Thursday, July 22, 2021

ကုံးကုံးများနှင့်ဓားစာခံနိင်ငံရေး

 #ကုံးကုံးများနဲ့_ဓားစာခံ_နိုင်ငံရေး..(၂)


အမေရိကန်နိုင်ငံမှ မြန်မာအရေးကို ဂျီနိုဆိုက်အဖြစ် ထုတ်ပြန်လိုက်ပါတယ်။ ဝီဂါအရေး, ဆူဒန်အရေးတို့ပါ ပါလာပါတယ်။ ထို့အပြင် တရုတ်တို့ရဲ့ ပိုးလမ်းမနည်းတူ ဥရောပ ပိုးလမ်းမရပ်ဝန်း တည်ထောင်မယ်လို့ ကြွေးကြော်ခြင်းဟာ တရုတ်ရဲ့ စီးပွားရေးမှစစ်ရေးသို့ အမည်ရှိ နယ်ချဲ့စနစ်ကို ခါးလည်မှဖြတ်ပြီး ရပ်တန့်ရန် ကြိုးစားလိုက်ခြင်းဖြစ်ပါတယ်။


တောင်ဆူဒန်, အာရေဗျပင်လယ်, အီရန်ကူဝိတ် တို့နဲ့ မြေထဲပင်လယ်တို့ကို တရုတ်ရဲ့ ကျူးကျော်နယ်ချဲ့မှုအားရပ်တန့်ရန် အင်ဒိုပစိဖိတ် ခြေကုပ်ယူရန်ကြိုးစားလာမှုအတွက် တရုတ်ဟာ မြန်မာအရေးကို ဝင်မစွက်ဖို့ အတင်းအကြပ် ကန်နေရတာဖြစ်ပါတယ်။


ရှီကျင့်ဖျင်အနေနဲ့ မြန်မာအရေးကို ချယ်လှယ်ချုပ်ကိုင်ဖို့ အစွမ်းကုန်အာဏာလွှဲအပ်ထားသူကတော့ ကုံးကုံးဘိုးတော်တဖြစ်လည်း ဝမ်ယိ ဖြစ်ပါတယ်။ ဝမ်ယိဟာ တိန့်ရှောင်ဖိန့် ကျောက်ကျိယန် ကုံးကုံးများထက် ပို၍အစွမ်းထက်သူဖြစ်ပါတယ်။ ဝမ်ယိဟာ မြစ်ဆုံ သံလွင်ရေကာတာ စီမံကိန်းများရဲ့ သော့ချက်ဖြစ်သလို ကျောက်ဖြူစီမံကိန်းရဲ့ ဘုရင်တပါးဖြစ်ပါတယ်။ ရှီရဲ့ လျှို့ဝှက်လက်နက်ဖြစ်သလို မြောက်ကိုရီးယားရဲ့ အထူးယုံကြည်ရတဲ့ အတိုင်ပင်ခံကြီး ဖြစ်ပါတယ်။


တနေ့ကမှ တရုတ်နဲ့ မြောက်ကိုရီးယားတို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကြိုးစားတယ်လို့ စံတော်ချိန်သတင်းစာနဲ့ ရိုက်တာသတင်းဌာနကနေ ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒါဟာ ဝမ်ယိရဲ့ စတင်ပြင်ဆင်လိုက်တဲ့ ခြေလှမ်းတကွက်ဖြစ်ပါတယ်။ မြန်မာ-တရုတ် ပတ်သက်နေမှုအတွက် မြောက်ကိုရီးယားဟာ မကြာခင် အသံထွက်လာနိုင်ပါတယ်။


