်
အဖျက်အမှောက်တွေတော့လုပ်ပိုင်ခွင့်ရှိနေ
တာ ဂျပန်ကသဘောပေါက်ထားတယ် ။

ဒါကြောင့်အခြေအနေအရ ခေါင်းပုတ် 
ကြောသပ် တဲ့အနေနဲ့ ၁၀ မိနစ် ၁၅ မိနစ်လောက်
တွေ့ခွင့်ပေးလိုက်တယ် ။ အာ့မှာဒင်းတအားကြီး
တွေပျော်သွားပါလေရော ။ ဟင်း ဟင်း တွေ့
လား ငါ့ကိုဂျပန်ဝန်ကြီးချုပ်တောင်လက်ခံတွေ့
ရတယ်ဘာညာနဲ့သွေးကြီးတွေဝင်ပါလေရော ။
ပြသနာကအဲ့ဒါဘဲ ။ 

ပြောရမယ်ဆိုရင်ဗျာ ...
ဂျပန်ဝန်ကြီးချုပ်အနေနဲ့ နားပူနားစာလာလုပ်
နေတဲ့ကလေးတစ်ယောက်ကို အ‌ခြေအနေအရ
ပျော်ပါစေသဘောလဲပါသလို  ၊ ဟိုဘက်ကတ
ရုတ်ကြီးကိုလဲသိစေချင်တဲ့သဘောသော်လည်
ကောင်း  ။ နိုင်ငံရေးနည်းနဲ့အချိုသပ်တဲ့သဘော
မျိုးလဲပါသလို အကြောင်းအမျိုးမျိုးကိုထောက်
ပြီးတွေ့ခွင့်ပေးလိုက်ပေမဲ့ အသာလေးကြော
သပ်ပြီး ဘင်္ဂလီပြသနာခေါင်းခံဖြေရှင်းလိုက်
ပါလို့ထည့်လွှတ်လိုက်တာ ။ 

သေချာတဲ့နောက်တစ်ခုကိုပြောရရင်
သူရဲ့တကယ့်မိန်းမဟာမိတ် ယန်းကီးကြီးရဲ့
အငြိုအငြင် သူမခံဘူး ။ ယန်းကီးကြီးက
လက်ရှိတပ်မတော်စစ်ခေါင်းဆောင်တွေကို
ဘယ်လိုသဘောထားရှိလဲ သူသိနေတယ်လေ ။

ဒါကြောင့်အိမ်ရှင် ဝတ္ထရားလဲမပျက်အောင်
တွေ့ခွင့်ပေးပေမဲ့ မိမိတို့နိုင်ငံမူဝါဒအရ မင်းတို့
မြန်မာ့တပ်မတော်ခေါင်းဆောင်တွေကိုဘယ်လို
သဘောထားပြီး ဘာလဲသိစေချင်တာရယ် ...

တစ်ဖက်က မိမိနိုင်ငံရဲ့အဓိက မဟာမိတ်
အမေရီကန်ယန်းကီးကြီးလဲအမြင်ကြည်အောင်
ကိုယ်မွှေထားတာကိုယ်တာဝန်ဖြေရှင်းပါကွာ
ဟိုအမျိုးသမီးကြီးကိုကာဗာသွားသွားမယူပါ
နဲ့ဆိုတဲ့သဘောဗျင်းလိုက်တာ ။ အဲ့ဒိမှာ ငတိ
တွန့်ကနဲဖြစ်သွားတော့မှ နှစ်နိုင်ငံတပ်မတော်
ပူးပေါင်းဆောင်ရွက်ဘို့ရှေ့ဆက်သွားမှာပါ
ဆိုပြီးတရုတ်ဘက်မျက်စပစ်လို့အထာလေး
နဲ့ပြန်လဲချုပ်လိုက်ရော ကိုယ့်တပ်ချုပ် မအလ
လဲ သွားကြီးဖြီးသွားပြန်ရော ။ 

