Tuesday, August 3, 2021

ယာယီသမ္မတမြင့်ဆွေမှ့ သူခိုးမင်းအောင်လှိူင်အားပေးစာ။

 “ယာယီသမ္မတ ဦးမြင့်ဆွေမှ အလိမ် အညာ မင်းအောင်လှိုင်ထံ ပေးစာ။”

မရယ်ရတဲ့ သရော်စာ။

မင်းအောင်လှိုင်ရေ

မပြောချင်ပေမယ့်လည်း ပြောစရာ တစ်ချို့ရှိတော့ ပြောရမယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ဇန်နဝါရီ လကုန် ငါ ကချင်ပြည်နယ် ပူတာအိုဘက် ခရီးထွက်ပြီး ပြန်ရောက်ကာစပဲ ရှိသေးတယ်၊ မင်းက သမ္မတ၊ ဒုသမ္မတ နဲ့ လူအတော်များများ ဖမ်းပြီး အာဏာသိမ်းလိုက်တယ်။ မင်းက တပ်ချုပ်ပဲ သိမ်းချင်လည်း သိမ်းပေါ့။ ဒါပေမယ့် မဆီမဆိုင် ငါ့ကို ယာယီ သမ္မတ ဆိုပြီး ဖွဲ့စည်းပုံမှာ မရှိတဲ့ ရာထူးပေး၊ ငါကပဲ အရေးပေါ် အခြေအနေ ကြေညာ၊ မင်းကို အာဏာ၃ရပ် (၁) နှစ်ပေးတယ် ဆိုတဲ့ ပုံ လုပ်ခဲ့ရ သရုပ်ဆောင်ခဲ့ရတယ်။ ငါ မကျေနပ်ပေမယ့် ငါ့မိသားစုနောင်ရေး ရှိသေးတော့ ငါ လိုက်လျောခဲ့ရတယ်။ အင်းပေါ့လေ။ မင်းက ၂၀၀၈ ကိုလိုက်နာဆဲ လို့ ဆိုတာကိုး။ ဒါပေမယ့် အခု ငါ့မှာ မေးစရာတွေ ရှိလာပြီ။

 

၁။ သြဂုတ်လ ၁ ရက်နေ့ မင်းရဲ့ မိန့်ခွန်းမှာ မင်းအနေနဲ့ အရေးပေါ်ကာလ ပြဌာန်းချက် အကောင်အထည် ဖော်ဖို့ ၂ နှစ်၊ ရွေးကောက်ပွဲ လုပ်ဖို့ ၆ လ၊ စုစုပေါင်း ၂ နှစ် ၆ လ အာဏာယူထားမယ်၊ အချိန်ကာလအားဖြင့် ၂၀၂၃ သြဂုတ်လ ရောက်မှ ပြီးစီးမယ် ဆိုပြီး ပြောတာ ငါကြားရတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ မင်းက တပ်ချုပ် အဆင့်ပဲ ဆိုတာ မမေ့ဖို့ လိုတယ်၊ အရေးပေါ်ကာလ တာဝန်ယူဖို့ မင်းဖာသာမင်း သက်တမ်းတိုးလို့ ရသလား။ ငါက တိုးပေးမှ ရမှာ မဟုတ်ဘူးလား။ ပြောပါဦး။


၂။ မှတ်မိသေးလား။ မင်း လူတွေဖမ်း အာဏာသိမ်းပြီး ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ “ကာလုံ” အစည်းအဝေးလုပ်တယ်။ ၂ ရက်နေ့မှာတော့ “ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး” ဆိုပြီး ကျင်းပခဲ့တယ်။ မင်းက တပ်ချုပ်အနေနဲ့ တက်တယ်၊ မိန့်ခွန်းပြောတယ်၊ အသစ်ခန့် မင်းရဲ့ ဝန်ကြီးတွေ တက်တယ်။ ငါ့ကို ယာယီ သမ္မတ ဆိုပြီး ဘေးမှာ ထားတယ်။ ထားပါ ၂၀၀၈ အရ နိုင်ငံ အထွဋ်အထိ်ပ် ယာယီသမ္မတ ကို ဘေးမှာ ထားပြီး မင်းနံပတ်(၁) လုပ်တာ ငါ ဘာမှ မပြောချင်ခဲ့ပေမယ့် အခု မင်းက “အိမ်စောင့် အစိုးရအဖွဲ့” ဆိုပြီး အသစ် ထပ်ဖွဲ့တယ်။ အဲဒီမှာ ငါမပါဘူး၊ ဒါလည်း ငါ ဘာမှ မပြောချင်ဘူး၊ ဒါပေမယ့် ငါ ပါနေသေးတဲ့ “ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ” ဆိုတာကြီး ရှိသေးလား၊ မင်းဖျက်လိုက်ပြီလား။ ဖျက်လိုက်ရင် ငါ ဘယ်နေရာ ရောက်သွားမလဲ၊ ငါက ယာယီသမ္မတရော ဆက် ဖြစ်နေသေးသလား။ နောက် အရေးပေါ်ကာလ ပြီးသွားရင် မင်း သမ္မတ ကို ပြန်အစီရင်ခံရမယ် ဆိုတာကိုရော မေ့သွားပြီလား။ ဘာတွေလဲကွာ အခု တိုင်းပြည်မှာ အစိုးရ ၂ ခုတောင် ဖြစ်နေပြီ။


ငါ အသက်လည်းကြီးပြီ။ အေးအေးဆေးဆေး နေချင်ပြီ။ မင်းဖာသာမင်း စစ်အာဏာသိမ်းတယ် ဆို သိမ်းတယ်ပေါ့ကွာ၊ ၂၀၀၈ ဘာညာ လုပ်မနေနဲ့ပေါ့။ မင်းဟာက မလုပ်ရဲတာ ဘာမှ မရှိဘူး ဆိုပေမယ့် အခု မင်းလုပ်နေတာက လိမ်တာ၊ ညာတာ၊ သွေးမရှိတာ၊ တာဝန်မခံရဲတာ နဲ့ တိုင်းပြည်လည်း ကုန်းကောက်စရာ မရှိအောင် ပျက်နေပြီ၊ အဲဒါ အရေးမကြီးဘူး၊ ငါလည်း ဒုက္ခရောက်တယ်။

မြင့်



ဆွေ။

STAM

No comments:

Post a Comment