Saturday, July 31, 2021

စကစ ရဲ့ စစ်ကြောရေးတွင် ကိုဗစ်ကူးစက်ခံရပြီး ‌သေဆုံးခဲ့ရသူ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ​ပါ​မောက္ခချုပ် Dr.မီမီသက်သွင် (၁၉၆၆-၂၀၂၁)



Dr.မီမီသက်သွင် သည် စစ်တပ်က အာဏာသိမ်းခြင်းကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူဖြစ်ပြီး ဧပြီ ၁ရက်နေ့တွင် အကြမ်းဖက် အာဏာလု စစ်​ကောင်စီ က တာဝန်မှ ယာယီရပ်စဲကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့နောက်ပိုင်းတွင် CDM မလုပ်သူ လုပ်ဖော်ကိုက်ဖက်ဖြစ်သူက Dr.မီမီသက်သွင် အနေဖြင့် Non CDM သို့ ပြောင်းလဲပါက ၅၀၅ (က) ဖြင့် အရေးယူခြင်းခံရမည် မဟုတ်ဟု ပြောဆိုလာသောကြောင့် ‌ရှောင်တိမ်း နေရာမှ နေပြည်တော်ရှိ စကစ ဝန်ကြီး နှင့် သွားရောက်တွေ့ဆုံခဲ့သည်။ 

 

ထိုသို့သွားရောက်တွေ့ဆုံသည့် ဇူလိုင်လ ၁ရက်နေ့တွင် စကစ ၏ ထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး စစ်ကြောရေးသို့ ပို့ဆောင်ခံခဲ့ရသည်။ သူသည် စစ်ကြောရေးတွင် ကိုဗစ်ရောဂါကူးစက်ခံခဲ့ရပြီး ကိုဗစ်ဝေဒနာ စတင်ခံစားခဲ့ရသည့် ၆ရက်မြောက်နေ့ဖြစ်သည့် ဇူလိုင်လ ၂၆ရက်နေ့တွင် နေအိမ်သို့ ပြန်ပို့ခံခဲ့ရသည်။ အချိန်မီ ဆေးကုသခွင့်မရခဲ့သည့် အတွက်ကြောင့် နေအိမ်တွင်ပင် ဇူလိုင် ၃၀ရက်နေ့က ကွယ်လွန်သွားခဲ့သည်။ 

 

CDM ဝန်ထမ်း ပညာတတ်များကို စကစ က အငြိုးကြီးစွာဖြင့် ရည်ရွယ်ချက်ရှိရှိ ဖြင့် ၎င်းတို့အာဏာတည်မြဲရေးအတွက် အစွမ်းကုန် ဖိနှိပ်မှုများပြုလုပ်နေသည်ကို ယခုဖြစ်စဥ်က သက်သေပြနေပါသည်။

31 July 2021 | Myanmar Current Affairs

No comments:

Post a Comment