ပြောရမယ်ဆိုသူက DASSK ကိုနိုင်ငံရေးအရ
လက်ရှိခြေဥကိုကိုင်ပြီးလိုက်ယှဉ်နေတာ ။ သ
ဘောက လူရာဝင်ချင်တာ ။ ဒါပေမဲ့ သူကိုင်ထား
တဲ့ခြေဥမှာကိုက သူကတရားဝင်တပ်မတော်
ကာကွယ်ရေးဦးစီးချုပ်မဟုတ်တော့ဘူး ။ 

ယခင် ဦးသိန်းစိန်လက်ထက်တရားဝင် ခြေဥ
အရအတည်ပြုထားပေမဲ့ သူ့ဘာသာသူ အိတ်စ်
စတန်းရှင်းထက်တိုးထားတဲ့ နောက်ထက် ၅ နှစ်
ကြီးက နိုင်ငံတော် သမ္မတရဲ့အတည်ပြုချက်ရ
ထားတာမဟုတ်ဘူး ။ ဆိုတော့အဲ့ဒိမှာ အရူးချီး
ပန်းဖြစ်ကရော ။ ဟိုနိုင်ငံ ဟို သမ္မတက ဒီနိုင်ငံ
ဒီ ဝန်ကြီးချုပ်က သူ့ကိုတပ်ချုပ်အဖြစ်လက်ခံ
ပါတယ် အတည်ပြုပါတယ်ဆိုတာ အသဲအသန်
ခမျာလေးလိုချင်နေရှာတာ ။ ဒါကြောင့် အရှက်
တွေဘာညာဘေးဖယ်ပြီး အတင်းခေါင်းထိုး
လိုက်ရောနေရရှာတာ ၊ သနားစရာ ...

ထားပါတော့ ဒါတွေ ။ သူမြန်မာပြည်ရဲ့ကာချုပ်
အစစ်ကြီးပါလို့ သူ့ဘာသာအတင်းလိုက်လူရာ
ဝင်ချင်နေတာမပြောလိုတော့ဘူး ။ ဒါပေမဲ့ 
ကိုယ်နဲ့နိုင်ငံရေးအရလက်တန်းမတူသူ တနည်း
အားဖြစ် နိုင်ငံရေးအရတစ်ဖက်လူရဲ့ခြေဖျား
မမှီဘဲ အတင်းပုခုံးချင်းလိုက်ယှဉ်နေတာကြီးက
တော်တော်မှတော်တော်လေး ဆိုးလှတယ် ။ 

ပြောချင်တာက လာမဲ့ ၂၄ ရက်မှာ ဂျပန်ဘုရင်
နန်းတတ်ပွဲရှိတယ် ။ နိုင်ငံအသီးသီးက ထိပ်ထိပ်
ကျဲတွေဖိတ်ထားတယ် ။ အဲ့ဒိအထဲမှာ မြန်မာ
ပြည်ကလုထုအသဲနှလုံး မေစု ပါတယ် ။ ဒင်းက
အဲ့ဒိအရင်ကြိုသွားပြီးဂျပန်ဝန်ကြီးချုပ်ကိုတွေ့
ခွင့်အတင်းတောင်းလို့ကျနော်အထက်မှာပြော
သလိုအခြေအနေအရ မကောင်းတတ်လို့ ခဏ
တာတွေ့ခွင့်ပေးလိုက်ပေမဲ့ ဒင်းမျှော်လင့်သလို
အမေစုနည်းတူဂျပန်ဘုရင်နန်းတတ်ပွဲ သူ့ပါ
အားနာပါးနာလေးနဲ့များဖိတ်မလားဆိုတာ
ကြီးက ဖြစ်မလာဘူး ။

ဖြစ်မလာတာကို အောင့်သက်သက်‌နဲ့မှိန်းမနေ
ဘဲ မြန်မာသံရုံးကိုအပြေးသွားပြန်တယ် ။ သံ
ရုံးအနေနဲ့ မြန်မာ့ထုတ်ကုန်တွေဂျပန်ပြည်တွင်း
တိုးတတ်တင်ပို့နိုင်ရေးလုပ်ကြပါ ဘာညာနဲ့
သူ့ကိုယ်သူ သမ္မတကြီးလိုလိုစတိုင်ဖမ်းပြီး 
သွားထက်အာချောင်ပြန်ရော ။ ဟားဟားဟား
ဟား  ဒီသတင်းတွေ့တွေ့ခြင်းကိုယ်တွေမှာ
ရီရတာ ဥပါနာတယ် ။ 

