Friday, March 24, 2023

ရှမ်း-ကရင်နီ နယ်စပ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ တပ်ရင်းအလိုက်ပြုတ်။ သေဆုံးမှု များပြားကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊

ရှမ်း-ကရင်နီ နယ်စပ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ တပ်ရင်းအလိုက်ပြုတ်။ သေဆုံးမှု များပြားကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊
ရန်ကုန်၊ မတ် ၂၄ ရှမ်းပြည်နယ်နှင့်ကရင်နီပြည်နယ်အစပ်တွင် ယနေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ တပ်ရင်းအလိုက်ပြုတ်ကာ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ အမြောက်အမြားသိမ်းဆည်းရရှိကြောင်း ကရင်နီစစ်ဘက်သတင်းရင်းမြစ် တစ်ခုက ပြောလိုက်ပါတယ်။ "ဒီနေ့ ဖြစ်တာက ရှမ်း-ကရင်နီအစပ် ဘက်မှာ ချကြတာ။ ဘယ်နားတော့ အတိအကျ မပြောတော့ဘူး ။ စစ်တပ်ဘက်က တပ်ရင်းလိုက်ကို ပြုတ်သွားတာ။ လေယာဉ်တွေနဲ့လည်း လာပစ်တယ်။ ကရင်နီတပ်ပေါင်းစုံ စုပေါင်းပြီး ဆော်နေကြတာ။ အခုက တိုက်ပွဲအခြေအနေက ပြင်းထန်နေတယ်။ နယ်မြေလည်း မတည်ငြိမ် သေးဘူး။ သက်ဆိုင်ရာ အဖွဲ့တွေက တရားဝင် သတင်းထုတ်ပြန်ပါလိမ့်မယ်။ အခုက လိုင်းပေါ်မှာ တင်နေတဲ့ ဓာတ်ပုံတွေက ဘယ်အဖွဲ့ က တင်မှန်းမသိဘူး။ အဖွဲ့ ကများတော့" ဟု ကရင်နီ စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောကြောင်း သိရပါတယ်။ လက်ရှိမှာ စစ်သားတွေရဲ့ အလောင်းများ၊ လက်နက်များ ရရှိထားသော ဓာတ်ပုံများကို တွေ့မြင်ရပြီး လုံခြုံရေးအရ နေရာအတိအကျကို ထုတ် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း၊ သက်ဆိုင်ရာက တရားဝင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရပါတယ်။ KnIc ရဲ့ ထုတ်ပြန်ချက်တွင်မူ ကရင်နီပြည်နယ် ဒေါတမကြီးတိုက်ပွဲအတွင်း ကရင်နီတပ်ပေါင်းစုက လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး၊ နယ်မြေ မတည်ငြိမ်သေးဘဲ သက်ဆိုင်ရာတပ်ဖွဲ့များက တရားဝင် သတင်းထုတ်ပြန်မည်ဟုလည်း သိရပါတယ်။

No comments:

Post a Comment