Thursday, July 1, 2021

မနာလိုစိတ်က စခဲ့တယ်။



 "မနာလိုစိတ်က.....စတယ်"


မနာလိုစိတ် အားကြီးလာပြီဆိုရင်

ကောက်ကျစ်တတ်လာကြတယ်။ 


ကောက်ကျစ်တဲ့စိတ်အားကြီးလာပြီဆိုရင်

ယုတ်မာတတ်လာကြတယ်။   


ယုတ်မာတဲ့စိတ်အားကြီးလာပြီဆိုရင်

ရက်စက်တတ်လာကြတယ်။ 


ရက်စက်မှုအားကြီးကြီးနဲ့လုပ်ပြီးရင်

ကြောက်စိတ်ဝင်လာတတ်ကြတယ်။  


ကြောက်စိတ်အားကြီးပြီဆိုရင်

အယောင်ယောင်အမှားမှားလုပ်လာကြတယ်။  


အယောင်ယောင်အမှားမှားတွေလုပ်ရင်းနဲ့

နောက်ဆုံးပျက်စီးကျဆုံးသွားကြတာပါပဲ။   


ဣဿာမစ္ဆရိယ ဆိုတဲ့ မနာလိုဝန်တိုတဲ့စိတ်ဟာ

အမှန်တကယ်ကိုယ့်ဟာကိုယ်ဖျက်ဆီးနေတဲ့

စိတ်ပါပဲ။


ပျက်စီးချိန်တန်လာပြီဆိုရင်လည်း ဘယ်လိုအဆောင်၊ ဘယ်လိုယတြာမျိုးကမှ မစွမ်းနိုင်မကယ်နိုင်တော့ဘဲ ကျိန်းသေပျက်စီးကြရတော့မှာပါဘဲ   


ပါချုပ်ဆရာတော်

Crd>hein_htet_kyaw

No comments:

Post a Comment