ကုံးကုံးများဟာ ဘုရင်များထက် ခေတ်အဆက်ဆက်ကတည်းက နယ်ချဲ့စနစ်၊ လူယုံမွေးစနစ်တို့ ပိုပြီးကျွမ်းကျင်ပါတယ်။ နဝတ, နအဖ လက်ထက်မှာ တိန့်ရှောင်ဖိန် ကျောက်ကျိယန်တို့ဟာ တရုတ်အတွက် အစွမ်းထက်တဲ့ ကုံးကုံးများဖြစ်သလို၊ ရှီလက်ထက်မှာ ဝမ်ယိဟာလည်း အရင်ကုံးကုံးတွေထက် ပိုပြီးအင်အားကြီး အစွမ်းထက်ပါတယ်။ သူ့နိုင်ငံရဲ့ ဝီဂါအရေး အာရုံမစိုက်ဖို့ မြန်မာဘင်အရေးကို အစားထိုးကျွေးလိုက်ခြင်းဖြစ်ပါတယ်။ အိန္ဒိယဝန်ချုပ် လက်ဖက်ရည်သည်လေးဟာ ပါကစ္စတန်နဲ့ယှဥ်ရာမှာ လက်ရည်တူဖြစ်နေတဲ့အတွက် ရှီကို တဖက်လှည့်နဲ့ အားကိုးလိုက်ရပါတယ်။


ကုံးကုံးတွေ လက်သပ်မွေးထားတဲ့ မြန်မာပွန်းအုပ်စုကို ပဏ္ဏာဆက်သပြီး ကုံးကုံးအကြိုက် ယခုအချိန်ထိ လိုက်လျောပေးနေပါတယ်။ သူနဲ့ ပါကစ္စတန်တို့ နယ်လုကြရင်း ဘင်နိုင်ငံပေါ်ထွက်အောင် လုပ်ပေးနိုင်တဲ့ကုံးကုံးများကို ကျော်နိုင်စွမ်းမရှိပါဘူး။ ဒါကို အမေရိကန်က ရိုအရေးကို အသံထွက်ပြပြီး ဘင်ကို ချက်ချင်းထိန်းနိုင်ဖို့ မုန့်ဖိုးပေးပြီး စည်းရုံးလိုက်ပါတယ်။ ဒါ့ကြောင့် ဂျီနိုဆိုက်အသံ ပိုညံလာပြီး တရုတ်ဟာ ဘင်ကို လက်လျှော့လိုက်ခြင်းဖြစ်ပါတယ်။


ယခုတော့ အမေရိကန်က ဝီဂါအရေးကို ထပ်ပြီးအသံထွက်ပါတယ်။ တရုတ်ခမျာ ဖင်ကြားခဲညှပ်ပါတော့တယ်။ သူ့ဆီကို မြန်မာအရေးကူးစက်လာနိုင်တဲ့အတွက် နယ်စပ်တွေကို အင်အားသုံးပြီး ပိတ်ထားပါတယ်။ ကျယ်ခေါင် ရွှေလီဟာ ကိုဗစ်အကြောင်းပြလို့ လော့ဒေါင်းချထားပါတယ်။ အဆိုးဆုံးက ဒလိုင်းလားမားနဲ့ ပုဒ်ရဟန်းမင်းကြီး တို့တွေ့ဆုံပွဲဖြစ်မှာကို အကြောက်ဆုံးဖြစ်နေပါတယ်။


ဒလိုင်းလားမားမှ ပုဒ်ရဟန်း၊ ပုဒ်ရဟန်းမှာ NUG၊ NUG မှ OIC၊ OIC မှ ဥရောပ၊ ဥရောပ မှ ရိုဟင်ဂျာ၊ ရိုဟင်ဂျာမှ ICC၊ ICC မှ UN၊ UN မှ အမေရိကန် စက်ဝိုင်းကြီး ဖြစ်နေပါတော့တယ်။


ဒီလို နိုင်ငံရေးစက်ဝိုင်းကို တရုတ်ရော US ရော သိနေကြသလို၊ ပထဝီအနေအထားရ တည်နေရာနဲ့ ဗျူဟာက မဟာအချက်ဖြစ်နေတာက ယနေ့မြန်မာပြည်ကြီးဘဲဖြစ်နေပြီး ဓားစာခံဘဝ ရောက်ရခြင်းပါပဲ။ 


