Thursday, July 22, 2021

အင်းစိန်ထောင်တွင်းမှ့ကြွေးကြော်သံများထွက်ပေါ်လာ

အင်းစိန်ထောင်အတွင်း ရှိ သီးသန့်ထောင်ဘက်ကနေ ကြွေးကြော်သံတွေထွက်ပေါ် 

ရန်ကုန် အင်းစိန်အကျဉ်းထောင် အတွင်း ကနေ ဒီကနေ့ဇူလိုင် ၂၃ရက် မနက် ၈နာရီခန့် က ဒို့အရေး ကြွေးကြော်သံတွေ ထွက်ပေါ်လာတယ်လို့ ထောင်အနီးနေထိုင်သူအင်းစိန်ဒေသခံတွေကပြောပါတယ်။ ဘီဘီစီအနေနဲ့ ထောင်တွင်းနေထိုင်သူအချို့ နဲ့ ထောင်အပြင်ဘက်ဈေးရောင်းချသူအချို့ ကိုဆက်သွယ်မေးမြန်းတဲ့အခါမှာလည်း ၅၀၅ က နဲ့ တရားစွဲဆိုခံထားရတဲ့ အချုပ်သားတွေကိုထားရှိတဲ့ လော့ခ်ဒေါင်းချထားတဲ့ သီးသန့်ဆောင်ဘက်ကနေ ကြွေးကြော်သံတွေထွက်ပေါ်လာတာလို့ ဆိုပါတယ်။ 
'' အသံက သီးသန့်ထောင်ဘက်ကနေလာတာ၊ ထောင်မကြီးကို ကူးစက်တာတော့မရှိသေးဘူး၊ အရေးကြီးပြီ ညီနောင် အပေါင်းတို့ နောက် တခုက သပိတ်သပိတ်မှောက်မှောက်၊ အရေးတော်ပုံအောင်ရမည် ၊အဲဒီလိုတွေအော်တယ် ''လို့ ထောင်အနီးနေထိုင်သူ အချို့ကပြောပါတယ်။     
 " အခုဖြစ်တာကသီးသန့်ဆောင်မှာဖြစ်တာဆိုတော့ သီးသန့်ဆောင်ကကျဉ်းလည်းကျဉ်းတယ်။နောက်ပိုင်းဆို သူတို့ရဲ့နေရေးစာရေးပိုကြပ်တာတွေဖြစ်နိုင်တယ် ။ တိုက်ပိတ်တာတွေလည်းဖြစ်နိုင်တယ် ။၈၈တုန်းက စာအုပ်တိုက်ပွဲထပ်တောင်ဆိုးနိုင်တယ် ။ အခုအခြေနေကတတိုင်းပြည်လုံးသိသွားတော့တခြားထောင်တွေကိုပါ လုံခြုံရေးတင်းကြပ်လာနိုင်တယ် ။ အခုချထားတဲ့ လော့ဒေါင်းတွေလည်းထပ်တိုးလာနိုင်ပါတယ်လို့ "
အင်းစိန်အကျဉ်းထောင်က မကြာသေးခင်ကပြန်လည်လွတ်မြောက်လာတဲ့ ကျောင်းသားသမ္မဂအဖွဲ့ဝင်တစ်ယောက်ကဘီဘီစီကိုပြောပါတယ် ။
လက်ရှိထောင်တွင်း ဆန္ဒပြကြွေးကျော်သံတွေထွက်ပေါ်လာတဲ့
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ဘီဘီစီအနေနဲ့ အကျဉ်းဦးစီးဌာန၊ရန်ကုန် ရဲ့
ညွှန်ကြားရေးမှူးကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။ လက်ရှိကာလဟာ 
အင်းစိန်ထောင်အတွင်း ကိုဗစ်ကူးစက်မှုတွေရှိနေလို့ ထောင်ကို Semi Lock down ချပြီးတဲ့နောက်ထောင်တွင်းရုံးထုတ်စစ်ဆေးတာတွေကိုလည်း ရပ်နားထားတာဖြစ်ပါတယ်။ 

ဘီဘီစီမြန်မာပိုင်း

 

No comments:

Post a Comment