Monday, November 4, 2019

RIP ဦးထွန်းလွင်

"#အလွမ်းသတင်း_ကြေငြာချက်"

ကျန်းမာတော်မူကြပါစခင်ဗျာ

မုတ်သုံနှလုံးသားတိမ်ထုတစ်ခုဟာ
ချစ်သူခင်သူတို့အား ထာ၀ရ စွန့်ခွာ

အမည်မသိရပ်ဝန်းသို့ အပြီးတိုင်ပြန်လည်ထွက်ခွာသွားခဲ့ပြီ ဖြစ်
ပါတယ် ။

အဲဒီ မုတ်သုံနှလုံးသားပြန်လည်ထွက်ခွာသွားတဲ့အတွက်
ထိုနေရာတွင် လစ်ဟာနယ်ကြီးတစ်ခု
ဖြစ်ထွန်းလာနိုင်ပါတယ် ။

အဲဒီလစ်ဟာနယ်ကြောင့်
လေးစားသူ
အားကိုးအားထားပြုကြသူတို့ဒေသမှာ
ဝမ်းနည်းကြေကွဲမှုများ သည်းထန်စွာ ရွာသွန်းနိုင်ပါတယ်

နောက်နှစ်ရက်အဖို့
တပြည်လုံးမှာ မျက်ရည်မိုးများ နေရာစိတ်စိတ် မှ
‌နေရာအနှံ့အပြားရွာသွန်းနိုင်ပါတယ်
ရွာရန် ရာခိုင်နှုန်းပြည့် ဖြစ်ပါတယ် ။

ထူးခြားမျက်ရည်ချိန်များအနေဖြင့်ကတော့
တန်ဖိုးထားသူတို့ ရပ်ဝန်း တစ်ဝိုက်
နဲ့
အလေးထားချစ်ခင်သူတို့ဒေသများမှာ
ရွာသွန်းမြဲထက်များစွာ ပိုနိုင်ပါ‌ေကြာင်း လေးစားစွာဖြင့် အစီရင်ခံတင်ပြလိုက်ရပါတယ် ။

**************************
နောက်ဆုံးထွက်သက်အထိ မိုးလေဝသကြေညာပေးနေခဲ့တဲ့ ဆရာ့ကို ဂါရဝပြုလျက်

ချစ်ခြင်းများစွာဖြင့်

ထင်လင်းဦး(Wisdom Villa)
4.nov.2019
.
Credit : Htin Linoo WisdomVilla
.
ပြန်လည်မျှဝေပေ

းပါတယ်
လေးစားလျှက်
Martin Swe
05-11-2019

No comments:

Post a Comment