Saturday, March 25, 2023

ဒီမောဆိုးတိုက်ပွဲ စစ်ကောင်စီတပ်သား 90ကျော်သေဆုံး ပြည်သူ့တိုက်ခိုက်ရေးအဖွဲ့ 5 ဦးကျဆုံး။

■ ဒီးမော့ဆိုမြို့နယ် တိုက်ပွဲတွင် စစ်ကောင်ဖက်မှ ၉၀ ကျော် သေဆုံးကြောင်း KNDF ထုတ်ပြန် ပုံများအား တယ်လီဂရမ်တွင် ကြည့်ရန် Western News| မတ် ၂၅ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် မတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီဖက်မှ ၉၀‌ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိကြောင်း KNDF က ယနေ့ တွင် တရားဝင် သတင်းထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသော KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD၊ နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ အရာရှိများအပါအဝင် ၉၀ ဦးကျော်သေဆုံးကာ ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ စစ်ကောင်စီတပ်ဖွဲ့အား ပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဖက် MA-1 ၁၀လက်၊ MA-2 ၁၀လက်၊ MA-3 ၁၀လက်၊ MA-4 79တွဲ ၁လက်၊ 9MM ပစ္စတို ၅လက်၊ RPG ၂လက်၊ ၆၀မမ ပြောင်း ၂ပြောင်း၊ မိုင်းရှာစက် ၁လုံး၊ ဆက်သွယ်ရေးစက်များ၊ မိုင်း၊ လက်ပစ်ဗုံး၊ ကွန်ပျူတာများ၊ ဖုန်းများ၊ ဆက်စပ်ခဲယမ်းမီးကျောက်များနှင့် အသုံးအဆောင်များအား သိမ်းဆည်းရရှိခဲ့ကြောင်းဆိုသည်။ ပြီးခဲ့သည့် မတ်လ ၈ရက်နေ့ မှစ၍ ကရင်နီပြည်နယ်၊ ဘောလခဲမြို့မှ ဒီးမော့ဆိုမြို့နယ်၊ ဒေါညင်းခူ ကျေးရွာဖက်သို့ စစ်ကြောင်း ၃ကြောင်း အင်အား ၃၃၀ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းအား ကရင်နီ ပူးပေါင်းတပ်များတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ စစ်ကောင်စီ၏ စကခ ၂ လက်အောက်ခံ တပ်ရင်း ၃ ရင်းဖြစ်သည့် ခလရ ၁၂၊ ခမရ ၅၁၆၊ ခမရ ၅၁၅ တပ်ရင်းများ မှာ ဒေါညင်းခူ၊ ဒေါဆိုဖျ၊ ဒေါတမကြီး ကျေးရွာမျာထဲသို့ စတင်ထိုးစစ်ဆင်ဝင်ရောက်လာချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ အဆိုပါ တိုက်ပွဲများတွင် KNDF မှ ရဲဘော် ၂ ဦး၊ KA မှရဲဘော် ၂ဦး၊ နေပြည်တော် PDF မှ ရဲဘော် ၁ ဦးတို့ သေဆုံးခဲ့ကြောင်း သိမ်းဆည်းရမိကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများကို စစ်ကောင်စီက လေကြောင်းတိုက်မှုများနှင့် လက်နက်ကြီး ပစ်ကူပေးမှု ဆက်လက်၍ ရှိကြောင်း ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ထို့အပြင် ကရင်ပြည်နယ် မြ၀တီမြို့ရှိ မြ၀တီကုန်သွယ်ရေးဇုန်နှင့် မဲကနယ်ရွာ အကြား ယနေ့ မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့ကြား နှစ်ဖက် ထိတွေ့ တိုက်ပွဲ ငြင်းထန်နေ၍ မြ၀တီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေး တံတားကို ထိုင်းအာဏာပိုင်များက ယာယီ ပိတ်လိုက်သည်။ Western News-WN ပုံများအား တယ်လီဂရမ်တွင် ကြည့်ရန် https://t.me/westernewsw/3562

No comments:

Post a Comment