Friday, March 31, 2023

နေပြည်တော်ကိုတိုက်ပြီ။

နေပြည်တော်ရှိ အေလာလေဆိပ်၊ စစ်ရေးပြကွင်း လုံခြုံရေး ဗျူဟာကုန်းနှင့် ဆွာမြို့ ခလရ ၁၉ တပ်ရင်းတို့ကို တစ်ရက်တည်း ပစ်ခတ် တိုက်ခိုက် ရန်ကုန်၊ မတ် ၃၀ နေပြည်တော်ရှိ အကြမ်းဖက် စစ်တပ်၏ အေလာလေဆိပ်၊ စစ်ရေးပြကွင်း လုံခြုံရေး ဗျူဟာကုန်းနှင့် ဆွာမြို့ ခလရ ၁၉ တပ်ရင်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက တစ်ရက်တည်း တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။ မတ်လ ၂၇ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်တွင် ရုရှားနိုင်ငံနှင့် စစ်ကောင်စီတို့ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နေသည့် နေပြည်တော်၊ အေလာလေ ဆိပ်အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် အောင်မြင်စွာပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းအုပ်စု၊ ရွှေဘုန်းတောင် ဗျုဟာကုန်း တွင် စစ်ရေး ပြကွင်းလုံခြုံရေး ယူရန် တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး တပ်ဖွဲ့များဖြစ်သော ခမရ ၆၀၄၊ ခမရ ၆၀၅၊ ခမရ ၄၁၁၊ ခမရ ၃၀၂၊ ၈၅ တပ်တို့ကို Fixed wing တိုက်ခိုက်ရေး လေယာဥ်ငယ်ဖြင့် ၆၀ မမ လက်လုပ် ဗုံးသီးများကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၄၇ မိနစ်မှ ညနေ ၆ နာရီအထိ ပဲခူးတိုင်း၊ ဆွာမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၁၉ တပ်ရင်းကို Fixed Wing တိုက်ခိုက်ရေး လေယာဉ်ငယ်များဖြင့် ဗုံးသီး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများသည် ဖက်ဆစ် စစ်တပ်၏ တော်လှန်ရေးနေ့ကို ဆန့်ကျင်သည့်အနေဖြင့် သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့၊ MKCDF အဖွဲ့ နှင့် Brave Warriors for Myanmar (BWM) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။ Photo – နေပြည်တော် အေလာလေဆိပ်ကို ပစ်ခတ်လိုက်သည့် ၁၀၇ မမ ရှော့တိုက်ဒုံးအား တွေ့ရစဉ်

No comments:

Post a Comment