မြန်မာပြည်ရဲ့ အရည်းကြီးများဖြစ်တဲ့ အောင်သောင်းဟာ နဝတ,နအဖ လက်ထက်မှာ အစွမ်းထက်သလို၊ ဌေးဦး, သိန်းစိန်, ရွှေမန်း, တင်အောင်မြင့်ဦး တို့ဟာ အရည်းကြီးပေါက်စ အသေးစားလေးတွေဖြစ်ပါတယ်။ သေးထမ်းတို့ နံနံပင်တို့ဆိုတာ နယ်ရုပ်အဆင့်ဘဲ ဖြစ်ပါတယ်။ ဆရာကြီးကတော့ စာဖတ်သူကြီးနဲ့ သူ့ရဲ့ အပေါင်းအပါတစ်စုတို့ပါပဲ။


ယနေ့ NUG ဟာ ၂၀၀၈ ခြေဥအောက်က ဖွဲ့စည်းခြင်းမဟုတ်ဘဲ လူထုပေးခဲ့သော မဲနိုင်မှုကိုအခြေခံပြီး ဖက်ဒရယ်ချာတာနဲ့ ဖွဲ့လိုက်တဲ့ CRPH မှ တင်လိုက်တဲ့အစိုးရ ဖြစ်ပါတယ်။


ခြေဥဟာ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ပျက်သွားပါပြီ။ သမ္မတ က ကာလုံမခေါ်ဘဲ မအလ မအေဠိုးက အာဏာရူးပြီး ဥပဒေမဲ့ အာဏာသိမ်းလိုက်လို့ ဖြစ်ပါတယ်။ NUG တရားဝင်ဖြစ်လိုက်တာနဲ့ ဖက်ဒရယ်ချာတာဟာ အခြေခံဥပဒေမူကြမ်းဖြစ်သွားပြီး မအလဟာ လက်နက်ကိုင် သူပုန်ဖြစ်သွားပါတယ်။


ဒါဟာ UN မှာ Rome state ကို လက်မှတ်ထိုးဖို့ ပါဝင်ဖို့ ကုလကို တရားဝင်စာပို့တောင်းဆိုခွင့် ရရှိသွားပါတယ်။ အရေးပေါ်အစည်းအဝေး သုံးရက်ကျင်းပပြီးတာနဲ့ ပြည်သူတွေလိုချင်သော R2P ဟာ နာရီပိုင်း ရက်ပိုင်းအတွင်း ရောက်လာပြီး NUG ရဲ့ PDF အဖွဲ့တွေဟာ စောက်ကောင်စီကို D.Day ခေါ်ပြီး လက်နက်ချခိုင်းလို့ NUG ရဲ့ တရားသူကြီးချုပ်က ဥပဒေအမိန့်ထုတ်ပြီး စစ်တပ်နဲ့ ပူးပေါင်းသူမှန်သမျှကို တရားဝင်ဖမ်းဆီး၍ ဥပဒေအရ အရေးယူလို့ တရားဝင်လုပ်ပိုင်ခွင့်ရပါတယ်။


PDF များကို ခုခံပြီး လက်နက်ကိုင်ပြန်တိုက်ရင် PDF က ရှင်းလင်းချေမှုန်းတဲ့အခါ Genocide ဖြစ်ရပ်မှ လွတ်မြောက်စေပါတယ်။


