Friday, March 24, 2023

ရန်ကုန်အင်းစိန်ထောင်တွင်ယနေ့ပေါက်ကွဲမူဖြစ်။

ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင် ဂိတ်ပေါက်ဝတွင် ယနေ့ (မတ် ၂၄) နံနက် ၁၁ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ကာ အပြန်အလှန်ပစ်ခတ်သည်ဟု အကျဉ်းထောင်အနီး နေထိုင်သူများထံမှ သိရသည်။ အကျဉ်းထောင် ဂိတ် (၂) မင်းစေတီဝင်ပေါက်ကို အမည်မသိ လက်နက်ကိုင်များက ဗုံးနှစ်လုံးဖြင့် ပစ်ခတ်ရာ အကျဉ်းထောင်ဝန်ထမ်းများနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ထိုရပ်ကွက်အနီး နေထိုင်သူတစ်ဦးက ပြောသည်။ “ဒီနေ့ ၁၁ ခွဲလောက်က ဗုံးနှစ်လုံး ပေါက်တယ်။ မင်းစေတီ အပေါက်ဝဂိတ်ကို ထိသွားတယ်။ အကျဉ်းဦးစီးဝန်ထမ်းတွေ ရှိတယ်။ အထဲက ပြန်ပစ်တဲ့ အသံတွေလည်း ကြားရတယ်” ပေါက်ကွဲမှု၊ အပြန်အလှန်ပစ်ခတ်မှုနှင့် ပတ်သက်၍ အသေးစိတ် မသိရှိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ အင်းစိန်ထောင် အနောက်ဘက်တွင် ပေါက်ကွဲမှုဖြစ်ကာ ပစ်ခတ်သံများလည်း ကြားနေရသည်ဟု အင်းစိန်ထောင်ရှိ အကျဉ်းဦးစီးဝန်ထမ်းတစ်ဦးကလည်း အတည်ပြုသည်။ “မင်းစေတီလား ပေါက်တောဝဘက်လားတော့ မသဲကွဲဘူး။ ပထမ ပေါက်ကွဲသံနဲ့ ပစ်ခတ်တဲ့ အသံတွေတော့ ကြားနေရတယ်” အင်းစိန်ထောင်အတွင်း လုံခြုံရေး တင်းကျပ်ထားပြီး အကျဉ်းထောင်ဝန်ထမ်းများကို အပြင်သို့ ပေးမထွက်ဟုလည်း ထိုဝန်ထမ်းက ပြောသည်။

No comments:

Post a Comment