Friday, March 24, 2023

တမူးမြို့နယ်၊ ဘုက္ကန်နယ်မြေရဲစခန်းကို PDF သိမ်းပိုက်။

ရန်ကုန်၊ မတ် ၂၄ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဘုက္ကန်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်က သိမ်း ပိုက် မီးရှို့ရှင်းလင်းရာ လက်နက် ၁၅ လက်၊ ကျည်မျိုးစုံနှင့် ရဲအသုံး အဆောင် များ သိမ်းဆည်းရရှိကြောင်း အမျိုးသားလွတ်မြောက်ရေးတပ်တော် NLA က တရားဝင် သတင်းထုတ်ပြန်သည်။ မတ်လ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် တမူးမြို့နယ်၊ တမူး-ကလေး ကားလမ်းပိုင်းရှိ ဘုက္ကန်ရွာတွင် NLA တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ ၄၅ မိနစ်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဘုက္ကန်ရွာ ရဲစခန်းကို သိမ်းပိုက်နိုင် ခဲ့ ကြောင်း၊ လက်နက် ၁၅ လက်၊ ကျည်မျိုးစုံ ၂၂၆၉ တောင့် ၊ ဘီအေ -၆၃ ရိုင် ဖယ် ကျည် ကတ် ၁၂ ကတ် ၊ ဘီအေ- ၉၄ ကျည်ကတ် ၂ ကတ်၊ အေက-၄၇ ကျည် ကတ် ၂ ကတ်၊ ရှေ့ကတ်မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ ဘီအေ-၆၃ လှံစွပ် ၂ ချောင်း၊ ဓားမြှောင် ၁ ချောင်း၊ လမ်းလျှောက်စကားပြောစက် ၆ လုံး၊ စကားပြောစက် အထိုင်စက် ၁ လုံး၊ လက်ထိပ် ၇ ခု၊ ကျင်စက် နံပါတ်တုတ် ၁ ချောင်း၊ ရိုးရိုး နံပါတ်တုတ် ၃ ချောင်း၊ ရဲယူနီဖောင်းများ သိမ်းဆည်းနိုင်ခဲ့ ကြောင်း သိရှိရသည်။ ဘုက္ကန်ရွာ ရဲစခန်းကို NLA တပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် စစ်တပ်က Mi 35 ရဟတ် ယာဥ် ၂ စီးဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် လာရောက် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။ “တမူးမြို့နယ် ဘုတ်ကန်ရွာကို ဒေသ PDF တပ်ဖွဲ့တွေက နံနက် ၇ နာရီ ၄၅ မိနစ်မှာ သိမ်းပိုက် လိုက်တယ်လို့သိရပါတယ်။ ဘုတ်ကန်ရွာက အိမ်ခြေ ၂၀၀၀ ခန့်ရှိတဲ့ဟရွာကြီးပါ စစ်ခွေးရဲစခန်းကို ဝင်တိုက်တာ ရဲစခန်းကို သိမ်းနိုင်ခဲ့တယ်။ မွန်းလွဲပိုင်းမှာ Mi – 35 ၂ စီးနဲ့ လာပစ်တယ်လို့ သိရတယ်။ ထိခိုက်ပျက်စီးမှု အခြေအနေတော့ မသိရသေးဘူး” ဟု PDF သတင်းရင်းမြစ်က ပြောဆိုသည်။

No comments:

Post a Comment