ဒါ့ကြောင့် ယခုပွဲဟာ အရင်သူခိုးများပါ အမြစ်လှန်နိုင်တဲ့ နောက်ကြောင်းမပြန်ရ ပုဒ်မကြီးဟာ နာဂစ်ခြေဥနဲ့အတူ ပါဝင်သွားတဲ့အတွက် သူခိုးတွေဖက်ကလည်း ရေကုန်ရေခမ်း အကုန်ကျခံပြီူ လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ ဒီအချက်ဟာ လုံးဝမလွဲနိုင်တဲ့အချက်ပါ။ ဒါ့ကြောင့် အမြစ်ပြုတ်ဖို့ ချေမှုန်းဖို့ အဆင့်လိုက်သွားမှာဖြစ်တဲ့အတွက် အချိန်ပေးပြီး အားစိုက်တိုက်ကြရမှာလို့ DZMA ရဲ့စကားကို မိမိလက်ခံပြီး ပြောပြတာကို တစ်ချို့က အဲ့လောက်မကြာဘူးဆိုပြီး ဆရာကြီးပုံစံနဲ့ ဘာဖြစ်တယ်..ညာဖြစ်တယ် ဆဲဆိုကဲ့ရဲ့လို့ သောက်ဖောင်းထုကြတာဖြစ်တဲ့အတွက် ကြာလာတော့ကိုယ်လည်း အရေထူသွားရခြင်းဖြစ်ပါတယ်..😏


ယနေ့ အများစုက မအလသေရင် ပွဲပြီးမယ်ထင်ပေမယ့် မပြီးပါဘူး။ အရင်သူခိုးတွေရော ယခုသူခိုးတွေရော အကုန်လုံးကို အမြစ်ကနှုတ်ရမှာပါ။ မျိုးစေ့ အကိုင်း အခက် အရွက်တောင် ကျန်လို့မရအောင် လုပ်ကြရမှာ ဖြစ်ပါတယ်။


အရည်းကြီးများ၊ သူတို့ရဲ့ ဒကာဒကာမတွေကလည်း အများကြီးပါ။ အနော်ရထာ ပုဂံကို ရှင်းသလို ရှင်းကြရမှာဖြစ်ပါတယ်။ တရားမျှတ လွတ်လပ်ခြင်း၊ တန်းတူညီမျှ ဝါဒ ဖြူစင်တဲ့မြေ ဖက်ဒရယ်အစစ်နိုင်ငံတော်နဲ့ ဖက်ဒရယ်အစိုးရ, ဖက်ဒရယ်တပ်မတော် ဖြစ်လာမှာပါ။ ဒီအချိန်မှာ မြန်မာ့ဒီမိုကရေစီစနစ် အစစ်ဖြစ်တာနဲ့ ကွန်မြူနစ်ဝါဒဟာ အင်အားချိနဲ့ပြီး ရပ်တန့်ကျဆုံးမှာ ဖြစ်ပါတယ်။


အခြေအနေအရ တချို့အချက်အလက်များကို ချန်လှပ်ထားရခြင်း ဖြစ်ပါတယ်။ ရေးသင့်တဲ့အချိန်အခါအလိုက် ထုတ်နှုတ်ပြီး ပြန်လည်ရေးပြပေးပါမယ်။ ရေးစရာတွေ ကျန်သော်လည်းဘဲ အခြေအနေအချိန်အခါအရ ဖြုတ်ချချန်ထားရခြင်းကို နားလည်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။ ပကတိမြေပြင်နဲ့ ပကတိလက်ရှိလမ်းကြောင်းအတိုင်း ရေးသားရခြင်း ဖြစ်သည့်အတွက် စိတ်ဓာတ်ကျတာ တက်တာတွေဟာ မိမိတို့ရဲ့ ခံစားမှုများသာဖြစ်ကြပါတယ်။


"နိုင်ငံရေးလုပ်တယ်ဆိုတာ ခံစားချက်နဲ့ လုပ်လို့မရပါဘူး ခံယူချက်နဲ့လုပ်ရပါတယ် အဲ့ဒီအထဲမှာ ယုံကြည်ချက်ကို စွဲစွဲမြဲမြဲ ကိုင်ဆုပ်ထားရပါတယ်" (ကိုမင်းကိုနိုင်)


အားလုံးကို လေးစားခင်မင်လျက်..






ရိပ်.

Edit text & Shared _ #အေအန်န်အမ်မ်တီ

No comments:

Post a Comment