တကယ်တော့ မေစု ဂျပန်ရောက်ရင် 
ဂျပန်လုပ်ငန်းရှင် ၇၀၀ ကျော်နဲ့တွေ့ဆုံဘို့ရှိ
တယ် ။ အဓိက ကမြန်မာ့စီးပွားရေးတိုးတတ်
ဘို့နဲ့ ဂျပန်လုပ်ငန်းရှင်တွေမြန်မာပြည်တွင်း
လာရောက်ရင်းနှီးမြုပ်နှံကြဘို့ ။ ဒီအကွက်ကို
တပ်ချုပ် မအလက ကကြိုနင်းတဲ့သဘောနဲ့
သံရုံးမှာ သံရုံးဝန်ထမ်းတွေနဲ့ဘယ်လိုမှမပက်
သက်တဲ့အလုပ်ကို ဖျာခင်းလိုက်တယ် ။ တ
ကယ်လို့ မေစု နဲ့ ဂျပန်လုပ်ငန်းရှင်တွေတွေ့
ပြီးလာရောက်ရင်းနှီးကြ ၊ မြန်မာ့ထွက်ကုန်
တွေဂျပန်ဆီပိုရောက်သွားမယ်ဆို သူကဘဲ
ဦးဆောင်ညွှန်ပြခဲ့လို့ အကျိုးဖြစ်ထွန်း
လာသလိုလို ။ အဟက် ဟက် ...

အမှန်က သူ့အနေနဲ့ အဓိကကိုယ်တာဝန်ယူ
နေတဲ့နေရာကိုသူသိရင် အခုခရီးက ဘာအ
ကြောင်းကြောင့်ရောက်ရောက် အကျိုးမမဲ့
ပါဘူး ။ အထူးသဖြစ် ကာကွယ်ရေးမှာ မြန်မာ့
တပ်မတော်နဲ့ ဂျပန်တပ်မတော်အနာဂါတ်မှာ
ပူးပေါင်းဆောင်ရွက်ပါမယ်လို့ ဂျပန်ဘက်မှ
တာဝန်ရှိသူတွေအသံထွက်လာကတည်းက
ဒီခရီးမှာ အမြတ်ထွက်ပြီ ။ အထူးသဖြစ်
တရုတ်ကြီးကို ပညာပေးလိုက်တာ ။ 

ဒါကို ဒင်းကရှည်ပြီး စီးပွားရေးအတွက်
ဘာညာတွေထက်ကွန့်လိုက်တော့ ဒီမိုတွေနဲ့
ဂျပန်နိုင်ငံသားတွေအဖို့ ဒင်းကသောက်ပေါ
ကြီးလုံးလုံးကုိဖြစ်ကရော ။ အဲ့ဒါဘာဘဲဗျာ ၊

လူရာလဲဝင်ချင် 
လူရာဝင်လောက်တဲ့ high ကလဲမရှိတော့
လုပ်သမျှ ပြောသမျှအရာတွေက သောက်
တလွဲတွေချည်းဖြစ်နေရော ။ ဒါ့အပြင် မတန်
မရာကို အတင်းပုခုံးလိုက်ယှဉ်တော့ ဘေးက
မြင်နေရတဲ့ကိုယ်တွေမှာ ရီရမလို ငိုရမလိုနဲ့
ဖိလ်းကန့်လန့်ကြီးကိုဖြစ်လို့ ။ လခွမ်း ... ။

Sua Sponte .
Sitt Naing Aung

ZN.H 🇦🇺လိုက်ယှဉ်တော့ ဘေးက
မြင်နေရတဲ့ကိုယ်တွေမှာ ရီရမလို ငိုရမလိုနဲ့
ဖိလ်းကန့်လန့်ကြီးကိုဖြစ်လို့ ။ လခွမ်း ... ။

Sua Sponte .
Sitt Naing Aung

ZN.H 🇦🇺